အိန္ဒိယ-ပလက်ဝကုန်သွယ်ရေးမှ တစ်နှစ်လျှင် ကျပ် (၅) ဘီလျံခန့် အခွန်ဘဏ္ဍာဆုံးရှုံးနေဟုဆို

 1699

သန့်ဇင် (NP News)-ဒီဇင်ဘာ၃၀
မြန်မာ-အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ အိန္ဒိယ-ပလက်ဝကုန်သွယ်ရေးလမ်းကို AA အဖွဲ့က ထိန်း ချုပ်ထားသည့်အတွက် နိုင်ငံတော်အစိုးရက တစ်နှစ်လျှင် ကျပ် (၅) ဘီလျံခန့် အခွန်ဘဏ္ဍာ ဆုံးရှုံးနေရ ကြောင်း ပလက်ဝမှတိန်းရှောင်လာခဲ့သူတစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် အိန္ဒိယ(မီဇိုရမ်)-ပလက်ဝ လမ်းကြောင်းကို AA အဖွဲ့ကထိန်းချုပ်ကာ ကုန်စည် စီးဆင်းရေးလုပ်ဆောင်နေပြီး ယင်းလမ်းကြောင်းမှတစ်ဆင့် ဆီနှင့်ဆေးများတင်သွင်းခြင်း၊ ပလက်ဝမှ အိန္ဒိယသို့ အသားငါးနှင့် သီးနှံများတင်ပို့ကြကြောင်း သိရသည်။
“တစ်နှစ်ကို (၅)ဘီလျံလောက် ဆုံးရှုံးနေနိုင်တယ်။ အိန္ဒိယကသွင်းတာက ဆီနဲ့ဆေးအဓိက ပို့ တယ်။ ဒီဘက်ကတော့ ဝက်တို့၊ နွားတို့လို တိရစ္ဆာန်တွေပို့ကြတယ်။ အိန္ဒိယကဝင်တာတော့ ဆီနဲ့ဆေးနဲ့ အဓိကဝင်တယ်။ ဒီဘက်တော့ အသားငါးနဲ့သီးနှံပေါ့နော်။ ပဲတွေကတော့ ရခိုင်အောက်ပိုင်းဘက် က မလာဘူး။ AA ကအခုတော့ အဲဒီလမ်းကြောင်းကိုမပိတ်ထားဘူးဗျ”ဟု အထက်ပါသတင်းရင်းမြစ်က ပြော သည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၁၂)ရက်ကလည်း အိန္ဒိယဘက်ခြမ်းတွင်ဖြစ်ပွားခဲ့သည့် ပြင်းထန်ဝမ်း ရောဂါ ကြောင့် ပလက်ဝဒေသဘက်ကို ကူးစက်မှုများရှိခဲ့သည့်အတွက် အထက်ပါကုန်သွယ်ရေး လမ်းကြောင်း ကို (၁၅)ရက်ခန့် ပိတ်ခဲ့ရကြောင်း သိရသည်။
“ဟိုတစ်လောက အိန္ဒိယ၊ မီဇိုရမ်မှာ ဝမ်းရောဂါအကြီးကျယ်ဖြစ်သွားလို့ ပိတ်ထားခဲ့သေးတယ်။ အဲဒီတုန်းက (၁၅)လောက်ပါပဲ။ အဲဒီ နောက် (၁၀) ရက်ပိတ်တယ်။ ဒီလောက်ပဲပိတ်တာပါ။ AA အတွက် ပို့ကုန်သွင်းကုန်လမ်းကြောင်းက အဲဒီ မီဇိုရမ်-ပလက်ဝ လမ်းကြောင်းလို့ပြောရမယ်”ဟု ၎င်းက ဆိုသည်။
ထို့ပြင် ပြည်မမှ ပလက်ဝသို့ ကုန်စည်ပို့ဆောင်ရာတွင်လည်း ဆော-မင်းတပ်-မတူပီ-ပ လက်ဝ လမ်းကြောင်းကိုသာအသုံးပြုရသဖြင့် လမ်းခရီး ကြန့်ကြာခြင်း၊ ကုန်အဝင်နည်းခြင်းနှင့် ကား တစ်စီးလျှင် ငှားရမ်းခကျပ် သိန်း (၂၀ဝ)အထိ ဈေးမြင့်တက်ခြင်းတို့ကြောင့် ဒေသတွင်း ကုန်စည်ဈေးနှုန်းများလည်း ပြည်မနှင့်နှိုင်းယှဉ်ပါက (၁၀) ဆခန့် မြင့်တက်နေကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
“ပလက်ဝက အခုတော့ ကျီးလန့်စာစားပေါ့။ ပလက်ဝမှာလူရှိတာတော့ နည်းသွားပြီ။ အကုန်လုံး ကလည်း တခြားနေရာတွေကိုသွားကြပြီဆိုတော့ အရောင်းအဝယ်ကလည်း တအားကြီးအေးသွားပြီပေါ့။ ကုန်ဈေးနှုန်းအခြေအနေက မထူးမခြားနားပါပဲ။ ပြည်ပဘက်က မဝင်ဘူးဆိုတော့ ဟိုဘက်ဝင်နေရတာနဲ့ ကုန်ဈေးနှုန်းက မြင့်တာပေါ့။ ဒီဘက်ကလာတဲ့ဟာကလည်း ကားတစ်စီးဆိုရင် ပလက်ဝအရောက်ကို သိန်း(၁၅၀)၊ သိန်း (၂၀ဝ)လောက်ပေးရတယ်။ ကားခပေးရတာပေါ့။ ပါလာတဲ့ကုန်နဲ့ အဲဒီလိုပေးရတော့ ကုန်ဈေးနှုန်းက တအားကြီးတက်သွားပြီပေါ့။ (၁၀)ဆလောက်တက်သွားတာ”ဟု ၎င်းကပြောသည်။
အလားတူ ပလက်ဝဒေသခံများသည် အခြေခံစားသောက်ကုန်ဈေးနှုန်းမြင့်မားခြင်း၊ ဆေးနှင့် ဆေးပစ္စည်းရှားပါးခြင်းတို့ကိုလည်း ရင်ဆိုင်နေကြရကြောင်း သိရသည်။

Zawgyi Version:
အိႏၵိယ-ပလက္ဝကုန္သြယ္ေရးမွ တစ္ႏွစ္လွ်င္ က်ပ္ (၅) ဘီလ်ံခန႔္ အခြန္ဘ႑ာဆုံးရႈံးေနဟုဆို
သန႔္ဇင္ (NP News)-ဒီဇင္ဘာ၃၀
ျမန္မာ-အိႏၵိယနယ္စပ္၊ ခ်င္းျပည္နယ္၊ အိႏၵိယ-ပလက္ဝကုန္သြယ္ေရးလမ္းကို AA အဖြဲ႕က ထိန္း ခ်ဳပ္ထားသည့္အတြက္ ႏိုင္ငံေတာ္အစိုးရက တစ္ႏွစ္လွ်င္ က်ပ္ (၅) ဘီလ်ံခန႔္ အခြန္ဘ႑ာ ဆုံးရႈံးေနရ ေၾကာင္း ပလက္ဝမွတိန္းေရွာင္လာခဲ့သူတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ အိႏၵိယ(မီဇိုရမ္)-ပလက္ဝ လမ္းေၾကာင္းကို AA အဖြဲ႕ကထိန္းခ်ဳပ္ကာ ကုန္စည္ စီးဆင္းေရးလုပ္ေဆာင္ေနၿပီး ယင္းလမ္းေၾကာင္းမွတစ္ဆင့္ ဆီႏွင့္ေဆးမ်ားတင္သြင္းျခင္း၊ ပလက္ဝမွ အိႏၵိယသို႔ အသားငါးႏွင့္ သီးႏွံမ်ားတင္ပို႔ၾကေၾကာင္း သိရသည္။
“တစ္ႏွစ္ကို (၅)ဘီလ်ံေလာက္ ဆုံးရႈံးေနႏိုင္တယ္။ အိႏၵိယကသြင္းတာက ဆီနဲ႔ေဆးအဓိက ပို႔ တယ္။ ဒီဘက္ကေတာ့ ဝက္တို႔၊ ႏြားတို႔လို တိရစာၦန္ေတြပို႔ၾကတယ္။ အိႏၵိယကဝင္တာေတာ့ ဆီနဲ႔ေဆးနဲ႔ အဓိကဝင္တယ္။ ဒီဘက္ေတာ့ အသားငါးနဲ႔သီးႏွံေပါ့ေနာ္။ ပဲေတြကေတာ့ ရခိုင္ေအာက္ပိုင္းဘက္ က မလာဘူး။ AA ကအခုေတာ့ အဲဒီလမ္းေၾကာင္းကိုမပိတ္ထားဘူးဗ်”ဟု အထက္ပါသတင္းရင္းျမစ္က ေျပာ သည္။
ၿပီးခဲ့သည့္ ႏိုဝင္ဘာ (၁၂)ရက္ကလည္း အိႏၵိယဘက္ျခမ္းတြင္ျဖစ္ပြားခဲ့သည့္ ျပင္းထန္ဝမ္း ေရာဂါ ေၾကာင့္ ပလက္ဝေဒသဘက္ကို ကူးစက္မႈမ်ားရွိခဲ့သည့္အတြက္ အထက္ပါကုန္သြယ္ေရး လမ္းေၾကာင္း ကို (၁၅)ရက္ခန႔္ ပိတ္ခဲ့ရေၾကာင္း သိရသည္။
“ဟိုတစ္ေလာက အိႏၵိယ၊ မီဇိုရမ္မွာ ဝမ္းေရာဂါအႀကီးက်ယ္ျဖစ္သြားလို႔ ပိတ္ထားခဲ့ေသးတယ္။ အဲဒီတုန္းက (၁၅)ေလာက္ပါပဲ။ အဲဒီ ေနာက္ (၁၀) ရက္ပိတ္တယ္။ ဒီေလာက္ပဲပိတ္တာပါ။ AA အတြက္ ပို႔ကုန္သြင္းကုန္လမ္းေၾကာင္းက အဲဒီ မီဇိုရမ္-ပလက္ဝ လမ္းေၾကာင္းလို႔ေျပာရမယ္”ဟု ၎က ဆိုသည္။
ထို႔ျပင္ ျပည္မမွ ပလက္ဝသို႔ ကုန္စည္ပို႔ေဆာင္ရာတြင္လည္း ေဆာ-မင္းတပ္-မတူပီ-ပ လက္ဝ လမ္းေၾကာင္းကိုသာအသုံးျပဳရသျဖင့္ လမ္းခရီး ၾကန႔္ၾကာျခင္း၊ ကုန္အဝင္နည္းျခင္းႏွင့္ ကား တစ္စီးလွ်င္ ငွားရမ္းခက်ပ္ သိန္း (၂၀ဝ)အထိ ေဈးျမင့္တက္ျခင္းတို႔ေၾကာင့္ ေဒသတြင္း ကုန္စည္ေဈးႏႈန္းမ်ားလည္း ျပည္မႏွင့္ႏႈိင္းယွဥ္ပါက (၁၀) ဆခန႔္ ျမင့္တက္ေနေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
“ပလက္ဝက အခုေတာ့ က်ီးလန႔္စာစားေပါ့။ ပလက္ဝမွာလူရွိတာေတာ့ နည္းသြားၿပီ။ အကုန္လုံး ကလည္း တျခားေနရာေတြကိုသြားၾကၿပီဆိုေတာ့ အေရာင္းအဝယ္ကလည္း တအားႀကီးေအးသြားၿပီေပါ့။ ကုန္ေဈးႏႈန္းအေျခအေနက မထူးမျခားနားပါပဲ။ ျပည္ပဘက္က မဝင္ဘူးဆိုေတာ့ ဟိုဘက္ဝင္ေနရတာနဲ႔ ကုန္ေဈးႏႈန္းက ျမင့္တာေပါ့။ ဒီဘက္ကလာတဲ့ဟာကလည္း ကားတစ္စီးဆိုရင္ ပလက္ဝအေရာက္ကို သိန္း(၁၅၀)၊ သိန္း (၂၀ဝ)ေလာက္ေပးရတယ္။ ကားခေပးရတာေပါ့။ ပါလာတဲ့ကုန္နဲ႔ အဲဒီလိုေပးရေတာ့ ကုန္ေဈးႏႈန္းက တအားႀကီးတက္သြားၿပီေပါ့။ (၁၀)ဆေလာက္တက္သြားတာ”ဟု ၎ကေျပာသည္။
အလားတူ ပလက္ဝေဒသခံမ်ားသည္ အေျခခံစားေသာက္ကုန္ေဈးႏႈန္းျမင့္မားျခင္း၊ ေဆးႏွင့္ ေဆးပစၥည္းရွားပါးျခင္းတို႔ကိုလည္း ရင္ဆိုင္ေနၾကရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.