ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား အပစ်ခတ်ရပ်စဲရေးယူနိုင်ခဲ့ခြင်းအပေါ် အမေရိကန်အစိုးရ ကြိုဆို

2210

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၈
အမေရိကန်အစိုးရက ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား အပစ်ခတ်ရပ်စဲရေးယူနိုင်ခဲ့ခြင်းအပေါ်ကြိုဆိုကြောင်း၊ နှစ်နိုင်ငံစလုံးအနေနဲ့ ကွာလာလမ်ပူ ငြိမ်းချမ်းရေးသဘောတူညီချက်ကိုချက်ချင်းလိုက်နာ အကောင်အထည် ဖော်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုဟာ ထိုင်း နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့နယ်စပ်ကော်မတီကြား တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ၇၂ နာရီကြာ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခဲ့ပြီးနောက်အခုလိုမျိုး သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ အငြင်းပွားမှုများကြောင့် ဒီဇင်ဘာ ၇ ရက်မှာ တိုက်ပွဲများ တစ်ကျော့ ပြန်ဖြစ်လာခဲ့ပြီးနောက် ဒီဇင်ဘာ ၂၇ ရက်မှာ ယာယီအပစ်ခတ်ရပ်စဲရေး ရယူနိုင်ဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီး နဲ့ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးတို့ဟာ နယ်စပ်ကော်မတီတွေ့ဆုံဆွေးပွဲအတွင်း တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယာယီအပစ်ခတ်ရပ်စဲဖို့ လက်မှတ်ထိုးခဲ့ပါတယ်။ ထိုင်းကာကွယ်ရေးဝန်ကြီးက ယာယီ အပစ်ခတ်ရပ်စဲရေးဟာ စစ်မှန်တဲ့အပစ်ခတ်ရပ်စဲရေး ရယူနိုင်ဖို့ စောင့်ကြည့်ကာလတစ်ခုဖြစ်ကြောင်း ပြောပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား ရရှိခဲ့တဲ့ ယာယီအပစ်ခတ်ရပ်စဲရေးထဲမှာ အချက် ၁၆ ချက်ပါဝင်ခဲ့ပြီး နှစ်နိုင်ငံ စလုံးက တပ်ဖွဲ့ဝင်များ ရှေ့တိုးတာမျိုးမလုပ်ဖို့၊ နယ်စပ်ဒေသမှာ ပြည်သူများကို ပြန်လည်နေထိုင်ခွင့်ပေးဖို့၊ ဖမ်းဆီး ထားတဲ့ စစ်သားများကို ပြန်လည်လွှတ်ပေးရမယ့်အချက်များ ပါဝင်နေကြောင်း သိရပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးတို့ဟာ ရက်ပိုင်းအတွင်း တရုတ်နိုင်ငံကို သွားရောက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံကာ နယ်စပ်ပြသာနာများကိုဆွေးနွေးမယ်လို့ သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်က ၎င်းတို့အနေနဲ့ ယာယီ အပစ်ခတ်ရပ်စဲရေးကို သဘောတူညီခဲ့ပေမယ့်နောက်ဆုံးတိုက်ပွဲမဖြစ်ပွားခင် ၎င်းတို့ ထိန်းသိမ်းထားတဲ့နေရာများနဲ့ ပတ်သက်ပြီး နယ်စပ်အငြင်းပွားမှုများအတွက် ဆွေးနွေးမှာမဟုတ်သလို လုံခြုံတဲ့ဧရိယာများကနေ ဆုတ်ခွာမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Zawgyi Version:
ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကား အပစ္ခတ္ရပ္စဲေရးယူႏိုင္ခဲ့ျခင္းအေပၚ အေမရိကန္အစိုးရ ႀကိဳဆို
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၈
အေမရိကန္အစိုးရက ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကား အပစ္ခတ္ရပ္စဲေရးယူႏိုင္ခဲ့ျခင္းအေပၚႀကိဳဆိုေၾကာင္း၊ ႏွစ္ႏိုင္ငံစလုံးအေနနဲ႔ ကြာလာလမ္ပူ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကိုခ်က္ခ်င္းလိုက္နာ အေကာင္အထည္ ေဖာ္သင့္ေၾကာင္း တိုက္တြန္းလိုက္ပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီယိုဟာ ထိုင္း နဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔ရဲ႕နယ္စပ္ေကာ္မတီၾကား ေတြ႕ဆုံ ေဆြးေႏြးခဲ့ၿပီးေနာက္ ၇၂ နာရီၾကာ အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ခဲ့ၿပီးေနာက္အခုလိုမ်ိဳး သတင္းထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔ဟာ အျငင္းပြားမႈမ်ားေၾကာင့္ ဒီဇင္ဘာ ၇ ရက္မွာ တိုက္ပြဲမ်ား တစ္ေက်ာ့ ျပန္ျဖစ္လာခဲ့ၿပီးေနာက္ ဒီဇင္ဘာ ၂၇ ရက္မွာ ယာယီအပစ္ခတ္ရပ္စဲေရး ရယူႏိုင္ဖို႔ သေဘာတူညီခဲ့တယ္လို႔ သိရပါတယ္။
ထိုင္းကာကြယ္ေရးဝန္ႀကီး နဲ႔ ကေမာၻဒီးယားကာကြယ္ေရးဝန္ႀကီးတို႔ဟာ နယ္စပ္ေကာ္မတီေတြ႕ဆုံေဆြးပြဲအတြင္း ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ယာယီအပစ္ခတ္ရပ္စဲဖို႔ လက္မွတ္ထိုးခဲ့ပါတယ္။ ထိုင္းကာကြယ္ေရးဝန္ႀကီးက ယာယီ အပစ္ခတ္ရပ္စဲေရးဟာ စစ္မွန္တဲ့အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ဖို႔ ေစာင့္ၾကည့္ကာလတစ္ခုျဖစ္ေၾကာင္း ေျပာပါတယ္။
ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကား ရရွိခဲ့တဲ့ ယာယီအပစ္ခတ္ရပ္စဲေရးထဲမွာ အခ်က္ ၁၆ ခ်က္ပါဝင္ခဲ့ၿပီး ႏွစ္ႏိုင္ငံ စလုံးက တပ္ဖြဲ႕ဝင္မ်ား ေရွ႕တိုးတာမ်ိဳးမလုပ္ဖို႔၊ နယ္စပ္ေဒသမွာ ျပည္သူမ်ားကို ျပန္လည္ေနထိုင္ခြင့္ေပးဖို႔၊ ဖမ္းဆီး ထားတဲ့ စစ္သားမ်ားကို ျပန္လည္လႊတ္ေပးရမယ့္အခ်က္မ်ား ပါဝင္ေနေၾကာင္း သိရပါတယ္။ ထိုင္းနဲ႔ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီးတို႔ဟာ ရက္ပိုင္းအတြင္း တ႐ုတ္ႏိုင္ငံကို သြားေရာက္ၿပီး တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိနဲ႔ ေတြ႕ဆုံကာ နယ္စပ္ျပသာနာမ်ားကိုေဆြးေႏြးမယ္လို႔ သိရပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္က ၎တို႔အေနနဲ႔ ယာယီ အပစ္ခတ္ရပ္စဲေရးကို သေဘာတူညီခဲ့ေပမယ့္ေနာက္ဆုံးတိုက္ပြဲမျဖစ္ပြားခင္ ၎တို႔ ထိန္းသိမ္းထားတဲ့ေနရာမ်ားနဲ႔ ပတ္သက္ၿပီး နယ္စပ္အျငင္းပြားမႈမ်ားအတြက္ ေဆြးေႏြးမွာမဟုတ္သလို လုံၿခဳံတဲ့ဧရိယာမ်ားကေန ဆုတ္ခြာမွာ မဟုတ္ဘူးလို႔ ေျပာဆိုထားပါတယ္။