မြိုင်ဒေသရှိ PDF များကို မုဆိုးမတစ်ဦးပင်လျှင် (၃)လ ကျပ်(၁)သိန်းနှုန်းဖြင့် ဆက်ကြေးပေးနေရ

20570

သန့်ဇင် (NP News) - ဒီဇင်ဘာ ၃ဝ
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းရှိ PDF များက ရန်ပုံငွေခေါင်းစဉ်ဖြင့် ဆက်ကြေး ကောက်နေရာ မုဆိုးမတစ်ဦးပင်လျှင် (၃)လအတွက် ကျပ်(၁)သိန်း ပမာဏအထိ ပေးဆောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ် တစ်ဦးက NP News သို့ပြောသည်။
‘အခုက အစိုးရမီတာလာမကောက်ဘူး။ အခုက မီတာတပ်ချင်ရင် တစ်အိမ်ကို (၃) သိန်း။ မီတာခက တစ်လ ကျပ်(၁၀ဝဝဝ) ကောက်တယ်။ အခုက ကျောင်းသားရှိတဲ့အိမ်တွေကတစ်လ ကျပ် (၃၀ဝဝဝ)နဲ့ ကျောင်းသားမရှိတဲ့အိမ်က ကျပ် (၂၀ဝဝဝ)ပေးရတယ်။ နောက်ပြီး တော်လှန်ရေးရန် ပုံငွေဆိုပြီး PDF လုပ်တဲ့လူတွေကိုပေးရတာက (၂) လ (၃)လတစ်ခါပေးရတယ်။ တစ်အိမ်ကို (၃)သိန်း (၂) သိန်း ဆိုပြီးပေးရတယ်။ မုဆိုးမဖြစ်ပြီး ငွေကြေး ချို့တဲ့တဲ့လူဆိုရင် တောင် အောက်ထစ်က (၁)သိန်း ပေးရတယ်။ အဲဒါကနောက်ဆုံးခွဲတမ်းလုပ်လိုက်တဲ့ တစ်ကြောကပေါ့}ဟု အထက်ပါ ဒေသခံက ပြောသည်။
ထို့သို့ ငွေကြေးကောက်ခံမှုကို င်္ဏီ နှင့် ပကဖ အဖွဲ့ဝင်မိသားစုများက ကင်းလွတ်ခွင့်ရှိပြီး ကျန်ဒေသ ခံအားလုံးမှာ ငွေကြေးအဆင်ပြေမှုပေါ်မူတည်၍ မဖြစ်မနေထည့်ဝင်နေရကြောင်း သိရသည်။
ထို့ပြင် ယင်းသို့ငွေကြေးကောက်ခံမှုများကို ဒေသခံများက ထောက်ပြဝေဖန်ရာတွင်လည်း ခြိမ်းခြောက် ဖမ်းဆီးခံရကာ ငွေကျပ် သိန်းဆယ်နှင့် ချီကာ ပြန်လည်ရွေးထုတ်ရနိုင်ခြင်းနှင့် သတ်ဖြတ်ခံရ နိုင်သည်အထိ ခြိမ်းခြောက် ခံနေရကြောင်း ၎င်းကဆို သည်။
‘ဒီမှာအချင်းချင်းကိုမယုံကြတော့ဘူး။ ရွာမှာ အခုထိ ပညာရေးနဲ့ပတ်သက်တဲ့ NUG ကျောင်း တွေရှိတယ်။ ကျောင်းသားတော့ မရှိဘူး။ ရန်ပုံငွေက ကျောင်းသားမရှိလည်းထည့်နေရတယ်။ သာမန်လူ တွေကလည်းထည့်ရတယ်။ တော်လှန်ရေးထဲပါတဲ့ လူက မထည့်ရဘူးတဲ့။ အဲဒါနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ကာလက တစ်ယောက်ဆို ကြူခုံ (ဘိလိယက်ခုံ) မှာ အဲဒီလိုဆို PDF ပဲလုပ်တော့မယ်ဆိုပြီး နောက်လိုက်တာ။ အဲဒါကို သူတို့နားပေါက်လို့ PDF က လာခေါ်လို့ သိန်း (၃၀)နဲ့ပြန်ရွေးလိုက်ရတယ်။ အဲဒါသတ်ဖို့ခေါ် သွားတာ’ဟု ၎င်းက ပြောသည်။
ထိုသို့ ခေါင်းစဉ်တပ်ငွေကြေးကောက်ခံ နေခြင်းကို ၎င်းတို့အဖွဲ့အတွင်းပင် ကောက်ခံသင့်၊ မကောက်ခံသင့်ဖြင့် သဘောထားကွဲ လွဲမှုများလည်း ရှိနေကြောင်း သိရသည်။
ထို့ကြောင့် ယင်းဒေသရှိ PDF အဖွဲ့ဝင် အများစုသည် အဖွဲ့ဝင်အဖြစ်မှထွက်ခွာခြင်း အခြားဒေသများသို့ ပြောင်းရွှေ့ခြင်းနှင့် သတင်းအစ အနပျောက်ခြင်းများလည်း ရှိလာကြောင်း ၎င်းက ဆိုသည်။
‘ကန်နီရွာဆိုလည်း အခုမထိရဲတော့ဘူး။ အခုတော့ PDF ထဲမှာလည်း လူမရှိတော့ဘူး။ တချို့မြို့တက်၊ တချို့နိုင်ငံခြားထွက်၊ တိုင်းရင်းသား ဒေသတွေထွက်တော့ သေသလိုလိုဘာလိုလိုဖြစ် လာတယ်။ နောက်ပြီး အခုရွာမှာရှိတဲ့ PDF ခေါင်းဆောင်တွေလည်း တော်လှန်ရေး ဘာညာဆိုပြီးလည်း အခုနောက်ပိုင်းစိတ်မဝင်စားတော့ဘူး’ ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

Zawgyi Version:
ၿမိဳင္ေဒသရွိ PDF မ်ားကို မုဆိုးမတစ္ဦးပင္လွ်င္ (၃)လ က်ပ္(၁)သိန္းႏႈန္းျဖင့္ ဆက္ေၾကးေပးေနရ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၃ဝ
မေကြးတိုင္းေဒသႀကီး ၿမိဳင္ၿမိဳ႕နယ္အတြင္းရွိ PDF မ်ားက ရန္ပုံေငြေခါင္းစဥ္ျဖင့္ ဆက္ေၾကး ေကာက္ေနရာ မုဆိုးမတစ္ဦးပင္လွ်င္ (၃)လအတြက္ က်ပ္(၁)သိန္း ပမာဏအထိ ေပးေဆာင္ေနရေၾကာင္း ေဒသခံသတင္းရင္းျမစ္ တစ္ဦးက NP News သို႔ေျပာသည္။
‘အခုက အစိုးရမီတာလာမေကာက္ဘူး။ အခုက မီတာတပ္ခ်င္ရင္ တစ္အိမ္ကို (၃) သိန္း။ မီတာခက တစ္လ က်ပ္(၁၀ဝဝဝ) ေကာက္တယ္။ အခုက ေက်ာင္းသားရွိတဲ့အိမ္ေတြကတစ္လ က်ပ္ (၃၀ဝဝဝ)နဲ႔ ေက်ာင္းသားမရွိတဲ့အိမ္က က်ပ္ (၂၀ဝဝဝ)ေပးရတယ္။ ေနာက္ၿပီး ေတာ္လွန္ေရးရန္ ပုံေငြဆိုၿပီး PDF လုပ္တဲ့လူေတြကိုေပးရတာက (၂) လ (၃)လတစ္ခါေပးရတယ္။ တစ္အိမ္ကို (၃)သိန္း (၂) သိန္း ဆိုၿပီးေပးရတယ္။ မုဆိုးမျဖစ္ၿပီး ေငြေၾကး ခ်ိဳ႕တဲ့တဲ့လူဆိုရင္ ေတာင္ ေအာက္ထစ္က (၁)သိန္း ေပးရတယ္။ အဲဒါကေနာက္ဆုံးခြဲတမ္းလုပ္လိုက္တဲ့ တစ္ေၾကာကေပါ့}ဟု အထက္ပါ ေဒသခံက ေျပာသည္။
ထို႔သို႔ ေငြေၾကးေကာက္ခံမႈကို ဏႌ ႏွင့္ ပကဖ အဖြဲ႕ဝင္မိသားစုမ်ားက ကင္းလြတ္ခြင့္ရွိၿပီး က်န္ေဒသ ခံအားလုံးမွာ ေငြေၾကးအဆင္ေျပမႈေပၚမူတည္၍ မျဖစ္မေနထည့္ဝင္ေနရေၾကာင္း သိရသည္။
ထို႔ျပင္ ယင္းသို႔ေငြေၾကးေကာက္ခံမႈမ်ားကို ေဒသခံမ်ားက ေထာက္ျပေဝဖန္ရာတြင္လည္း ၿခိမ္းေျခာက္ ဖမ္းဆီးခံရကာ ေငြက်ပ္ သိန္းဆယ္ႏွင့္ ခ်ီကာ ျပန္လည္ေ႐ြးထုတ္ရႏိုင္ျခင္းႏွင့္ သတ္ျဖတ္ခံရ ႏိုင္သည္အထိ ၿခိမ္းေျခာက္ ခံေနရေၾကာင္း ၎ကဆို သည္။
‘ဒီမွာအခ်င္းခ်င္းကိုမယုံၾကေတာ့ဘူး။ ႐ြာမွာ အခုထိ ပညာေရးနဲ႔ပတ္သက္တဲ့ NUG ေက်ာင္း ေတြရွိတယ္။ ေက်ာင္းသားေတာ့ မရွိဘူး။ ရန္ပုံေငြက ေက်ာင္းသားမရွိလည္းထည့္ေနရတယ္။ သာမန္လူ ေတြကလည္းထည့္ရတယ္။ ေတာ္လွန္ေရးထဲပါတဲ့ လူက မထည့္ရဘူးတဲ့။ အဲဒါနဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့ ကာလက တစ္ေယာက္ဆို ၾကဴခုံ (ဘိလိယက္ခုံ) မွာ အဲဒီလိုဆို PDF ပဲလုပ္ေတာ့မယ္ဆိုၿပီး ေနာက္လိုက္တာ။ အဲဒါကို သူတို႔နားေပါက္လို႔ PDF က လာေခၚလို႔ သိန္း (၃၀)နဲ႔ျပန္ေ႐ြးလိုက္ရတယ္။ အဲဒါသတ္ဖို႔ေခၚ သြားတာ’ဟု ၎က ေျပာသည္။
ထိုသို႔ ေခါင္းစဥ္တပ္ေငြေၾကးေကာက္ခံ ေနျခင္းကို ၎တို႔အဖြဲ႕အတြင္းပင္ ေကာက္ခံသင့္၊ မေကာက္ခံသင့္ျဖင့္ သေဘာထားကြဲ လြဲမႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ယင္းေဒသရွိ PDF အဖြဲ႕ဝင္ အမ်ားစုသည္ အဖြဲ႕ဝင္အျဖစ္မွထြက္ခြာျခင္း အျခားေဒသမ်ားသို႔ ေျပာင္းေ႐ႊ႕ျခင္းႏွင့္ သတင္းအစ အနေပ်ာက္ျခင္းမ်ားလည္း ရွိလာေၾကာင္း ၎က ဆိုသည္။
‘ကန္နီ႐ြာဆိုလည္း အခုမထိရဲေတာ့ဘူး။ အခုေတာ့ PDF ထဲမွာလည္း လူမရွိေတာ့ဘူး။ တခ်ိဳ႕ၿမိဳ႕တက္၊ တခ်ိဳ႕ႏိုင္ငံျခားထြက္၊ တိုင္းရင္းသား ေဒသေတြထြက္ေတာ့ ေသသလိုလိုဘာလိုလိုျဖစ္ လာတယ္။ ေနာက္ၿပီး အခု႐ြာမွာရွိတဲ့ PDF ေခါင္းေဆာင္ေတြလည္း ေတာ္လွန္ေရး ဘာညာဆိုၿပီးလည္း အခုေနာက္ပိုင္းစိတ္မဝင္စားေတာ့ဘူး’ ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။