လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အာမခံပြီး နာမည်ပျက်ခံမည်မဟုတ်ဟု ဗိုလ်ချုပ်မှူးကြီးပြော

 875

Pearl (NP News) - ဒီဇင်ဘာ ၂၈

ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ပထမပိုင်းကို ယနေ့ (ဒီဇင်ဘာ ၂၈ရက်)တွင် မြို့နယ်ပေါင်း (၁၀၂) မြို့နယ်တွင် ကျင်းပခဲ့ရာ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်၊မဖြစ်ကို ယနေ့လာရောက်၍ ဆန္ဒမဲပေးသည့် အခြေအနေများနှင့် လာမည့် ဇန်နဝါရီလတွင် ကျင်းပမည့် ရွေးကောက်ပွဲ ဒုတိယပိုင်း နှင့် တတိယပိုင်း၏ အကြိုကာလများကို စောင့်ကြည့်ရန် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

““လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ ဒီနေ့မဲပေးတာကြည့်လိုက်ရင်သိလိမ့်မယ်။ နောက်မဲပေးဖို့အတွက် ကြိုတင်ကဏ္ဍတွေ ရှိလိမ့် မယ်။ အကြိုကာလတွေပေါ့။ အဲဒီမှာ ပါတီတွေရဲ့ လုပ်ဆောင်ချက်တွေ။ နောက်ပြီးတော့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက် တွေ။ နောက်ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ဆောင်ချက်တွေ ကြည့်လိုက်ရင်လည်း သိပါလိမ့်မယ်။ ဒီနေ့မဲပေးတဲ့အခါမှာလည်း မဲပေးပြီးညနေကြရင် အသံထွက်လာမှာပဲလေ။ အဲဒီကျရင်လည်းပြောလို့ရတာပေါ့။ အဲဒါပြီးတော့မှသာ လွတ်လပ်ပြီး တရားမျှတမှုရှိလားမရှိလားဆိုတာ” ဟု ပြောသည်။

ထို့ပြင် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ရန် အတွက် အာမခံပြီး နာမည်ပျက်ခံမည်မဟုတ်ကြောင်းလည်း ပြောသည်။

“ကျွန်တော်တို့က လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မယ်လို့ အာမခံထားပြီးသား တပ်မတော်ကလုပ်တာ။ နာမည်ပျက်မခံဘူး။ ပြီးခဲ့တဲ့ (၂၀၂၀) ရွေးကောက်ပွဲမှာ အကြီးကျယ်နာမည်ပျက်ခဲ့တယ်။ တော်တော်ဆိုးဆိုး ရွားရွားကို ဖြစ်ခဲ့တာပါ။ ရုပ်ပျက်ဆင်းပျက်ကို နိုင်ငံတကာအလယ်မှာလည်း အရှက်တကွဲဖြစ်ခဲ့တယ်။ တချို့ကျလည်းမသိကျိုးကျွံပြုနေတာ။ ကျွန်တော်က တကယ်စစ်ခဲ့တဲ့လူ။ ကျွန်တော်သိပါတယ်။ တကယ်ကို အမှန်တိုင်းပဲ။ တကယ်ကို ဆိုးဆိုးရွားရွားဖြစ်ခဲ့တာပါ။ ဘယ်လိုမှကို နားလည်ပေးလို့မရတဲ့အတွက်ကြောင့် ဒီအခြေအနေထိရောက်သွားရတာပေါ့” ဟု ပြောသည်။

Zawgyi Version:
လြတ္လပ္၍တရားမွ်တသည့္ ေ႐ြးေကာက္ပြဲျဖစ္ရန္ အာမခံၿပီး နာမည္ပ်က္ခံမည္မဟုတ္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးေျပာ
Pearl (NP News) - ဒီဇင္ဘာ ၂၈

ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲ ပထမပိုင္းကို ယေန႔ (ဒီဇင္ဘာ ၂၈ရက္)တြင္ ၿမိဳ႕နယ္ေပါင္း (၁၀၂) ၿမိဳ႕နယ္တြင္ က်င္းပခဲ့ရာ လြတ္လပ္၍တရားမွ်တသည့္ ေ႐ြးေကာက္ပြဲတစ္ရပ္ျဖစ္၊မျဖစ္ကို ယေန႔လာေရာက္၍ ဆႏၵမဲေပးသည့္ အေျခအေနမ်ားႏွင့္ လာမည့္ ဇန္နဝါရီလတြင္ က်င္းပမည့္ ေ႐ြးေကာက္ပြဲ ဒုတိယပိုင္း ႏွင့္ တတိယပိုင္း၏ အႀကိဳကာလမ်ားကို ေစာင့္ၾကည့္ရန္ ႏိုင္ငံေတာ္ ယာယီသမၼတ ႏိုင္ငံေတာ္သာယာေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

““လြတ္လပ္ၿပီးတရားမွ်တတဲ့ေ႐ြးေကာက္ပြဲ ဒီေန႔မဲေပးတာၾကည့္လိုက္ရင္သိလိမ့္မယ္။ ေနာက္မဲေပးဖို႔အတြက္ ႀကိဳတင္က႑ေတြ ရွိလိမ့္ မယ္။ အႀကိဳကာလေတြေပါ့။ အဲဒီမွာ ပါတီေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြ။ ေနာက္ၿပီးေတာ့ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းေတြရဲ႕ လုပ္ေဆာင္ခ်က္ ေတြ။ ေနာက္ၿပီး ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕လုပ္ေဆာင္ခ်က္ေတြ ၾကည့္လိုက္ရင္လည္း သိပါလိမ့္မယ္။ ဒီေန႔မဲေပးတဲ့အခါမွာလည္း မဲေပးၿပီးညေနၾကရင္ အသံထြက္လာမွာပဲေလ။ အဲဒီက်ရင္လည္းေျပာလို႔ရတာေပါ့။ အဲဒါၿပီးေတာ့မွသာ လြတ္လပ္ၿပီး တရားမွ်တမႈရွိလားမရွိလားဆိုတာ” ဟု ေျပာသည္။

ထို႔ျပင္ လြတ္လပ္၍တရားမွ်တသည့္ ေ႐ြးေကာက္ပြဲတစ္ရပ္ျဖစ္ရန္ အတြက္ အာမခံၿပီး နာမည္ပ်က္ခံမည္မဟုတ္ေၾကာင္းလည္း ေျပာသည္။

“ကြၽန္ေတာ္တို႔က လြတ္လပ္ၿပီးတရားမွ်တတဲ့ေ႐ြးေကာက္ပြဲျဖစ္မယ္လို႔ အာမခံထားၿပီးသား တပ္မေတာ္ကလုပ္တာ။ နာမည္ပ်က္မခံဘူး။ ၿပီးခဲ့တဲ့ (၂၀၂၀) ေ႐ြးေကာက္ပြဲမွာ အႀကီးက်ယ္နာမည္ပ်က္ခဲ့တယ္။ ေတာ္ေတာ္ဆိုးဆိုး ႐ြား႐ြားကို ျဖစ္ခဲ့တာပါ။ ႐ုပ္ပ်က္ဆင္းပ်က္ကို ႏိုင္ငံတကာအလယ္မွာလည္း အရွက္တကြဲျဖစ္ခဲ့တယ္။ တခ်ိဳ႕က်လည္းမသိက်ိဳးကြၽံျပဳေနတာ။ ကြၽန္ေတာ္က တကယ္စစ္ခဲ့တဲ့လူ။ ကြၽန္ေတာ္သိပါတယ္။ တကယ္ကို အမွန္တိုင္းပဲ။ တကယ္ကို ဆိုးဆိုး႐ြား႐ြားျဖစ္ခဲ့တာပါ။ ဘယ္လိုမွကို နားလည္ေပးလို႔မရတဲ့အတြက္ေၾကာင့္ ဒီအေျခအေနထိေရာက္သြားရတာေပါ့” ဟု ေျပာသည္။

Related news

© 2021. All rights reserved.