စီးပွားဖြစ်ဂြိုဟ်တုကို အနိမ့်ဆုံးကမ္ဘာပတ်လမ်းထဲသို့ အိန္ဒိယ အောင်မြင်စွာလွှတ်တင်

 1410

Pika (NP News) - ဒီဇင်ဘာ ၂၈

အိန္ဒိယနိုင်ငံသည် ၎င်း၏ အလေးဆုံးစီးပွားဖြစ် ဆက်သွယ်ရေးဂြိုဟ်တုကို အနိမ့်ဆုံးကမ္ဘာပတ်လမ်းသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်းသိရသည်။ အိန္ဒိယ အာကာသသုတေသနအဖွဲ့ (ISRO) ၏ LVM3 ‘Baahubali’ ဒုံးပျံသည် အမေရိကန် အခြေစိုက် AST SpaceMobile ကုမ္ပဏီ၏ Blue­Bird Block-2 ဆက်သွယ်ရေးဂြိုဟ်တုကို အိန္ဒိယ နိုင်ငံတောင်ပိုင်းရှိ Sriharikota ကျွန်းပေါ်မှ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ISRO ဥက္ကဋ္ဌ V. Narayanan က ‘LVM3 ‘Baahubali’ ဆက်သွယ်ရေးဂြိုဟ်တုကိုရည်ရွယ်ထားတဲ့ ကမ္ဘာပတ်လမ်းထဲကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ ပါတယ်’ဟုပြောဆိုခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ်မိုဒီက ‘ကျွန်တော်တို့ ဟာ Gaganyaan လိုမျိုး အနာဂတ်မစ်ရှင်တွေအတွက် အုတ်မြစ်တွေကို ခိုင်မာအောင် လုပ်ဆောင်နေပြီး စီးပွားဖြစ် လွှတ်တင်ရေးဝန်ဆောင် မှုတွေကိုတိုးချဲ့ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်တွေနဲ့ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းလာစေဖို့ လုပ်ဆောင်နေပါတယ်။ ဒီလိုမျိုး စွမ်းရည်တွေမြင့်တက်လာတာနဲ့ ကိုယ့်ကိုယ်ကိုယ်အားကိုးနိုင်မှုကိုမြှင့်တင်တာဟာ နောင်လာမယ့်မျိုးဆက်တွေအတွက် အံ့ဩစရာ ကောင်းတာတွေ ဖြစ်လာစေမယ်ဆိုတာ သေချာပါတယ်’ဟုပြော ဆိုခဲ့သည်။
အဆိုပါမစ်ရှင်ကို ISRO ၏ စီးပွားဖြစ်ဌာန ခွဲတစ်ခုဖြစ်သော NewSpace India Ltd (NSIL) နှင့် AST SpaceMobile အကြား လက်မှတ်ရေးထိုးထားသော စီးပွားဖြစ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း NDTV သတင်းစာက ရေးသားဖော်ပြခဲ့သည်။ LVM3 ‘Baahubali’ ဒုံးပျံကို Sriharikota ကျွန်းပေါ်မှ လွှတ်တင်ခဲ့ပြီးနောက် အချိန်(၁၅)မိနစ်အကြာတွင် Blue­Bird Block-2 ဆက်သွယ်ရေးဂြိုဟ်တုသည် ဒုံးပျံမှ ခွဲထွက်သွားပြီး ရည်ရွယ်ထားသည့်ပတ်လမ်းထဲသို့ ရောက်ရှိခဲ့ကြောင်း အိန္ဒိယအစိုးရက ပြောကြားခဲ့သည်။

Zawgyi Version
စီးပြားျဖစ္ၿဂိဳဟ္တုကို အနိမ့္ဆုံးကမာၻပတ္လမ္းထဲသို႔ အိႏၵိယ ေအာင္ျမင္စြာလႊတ္တင္
Pika (NP News) - ဒီဇင္ဘာ ၂၈

အိႏၵိယႏိုင္ငံသည္ ၎၏ အေလးဆုံးစီးပြားျဖစ္ ဆက္သြယ္ေရးၿဂိဳဟ္တုကို အနိမ့္ဆုံးကမာၻပတ္လမ္းသို႔ ေအာင္ျမင္စြာလႊတ္တင္ႏိုင္ခဲ့ေၾကာင္းသိရသည္။ အိႏၵိယ အာကာသသုေတသနအဖြဲ႕ (ISRO) ၏ LVM3 ‘Baahubali’ ဒုံးပ်ံသည္ အေမရိကန္ အေျခစိုက္ AST SpaceMobile ကုမၸဏီ၏ Blue­Bird Block-2 ဆက္သြယ္ေရးၿဂိဳဟ္တုကို အိႏၵိယ ႏိုင္ငံေတာင္ပိုင္းရွိ Sriharikota ကြၽန္းေပၚမွ လႊတ္တင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ISRO ဥကၠ႒ V. Narayanan က ‘LVM3 ‘Baahubali’ ဆက္သြယ္ေရးၿဂိဳဟ္တုကိုရည္႐ြယ္ထားတဲ့ ကမာၻပတ္လမ္းထဲကို ေအာင္ျမင္စြာလႊတ္တင္ႏိုင္ခဲ့ ပါတယ္’ဟုေျပာဆိုခဲ့သည္။ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီက ‘ကြၽန္ေတာ္တို႔ ဟာ Gaganyaan လိုမ်ိဳး အနာဂတ္မစ္ရွင္ေတြအတြက္ အုတ္ျမစ္ေတြကို ခိုင္မာေအာင္ လုပ္ေဆာင္ေနၿပီး စီးပြားျဖစ္ လႊတ္တင္ေရးဝန္ေဆာင္ မႈေတြကိုတိုးခ်ဲ႕ဖို႔နဲ႔ ကမာၻလုံးဆိုင္ရာမိတ္ဖက္ေတြနဲ႔ ဆက္ဆံေရးကို ပိုမိုနက္ရႈိင္းလာေစဖို႔ လုပ္ေဆာင္ေနပါတယ္။ ဒီလိုမ်ိဳး စြမ္းရည္ေတြျမင့္တက္လာတာနဲ႔ ကိုယ့္ကိုယ္ကိုယ္အားကိုးႏိုင္မႈကိုျမႇင့္တင္တာဟာ ေနာင္လာမယ့္မ်ိဳးဆက္ေတြအတြက္ အံ့ဩစရာ ေကာင္းတာေတြ ျဖစ္လာေစမယ္ဆိုတာ ေသခ်ာပါတယ္’ဟုေျပာ ဆိုခဲ့သည္။
အဆိုပါမစ္ရွင္ကို ISRO ၏ စီးပြားျဖစ္ဌာန ခြဲတစ္ခုျဖစ္ေသာ NewSpace India Ltd (NSIL) ႏွင့္ AST SpaceMobile အၾကား လက္မွတ္ေရးထိုးထားေသာ စီးပြားျဖစ္သေဘာတူညီခ်က္၏ တစ္စိတ္တစ္ပိုင္းအျဖစ္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း NDTV သတင္းစာက ေရးသားေဖာ္ျပခဲ့သည္။ LVM3 ‘Baahubali’ ဒုံးပ်ံကို Sriharikota ကြၽန္းေပၚမွ လႊတ္တင္ခဲ့ၿပီးေနာက္ အခ်ိန္(၁၅)မိနစ္အၾကာတြင္ Blue­Bird Block-2 ဆက္သြယ္ေရးၿဂိဳဟ္တုသည္ ဒုံးပ်ံမွ ခြဲထြက္သြားၿပီး ရည္႐ြယ္ထားသည့္ပတ္လမ္းထဲသို႔ ေရာက္ရွိခဲ့ေၾကာင္း အိႏၵိယအစိုးရက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.