အိန္ဒိယနှင့်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုကို တားဆီရန် အမေရိကန် ကြိုးပမ်းနေဟု တရုတ်စွပ်စွဲပြောဆို

 2025

Pika (NP News) - ဒီဇင်ဘာ ၂၉

တရုတ်-အိန္ဒိယဆက်ဆံရေးတိုးတက် ကောင်းမွန်လာမှုကိုတားဆီးရန် အမေရိကန်ကြိုးပမ်းနေကြောင်း တရုတ်အစိုးရက စွပ်စွဲပြောဆိုခဲ့သည်။ အငြင်းပွားနယ်စပ်ဒေသများနှင့်ပတ်သက်ပြီး အိန္ဒိယနှင့်ဖြစ်ပွားနေသော တင်းမာ မှုများကို မကြာသေးမီက ဖြေလျှော့ခဲ့ခြင်းက အမေရိကန်နှင့်အိန္ဒိယတို့ကြား ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာခြင်းကို တား ဆီးရန်အတွက် တရုတ်၏အသုံးချမှုတစ်ခုလားဆိုသည့်မေးခွန်းများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူလင်ကျန်းက တုံ့ပြန်ဖြေဆိုခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် အိန္ဒိယနှင့် ၎င်း၏ဆက် ဆံရေးကို မဟာဗျူဟာမြောက်နှင့် ရေရှည်ရှုထောင့်မှ ရှုမြင်ကြောင်း လင်ကျန်းကပြောကြားခဲ့သည်။ ထို့ပြင် နယ်စပ်ပြဿနာသည် တရုတ်နှင့်အိန္ဒိယကြားဖြစ်ပွား နေသည့်ကိစ္စရပ်တစ်ခု ဖြစ်ပြီး အဆိုပါပြဿနာနှင့်ပတ်သက်ပြီး မည်သည့်နိုင်ငံက ဝင်ရောက်စီမံခန့်ခွဲမှုကိုမဆို တရုတ်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း လင်ကျန်းကပြောကြားခဲ့သည်။ တရုတ်နိုင်ငံက တရုတ်-အိန္ဒိယ ဆက်ဆံရေးတည်ငြိမ်စေရန် နှင့် အမေရိကန်-အိန္ဒိယဆက်ဆံရေး ပိုမိုနက်ရှိုင်းလာမှုကိုကာကွယ်ရန်အတွက် အိန္ဒိယနှင့် တင်းမာမှုများလျော့နည်းသွား ခြင်းကို အသုံးချသွားနိုင်ဖွယ်ရှိနေကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် လင်ကျန်း ၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ် သည်။
ပြီးခဲ့သည့်လများအတွင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အိန္ဒိယ၏ထုတ်ကုန်များအ‌ပေါ် အခွန်(၅၀) ရာခိုင်နှုန်းကောက်ခံခဲ့ပြီးနောက် အိန္ဒိ ယနှင့်အမေရိကန်ကြား တင်းမာမှုများမြင့်တက်လာ ခဲ့သော်လည်း နောက်ပိုင်းတွင် အပြန်အလှန်ဆွေးနွေးပွဲများ ဆက်တိုက်လုပ်ဆောင်ခဲ့မှုနှင့်အတူ တင်းမာမှု များလျော့ကျကာ နှစ်နိုင်ငံကြား ဆက်ဆံရေး ပြန် လည်ကောင်းမွန်လာခဲ့ကြောင်းသိရသည်။

Zawgyi Version:
အိႏၵိယႏွင့္ဆက္ဆံေရး တိုးတက္ေကာင္းမြန္လာမႈကို တားဆီရန္ အေမရိကန္ ႀကိဳးပမ္းေနဟု တ႐ုတ္စြပ္စြဲေျပာဆို
Pika (NP News) - ဒီဇင္ဘာ ၂၉
တ႐ုတ္-အိႏၵိယဆက္ဆံေရးတိုးတက္ ေကာင္းမြန္လာမႈကိုတားဆီးရန္ အေမရိကန္ႀကိဳးပမ္းေနေၾကာင္း တ႐ုတ္အစိုးရက စြပ္စြဲေျပာဆိုခဲ့သည္။ အျငင္းပြားနယ္စပ္ေဒသမ်ားႏွင့္ပတ္သက္ၿပီး အိႏၵိယႏွင့္ျဖစ္ပြားေနေသာ တင္းမာ မႈမ်ားကို မၾကာေသးမီက ေျဖေလွ်ာ့ခဲ့ျခင္းက အေမရိကန္ႏွင့္အိႏၵိယတို႔ၾကား ဆက္ဆံေရး ပိုမိုနက္ရႈိင္းလာျခင္းကို တား ဆီးရန္အတြက္ တ႐ုတ္၏အသုံးခ်မႈတစ္ခုလားဆိုသည့္ေမးခြန္းမ်ားကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိ သူလင္က်န္းက တုံ႔ျပန္ေျဖဆိုခဲ့ေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံသည္ အိႏၵိယႏွင့္ ၎၏ဆက္ ဆံေရးကို မဟာဗ်ဴဟာေျမာက္ႏွင့္ ေရရွည္ရႈေထာင့္မွ ရႈျမင္ေၾကာင္း လင္က်န္းကေျပာၾကားခဲ့သည္။ ထို႔ျပင္ နယ္စပ္ျပႆနာသည္ တ႐ုတ္ႏွင့္အိႏၵိယၾကားျဖစ္ပြား ေနသည့္ကိစၥရပ္တစ္ခု ျဖစ္ၿပီး အဆိုပါျပႆနာႏွင့္ပတ္သက္ၿပီး မည္သည့္ႏိုင္ငံက ဝင္ေရာက္စီမံခန႔္ခြဲမႈကိုမဆို တ႐ုတ္က ျပင္းျပင္းထန္ထန္ ဆန႔္က်င္ေၾကာင္း လင္က်န္းကေျပာၾကားခဲ့သည္။ တ႐ုတ္ႏိုင္ငံက တ႐ုတ္-အိႏၵိယ ဆက္ဆံေရးတည္ၿငိမ္ေစရန္ ႏွင့္ အေမရိကန္-အိႏၵိယဆက္ဆံေရး ပိုမိုနက္ရႈိင္းလာမႈကိုကာကြယ္ရန္အတြက္ အိႏၵိယႏွင့္ တင္းမာမႈမ်ားေလ်ာ့နည္းသြား ျခင္းကို အသုံးခ်သြားႏိုင္ဖြယ္ရွိေနေၾကာင္း အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ လင္က်န္း ၏ ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္ သည္။
ၿပီးခဲ့သည့္လမ်ားအတြင္း အေမရိကန္ သမၼတေဒၚနယ္ထရမ့္က အိႏၵိယ၏ထုတ္ကုန္မ်ားအ‌ေပၚ အခြန္(၅၀) ရာခိုင္ႏႈန္းေကာက္ခံခဲ့ၿပီးေနာက္ အိႏၵိ ယႏွင့္အေမရိကန္ၾကား တင္းမာမႈမ်ားျမင့္တက္လာ ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ အျပန္အလွန္ေဆြးေႏြးပြဲမ်ား ဆက္တိုက္လုပ္ေဆာင္ခဲ့မႈႏွင့္အတူ တင္းမာမႈ မ်ားေလ်ာ့က်ကာ ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရး ျပန္ လည္ေကာင္းမြန္လာခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.