မြင်းခြံတွင် Fixed Wing Drone ဖြင့် Drop Bomb (၅) လုံးပစ်ချတိုက်ခိုက်ခံရသော်လည်း ထိခိုက်မှုမရှိ

 2784

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် Fixed Wing Drone ဖြင့် Drop Bomb (၅) လုံး ပစ်ချတိုက်ခိုက်ခံရသော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဒီဇင်ဘာ ၂၈ ရက်)၊ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်က မြင်းခြံမြို့၏ အနောက်ဘက် (၄)မိုင်ခန့်အကွာ၊ လေးအိမ်တန်းကျေးရွာဘက်မှ အမြင့်ပေ (၅၀၀) ခန့်မှ ပျံသန်းလာသည့် Fixed Wing Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့ Drop Bomb ပစ်ချတိုက်ခိုက်ခံရမှုကြောင့် နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် မြင်းခြံမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်းတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ထွေ/အုပ်ရုံးပြတင်းတံခါးမှန် (၇)ချပ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့နောက် ၁၀ နာရီ ၅၀ မိနစ်တွင် ဗိုလ်ချုပ်လမ်းဘေးရှိ ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးရုံးဝင်းအတွင်းသို့လည်းကောင်း၊ ၁၀ နာရီ ၅၅ မိနစ်တွင် အမှတ်(၂)ရပ်ကွက်၊ ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးရုံးရှေ့ ကိုက်(၅၀)ခန့် အကွာ ဒေါ်မြသန်းဌေး၏ ခေါက်ဆွဲဆိုင်ရှေ့ ဗိုလ်ချုပ်လမ်းမဘေးနှင့် မြင်းခြံဗဟိုအကျဉ်းထောင်ဝင်း နေအိမ်လိုင်းခန်းအနောက်ဘက် ကိုက်(၂၀)ခန့်အကွာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထို့ပြင် ၁၁ နာရီ ၅ မိနစ်တွင် အဆိုပါရပ် ကွက်ရှိ ခရိုင်/မြို့နယ်တရာရုံး၏ အနောက်ဘက် ကိုက်(၅၀)ခန့်အကွာတွင်လည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိသည်။
ထိုသို့ Drop Bomb ကျရောက်ပေါက်ကွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမင္းၿခံတြင္ Fixed Wing Drone ျဖင့္ Drop Bomb (၅) လုံးပစ္ခ်တိုက္ခိုက္ခံရေသာ္လည္း ထိခိုက္မႈမရွိ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၈

မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္တြင္ Fixed Wing Drone ျဖင့္ Drop Bomb (၅) လုံး ပစ္ခ်တိုက္ခိုက္ခံရေသာ္လည္း ထိခိုက္မႈမရွိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ဒီဇင္ဘာ ၂၈ ရက္)၊ နံနက္ ၁၀ နာရီ ၄၀ မိနစ္အခ်ိန္ခန႔္က ျမင္းၿခံၿမိဳ႕၏ အေနာက္ဘက္ (၄)မိုင္ခန႔္အကြာ၊ ေလးအိမ္တန္းေက်း႐ြာဘက္မွ အျမင့္ေပ (၅၀၀) ခန႔္မွ ပ်ံသန္းလာသည့္ Fixed Wing Drone ျဖင့္ Drop Bomb ပစ္ခ်တိုက္ခိုက္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔သို႔ Drop Bomb ပစ္ခ်တိုက္ခိုက္ခံရမႈေၾကာင့္ နံနက္ ၁ဝ နာရီ ၄၅ မိနစ္တြင္ ျမင္းၿခံၿမိဳ႕၊ အမွတ္(၂)ရပ္ကြက္အတြင္းရွိ ခ႐ိုင္/ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးဝင္းတြင္း က်ေရာက္ေပါက္ကြဲခဲ့ရာ ေထြ/အုပ္႐ုံးျပတင္းတံခါးမွန္ (၇)ခ်ပ္ ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၁၀ နာရီ ၅၀ မိနစ္တြင္ ဗိုလ္ခ်ဳပ္လမ္းေဘးရွိ ခ႐ိုင္/ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳး႐ုံးဝင္းအတြင္းသို႔လည္းေကာင္း၊ ၁၀ နာရီ ၅၅ မိနစ္တြင္ အမွတ္(၂)ရပ္ကြက္၊ ခ႐ိုင္/ၿမိဳ႕နယ္ျပည္ခိုင္ၿဖိဳး႐ုံးေရွ႕ ကိုက္(၅၀)ခန႔္ အကြာ ေဒၚျမသန္းေဌး၏ ေခါက္ဆြဲဆိုင္ေရွ႕ ဗိုလ္ခ်ဳပ္လမ္းမေဘးႏွင့္ ျမင္းၿခံဗဟိုအက်ဥ္းေထာင္ဝင္း ေနအိမ္လိုင္းခန္းအေနာက္ဘက္ ကိုက္(၂၀)ခန႔္အကြာသို႔ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၁၁ နာရီ ၅ မိနစ္တြင္ အဆိုပါရပ္ ကြက္ရွိ ခ႐ိုင္/ၿမိဳ႕နယ္တရာ႐ုံး၏ အေနာက္ဘက္ ကိုက္(၅၀)ခန႔္အကြာတြင္လည္း က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိသည္။
ထိုသို႔ Drop Bomb က်ေရာက္ေပါက္ကြဲမႈႏွင့္ပတ္သက္၍ သက္ဆိုင္ရာတာဝန္ရွိသူမ်ား သြားေရာက္စစ္ေဆးခဲ့ရာ ထိခိုက္ဒဏ္ရာရရွိသူ မရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.