တာချီလိတ်မြို့တွင် ငွေကျပ်သိန်း(၁၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

708

စိမ့် (NP News) - ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၌ ပြီးခဲ့သည့် ဒီဇင်ဘာ (၂၅)ရက်က ငွေကျပ်သိန်း(၁၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(CCDAC)က ဖမ်းဆီးရမိခဲ့ကြောင်း CCDAC ၏ ထုတ်ပြန်ချက်အရ သိရသည်။
သတင်းများအရ အဆိုပါရပ်ကွက်ရှိ ကားဂိတ်တွင် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်နှင့် ပါဆယ်ပစ္စည်းလာရောက်ထုတ်သူ စိုင်းခမ်းအွန်ကို စစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူသည့် စက္ကူဂျပ်ဖာအတွင်းမှ ငွေကျပ်သိန်း(၄၄၀)တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် (၄၀၀)ဂရမ် နှင့် လက်ကိုင်ဖုန်း(၁)လုံးတို့ကို သက်သေများနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ ပြင် စစ်ဆေးဖော်ထုတ်ချက်များအရ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ၎င်း၏နေအိမ်အတွင်းမှ ငွေကျပ်သိန်း(၁,၀၁၂)တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် (၉၂၀) ဂရမ်နှင့် ငွေကျပ်သိန်း(၁၀၀)တန်ဖိုးရှိ ကက်တမင်း အလေးချိန် (၁) ကီလိုတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ စိုင်းခမ်းအွန်ကို တာချီလိတ်မြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ တည်းခိုခန်း၌ ယမန်နေ့ ဒီဇင်ဘာ (၂၆) ရက်က သတင်းများအရ အဆိုပါတည်းခိုခန်းတွင် တည်းခိုနေထိုင်သူ စိုင်းလှရွှေ(ခ)အိုက်ရွှေ နှင့် စိုင်းလောင်(ခ)အစိုင်း တို့ကို စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ ငွေကျပ်သိန်း(၁,၁၂၅)တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၂.၂၅ ကီလို၊ ပစ္စတိုသေနတ် (၁) လက်၊ ကျည် (၆) တောင့်၊ ကျည်အိမ် (၁) ခု၊ ၎င်းတို့မောင်းနှင်လာသည့် HUMMER အမျိုးအစား မော်တော်ယာဉ် (၁) စီး၊ မော်တော်ဆိုင်ကယ် (၁) စီးနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသား(၂)ဦးကို မိုင်းရယ်မြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
တာခ်ီလိတ္ၿမိဳ႕တြင္ ေငြက်ပ္သိန္း(၁၀၀၀)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
စိမ့္ (NP News) - ဒီဇင္ဘာ ၂၇
ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္ကြက္၌ ၿပီးခဲ့သည့္ ဒီဇင္ဘာ (၂၅)ရက္က ေငြက်ပ္သိန္း(၁၀၀၀)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕(CCDAC)က ဖမ္းဆီးရမိခဲ့ေၾကာင္း CCDAC ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
သတင္းမ်ားအရ အဆိုပါရပ္ကြက္ရွိ ကားဂိတ္တြင္ TOYOTA CROWN အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ႏွင့္ ပါဆယ္ပစၥည္းလာေရာက္ထုတ္သူ စိုင္းခမ္းအြန္ကို စစ္ေဆးရွာေဖြရာ ၎ထုတ္ယူသည့္ စကၠဴဂ်ပ္ဖာအတြင္းမွ ေငြက်ပ္သိန္း(၄၄၀)တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး Happy Water အေလးခ်ိန္ (၄၀၀)ဂရမ္ ႏွင့္ လက္ကိုင္ဖုန္း(၁)လုံးတို႔ကို သက္ေသမ်ားႏွင့္အတူ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ ျပင္ စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕၊ မယ္ေခါင္ရပ္ကြက္ရွိ ၎၏ေနအိမ္အတြင္းမွ ေငြက်ပ္သိန္း(၁,၀၁၂)တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ားျဖစ္သည့္ Happy Water အေလးခ်ိန္ (၉၂၀) ဂရမ္ႏွင့္ ေငြက်ပ္သိန္း(၁၀၀)တန္ဖိုးရွိ ကက္တမင္း အေလးခ်ိန္ (၁) ကီလိုတို႔ကို ထပ္မံေတြ႕ရွိ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ စိုင္းခမ္းအြန္ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၌ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ ရွမ္းျပည္နယ္၊ မိုင္းရယ္ၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္ရွိ တည္းခိုခန္း၌ ယမန္ေန႔ ဒီဇင္ဘာ (၂၆) ရက္က သတင္းမ်ားအရ အဆိုပါတည္းခိုခန္းတြင္ တည္းခိုေနထိုင္သူ စိုင္းလွေ႐ႊ(ခ)အိုက္ေ႐ႊ ႏွင့္ စိုင္းေလာင္(ခ)အစိုင္း တို႔ကို စစ္ေဆးရွာေဖြရာ ၎တို႔ထံမွ ေငြက်ပ္သိန္း(၁,၁၂၅)တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး Happy Water အေလးခ်ိန္ ၂.၂၅ ကီလို၊ ပစၥတိုေသနတ္ (၁) လက္၊ က်ည္ (၆) ေတာင့္၊ က်ည္အိမ္ (၁) ခု၊ ၎တို႔ေမာင္းႏွင္လာသည့္ HUMMER အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ (၁) စီး၊ ေမာ္ေတာ္ဆိုင္ကယ္ (၁) စီးႏွင့္ လက္ကိုင္ဖုန္း ၂ လုံးတို႔အား ေတြ႕ရွိ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ အမ်ိဳးသား(၂)ဦးကို မိုင္းရယ္ၿမိဳ႕မရဲစခန္း၌ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အေရးယူထားရွိၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။