KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ (၅၅၀) ကျော် ဖြိုချဖျက်ဆီးပြီးဖြစ်

 271

ထိုက်စံ(NP News)-ဇန်နဝါရီ ၃

KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ (၅၅၀) ကျော် ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ထားချက်များအရ သိရသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်း၍ တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့( ဇန်နဝါရီ ၂ရက်) တွင်လည်း တရားမဝင်အဆောက်အအုံ (၆) လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အတူ မြဝတီ-မဲထော်သလေး တွင် (KK Park) အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင် (၆) ထပ် အဆောက်အအုံ (၄) လုံးနှင့် အပိုင်း (၂) နယ်မြေအတွင်းရှိ တရားမဝင် (၄) ထပ် အဆောက်အအုံ (၂) လုံး၊ စုစုပေါင်း တရားမဝင် အဆောက်အအုံ (၆) လုံးတို့ကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၅၅၅ လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။

အလားတူ KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများအနက် ယာဉ်ယန္တရားများ အသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ပြီးစီးခဲ့သည့် တရားမဝင် အဆောက်အအုံများကို အလုံးစုံပျက်စီးစေရန်အတွက် လေအိုးမီးအိုးဖြင့် ထပ်မံဖျက်ဆီးခြင်းများကိုလည်း ဒီဇင်ဘာ ၁၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့တွင် (၂) ထပ် အဆောက်အအုံ (၅) လုံးကို ထပ်မံဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်း တရားမဝင် အဆောက်အအုံ (၉၁) လုံး တို့ကို ရာခိုင်နှုန်းပြည့် ဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အပြင် KK park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့ သည့် ပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရေးအတွက် စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်း နှင့် နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်း လိမ်လည် လောင်း ကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝ အခြေမပြုနိုင်ရေး အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

Zawgyi version:

KK Park နယ္ေျမအတြင္းရွိ တရားမဝင္အေဆာက္အအုံ (၅၅၀) ေက်ာ္ ၿဖိဳခ်ဖ်က္ဆီးၿပီးျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ထားခ်က္မ်ားအရ သိရသည္။

ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ ေ႐ႊကုကၠိဳလ္နယ္ေျမႏွင့္ KK Park နယ္ေျမမ်ားရွိ တရားမဝင္ အေဆာက္အအုံမ်ားအတြင္း ဝင္ေရာက္ရွင္းလင္း၍ တရားမဝင္အေဆာက္အအုံမ်ားအား စနစ္တက်ၿဖိဳခ်ဖ်က္ဆီးျခင္းမ်ားကို ပူးေပါင္းအဖြဲ႕ျဖင့္ ေဆာင္႐ြက္လ်က္ရွိရာ ယမန္ေန႔( ဇန္နဝါရီ ၂ရက္) တြင္လည္း တရားမဝင္အေဆာက္အအုံ (၆) လုံးကို ထပ္မံၿဖိဳခ်ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

ထို႔အတူ ျမဝတီ-မဲေထာ္သေလး တြင္ (KK Park) အပိုင္း (၃) နယ္ေျမအတြင္းရွိ တရားမဝင္ (၆) ထပ္ အေဆာက္အအုံ (၄) လုံးႏွင့္ အပိုင္း (၂) နယ္ေျမအတြင္းရွိ တရားမဝင္ (၄) ထပ္ အေဆာက္အအုံ (၂) လုံး၊ စုစုေပါင္း တရားမဝင္ အေဆာက္အအုံ (၆) လုံးတို႔ကို ထပ္မံၿဖိဳခ်ဖ်က္ဆီးခဲ့သျဖင့္ KK Park နယ္ေျမအတြင္းရွိ တရားမဝင္အေဆာက္အအုံ စုစုေပါင္း ၆၃၅ လုံး အနက္ ၅၅၅ လုံးကို စနစ္တက် ၿဖိဳခ်ဖ်က္ဆီးၿပီးျဖစ္ေၾကာင္း သိရသည္။

အလားတူ KK Park နယ္ေျမအတြင္းရွိ တရားမဝင္အေဆာက္အအုံမ်ားအနက္ ယာဥ္ယႏၲရားမ်ား အသုံးျပဳ၍ ၿဖိဳခ်ဖ်က္ဆီးျခင္းမ်ား ေဆာင္႐ြက္ၿပီးစီးခဲ့သည့္ တရားမဝင္ အေဆာက္အအုံမ်ားကို အလုံးစုံပ်က္စီးေစရန္အတြက္ ေလအိုးမီးအိုးျဖင့္ ထပ္မံဖ်က္ဆီးျခင္းမ်ားကိုလည္း ဒီဇင္ဘာ ၁၄ ရက္မွ စတင္ေဆာင္႐ြက္ခဲ့ရာ ယမန္ေန႔တြင္ (၂) ထပ္ အေဆာက္အအုံ (၅) လုံးကို ထပ္မံဖ်က္ဆီးႏိုင္ခဲ့သျဖင့္ စုစုေပါင္း တရားမဝင္ အေဆာက္အအုံ (၉၁) လုံး တို႔ကို ရာခိုင္ႏႈန္းျပည့္ ဖ်က္ဆီးၿပီးျဖစ္ေၾကာင္း သိရွိရသည္။

ထို႔ျပင္ အျပင္ KK park နယ္ေျမအတြင္းရွိ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈ က်ဴးလြန္ရာတြင္ အသုံးျပဳခဲ့ သည့္ ပစၥည္းမ်ားအား ထပ္မံအသုံးျပဳမႈမရွိေစေရးအတြက္ စနစ္တက် မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း ႏွင့္ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အြန္လိုင္း လိမ္လည္ ေလာင္း ကစားမႈက်ဴးလြန္မႈမ်ားကို အမ်ိဳးသားေရးတာဝန္တစ္ရပ္ အျဖစ္ခံယူကာ ျမန္မာႏိုင္ငံအတြင္း လုံးဝ အေျခမျပဳႏိုင္ေရး အိမ္နီးခ်င္းႏိုင္ငံအစိုးရမ်ားႏွင့္လည္း ေပါင္းစပ္ညႇိႏႈိင္း၍ ဆက္လက္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.