ကာရာကပ်စ်တွင် ပေါက်ကွဲမှု (၇) ကြိမ်ထက်မနည်း ဖြစ်ပွားပြီးနောက် အမေရိကန်၏ တိုက်ခိုက်မှုဖြစ်ကြောင်း မာဒူရိုအစိုးရ ထုတ်ပြန်

1754

ALynn (NP news)- ဇန်နဝါရီ ၃
ဇန်နဝါရီလ (၃) ရက်၊ ဒေသစံတော်ချိန် နံနက် (၂) နာရီခန့်တွင် ဗင်နီဇွဲလား မြို့တော် ကာရာကပ်စ် ဝန်းကျင်၌ အနည်းဆုံး ပေါက်ကွဲမှု (၇) ကြိမ်နှင့် လေယာဉ်များ နိမ့်နိမ့်ပျံသန်းသံများ ကြားရပြီးနောက် ဗင်နီဇွဲလားအစိုးရက အမေရိကန်ပြည်ထောင်စုသည် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်နေသည်ဟု စွပ်စွဲလိုက်သည်။
ပန်တဂွန်စစ်ဌာနချုပ်နှင့် အိမ်ဖြူတော်တို့ကမူ ယင်းကိစ္စနှင့်ပတ်သက်၍ ယခုအချိန်ထိ တုံ့ပြန်ခြင်း မရှိသေးပေ။
ကာရာကပ်စ်ရှိ စစ်အခြေစိုက်စခန်းတစ်ခု၏ လေယာဉ်ရုံမှ မီးခိုးများ ထွက်ပေါ်နေသည်ကို မြင်တွေ့ရပြီး မြို့တော်ရှိ အခြားသော စစ်ဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုတွင်လည်း လျှပ်စစ်မီးများ ပြတ်တောက်သွားကြောင်း သိရသည်။
ထို့နောက် ပြည်သူများ လမ်းမများပေါ်သို့ ပြေးထွက်လာကြသည်ကိုလည်း တွေ့ရသည်။ “မြေကြီးတစ်ခုလုံး သိမ့်သိမ့်တုန်သွားတာပဲ။ တကယ်ကို ကြောက်စရာကောင်းပါတယ်။ ပေါက်ကွဲသံတွေနဲ့ လေယာဉ်ပျံသံတွေကြားရတယ်” ဟု အသက် ၂၁ နှစ်အရွယ် ရုံးဝန်ထမ်း ကာမန် ဟီဒယ်လ်ဂိုက တုန်ရီနေသော အသံဖြင့် ပြောပြသည်။
အမေရိကန်စစ်တပ်က မူးယစ်ဆေးဝါး မှောင်ခိုကူးသည်ဟု ယူဆရသော လှေများကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပစ်မှတ်ထား တိုက်ခိုက်နေစဉ် ယခုကဲ့သို့ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယမန်နေ့ကပင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အမေရိကန်နှင့် သဘောတူညီချက်တစ်ရပ် ညှိနှိုင်းရန် ဗင်နီဇွဲလားဘက်က လမ်းဖွင့်ထားကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် ဩဂုတ်လကတည်းက စစ်အင်အားသုံး ဖိအားပေးပြီး ဗင်နီဇွဲလားအစိုးရကို ပြောင်းလဲရန်နှင့် ရေနံ ရယူရန် ကြိုးပမ်းနေသည်ဟု သမ္မတ မာဒူရိုက အင်တာဗျူးတစ်ခုတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
မာဒူရိုသည် အမေရိကန်တွင် မူးယစ်ဆေးဝါး အကြမ်းဖက်မှုဖြင့် စွဲချက်တင်ခံထားရသူဖြစ်သည်။ ပြီးခဲ့သော စက်တင်ဘာလကစပြီး အမေရိကန်သည် မူးယစ်မှောင်ခို သင်္ဘောဟု ယူဆရသည်များကိုသာ တိုက်ခိုက်ခဲ့သော်လည်း ပြီးခဲ့သည့်အပတ်မှစ၍ CIAက ဗင်နီဇွဲလား မြေပေါ်တွင် ဒရုန်းနဲ့ တိုက်ခိုက်မှုများကို ပထမဆုံးအကြိမ် တိုက်ရိုက်စစ်ဆင်ရေးလုပ်ဆောင်လာခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ဗင်နီဇွဲလား မူးယစ်ဂိုဏ်းများ အသုံးပြုသည်ဟု ယူဆရသော ဆိပ်ကမ်းနေရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဗင်နီဇွဲလား ပိုင်နက်အတွင်းရှိ ပစ်မှတ်များကို မကြာမီ တိုက်ခိုက်တော့မည်ဟု လပေါင်းများစွာ ကြိုတင်ခြိမ်းခြောက်ခဲ့သည်။ ထို့ပြင် အမေရိကန်သည် ဗင်နီဇွဲလား ကမ်းလွန်ရှိ ပိတ်ဆို့အရေးယူခံထားရသော ရေနံတင်သင်္ဘောများကို သိမ်းဆည်းခဲ့သလို အခြားသင်္ဘောများကိုလည်း ဝင်ထွက်သွားလာခွင့် မရအောင် ပိတ်ဆို့ရန် ထရန့်က အမိန့်ပေးခဲ့သည်။ ထိုလုပ်ရပ်များသည် တောင်အမေရိကနိုင်ငံဖြစ်သော ဗင်နီဇွဲလား၏ စီးပွားရေးကို အကျပ်အတည်းဆိုက်အောင် ပိုမိုဖိအားပေးရန် ရည်ရွယ်နေဟန်ရှိသည်။

Zawgyi version:
ဇန္နဝါရီလ (၃) ရက္၊ ေဒသစံေတာ္ခ်ိန္ နံနက္ (၂) နာရီခန႔္တြင္ ဗင္နီဇြဲလား ၿမိဳ႕ေတာ္ ကာရာကပ္စ္ ဝန္းက်င္၌ အနည္းဆုံး ေပါက္ကြဲမႈ (၇) ႀကိမ္ႏွင့္ ေလယာဥ္မ်ား နိမ့္နိမ့္ပ်ံသန္းသံမ်ား ၾကားရၿပီးေနာက္ ဗင္နီဇြဲလားအစိုးရက အေမရိကန္ျပည္ေထာင္စုသည္ အရပ္ဘက္ႏွင့္ စစ္ဘက္ဆိုင္ရာ အေဆာက္အအုံမ်ားကို တိုက္ခိုက္ေနသည္ဟု စြပ္စြဲလိုက္သည္။
ပန္တဂြန္စစ္ဌာနခ်ဳပ္ႏွင့္ အိမ္ျဖဴေတာ္တို႔ကမူ ယင္းကိစၥႏွင့္ပတ္သက္၍ ယခုအခ်ိန္ထိ တုံ႔ျပန္ျခင္း မရွိေသးေပ။
ကာရာကပ္စ္ရွိ စစ္အေျခစိုက္စခန္းတစ္ခု၏ ေလယာဥ္႐ုံမွ မီးခိုးမ်ား ထြက္ေပၚေနသည္ကို ျမင္ေတြ႕ရၿပီး ၿမိဳ႕ေတာ္ရွိ အျခားေသာ စစ္ဘက္ဆိုင္ရာ အေဆာက္အအုံတစ္ခုတြင္လည္း လွ်ပ္စစ္မီးမ်ား ျပတ္ေတာက္သြားေၾကာင္း သိရသည္။
ထို႔ေနာက္ ျပည္သူမ်ား လမ္းမမ်ားေပၚသို႔ ေျပးထြက္လာၾကသည္ကိုလည္း ေတြ႕ရသည္။ “ေျမႀကီးတစ္ခုလုံး သိမ့္သိမ့္တုန္သြားတာပဲ။ တကယ္ကို ေၾကာက္စရာေကာင္းပါတယ္။ ေပါက္ကြဲသံေတြနဲ႔ ေလယာဥ္ပ်ံသံေတြၾကားရတယ္” ဟု အသက္ ၂၁ ႏွစ္အ႐ြယ္ ႐ုံးဝန္ထမ္း ကာမန္ ဟီဒယ္လ္ဂိုက တုန္ရီေနေသာ အသံျဖင့္ ေျပာျပသည္။
အေမရိကန္စစ္တပ္က မူးယစ္ေဆးဝါး ေမွာင္ခိုကူးသည္ဟု ယူဆရေသာ ေလွမ်ားကို ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ပစ္မွတ္ထား တိုက္ခိုက္ေနစဥ္ ယခုကဲ့သို႔ ေပါက္ကြဲမႈမ်ား ျဖစ္ေပၚလာျခင္းျဖစ္သည္။
ယမန္ေန႔ကပင္ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးအတြက္ အေမရိကန္ႏွင့္ သေဘာတူညီခ်က္တစ္ရပ္ ညႇိႏႈိင္းရန္ ဗင္နီဇြဲလားဘက္က လမ္းဖြင့္ထားေၾကာင္း ေျပာၾကားခဲ့သည္။
အေမရိကန္သည္ ဩဂုတ္လကတည္းက စစ္အင္အားသုံး ဖိအားေပးၿပီး ဗင္နီဇြဲလားအစိုးရကို ေျပာင္းလဲရန္ႏွင့္ ေရနံ ရယူရန္ ႀကိဳးပမ္းေနသည္ဟု သမၼတ မာဒူ႐ိုက အင္တာဗ်ဴးတစ္ခုတြင္ ထည့္သြင္း ေျပာဆိုခဲ့သည္။
မာဒူ႐ိုသည္ အေမရိကန္တြင္ မူးယစ္ေဆးဝါး အၾကမ္းဖက္မႈျဖင့္ စြဲခ်က္တင္ခံထားရသူျဖစ္သည္။ ၿပီးခဲ့ေသာ စက္တင္ဘာလကစၿပီး အေမရိကန္သည္ မူးယစ္ေမွာင္ခို သေဘၤာဟု ယူဆရသည္မ်ားကိုသာ တိုက္ခိုက္ခဲ့ေသာ္လည္း ၿပီးခဲ့သည့္အပတ္မွစ၍ CIAက ဗင္နီဇြဲလား ေျမေပၚတြင္ ဒ႐ုန္းနဲ႔ တိုက္ခိုက္မႈမ်ားကို ပထမဆုံးအႀကိမ္ တိုက္႐ိုက္စစ္ဆင္ေရးလုပ္ေဆာင္လာခဲ့သည္။ အဆိုပါ တိုက္ခိုက္မႈအတြင္း ဗင္နီဇြဲလား မူးယစ္ဂိုဏ္းမ်ား အသုံးျပဳသည္ဟု ယူဆရေသာ ဆိပ္ကမ္းေနရာကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ဗင္နီဇြဲလား ပိုင္နက္အတြင္းရွိ ပစ္မွတ္မ်ားကို မၾကာမီ တိုက္ခိုက္ေတာ့မည္ဟု လေပါင္းမ်ားစြာ ႀကိဳတင္ၿခိမ္းေျခာက္ခဲ့သည္။ ထို႔ျပင္ အေမရိကန္သည္ ဗင္နီဇြဲလား ကမ္းလြန္ရွိ ပိတ္ဆို႔အေရးယူခံထားရေသာ ေရနံတင္သေဘၤာမ်ားကို သိမ္းဆည္းခဲ့သလို အျခားသေဘၤာမ်ားကိုလည္း ဝင္ထြက္သြားလာခြင့္ မရေအာင္ ပိတ္ဆို႔ရန္ ထရန႔္က အမိန႔္ေပးခဲ့သည္။ ထိုလုပ္ရပ္မ်ားသည္ ေတာင္အေမရိကႏိုင္ငံျဖစ္ေသာ ဗင္နီဇြဲလား၏ စီးပြားေရးကို အက်ပ္အတည္းဆိုက္ေအာင္ ပိုမိုဖိအားေပးရန္ ရည္႐ြယ္ေနဟန္ရွိသည္။