KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံဖျက်ဆီးမှု(၈ဝ)ရာခိုင်နှုန်းကျော်အထိ ရှိပြီ

 464

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၉

မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီ-မဲထော်သလေး KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက် အအုံ ဖျက်ဆီးမှု (၈၀) ရာခိုင်နှုန်းကျော်ရှိပြီ ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်ရ သိရသည်။
ဒီဇင်ဘာ (၂၈) ရက်က၊ မြဝတီ-မဲထော်သလေး KK Park အပိုင်း (၃) နယ်မြေအတွင်းရှိ အွန်းလိုင်းလောင်းကစားမှု များ ကျူးလွန်ရာတွင် အသုံးပြခဲ့သော တရားမဝင် (၄) ထပ်အဆောက်အအုံ (၃) လုံး၊ (၂) ထပ်အဆောက်အအုံ (၂) လုံးနှင့် ဂိုဒေါင် (၁) လုံး၊ စုစုပေါင်း (၆) လုံး ထပ်မံဖြိုချခဲ့ကြောင်း သိရသည်။
ထို့ကြောင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း (၆၃၅) လုံးအနက် (၅၁၅) လုံး (၈၀) ရာခိုင်နှုန်းကျော် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာလ(၁၄)ရက်က စတင်ကာ ယင်းနယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများအနက် ယာဉ် ယန္တရားများအသုံးပြ ဖျက်ဆီးခဲ့သည့် တရားမဝင်အဆောက်အအုံများကို အလုံးစုံပျက်စီးစေရန် လေအိုး၊ မီးအိုးဖြင့် ထပ်မံဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုသို့လုပ်ဆောင်ခဲ့ရာ ဒီဇင်ဘာ (၂၈)ရက်တွင် (၂ ) ထပ် အဆောက်အအုံ (၅) လုံးကိူထပ်မံဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်းအဆောက်အအုံ (၆၆) လုံးဖြင့် ရာနှုန်းပြည့် ဖျက်ဆီးထားပြီးဖြစ်ကြောင်း သိရသည်။

Zawgyi Version:
KK Park နယ္ေျမအတြင္းရွိ တရားမဝင္အေဆာက္အအုံဖ်က္ဆီးမႈ(၈ဝ)ရာခိုင္ႏႈန္းေက်ာ္အထိ ရွိၿပီ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၉
ျမန္မာ-ထိုင္းနယ္စပ္၊ ကရင္ျပည္နယ္၊ ျမဝတီ-မဲေထာ္သေလး KK Park နယ္ေျမအတြင္းရွိ တရားမဝင္အေဆာက္ အအုံ ဖ်က္ဆီးမႈ (၈၀) ရာခိုင္ႏႈန္းေက်ာ္ရွိၿပီ ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္ရ သိရသည္။
ဒီဇင္ဘာ (၂၈) ရက္က၊ ျမဝတီ-မဲေထာ္သေလး KK Park အပိုင္း (၃) နယ္ေျမအတြင္းရွိ အြန္းလိုင္းေလာင္းကစားမႈ မ်ား က်ဴးလြန္ရာတြင္ အသုံးျပခဲ့ေသာ တရားမဝင္ (၄) ထပ္အေဆာက္အအုံ (၃) လုံး၊ (၂) ထပ္အေဆာက္အအုံ (၂) လုံးႏွင့္ ဂိုေဒါင္ (၁) လုံး၊ စုစုေပါင္း (၆) လုံး ထပ္မံၿဖိဳခ်ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ KK Park နယ္ေျမအတြင္းရွိ တရားမဝင္အေဆာက္အအုံ စုစုေပါင္း (၆၃၅) လုံးအနက္ (၅၁၅) လုံး (၈၀) ရာခိုင္ႏႈန္းေက်ာ္ ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဒီဇင္ဘာလ(၁၄)ရက္က စတင္ကာ ယင္းနယ္ေျမအတြင္းရွိ တရားမဝင္အေဆာက္အအုံမ်ားအနက္ ယာဥ္ ယႏၲရားမ်ားအသုံးျပ ဖ်က္ဆီးခဲ့သည့္ တရားမဝင္အေဆာက္အအုံမ်ားကို အလုံးစုံပ်က္စီးေစရန္ ေလအိုး၊ မီးအိုးျဖင့္ ထပ္မံဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။
ထိုသို႔လုပ္ေဆာင္ခဲ့ရာ ဒီဇင္ဘာ (၂၈)ရက္တြင္ (၂ ) ထပ္ အေဆာက္အအုံ (၅) လုံးကိူထပ္မံဖ်က္ဆီးႏိုင္ခဲ့သျဖင့္ စုစုေပါင္းအေဆာက္အအုံ (၆၆) လုံးျဖင့္ ရာႏႈန္းျပည့္ ဖ်က္ဆီးထားၿပီးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.