ပြည်ပြေးအဖြစ် (၁၇)နှစ်ကြာနေထိုင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်အတိုက်အခံ ပါတီခေါင်းဆောင် ပြည်တော်ပြန်လာ

4813

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၇
ဘင်္ဂလားဒေ့ရှ်အတိုက်အခံပါတီ(BNP)ခေါင်းဆောင်တစ်ဦးဖြစ်သည့် တာရီကွေရာမန်သည် ပြည်ပြေးအဖြစ် (၁၇)နှစ်ကြာနေထိုင်ခဲ့ပြီးနောက် ဒီဇင်ဘာလ (၂၅)ရက်တွင် မိခင်နိုင်ငံသို့ ပြန်လာခဲ့ ကြောင်းသိရသည်။
ရာမန်သည် ရှိတ်ဟာစီနာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း အတိုက်အခံပါတီခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ပြည်ပတွင် ထွက်ပြေးနေ ထိုင်ခဲ့ရကြောင်းသိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပြန် လာချိန်တွင် ရာမန်ကို လူအများအပြားက ကြိုဆိုခဲ့ပြီး လုံခြုံရေးတင်းကြပ်ထားရကြောင်းသိရသည်။
အသက် (၆၁) နှစ်အရွယ်ရှိ ရာမန်က ဘင်္ဂလားဒေ့ရှ်လူအဖွဲ့စည်းနှင့်နိုင်ငံရေးပါတီများကို စုစည်း ညီညွတ်ရန် တောင်းဆိုခဲ့သကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဘေးကင်းလုံခြုံမှုရှိစေရန် လုပ်ဆောင်ရန် တောင်းဆိုခဲ့ ကြောင်းသိရ သည်။ ရာမန်၏ မိဘနှစ်ဦးလုံးသည် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ ထိပ်တန်းခေါင်း ဆောင်များအဖြစ်တာဝန်ယူခဲ့ပြီး ၎င်း၏မိခင်ဖြစ်သူ ခါလီဒါဇီယာသည် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း အဖြစ်တာဝန်ယူခဲ့ဖူးသကဲ့သို့ ဖခင်ဖြစ်သူ ဇီယာရာမန်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ (၆)ဦးမြောက်သမ္မတအဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်သည်။
ရာမန်၏ဖခင်ဖြစ်သူသည် (၁၉၈၀)ပြည့် နှစ် မေလ (၃၀)ရက်တွင် ဘင်္ဂလားဒေ့ရှ်စစ်တပ် တပ်ဖွဲ့ဝင်ဟောင်း တစ်ဦး၏ လုပ်ကြံခံခဲ့ရကြောင်းသိရသည်။ ရာမန်သည် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အဖြစ် ရှိတ်ဟာစီနာတာဝန်ယူချိန် အတွင်း အတိုက်အခံပါတီ ခေါင်းဆောင်အဖြစ်လုပ်ကိုင်ခဲ့ပြီး အစိုးရအဖွဲ့အပေါ် ဝေဖန်ခဲ့ရာ ဖမ်းဆီးခံရမည့်အရေးကို ရှောင်ရှားနိုင် ရန်အတွက် (၂၀ဝ၈)ခုနှစ်တွင် ပြည်ပသို့ထွက်ပြေးခဲ့ရပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင်နေထိုင်ခဲ့ရ ကြောင်း သိရသည်။
ရာမန်သည် လက်ရှိအချိန်တွင် မိခင်နိုင်ငံ သို့ပြန်လာသည့်အတွက် ဘင်္ဂလားဒေရှ့်နိုင်ငံတွင် လာမည့်ရွေး ကောက်ပွဲအတွင်း အဓိကကိုယ်စားလှယ် လောင်းဖြစ်လာဖွယ်ရှိနေသည်။ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရသည် နိုင်ငံရေး အရ ဖိအားများဖြင့်ရင်ဆိုင် နေရသော်လည်း ရွေးကောက်ပွဲကို လာမည့်ဖေဖော်ဝါရီလ (၁၂)ရက်တွင် ကျင်းပမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ထားသည်။
လာမည့်ရွေးကောက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရက ရာထူးမှဖြုတ်ချခံရကာ ပြည်ပ သို့ထွက်ပြေးခဲ့ သည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ ၏ပါတီကို လာမည့်ရွေးကောက်ပွဲအတွင်း ပါဝင်ယှဉ် ပြိုင်ခွင့်ပိတ်ပင်ထား ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ၏ပါတီသည် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့်မရသည့်အတွက် ခါလီယာဇီယာဦးဆောင်နေသော (BNP) ပါတီက ရွေးကောက်ပွဲအနိုင်ရရန် အလား အလာများ နေကြောင်းသိရသည်။

Zawgyi Version:
ျပည္ေျပးအျဖစ္ (၁၇)ႏွစ္ၾကာေနထိုင္ခဲ့သည့္ ဘဂၤလားေဒ့ရွ္အတိုက္အခံ ပါတီေခါင္းေဆာင္ ျပည္ေတာ္ျပန္လာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၇
ဘဂၤလားေဒ့ရွ္အတိုက္အခံပါတီ(BNP)ေခါင္းေဆာင္တစ္ဦးျဖစ္သည့္ တာရီေကြရာမန္သည္ ျပည္ေျပးအျဖစ္ (၁၇)ႏွစ္ၾကာေနထိုင္ခဲ့ၿပီးေနာက္ ဒီဇင္ဘာလ (၂၅)ရက္တြင္ မိခင္ႏိုင္ငံသို႔ ျပန္လာခဲ့ ေၾကာင္းသိရသည္။
ရာမန္သည္ ရွိတ္ဟာစီနာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း အတိုက္အခံပါတီေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့ၿပီး ျပည္ပတြင္ ထြက္ေျပးေန ထိုင္ခဲ့ရေၾကာင္းသိရသည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ျပန္ လာခ်ိန္တြင္ ရာမန္ကို လူအမ်ားအျပားက ႀကိဳဆိုခဲ့ၿပီး လုံၿခဳံေရးတင္းၾကပ္ထားရေၾကာင္းသိရသည္။
အသက္ (၆၁) ႏွစ္အ႐ြယ္ရွိ ရာမန္က ဘဂၤလားေဒ့ရွ္လူအဖြဲ႕စည္းႏွင့္ႏိုင္ငံေရးပါတီမ်ားကို စုစည္း ညီၫြတ္ရန္ ေတာင္းဆိုခဲ့သကဲ့သို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း ေဘးကင္းလုံၿခဳံမႈရွိေစရန္ လုပ္ေဆာင္ရန္ ေတာင္းဆိုခဲ့ ေၾကာင္းသိရ သည္။ ရာမန္၏ မိဘႏွစ္ဦးလုံးသည္ ဘဂၤလားေဒ့ရွ္အစိုးရအဖြဲ႕ ထိပ္တန္းေခါင္း ေဆာင္မ်ားအျဖစ္တာဝန္ယူခဲ့ၿပီး ၎၏မိခင္ျဖစ္သူ ခါလီဒါဇီယာသည္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ေဟာင္း အျဖစ္တာဝန္ယူခဲ့ဖူးသကဲ့သို႔ ဖခင္ျဖစ္သူ ဇီယာရာမန္ကလည္း ဘဂၤလားေဒ့ရွ္ႏိုင္ငံ (၆)ဦးေျမာက္သမၼတအျဖစ္တာဝန္ယူခဲ့ဖူးသူျဖစ္သည္။
ရာမန္၏ဖခင္ျဖစ္သူသည္ (၁၉၈၀)ျပည့္ ႏွစ္ ေမလ (၃၀)ရက္တြင္ ဘဂၤလားေဒ့ရွ္စစ္တပ္ တပ္ဖြဲ႕ဝင္ေဟာင္း တစ္ဦး၏ လုပ္ႀကံခံခဲ့ရေၾကာင္းသိရသည္။ ရာမန္သည္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္အျဖစ္ ရွိတ္ဟာစီနာတာဝန္ယူခ်ိန္ အတြင္း အတိုက္အခံပါတီ ေခါင္းေဆာင္အျဖစ္လုပ္ကိုင္ခဲ့ၿပီး အစိုးရအဖြဲ႕အေပၚ ေဝဖန္ခဲ့ရာ ဖမ္းဆီးခံရမည့္အေရးကို ေရွာင္ရွားႏိုင္ ရန္အတြက္ (၂၀ဝ၈)ခုႏွစ္တြင္ ျပည္ပသို႔ထြက္ေျပးခဲ့ရၿပီး အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕တြင္ေနထိုင္ခဲ့ရ ေၾကာင္း သိရသည္။
ရာမန္သည္ လက္ရွိအခ်ိန္တြင္ မိခင္ႏိုင္ငံ သို႔ျပန္လာသည့္အတြက္ ဘဂၤလားေဒရွ႕္ႏိုင္ငံတြင္ လာမည့္ေ႐ြး ေကာက္ပြဲအတြင္း အဓိကကိုယ္စားလွယ္ ေလာင္းျဖစ္လာဖြယ္ရွိေနသည္။ ဘဂၤလားေဒ့ရွ္ ယာယီအစိုးရသည္ ႏိုင္ငံေရး အရ ဖိအားမ်ားျဖင့္ရင္ဆိုင္ ေနရေသာ္လည္း ေ႐ြးေကာက္ပြဲကို လာမည့္ေဖေဖာ္ဝါရီလ (၁၂)ရက္တြင္ က်င္းပမည္ျဖစ္ ေၾကာင္း သတင္းထုတ္ျပန္ထားသည္။
လာမည့္ေ႐ြးေကာက္ပြဲအတြင္း ဘဂၤလားေဒ့ရွ္ယာယီအစိုးရက ရာထူးမွျဖဳတ္ခ်ခံရကာ ျပည္ပ သို႔ထြက္ေျပးခဲ့ သည့္ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာ ၏ပါတီကို လာမည့္ေ႐ြးေကာက္ပြဲအတြင္း ပါဝင္ယွဥ္ ၿပိဳင္ခြင့္ပိတ္ပင္ထား ေၾကာင္းသိရသည္။ လက္ရွိအခ်ိန္တြင္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာ၏ပါတီသည္ ေ႐ြးေကာက္ပြဲ ပါဝင္ယွဥ္ၿပိဳင္ခြင့္မရသည့္အတြက္ ခါလီယာဇီယာဦးေဆာင္ေနေသာ (BNP) ပါတီက ေ႐ြးေကာက္ပြဲအႏိုင္ရရန္ အလား အလာမ်ား ေနေၾကာင္းသိရသည္။