အမေရိကန်က ကာရေဘီယံပင်လယ်ပြင်တွင် နောက်ထပ်တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားခဲ့ကြောင်း Wall Street Journal ဖော်ပြ

 1223

Pika (NP News) - ဒီဇင်ဘာ ၂၇

အမေရိကန်က ကာရေဘီယံပင်လယ်ပြင်တွင် နောက်ထပ်တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားခြင်းဖြင့် ဗင်နီဇွဲလား နိုင်ငံအနီးတွင် ၎င်း၏စစ်ရေးတည်ရှိမှုများကို တိုးချဲ့နေကြောင်း Wall Street Journal က ရေးသားဖော်ပြခဲ့သည်။ အမေရိကန်နှင့် ဗင်နီဇွဲလား နိုင်ငံကြား တင်းမာမှုများမြင့်တက်နေသည့် အချိန်တွင် Wall Street Journal ၏ ယင်းကဲ့သို့ ရေးသား ဖော်ပြချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် အမေရိကန်၏ နောက်ထပ်ဖြန့် ကြက်ချထားမှုများတွင် အထူးစစ်ဆင်ရေးလေယာဉ်များနှင့် စစ်ဘက် ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်များပါဝင်ကြောင်း အမေရိကန်အရာရှိများ၏ပြောဆိုချက်များကို ကိုးကားပြီး WSJ က ရေးသား ဖော်ပြခဲ့သည်။ အဆိုပါဖြန့်ကြက်ချထားမှုများသည် ဗင်နီဇွဲလားအပေါ် အလားအလာရှိသော အရေးယူ ဆောင်ရွက်မှုများတွင် အမေရိကန်အတွက် နောက်ထပ်ရွေးချယ်စရာများကိုပေးအပ်ရန်ရည်ရွယ်ထား သော်လည်း တိကျသောစစ်ဆင်ရေးများကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်းမျိုးမရှိသေးကြောင်း အစီရင်ခံစာတွင် ရေးသား ဖော်ပြထားသည်။
အမေရိကန်အထူးစစ်ဆင်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်ထားသော CV-22 Osprey tilt-rotor လေယာဉ် အနည်းဆုံး(၁၀)စင်းသည် အမေရိကန်မြေပေါ်ရှိ အခြေစိုက်စခန်းများမှတစ်ဆင့် ကာရေ ဘီယံဒေသသို့ပျံသန်းခဲ့ကြောင်း WSJ က ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် အမေရိကန်၏ C-17 ကုန်တင် လေယာဉ်အများအပြားသည် ပျူတိုရီကို နယ်မြေသို့ တပ်ဖွဲ့ဝင်များနှင့် ပစ္စည်းကိရိယာများ ပို့ဆောင်ခဲ့ကြောင်း အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး WSJ က ဖော်ပြခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံသို့ဝင်ထွက်နေသည့် ရေနံ တင်သင်္ဘောများကို လုံးဝပိတ်ဆို့ရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့ပြီးနောက် အမေရိကန်က ကာရေဘီယံပင်လယ်ပြင်တွင် နောက်ထပ်တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားမှုနှင့်ပတ်သက် သည့်သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

Zawgyi Version:
အေမရိကန္က ကာေရဘီယံပင္လယ္ျပင္တြင္ ေနာက္ထပ္တပ္ဖြဲ႕ဝင္မ်ား ျဖန႔္ၾကက္ခ်ထားခဲ့ေၾကာင္း Wall Street Journal ေဖာ္ျပ
Pika (NP News) - ဒီဇင္ဘာ ၂၇
အေမရိကန္က ကာေရဘီယံပင္လယ္ျပင္တြင္ ေနာက္ထပ္တပ္ဖြဲ႕ဝင္မ်ား ျဖန႔္ၾကက္ခ်ထားျခင္းျဖင့္ ဗင္နီဇြဲလား ႏိုင္ငံအနီးတြင္ ၎၏စစ္ေရးတည္ရွိမႈမ်ားကို တိုးခ်ဲ႕ေနေၾကာင္း Wall Street Journal က ေရးသားေဖာ္ျပခဲ့သည္။ အေမရိကန္ႏွင့္ ဗင္နီဇြဲလား ႏိုင္ငံၾကား တင္းမာမႈမ်ားျမင့္တက္ေနသည့္ အခ်ိန္တြင္ Wall Street Journal ၏ ယင္းကဲ့သို႔ ေရးသား ေဖာ္ျပခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ထို႔ျပင္ အေမရိကန္၏ ေနာက္ထပ္ျဖန႔္ ၾကက္ခ်ထားမႈမ်ားတြင္ အထူးစစ္ဆင္ေရးေလယာဥ္မ်ားႏွင့္ စစ္ဘက္ ဆိုင္ရာ သယ္ယူပို႔ေဆာင္ေရးေလယာဥ္မ်ားပါဝင္ေၾကာင္း အေမရိကန္အရာရွိမ်ား၏ေျပာဆိုခ်က္မ်ားကို ကိုးကားၿပီး WSJ က ေရးသား ေဖာ္ျပခဲ့သည္။ အဆိုပါျဖန႔္ၾကက္ခ်ထားမႈမ်ားသည္ ဗင္နီဇြဲလားအေပၚ အလားအလာရွိေသာ အေရးယူ ေဆာင္႐ြက္မႈမ်ားတြင္ အေမရိကန္အတြက္ ေနာက္ထပ္ေ႐ြးခ်ယ္စရာမ်ားကိုေပးအပ္ရန္ရည္႐ြယ္ထား ေသာ္လည္း တိက်ေသာစစ္ဆင္ေရးမ်ားကို လူသိရွင္ၾကား ထုတ္ျပန္ေၾကညာျခင္းမ်ိဳးမရွိေသးေၾကာင္း အစီရင္ခံစာတြင္ ေရးသား ေဖာ္ျပထားသည္။
အေမရိကန္အထူးစစ္ဆင္ေရးတပ္ဖြဲ႕မ်ားႏွင့္ခ်ိတ္ဆက္ထားေသာ CV-22 Osprey tilt-rotor ေလယာဥ္ အနည္းဆုံး(၁၀)စင္းသည္ အေမရိကန္ေျမေပၚရွိ အေျခစိုက္စခန္းမ်ားမွတစ္ဆင့္ ကာေရ ဘီယံေဒသသို႔ပ်ံသန္းခဲ့ေၾကာင္း WSJ က ေရးသားေဖာ္ျပခဲ့သည္။ ထို႔ျပင္ အေမရိကန္၏ C-17 ကုန္တင္ ေလယာဥ္အမ်ားအျပားသည္ ပ်ဴတိုရီကို နယ္ေျမသို႔ တပ္ဖြဲ႕ဝင္မ်ားႏွင့္ ပစၥည္းကိရိယာမ်ား ပို႔ေဆာင္ခဲ့ေၾကာင္း အေမရိကန္အရာရွိမ်ား၏ ေျပာၾကားခ်က္ကို ကိုးကားၿပီး WSJ က ေဖာ္ျပခဲ့သည္။
ဗင္နီဇြဲလားႏိုင္ငံသို႔ဝင္ထြက္ေနသည့္ ေရနံ တင္သေဘၤာမ်ားကို လုံးဝပိတ္ဆို႔ရန္ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က အမိန႔္ေပးခဲ့ၿပီးေနာက္ အေမရိကန္က ကာေရဘီယံပင္လယ္ျပင္တြင္ ေနာက္ထပ္တပ္ဖြဲ႕ဝင္မ်ား ျဖန႔္ၾကက္ခ်ထားမႈႏွင့္ပတ္သက္ သည့္သတင္းမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.