ကားတာယာနှင့် မော်တော်ယာဉ်အပိုပစ္စည်းရှားပါးမှု ပြဿနာ အခြေအနေဆိုးရွားနေ

4741

ပြည့်ဖြိုး၊ Pearl - (NP News) - ဇန်နဝါရီ ၁
ယခင်က ပြည်ပမှ မော်တော်ယာဉ်အပို ပစ္စည်းတင်သွင်းရာတွင် နယ်စပ်လမ်းကြောင်းများမှ အလွယ်တကူတင်သွင်းနိုင်ခဲ့သော်လည်း လက်ရှိ တွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများရပ်တန့် နေရာ ကားပစ္စည်းပြတ်လပ်မှု ပြည်တွင်း၌ ဆိုးရွား စွာခံစားနေရကြောင်း မော်တော်ကားလုပ်ငန်းရှင် များမှ သိရသည်။
" ယခင်တုန်းက ဥပမာ ရန်ကုန်ဈေးကွက်ကို ပစ္စည်းတွေက Border Trade နဲ့ Normal Trade ကနေဝင်တာပေါ့။ Normal Trade ကတော့ တရားဝင်သွင်းကုန်လိုင်စင်လျှောက် ၊ အခွန်ဆောင် ပစ္စည်းသွင်းပေါ့။ Border Trade က နယ်စပ်က ဝင်တာပေါ့။ Border Trade နဲ့ ဝင်တာများတယ်။ အခုနောက်ပိုင်း ပေါ်လစီပြောင်းတော့ Border Trade က မသွင်းနိုင်ဘူး။ အခု ပစ္စည်းတွေ တော် တော်ပြတ်နေတယ်"ဟု ရန်ကုန်မြို့ခံYBS ယာဉ် လိုင်းပိုင်ရှင်တစ်ဦးကပြောသည်။
ထိုသို့ ကားအပိုပစ္စည်းရှားပါးလာမှုများ ကြောင့် YBS အစီးရေလျှော့ကာ ပြေးဆွဲလာ ရကြောင်းလည်း သိရသည်။ " ပြီးတော့ သွင်းကုန် လိုင်စင်လျှောက်ရန် စက်ပစ္စည်းတွေကို အသစ်ပဲ ပေးတယ်။ Second Hand တွေ မပေးဘူး။ ပြီးတော့ အထူးသဖြင့် ဘတ်စကားမှာလည်း ဥပမာ ရန်ကုန်မှာ အစီး (၅၀ဝဝ) ရှိတယ်ဆိုရင် (၃၀ဝဝ) က Used ကားတွေ။ အဲဒီတော့ Used ပစ္စည်းတွေ သုံးတာပေါ့။ အများစုက ကိုရီးယားကဝင်တာ။ အဲဒီက Spare Parts တွေကို သုံးကြတာ။ အခုက Normal Trade သွင်းလို့မရတော့ဘူး။ Used တွေမိုလို့လေ။ ပေါ်လ စီမှာက အသစ်ပဲသွင်းလို့ရမယ်။ ပစ္စည်းတွေ တော် တော်ရှားတော့ ဈေးတွေ တော်တော်တက်တာ။ အခု ဈေးတွေတက်တော့ Expand တွေ များလာတာပေါ့။ အပိုပစ္စည်းတွေ အလွယ်တကူဝယ်မရတော့ ထွက်ကားအစီးရေ ကျလာတယ်" ဟု ၎င်းက ဆက်ပြောသည်။
အလားတူ လုပ်ငန်းသုံးကားကြီးများသာ မက အိမ်သုံးကားလေးများသည်လည်း ကား အပိုပစ္စည်း ရှားပါးမှုကြောင့် ကားပျက်ပါက ကားပြင် ဆင်ချိန်ပိုမိုကြာမြင့်လာကြောင်းသိရသည်။
" အိမ်မှာသုံးနေတဲ့ ဟွန်ဒါဖစ် GE-6 လေး ပျက်သွားလို့သွားပြင်တာ၊ပြင်တဲ့ဝပ်ရှော့ဆရာကတစ်ပတ်လောက်ကြာမယ်တဲ့၊ ပြင်တာကမကြာဘူး တစ်ရက်တည်းပြီးတယ်။ ကားပစ္စည်းရှာတာက ခုနစ်ရက်လောက် ကြာမှာဆိုပြီး ပြန်ပြောတယ် ကားပစ္စည်းရှားနေလို့ အုံနာကိုယ်တိုင် ရှာပေးရင် ပြင်ဆင်ရက်ပိုမြန်မယ်လို့ပြောတယ်၊ ဒါ ရန်ကုန်မှာ ဖြစ်နေတာ နယ်မြို့တွေဆို ပိုဆိုးတယ်"ဟု ကားပိုင် ရှင်တစ်ဦးကဆိုသည်။
ကားဈေးကွက်အတွင်း ကားပစ္စည်းရှားပါး ခြင်းကြောင့် ယခင်က အင်ဂျင်မကောင်းပါက အင်ဂျင် အလုံးလိုက်လဲခြင်း၊ ဂီယာအုံမကောင်းပါက အုံလိုက်လဲခြင်းများ လုပ်ကိုင်ခဲ့ကြသော်လည်းလက်ရှိတွင် အင်ဂျင်ပြန်ကိုင်ခြင်းနှင့် ဂီယာပြန်ကိုင်ခြင်း များပြန်လည်ခေတ်စားလာနေခြင်းကြောင့် စက်ဆရာ များ လုပ်ငန်းကောင်းမွန်နေကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် အများဆုံးအသုံးပြုနေသော မော် တော်ယာဉ်အများစုမှာ ဂျပန်နိုင်ငံတစ်ပတ်ရစ် ကားများဖြစ်ကြပြီး အချို့သောကားမော်ဒယ်များမှာထုတ်လုပ်သည့်အချိန်မှစ၍ လက်ရှိအချိန်အထိ နှစ်နှစ်ကျော် သက်တမ်းကြာမြင့်နေမည်ဖြစ်ပြီး ထုတ်လုပ်သည့်နိုင်ငံများ၌ပင် အပိုပစ္စည်း မထုတ်လုပ် တော့ကြောင်းသိရသည်။
ထို့ပြင် ဥရောပနှင့်အနောက်နိုင်ငံများ မှထုတ်လုပ်သည့်အမှတ်တံဆိပ် မော်တော်ကားများမှာ ယခင်ကတည်းက ကားအပိုပစ္စည်းရှားပါးခဲ့ရာ လက်ရှိအချိန်တွင် ကားအပိုပစ္စည်း ဈေးကွက်အတွင်း ရှာဖွေမရသည်အထိ အခြေအနေသို့ရောက်ရှိနေ ကြောင်းသိရသည်။ မော်တော်ယာဉ်အပိုပစ္စည်းရှား ပါးခြင်းသည် မော်တော်ယာဉ်ဈေးနှုန်းများမြင့်တက် စေသည့်အပြင် လူထုအကြား နေ့စဉ်မော်တော်ယာဉ်လိုအပ်ချက် မြင့်တက်စေပြီး နိုင်ငံစီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း သိရသည်။

Zawgyi Version:
ကားတာယာႏွင့္ ေမာ္ေတာ္ယာဥ္အပိုပစၥည္းရွားပါးမႈ ျပႆနာ အေျခအေနဆိုး႐ြားေန
ျပည့္ၿဖိဳး၊ Pearl - (NP News) - ဇန္နဝါရီ ၁
ယခင္က ျပည္ပမွ ေမာ္ေတာ္ယာဥ္အပို ပစၥည္းတင္သြင္းရာတြင္ နယ္စပ္လမ္းေၾကာင္းမ်ားမွ အလြယ္တကူတင္သြင္းႏိုင္ခဲ့ေသာ္လည္း လက္ရွိ တြင္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားရပ္တန႔္ ေနရာ ကားပစၥည္းျပတ္လပ္မႈ ျပည္တြင္း၌ ဆိုး႐ြား စြာခံစားေနရေၾကာင္း ေမာ္ေတာ္ကားလုပ္ငန္းရွင္ မ်ားမွ သိရသည္။
" ယခင္တုန္းက ဥပမာ ရန္ကုန္ေဈးကြက္ကို ပစၥည္းေတြက Border Trade နဲ႔ Normal Trade ကေနဝင္တာေပါ့။ Normal Trade ကေတာ့ တရားဝင္သြင္းကုန္လိုင္စင္ေလွ်ာက္ ၊ အခြန္ေဆာင္ ပစၥည္းသြင္းေပါ့။ Border Trade က နယ္စပ္က ဝင္တာေပါ့။ Border Trade နဲ႔ ဝင္တာမ်ားတယ္။ အခုေနာက္ပိုင္း ေပၚလစီေျပာင္းေတာ့ Border Trade က မသြင္းႏိုင္ဘူး။ အခု ပစၥည္းေတြ ေတာ္ ေတာ္ျပတ္ေနတယ္"ဟု ရန္ကုန္ၿမိဳ႕ခံYBS ယာဥ္ လိုင္းပိုင္ရွင္တစ္ဦးကေျပာသည္။
ထိုသို႔ ကားအပိုပစၥည္းရွားပါးလာမႈမ်ား ေၾကာင့္ YBS အစီးေရေလွ်ာ့ကာ ေျပးဆြဲလာ ရေၾကာင္းလည္း သိရသည္။ " ၿပီးေတာ့ သြင္းကုန္ လိုင္စင္ေလွ်ာက္ရန္ စက္ပစၥည္းေတြကို အသစ္ပဲ ေပးတယ္။ Second Hand ေတြ မေပးဘူး။ ၿပီးေတာ့ အထူးသျဖင့္ ဘတ္စကားမွာလည္း ဥပမာ ရန္ကုန္မွာ အစီး (၅၀ဝဝ) ရွိတယ္ဆိုရင္ (၃၀ဝဝ) က Used ကားေတြ။ အဲဒီေတာ့ Used ပစၥည္းေတြ သုံးတာေပါ့။ အမ်ားစုက ကိုရီးယားကဝင္တာ။ အဲဒီက Spare Parts ေတြကို သုံးၾကတာ။ အခုက Normal Trade သြင္းလို႔မရေတာ့ဘူး။ Used ေတြမိုလို႔ေလ။ ေပၚလ စီမွာက အသစ္ပဲသြင္းလို႔ရမယ္။ ပစၥည္းေတြ ေတာ္ ေတာ္ရွားေတာ့ ေဈးေတြ ေတာ္ေတာ္တက္တာ။ အခု ေဈးေတြတက္ေတာ့ Expand ေတြ မ်ားလာတာေပါ့။ အပိုပစၥည္းေတြ အလြယ္တကူဝယ္မရေတာ့ ထြက္ကားအစီးေရ က်လာတယ္" ဟု ၎က ဆက္ေျပာသည္။
အလားတူ လုပ္ငန္းသုံးကားႀကီးမ်ားသာ မက အိမ္သုံးကားေလးမ်ားသည္လည္း ကား အပိုပစၥည္း ရွားပါးမႈေၾကာင့္ ကားပ်က္ပါက ကားျပင္ ဆင္ခ်ိန္ပိုမိုၾကာျမင့္လာေၾကာင္းသိရသည္။
" အိမ္မွာသုံးေနတဲ့ ဟြန္ဒါဖစ္ GE-6 ေလး ပ်က္သြားလို႔သြားျပင္တာ၊ျပင္တဲ့ဝပ္ေရွာ့ဆရာကတစ္ပတ္ေလာက္ၾကာမယ္တဲ့၊ ျပင္တာကမၾကာဘူး တစ္ရက္တည္းၿပီးတယ္။ ကားပစၥည္းရွာတာက ခုနစ္ရက္ေလာက္ ၾကာမွာဆိုၿပီး ျပန္ေျပာတယ္ ကားပစၥည္းရွားေနလို႔ အုံနာကိုယ္တိုင္ ရွာေပးရင္ ျပင္ဆင္ရက္ပိုျမန္မယ္လို႔ေျပာတယ္၊ ဒါ ရန္ကုန္မွာ ျဖစ္ေနတာ နယ္ၿမိဳ႕ေတြဆို ပိုဆိုးတယ္"ဟု ကားပိုင္ ရွင္တစ္ဦးကဆိုသည္။
ကားေဈးကြက္အတြင္း ကားပစၥည္းရွားပါး ျခင္းေၾကာင့္ ယခင္က အင္ဂ်င္မေကာင္းပါက အင္ဂ်င္ အလုံးလိုက္လဲျခင္း၊ ဂီယာအုံမေကာင္းပါက အုံလိုက္လဲျခင္းမ်ား လုပ္ကိုင္ခဲ့ၾကေသာ္လည္းလက္ရွိတြင္ အင္ဂ်င္ျပန္ကိုင္ျခင္းႏွင့္ ဂီယာျပန္ကိုင္ျခင္း မ်ားျပန္လည္ေခတ္စားလာေနျခင္းေၾကာင့္ စက္ဆရာ မ်ား လုပ္ငန္းေကာင္းမြန္ေနေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံတြင္ အမ်ားဆုံးအသုံးျပဳေနေသာ ေမာ္ ေတာ္ယာဥ္အမ်ားစုမွာ ဂ်ပန္ႏိုင္ငံတစ္ပတ္ရစ္ ကားမ်ားျဖစ္ၾကၿပီး အခ်ိဳ႕ေသာကားေမာ္ဒယ္မ်ားမွာထုတ္လုပ္သည့္အခ်ိန္မွစ၍ လက္ရွိအခ်ိန္အထိ ႏွစ္ႏွစ္ေက်ာ္ သက္တမ္းၾကာျမင့္ေနမည္ျဖစ္ၿပီး ထုတ္လုပ္သည့္ႏိုင္ငံမ်ား၌ပင္ အပိုပစၥည္း မထုတ္လုပ္ ေတာ့ေၾကာင္းသိရသည္။
ထို႔ျပင္ ဥေရာပႏွင့္အေနာက္ႏိုင္ငံမ်ား မွထုတ္လုပ္သည့္အမွတ္တံဆိပ္ ေမာ္ေတာ္ကားမ်ားမွာ ယခင္ကတည္းက ကားအပိုပစၥည္းရွားပါးခဲ့ရာ လက္ရွိအခ်ိန္တြင္ ကားအပိုပစၥည္း ေဈးကြက္အတြင္း ရွာေဖြမရသည္အထိ အေျခအေနသို႔ေရာက္ရွိေန ေၾကာင္းသိရသည္။ ေမာ္ေတာ္ယာဥ္အပိုပစၥည္းရွား ပါးျခင္းသည္ ေမာ္ေတာ္ယာဥ္ေဈးႏႈန္းမ်ားျမင့္တက္ ေစသည့္အျပင္ လူထုအၾကား ေန႔စဥ္ေမာ္ေတာ္ယာဥ္လိုအပ္ခ်က္ ျမင့္တက္ေစၿပီး ႏိုင္ငံစီးပြားေရးကို ထိခိုက္ေစႏိုင္ေၾကာင္း သိရသည္။