ငြိမ်းချမ်းရေးနှင့်နိုင်ငံတည်ဆောက်ရေး လူငယ်များ ပါဝင်မှုကို မြှင့်တင်ပေး

 509

မင်းထက်ကျော်ဇော (NP News) - ဒီဇင်ဘာ ၂၉

"ယနေ့လူငယ်...နောင်ဝယ်လူကြီး" ဆိုသည့်အတိုင်း တိုင်းပြည်၏ ပစ္စုပ္ပုန်အတွက် လူငယ်ထုသည် အရေးကြီးသော သက်ရှိစွမ်းအားအရင်းအမြစ်များဖြစ်သည်။ ယနေ့ လူကြီးများ ပုံဖော်ထားသော နိုင်ငံ၏ အကျိုးရလာဒ်နှင့် ဆိုးမွေ ကောင်းမွေများကို နောင်လူငယ်များက ဆက်ခံရမည်မှာ မလွဲဧကန်ဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ တွင် ပထဝီအချက် အခြာကျသော တိုင်းပြည်အဖြစ် တည်ရှိပြီး အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နိုင်စွမ်းရှိသည်ဟု ယုံကြည်ရသည်။ သို့သော် နိုင်ငံတော်သည် ငြိမ်းချမ်းရေးဆိုသောစကားလုံးနှင့် နှစ်ပေါင်း ၈ဝ နီးပါးဝေးကွာနေ ရဆဲဖြစ်သည်။
လွတ်လပ်ရေးကတည်းက ဆက်လက်ရှင်သန်နေသော ပြည်တွင်းစစ်သည် ၁၉၄၈ ခုနှစ်မှ ယနေ့ ထိ အဘယ်ကြောင့် အမြစ်တွယ်နေရသနည်း၊ တန်းတူညီမျှမှု၊ ဖယ်ဒရယ်စံနစ်စသည့် အကြောင်းရင်းများစွာရှိသော်လည်း ဤနေရာ တွင် သိသာထင်ရှားသော အချက်တစ်ခုမှာ "လက်ဆင့်ကမ်းဆိုးမွေပေးခြင်း" ပင်ဖြစ်သည်။ သမိုင်းထဲက အမွေဆိုး များကို လူငယ်ထုထံ လက်ဆင့်ကမ်းခြင်းဖြင့် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား၊ ညီအစ်ကိုပြည်သူ များအကြား မလိုလားအပ်သော ကွဲလွဲမှုများ ပေါ်ပေါက်ကာ ပဋိပက္ခမီးမငြိမ်းသတ်နိုင်ခဲ့ဟု ယူဆမိသည်။
ဖြစ်ပျက်ပြီးသော သမိုင်းကို အပြစ်တင်လျက် အငြင်းပွားနေခြင်းထက် အတိတ်ကို ချစ်ကြည်စွာလွတ်မြောက် အောင် ကြိုးပမ်းရန် လိုအပ်သည်။ ဥပမာအားဖြင့် ကျွန်ပြုအုပ်ချုပ် ခဲ့သော ဗြိတိသျှတို့နှင့်ပင် ယနေ့ ဆက်ဆံရေး ကောင်းမွန်စွာ ထိန်းသိမ်းလျက်ရှိသည်။ မိမိတို့ မောင်နှမအရင်းချင်းများအကြား ပို၍ ခွင့်လွှတ်နိုင်သင့်သည်ဟု ဆိုနိုင်သည်။
ထိုသို့ အတိတ်ကို မေ့ပျောက်ကာ ရှေ့ဆက်ရာတွင် လူငယ်ထု၏ အခန်းကဏ္ဍသည် အဓိက ကျလာပြီ ဖြစ်သည်။ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် လူငယ်ပါဝင်မှု အားနည်းခဲ့သည်ကို ဝန်ခံရမည်။ ဆွေးနွေးညှိနှိုင်းသူအများစုမှာ အသက် ၅၀ ကျော် အရွယ်များ ဖြစ်ပြီး လူငယ်ထုအား အပြည့်အဝ ထည့်သွင်းခြင်း မရှိခဲ့သဖြင့် အနာဂတ် ငြိမ်းချမ်းရေး တည်ဆောက်မှု ပီပြင်ခိုင်မာမှု အားနည်းခဲ့သည်ဟု ထင်မြင်မိသည်။
ယခုအခါ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှ လူငယ်ထု၏ အသံကို နားစွင့်ရန် လိုအပ်ကြောင်း သတိပြုမိလာပြီး Youth Peace Forum 2026 ကို ဇန်နဝါရီလတွင် ကျင်းပရန် စီစဉ်လျက်ရှိသည်။
ဤဖိုရမ်သည် လူငယ်များအား ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ရှိ အခက်အခဲများ၊ တောင်းဆိုချက်များ၊ ငြိမ်းချမ်းသောဒေသနှင့် မငြိမ်းချမ်းသောဒေသရှိ ဘဝအခြေအနေကွာခြား ပုံများကို လက်တွေ့သိမြင်နိုင်စေမည်။ လူငယ်များအကြား အမြင်ဖလှယ်ခြင်း၊ အတွေ့အကြုံများ မျှဝေခြင်းဖြင့် ငြိမ်းချမ်းရေး၏ အဓိပ္ပာယ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်လာနိုင်မည်။
Youth Peace Forum 2026 ကျင်းပရန်အတွက် အင်အား ၃၅၀ ဖြင့်စီမံထားပြီး ဆွေးနွေး ရန် ခေါင်းစဉ် ၁ဝ ခု သတ်မှတ်ထားသည်ဟုလဲ သိရှိရသည်။ ဆွေးနွေးပွဲ သို့ လူငယ်ထု ကိုယ်စားလှယ်များအနေဖြင့် တက်ရောက်နိုင်ရေး အသက် ၁၈ မှ ၃၅ ကြား တိုင်းဒေသ ကြီး အလိုက် လူငယ်တွေကို လျှောက်လွှာခေါ်ယူထားသည့်အပြင် INGO အဖွဲ့ အသီးသီးမှ လူငယ်များ၊ EADs အဖွဲ့များမှ ကိုယ်စားလှယ်လူငယ်များ၊ နယ်ပယ်အသီးသီး လူထုအခြေပြု အသင်းအဖွဲ့များမှ လူငယ်များ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့အသီးသီးမှ လူငယ်များ၊ နယ်စပ်ဒေသများမှ တိုင်းရင်းသားလူငယ်များ၊ UMFCCI MWEA MYEA MSME ၊ MDEA အသင်းများမှ လူငယ်လုပ်ငန်းရှင်များ၊ တက္ကသိုလ်များမှ လူရည်ချွန်များ၊ ဘာသာရပ်ဆိုင် ရာ ကျွမ်းကျင်သူလူငယ်များကိုလဲ ဖိတ်ခေါ်ထားသည်။
သို့သော် … ကျင်းပသည့်ခန်းမနှင့် နေရာအကန့်အသတ်ကြောင့် မပါဝင်ပဲ ကျန်ရစ်ခဲ့သူ များ မရှိစေရေးအတွက် မတက်ရောက်နိုင်သော လူငယ်တွေကို 5 Point Likest Skill ဖြင့် Servey ကောက်ခံသွားမည်ဖြစ်သည်။ ဒီလိုဆိုလျှင်တော့ အားလုံးပါဝင်လူငယ့်အမြင် စုံလင်သွားမည် ဟု ဆိုချင်ပါသည်။
အနှစ်ချုပ်ဆိုရသော် Peace Building၊ State Building၊ Nation Building ဆိုသည့်အချက် ၃ ချက်သည် တွဲလျက်တည်ရှိနေခြင်းဖြစ်ပြီး လူငယ်များအနေဖြင့် တည်ဆောက်မှုတိုင်းတွင် ပါဝင် မည်ဆိုပါက ငြိမ်းချမ်းရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးမှာ တစ်အားဖြစ်သွားမည်ဆိုတာ မလွဲဧကန်ပင်ဖြစ်သည်။
Forum ၏ Slogan ဖြစ်သည့် “ငြိမ်းချမ်းရေးနှင့်နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှု ကိုမြှင့်တင်ပေး" ဆိုသည့်အတိုင်း Youth Peace Forum 2026 မှသည် ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေးအတွက် လူငယ် မောင်းနှင်အားပိုမိုဖြစ်ထွန်းနိုင်ပါစေ။ လူငယ်တွေရဲ့အသံပေါင်းစုံကို NSPNC မှတဆင့် နိုင်ငံတော်အကြီးအကဲ ထိ သိမြင်နိုင်ပါစေ။ လာမည့် ၂၀၂၆ အစိုးရသစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူငယ်ထု၏ အကြံပြုချက်တွေ ပါဝင်ပါစေလို့ ဆုမွန်ကောင်းတောင်း ရင်းနိဂုံးချုပ်အပ်ပါသည်။

Zawgyi Version:
ၿငိမ္းခ်မ္းေရးႏွင့္ႏိုင္ငံတည္ေဆာက္ေရး လူငယ္မ်ား ပါဝင္မႈကို ျမႇင့္တင္ေပး
မင္းထက္ေက်ာ္ေဇာ (NP News) - ဒီဇင္ဘာ ၂၉
"ယေန႔လူငယ္...ေနာင္ဝယ္လူႀကီး" ဆိုသည့္အတိုင္း တိုင္းျပည္၏ ပစၥဳပၸဳန္အတြက္ လူငယ္ထုသည္ အေရးႀကီးေသာ သက္ရွိစြမ္းအားအရင္းအျမစ္မ်ားျဖစ္သည္။ ယေန႔ လူႀကီးမ်ား ပုံေဖာ္ထားေသာ ႏိုင္ငံ၏ အက်ိဳးရလာဒ္ႏွင့္ ဆိုးေမြ ေကာင္းေမြမ်ားကို ေနာင္လူငယ္မ်ားက ဆက္ခံရမည္မွာ မလြဲဧကန္ျဖစ္သည္။ ျမန္မာႏိုင္ငံသည္ အေရွ႕ေတာင္အာရွ တြင္ ပထဝီအခ်က္ အျခာက်ေသာ တိုင္းျပည္အျဖစ္ တည္ရွိၿပီး အင္အားႀကီးႏိုင္ငံအျဖစ္ ရပ္တည္ႏိုင္စြမ္းရွိသည္ဟု ယုံၾကည္ရသည္။ သို႔ေသာ္ ႏိုင္ငံေတာ္သည္ ၿငိမ္းခ်မ္းေရးဆိုေသာစကားလုံးႏွင့္ ႏွစ္ေပါင္း ၈ဝ နီးပါးေဝးကြာေန ရဆဲျဖစ္သည္။
လြတ္လပ္ေရးကတည္းက ဆက္လက္ရွင္သန္ေနေသာ ျပည္တြင္းစစ္သည္ ၁၉၄၈ ခုႏွစ္မွ ယေန႔ ထိ အဘယ္ေၾကာင့္ အျမစ္တြယ္ေနရသနည္း၊ တန္းတူညီမွ်မႈ၊ ဖယ္ဒရယ္စံနစ္စသည့္ အေၾကာင္းရင္းမ်ားစြာရွိေသာ္လည္း ဤေနရာ တြင္ သိသာထင္ရွားေသာ အခ်က္တစ္ခုမွာ "လက္ဆင့္ကမ္းဆိုးေမြေပးျခင္း" ပင္ျဖစ္သည္။ သမိုင္းထဲက အေမြဆိုး မ်ားကို လူငယ္ထုထံ လက္ဆင့္ကမ္းျခင္းျဖင့္ အစိုးရႏွင့္တိုင္းရင္းသားလက္နက္ကိုင္မ်ားအၾကား၊ ညီအစ္ကိုျပည္သူ မ်ားအၾကား မလိုလားအပ္ေသာ ကြဲလြဲမႈမ်ား ေပၚေပါက္ကာ ပဋိပကၡမီးမၿငိမ္းသတ္ႏိုင္ခဲ့ဟု ယူဆမိသည္။
ျဖစ္ပ်က္ၿပီးေသာ သမိုင္းကို အျပစ္တင္လ်က္ အျငင္းပြားေနျခင္းထက္ အတိတ္ကို ခ်စ္ၾကည္စြာလြတ္ေျမာက္ ေအာင္ ႀကိဳးပမ္းရန္ လိုအပ္သည္။ ဥပမာအားျဖင့္ ကြၽန္ျပဳအုပ္ခ်ဳပ္ ခဲ့ေသာ ၿဗိတိသွ်တို႔ႏွင့္ပင္ ယေန႔ ဆက္ဆံေရး ေကာင္းမြန္စြာ ထိန္းသိမ္းလ်က္ရွိသည္။ မိမိတို႔ ေမာင္ႏွမအရင္းခ်င္းမ်ားအၾကား ပို၍ ခြင့္လႊတ္ႏိုင္သင့္သည္ဟု ဆိုႏိုင္သည္။
ထိုသို႔ အတိတ္ကို ေမ့ေပ်ာက္ကာ ေရွ႕ဆက္ရာတြင္ လူငယ္ထု၏ အခန္းက႑သည္ အဓိက က်လာၿပီ ျဖစ္သည္။ ေခတ္အဆက္ဆက္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားတြင္ လူငယ္ပါဝင္မႈ အားနည္းခဲ့သည္ကို ဝန္ခံရမည္။ ေဆြးေႏြးညႇိႏႈိင္းသူအမ်ားစုမွာ အသက္ ၅၀ ေက်ာ္ အ႐ြယ္မ်ား ျဖစ္ၿပီး လူငယ္ထုအား အျပည့္အဝ ထည့္သြင္းျခင္း မရွိခဲ့သျဖင့္ အနာဂတ္ ၿငိမ္းခ်မ္းေရး တည္ေဆာက္မႈ ပီျပင္ခိုင္မာမႈ အားနည္းခဲ့သည္ဟု ထင္ျမင္မိသည္။
ယခုအခါ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီ (NSPNC) မွ လူငယ္ထု၏ အသံကို နားစြင့္ရန္ လိုအပ္ေၾကာင္း သတိျပဳမိလာၿပီး Youth Peace Forum 2026 ကို ဇန္နဝါရီလတြင္ က်င္းပရန္ စီစဥ္လ်က္ရွိသည္။
ဤဖိုရမ္သည္ လူငယ္မ်ားအား ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚရွိ အခက္အခဲမ်ား၊ ေတာင္းဆိုခ်က္မ်ား၊ ၿငိမ္းခ်မ္းေသာေဒသႏွင့္ မၿငိမ္းခ်မ္းေသာေဒသရွိ ဘဝအေျခအေနကြာျခား ပုံမ်ားကို လက္ေတြ႕သိျမင္ႏိုင္ေစမည္။ လူငယ္မ်ားအၾကား အျမင္ဖလွယ္ျခင္း၊ အေတြ႕အႀကဳံမ်ား မွ်ေဝျခင္းျဖင့္ ၿငိမ္းခ်မ္းေရး၏ အဓိပၸာယ္ကို ပိုမိုနက္ရႈိင္းစြာ နားလည္လာႏိုင္မည္။
Youth Peace Forum 2026 က်င္းပရန္အတြက္ အင္အား ၃၅၀ ျဖင့္စီမံထားၿပီး ေဆြးေႏြး ရန္ ေခါင္းစဥ္ ၁ဝ ခု သတ္မွတ္ထားသည္ဟုလဲ သိရွိရသည္။ ေဆြးေႏြးပြဲ သို႔ လူငယ္ထု ကိုယ္စားလွယ္မ်ားအေနျဖင့္ တက္ေရာက္ႏိုင္ေရး အသက္ ၁၈ မွ ၃၅ ၾကား တိုင္းေဒသ ႀကီး အလိုက္ လူငယ္ေတြကို ေလွ်ာက္လႊာေခၚယူထားသည့္အျပင္ INGO အဖြဲ႕ အသီးသီးမွ လူငယ္မ်ား၊ EADs အဖြဲ႕မ်ားမွ ကိုယ္စားလွယ္လူငယ္မ်ား၊ နယ္ပယ္အသီးသီး လူထုအေျချပဳ အသင္းအဖြဲ႕မ်ားမွ လူငယ္မ်ား၊ ဘာသာေပါင္းစုံခ်စ္ၾကည္ေရးအဖြဲ႕အသီးသီးမွ လူငယ္မ်ား၊ နယ္စပ္ေဒသမ်ားမွ တိုင္းရင္းသားလူငယ္မ်ား၊ UMFCCI MWEA MYEA MSME ၊ MDEA အသင္းမ်ားမွ လူငယ္လုပ္ငန္းရွင္မ်ား၊ တကၠသိုလ္မ်ားမွ လူရည္ခြၽန္မ်ား၊ ဘာသာရပ္ဆိုင္ ရာ ကြၽမ္းက်င္သူလူငယ္မ်ားကိုလဲ ဖိတ္ေခၚထားသည္။
သို႔ေသာ္ … က်င္းပသည့္ခန္းမႏွင့္ ေနရာအကန႔္အသတ္ေၾကာင့္ မပါဝင္ပဲ က်န္ရစ္ခဲ့သူ မ်ား မရွိေစေရးအတြက္ မတက္ေရာက္ႏိုင္ေသာ လူငယ္ေတြကို 5 Point Likest Skill ျဖင့္ Servey ေကာက္ခံသြားမည္ျဖစ္သည္။ ဒီလိုဆိုလွ်င္ေတာ့ အားလုံးပါဝင္လူငယ့္အျမင္ စုံလင္သြားမည္ ဟု ဆိုခ်င္ပါသည္။
အႏွစ္ခ်ဳပ္ဆိုရေသာ္ Peace Building၊ State Building၊ Nation Building ဆိုသည့္အခ်က္ ၃ ခ်က္သည္ တြဲလ်က္တည္ရွိေနျခင္းျဖစ္ၿပီး လူငယ္မ်ားအေနျဖင့္ တည္ေဆာက္မႈတိုင္းတြင္ ပါဝင္ မည္ဆိုပါက ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံေတာ္တည္ေဆာက္ေရးမွာ တစ္အားျဖစ္သြားမည္ဆိုတာ မလြဲဧကန္ပင္ျဖစ္သည္။
Forum ၏ Slogan ျဖစ္သည့္ “ၿငိမ္းခ်မ္းေရးႏွင့္ႏိုင္ငံတည္ေဆာက္ေရး လူငယ္မ်ားပါဝင္မႈ ကိုျမႇင့္တင္ေပး" ဆိုသည့္အတိုင္း Youth Peace Forum 2026 မွသည္ ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံတည္ေဆာက္ေရးအတြက္ လူငယ္ ေမာင္းႏွင္အားပိုမိုျဖစ္ထြန္းႏိုင္ပါေစ။ လူငယ္ေတြရဲ႕အသံေပါင္းစုံကို NSPNC မွတဆင့္ ႏိုင္ငံေတာ္အႀကီးအကဲ ထိ သိျမင္ႏိုင္ပါေစ။ လာမည့္ ၂၀၂၆ အစိုးရသစ္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ လူငယ္ထု၏ အႀကံျပဳခ်က္ေတြ ပါဝင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္း ရင္းနိဂုံးခ်ဳပ္အပ္ပါသည္။

Related news

© 2021. All rights reserved.