၂၀၂၅-၂၀၂၆ အပိုင်းလိုက်ကျင်းပမည့် ရွေးကောက်ပွဲ (၃)ပိုင်းလုံး မကျင်းပနိုင်သည့် မြို့နယ်ပေါင်း (၉၆)မြို့နယ်ရှိ
1045
စော(NP News)- ဒီဇင်ဘာ ၂၈
၂၀၂၅-၂၀၂၆ အပိုင်းလိုက်ကျင်းပမည့် ရွေးကောက်ပွဲ (၃)ပိုင်းလုံး မကျင်းပနိုင်သည့် မြို့နယ်ပေါင်း (၉၆)မြို့နယ်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဒီဇင်ဘာ ၂၇ရက်က ရွေးကောက်ပွဲ အပိုင်း (၃)ကို လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် မြို့နယ် (၃၁)မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ၁၀ (စ)အရ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ သည်။
အဆိုပါ မြို့နယ် (၃၁)မြို့နယ်မှာ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် (၂)မြို့နယ်၊ ရှမ်းပြည်နယ်ရှိ မြို့နယ် (၄) မြို့နယ် ၊ မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် (၅) မြို့နယ် ၊ ပဲခူးတိုင်းဒေသကြီး ရှိ မြို့နယ် (၈) မြို့နယ် ၊ တနင်္သာရီတိုင်းဒေသကြီး ရှိ မြို့နယ် (၃) မြို့နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် (၂) မြို့နယ် ၊ ကရင်ပြည်နယ်ရှိ မြို့နယ် (၂) မြို့နယ် နှင့် ကချင်ပြည်နယ်ရှိ မြို့နယ် (၅) မြို့နယ် တို့ဖြစ်ကြောင်း သိရသည်။
ယခင်က မြို့နယ် (၆၅)မြိုနယ်တွင်သာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း ယခုတွင် မြို့နယ်ပေါင်း (၉၆)မြို့နယ်ရှိလာခြင်းဖြစ်သည်။
Zawgyi Version:
စော(NP News)- ဒီဇင်ဘာ ၂၈