ဟားမက်လက်နက်ကိုင်အဖွဲ့အတွက် ယူရိုသန်းပေါင်းများစွာ ရန်ပုံငွေရှာပေးခဲ့တယ်လို့ စွပ်စွဲခံထားရသူ(၇)ဦးကို အီတလီရဲတပ်ဖွဲ့ ဖမ်းဆီး

530

Pika (NP News) – ဒီဇင်ဘာ ၂၉
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်အတွက် ယူရိုသန်းပေါင်းများစွာ ရန်ပုံငွေရှာဖွေပေးခဲ့တယ်လို့ သံသယရှိတဲ့ လူ(၇)ဦးကို အီတလီရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် အီတလီနိုင်ငံ ပြင်ပ မှာရှိတဲ့ အခြားလူနှစ်ဦးအတွက်လည်း နိုင်ငံတကာ ဖမ်းဆီးမိန့်ကို အီတလီရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါ တယ်။
ပါလက်စတိုင်းပြည်သူတွေကို တရားဝင်ထောက်ပံ့မှုတွေလုပ်ဆောင်ပေးနေတဲ့ အဖွဲ့သုံးဖွဲ့ဟာ ဟားမက်လက်နက် ကိုင်အဖွဲ့ကို ရန်ပုံငွေထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ပတ်သက်နေ တယ်လို့ အီတလီရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
သံသယရှိသူလူ(၉)ဦးဟာ ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်နေတဲ့အသင်းအဖွဲ့တွေကို ယူရို(၇)သန်းခန့် ရန်ပုံငွေထောက်ပံ့ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် စွပ်စွဲမှုတွေခံထားရတဲ့ အသင်းအဖွဲ့(၃)ခုဟာ ပါလက်စတိုင်းပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက် တွေအတွက် အလှူငွေတွေကောက်ခံခဲ့ပေမယ့်လည်း ရန်ပုံငွေရဲ့(၇၁)ရာခိုင်နှုန်းကျော်ကို ဟားမက်လက်နက်ကိုင် အဖွဲ့ ဒါမှမဟုတ် ၎င်းတို့နဲ့ဆက်စပ်နေတဲ့အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ် လို့ အီတလီရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ရန်ပုံငွေထဲက ငွေအချို့ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ မိသားစုဝင်တွေထံကို ရောက်ရှိ သွားတယ်လို့ အီတလီရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

Zawgyi Version:
ဟားမက္လက္နက္ကိုင္အဖြဲ႕အတြက္ ယူ႐ိုသန္းေပါင္းမ်ားစြာ ရန္ပုံေငြရွာေပးခဲ့တယ္လို႔ စြပ္စြဲခံထားရသူ(၇)ဦးကို အီတလီရဲတပ္ဖြဲ႕ ဖမ္းဆီး
Pika (NP News) – ဒီဇင္ဘာ ၂၉
ပါလက္စတိုင္းလက္နက္ကိုင္အဖြဲ႕ ဟားမက္အတြက္ ယူ႐ိုသန္းေပါင္းမ်ားစြာ ရန္ပုံေငြရွာေဖြေပးခဲ့တယ္လို႔ သံသယရွိတဲ့ လူ(၇)ဦးကို အီတလီရဲတပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ အီတလီႏိုင္ငံ ျပင္ပ မွာရွိတဲ့ အျခားလူႏွစ္ဦးအတြက္လည္း ႏိုင္ငံတကာ ဖမ္းဆီးမိန႔္ကို အီတလီရဲတပ္ဖြဲ႕က ထုတ္ျပန္ခဲ့တယ္လို႔ သိရပါ တယ္။
ပါလက္စတိုင္းျပည္သူေတြကို တရားဝင္ေထာက္ပံ့မႈေတြလုပ္ေဆာင္ေပးေနတဲ့ အဖြဲ႕သုံးဖြဲ႕ဟာ ဟားမက္လက္နက္ ကိုင္အဖြဲ႕ကို ရန္ပုံေငြေထာက္ပံ့ေပးခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔အတူ စုံစမ္းစစ္ေဆးမႈမွာ ပါဝင္ပတ္သက္ေန တယ္လို႔ အီတလီရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
သံသယရွိသူလူ(၉)ဦးဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ ဆက္စပ္ေနတဲ့အသင္းအဖြဲ႕ေတြကို ယူ႐ို(၇)သန္းခန႔္ ရန္ပုံေငြေထာက္ပံ့ခဲ့တယ္လို႔ စြပ္စြဲခံထားရတာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ စြပ္စြဲမႈေတြခံထားရတဲ့ အသင္းအဖြဲ႕(၃)ခုဟာ ပါလက္စတိုင္းျပည္သူေတြအတြက္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ရည္႐ြယ္ခ်က္ ေတြအတြက္ အလႉေငြေတြေကာက္ခံခဲ့ေပမယ့္လည္း ရန္ပုံေငြရဲ႕(၇၁)ရာခိုင္ႏႈန္းေက်ာ္ကို ဟားမက္လက္နက္ကိုင္ အဖြဲ႕ ဒါမွမဟုတ္ ၎တို႔နဲ႔ဆက္စပ္ေနတဲ့အဖြဲ႕အစည္းေတြကို ေငြေၾကးေထာက္ပံ့မႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္ လို႔ အီတလီရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
ရန္ပုံေငြထဲက ေငြအခ်ိဳ႕ဟာ အၾကမ္းဖက္တိုက္ခိုက္မႈေတြမွာ ပါဝင္ပတ္သက္ေနတဲ့ မိသားစုဝင္ေတြထံကို ေရာက္ရွိ သြားတယ္လို႔ အီတလီရဲတပ္ဖြဲ႕ရဲ႕ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။