သမ္မတထရမ့်၏ လူဝင်မှုကြီးကြပ်ရေး ကန့်သတ်ချက်အသစ်များ စတင်အသက်ဝင် - မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၀ နီးပါး ခရီးသွားလာခွင့် ပိတ်ပင်ခံရ

886

ALynn (NP news)- ဇန်နဝါရီ ၂
အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာန (CBP) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာအပါအဝင် နိုင်ငံခုနစ်နိုင်ငံမှ လူပုဂ္ဂိုလ်များသည် (၂၀၂၆) ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်မှစတင်၍ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်လည်ပတ်နိုင်တော့မည် မဟုတ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလအတွင်းက သမ္မတ ဒေါ်နယ်ထရမ့်သည် ဘာကီနာဖာဆို၊ လာအို၊ မာလီ၊ နိုင်ဂျာ၊ ဆီးရီးယားလီယွန်၊ တောင်ဆူဒန်နှင့် ဆီးရီးယားနိုင်ငံစသည့်နိုင်ငံတို့မှ ခရီးသွားလာခွင့်ကို ကန့်သတ်သည့် အမှုဆောင်အမိန့်များကို လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် အဆိုပါ ခရီးသွားလာခွင့် ပိတ်ပင်မှုကို အာဖဂန်နစ္စတန်၊ မြန်မာ၊ ချတ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုရီရယ် ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့ကိုပါ ထပ်တိုးကြေညာခဲ့သည်။ ယင်းကန့်သတ်ချက်များသည် ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ အသက်ဝင်လာခြင်း ဖြစ်သည်။
ဒီဇင်ဘာ (၂၉) ရက်စွဲပါ CBP ၏ စာရွက်စာတမ်းအရ ဤကန့်သတ်ချက်သည် ပြောင်းရွှေ့အခြေချမည့်သူများ (Immigrants) နှင့် အခြေမချဘဲ ခေတ္တလာရောက်လည်ပတ်သူများ (Non-immigrants) နှစ်မျိုးစလုံးအပေါ် အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
CBP မှရရှိထားသည့် စာရွက်စာတမ်းများအရ ဗင်နီဇွဲလားနှင့် ကျူးဘားနိုင်ငံတို့မှ လူပုဂ္ဂိုလ်များအပေါ်တွင်လည်း ခရီးသွားလာခွင့် ကန့်သတ်ချက်အချို့ ရှိနေကြောင်း သိရသည်။
ဤကန့်သတ်ချက်များသည် ယခုသီတင်းပတ်အစောပိုင်းတွင် စတင်အသက်ဝင်ခဲ့သော H-1B ဗီဇာ ဆိုင်ရာ ကန့်သတ်ချက်အသစ်များနှင့်အတူ ပေါ်ထွက်လာခြင်းဖြစ်သည်။
H-1B ဗီဇာ အစီအစဉ်သည် အလုပ်ရှင်များအနေဖြင့် အထူးကျွမ်းကျင်မှု သို့မဟုတ် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိသည့် နိုင်ငံခြားသားများကို ငှားရမ်းခွင့်ပြုသည့် စနစ်ဖြစ်ပြီး ယခင်ကမူ ယင်းဗီဇာထုတ်ပေးမှုကို ကျပန်းစနစ်ဖြင့် အတော်အတန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အစိုးရ၏ အပြောင်းအလဲများအရ လစာပိုမိုရရှိမည့်သူများကို ဦးစားပေးသည့် အမှတ်ပေးစနစ် (Weighted system) တစ်ရပ်ကို ခွင့်ပြုပေးလိုက်ပြီ ဖြစ်သည်။
အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) ပြောရေးဆိုခွင့်ရှိသူက "အရင်က ကျပန်းစနစ်ဟာ အလွဲသုံးစားလုပ်ခံခဲ့ရတယ်။ အလုပ်ရှင်တွေက အမေရိကန်အလုပ်သမားတွေကို လစာအပြည့်ပေးမယ့်အစား လစာနည်းတဲ့ ပြည်ပအလုပ်သမားတွေကိုပဲ ခေါ်ယူဖို့ ကြိုးစားခဲ့ကြတယ်" ဟု ရှင်းပြခဲ့သည်။

Zawgyi Version:
သမၼတထရမ့္၏ လူဝင္မႈႀကီးၾကပ္ေရး ကန႔္သတ္ခ်က္အသစ္မ်ား စတင္အသက္ဝင္ - ျမန္မာအပါအဝင္ ႏိုင္ငံေပါင္း ၂၀ နီးပါး ခရီးသြားလာခြင့္ ပိတ္ပင္ခံရ
ALynn (NP news)- ဇန္နဝါရီ ၂
အေမရိကန္ အေကာက္ခြန္ႏွင့္ နယ္စပ္ကာကြယ္ေရးဌာန (CBP) ၏ ေနာက္ဆုံးထုတ္ျပန္ခ်က္အရ ျမန္မာအပါအဝင္ ႏိုင္ငံခုနစ္ႏိုင္ငံမွ လူပုဂၢိဳလ္မ်ားသည္ (၂၀၂၆) ခုႏွစ္၊ ဇန္နဝါရီလ (၁) ရက္မွစတင္၍ အေမရိကန္ျပည္ေထာင္စုသို႔ သြားေရာက္လည္ပတ္ႏိုင္ေတာ့မည္ မဟုတ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ႏွစ္၊ ဒီဇင္ဘာလအတြင္းက သမၼတ ေဒၚနယ္ထရမ့္သည္ ဘာကီနာဖာဆို၊ လာအို၊ မာလီ၊ ႏိုင္ဂ်ာ၊ ဆီးရီးယားလီယြန္၊ ေတာင္ဆူဒန္ႏွင့္ ဆီးရီးယားႏိုင္ငံစသည့္ႏိုင္ငံတို႔မွ ခရီးသြားလာခြင့္ကို ကန႔္သတ္သည့္ အမႈေဆာင္အမိန႔္မ်ားကို လက္မွတ္ေရးထိုးခဲ့သည္။
ထို႔ေနာက္ အဆိုပါ ခရီးသြားလာခြင့္ ပိတ္ပင္မႈကို အာဖဂန္နစၥတန္၊ ျမန္မာ၊ ခ်တ္၊ ကြန္ဂိုသမၼတႏိုင္ငံ၊ အီေကြတိုရီရယ္ ဂီနီ၊ အီရီထရီးယား၊ ေဟတီ၊ အီရန္၊ လစ္ဗ်ား၊ ဆိုမာလီယာ၊ ဆူဒန္ႏွင့္ ယီမင္ႏိုင္ငံတို႔ကိုပါ ထပ္တိုးေၾကညာခဲ့သည္။ ယင္းကန႔္သတ္ခ်က္မ်ားသည္ ဇန္နဝါရီလ (၁) ရက္ေန႔မွစတင္၍ အသက္ဝင္လာျခင္း ျဖစ္သည္။
ဒီဇင္ဘာ (၂၉) ရက္စြဲပါ CBP ၏ စာ႐ြက္စာတမ္းအရ ဤကန႔္သတ္ခ်က္သည္ ေျပာင္းေ႐ႊ႕အေျခခ်မည့္သူမ်ား (Immigrants) ႏွင့္ အေျခမခ်ဘဲ ေခတၱလာေရာက္လည္ပတ္သူမ်ား (Non-immigrants) ႏွစ္မ်ိဳးစလုံးအေပၚ အက်ဳံးဝင္မည္ျဖစ္ေၾကာင္း သိရသည္။
CBP မွရရွိထားသည့္ စာ႐ြက္စာတမ္းမ်ားအရ ဗင္နီဇြဲလားႏွင့္ က်ဴးဘားႏိုင္ငံတို႔မွ လူပုဂၢိဳလ္မ်ားအေပၚတြင္လည္း ခရီးသြားလာခြင့္ ကန႔္သတ္ခ်က္အခ်ိဳ႕ ရွိေနေၾကာင္း သိရသည္။
ဤကန႔္သတ္ခ်က္မ်ားသည္ ယခုသီတင္းပတ္အေစာပိုင္းတြင္ စတင္အသက္ဝင္ခဲ့ေသာ H-1B ဗီဇာ ဆိုင္ရာ ကန႔္သတ္ခ်က္အသစ္မ်ားႏွင့္အတူ ေပၚထြက္လာျခင္းျဖစ္သည္။
H-1B ဗီဇာ အစီအစဥ္သည္ အလုပ္ရွင္မ်ားအေနျဖင့္ အထူးကြၽမ္းက်င္မႈ သို႔မဟုတ္ အသက္ေမြးဝမ္းေက်ာင္းပညာရပ္ဆိုင္ရာ ကြၽမ္းက်င္မႈရွိသည့္ ႏိုင္ငံျခားသားမ်ားကို ငွားရမ္းခြင့္ျပဳသည့္ စနစ္ျဖစ္ၿပီး ယခင္ကမူ ယင္းဗီဇာထုတ္ေပးမႈကို က်ပန္းစနစ္ျဖင့္ အေတာ္အတန္ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။
အစိုးရ၏ အေျပာင္းအလဲမ်ားအရ လစာပိုမိုရရွိမည့္သူမ်ားကို ဦးစားေပးသည့္ အမွတ္ေပးစနစ္ (Weighted system) တစ္ရပ္ကို ခြင့္ျပဳေပးလိုက္ၿပီ ျဖစ္သည္။
အေမရိကန္ လူဝင္မႈႀကီးၾကပ္ေရးဌာန (USCIS) ေျပာေရးဆိုခြင့္ရွိသူက "အရင္က က်ပန္းစနစ္ဟာ အလြဲသုံးစားလုပ္ခံခဲ့ရတယ္။ အလုပ္ရွင္ေတြက အေမရိကန္အလုပ္သမားေတြကို လစာအျပည့္ေပးမယ့္အစား လစာနည္းတဲ့ ျပည္ပအလုပ္သမားေတြကိုပဲ ေခၚယူဖို႔ ႀကိဳးစားခဲ့ၾကတယ္" ဟု ရွင္းျပခဲ့သည္။