NUG လျှပ်စစ်တာဝါတိုင်နှင့် ဓာတ်တိုင် (၁၀ဝ) ကျော် ဖျက်ဆီးခဲ့ကြောင်း ဝန်ခံခဲ့ပြီး အညာရှိ မြို့နယ်(၅)မြို့နယ်တွင် လျှပ်စစ်မီးပြတ်နေ

 423

သန့်ဇင် (NP News) - ဇန်နဝါရီ ၄

NUG က လျှပ်စစ်တာဝါတိုင်နှင့် ဓာတ်တိုင်(၁၀ဝ)ကျော်ဖျက်ဆီးခဲ့ကြောင်း ဂုဏ်ယူစွာဝန်ခံ ချိန်အညာရှိ မြို့နယ် (၅)မြို့နယ်တွင် လျှပ်စစ်မီးပြတ် နေကြောင်း NP News က ဆက်သွယ် မေးမြန်းထားသည့်အချက်အလက်များ အရသိရ သည်။
မကွေးတိုင်းအတွင်းရှိ စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အပါအဝင် မြို့နယ်ပေါင်း (၆) မြို့နယ်ရှိ တပ်မတော် စခန်းများကို NUG လက်အောက်ခံ PDF အဖွဲ့များက ဒီဇင်ဘာလ(၂၃)ရက်က စတင်တိုက်ခိုက်ခဲ့ပြီး လျှပ်စစ်မဟာ ဓာတ်အားလိုင်းမှ ဓာတ်တိုင်ပေါင်း(၁၀ဝ)ကျော်ကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း NUG က ဒီဇင်ဘာ(၂၈)ရက်တွင် ဝန်ခံချက် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အတွင်း ဓာတ်တိုင်ပေါင်း (၁၀ဝ)ကျော်သည် ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ (၂၁)၊ ကပစ (၂၂)နှင့် ပေါက်မြို့နယ်အတွင်းရှိ ကပစ (၂၄)တို့ကိုသွယ်တန်းထားသောဓာတ်တိုင်များဖြစ် သည့်အတွက် မိုင်းခွဲဖျက်ဆီးကြောင်း ဆိုထားသော် ငြား မြင်းမူ၊ ချောင်းဦး၊ ဆားလင်းကြီး၊ ပုလဲနှင့် မြိုင် မြို့နယ်တို့တွင် လက်ရှိအချိန်အထိ လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်း ဒေသခံတစ်ဦးကဆိုသည်။
“မြင်းမူနဲ့ချောင်းဦးကြားတို့ ဆားလင်းကြီး၊ ပုလဲ၊ မြိုင် အကုန်ပျက်။ အခုမီးမလာတော့ဘူး မနေ့ကတည်း ကစပြီးတော့။ ဟိုနေ့ကချိုးတာတော့ မီးမပျက်သေးဘူး။ နောက်နေ့ ချိုးတာတော့ဟုတ်တယ်။ ဟိုနေ့ကတော့ မဟာ ဓာတ်အားလိုင်းကြီးကိုချိုးလိုက်တာပေါ့။ အဲဒီတော့ အခု အကုန်မီးပြတ်နေတယ်။ မြိုင်၊ ပုလဲဘက်က ဒေသခံ တွေကတော့ မြို့တွေ လောက်တော့မဆိုးပါဘူး။ မီးမရှိဘဲနေသားကျနေတာ လည်းပါတာပေါ့။ ပြည်သူတွေက တော့ ကြောက်လို့ သာငြိမ်နေတာ သူတို့ကို အယုံအကြည်မရှိတော့ဘူး။ စစ်ရေးနဲ့မသက်ဆိုင်တာတွေကိုလုပ်နေတာ။ ဘာမှ အဓိပ္ပာယ်မရှိတာတွေလုပ်နေတာပါ}}ဟု ဒေသခံတစ် ဦးကပြောသည်။
ထို့ကြောင့် ဖျက်ဆီးခြင်းလုပ်ဆောင်ရာတွင် ပြည်သူလူထုနှင့်သက်ဆိုင်သောအဆောက်အအုံများ ကိုဖျက်ဆီး ခြင်းသည် စစ်ရေးနှင့်သက်ဆိုင်သည်ကို တိုက်ခိုက်ခြင်းဟု သုံးသပ်၍မရနိုင်ကြောင်း သေနင်္ဂ မဟာဗျူဟာလေ့လာ ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက် တာ ဦးသိန်းထွန်းဦးကဆိုသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဖျက်ဆီးရေးလုပ်တယ် ဆိုတာက ပြည်သူလူထုနဲ့သက်ဆိုင်တဲ့အဆောက်အ အုံတွေကို ဖျက်ဆီးတာက စစ်ရေးနဲ့သက်ဆိုင်တာ တိုက်ခိုက်မှုလို့ ဘယ်လိုမှသုံးသပ်လို့မရဘူး။ တစ်ခါ တစ်ရံမှာ စစ်ရေးသုံးစွဲတာနဲ့ အရပ်ဘက်သုံးစွဲမှုဟာ နည်းနည်းလေးနီးစပ်တာမျိုးရှိနိုင်တယ်။ ဒီလိုအချိန်မျိုးမှာလုပ်တဲ့ကိစ္စဟာ တစ်ဖက်က ခေါင်းစဉ် ပြလို့ ကောင်းတာပေါ့။ တကယ့်တကယ်ထိခိုက်တာတော့ ပြည်သူလူထု။ ထိခိုက်တယ်ဆိုရင်တော့ အရပ်ဘက် ကို ပိုပြီးတော့ထိခိုက်စေတယ်လို့ သုံးသပ်လို့ရတယ်”ဟု ဦးသိန်းထွန်းဦးကပြောသည်။
အလားတူ ယင်းဒေသများတွင် NUG လက်အောက်ခံ ပကဖများကြီးစိုးရာဒေသများဖြစ် သဖြင့် ပြီးခဲ့သည့်ကာလ များက အစိုးရလျှပ်စစ်ကိုပင် ၎င်းတို့က တစ်အိမ်ထောင် ကျပ်(၃)သိန်းအထိ ငွေကြေးကောက်ခံခဲ့ကြောင်းသိရသည်။
“အခုက အစိုးရမီတာလာမကောက်ဘူး။ အခုက မီတာတပ်ချင်ရင် တစ်အိမ်ကို(၃)သိန်း။ မီတာခက တစ်လ ကျပ်(၁၀ဝဝဝ)ကောက်တယ်။ အခုက ကျောင်းသားရှိတဲ့အိမ်တွေက တစ်လ ကျပ် (၃၀ဝဝဝ)နဲ့ ကျောင်းသားမရှိတဲ့အိမ်က ကျပ်(၂၀ဝဝဝ)ပေးရ တယ်။ နောက်ပြီး တော်လှန်ရေးရန်ပုံငွေဆိုပြီး PDF လုပ်တဲ့လူတွေကိုပေးရတာက (၂)လ (၃)လ တစ်ခါ ပေးရတယ်။ တစ်အိမ်ကို (၃)သိန်း (၂) သိန်းဆိုပြီး ပေးရတယ်”ဟု ဒေသခံကပြောသည်။ ထို့ကြောင့် ယခင်တော်လှန်ရေးဟုခေါင်းစဉ်တပ်ထားရာမှ လက်ရှိတွင် ယင်းလမ်းစဉ်မှ သွေဖည်ကာ ကိုယ်ကျိုးစီးပွား သီးသန့်ဖြစ် သွားသည့်အတွက် အဆိုပါအဖွဲ့များသည် ဓားပြအကြီးစားများသာဖြစ်လာကြောင်း ဦးသိန်းထွန်း ဦးကဆိုသည်။
“ဒါကတော့ ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် သီးသန့်လုပ်တဲ့အခါ ကြာရင် နောက်ဆုံးကျတော့ ဓားပြအကြီး စားလို့ပဲ အားနာပါးနာနဲ့ပြောရမှာပဲ။ ဒီ Level တွေရောက်သွားပြီ။ ပြောရရင်တော့ သူတို့စတည်ခဲ့တဲ့ လမ်းကြောင်းကနေ အများကြီးသွေဖည်သွားပြီ။ ဘာလို့လုပ်လဲဆိုရင် စောစောက တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့သွေဖည်သွားပြီဖြစ်တဲ့ အတွက် တော်လှန်ရေးနဲ့မသက်ဆိုင်တဲ့တော်လှန်ရေးလို့ ပြောလို့မရနိုင် တဲ့လမ်းကြောင်းတွေအကုန်လုံး သူတို့လုပ်နေ တာ။ ကိုယ်ကျိုးစီးပွားပေါ့”ဟု ဦးသိန်းထွန်းဦးကပြောသည်။

Zawgyi Version;
NUG လွ်ပ္စစ္တာဝါတိုင္ႏွင့္ ဓာတ္တိုင္ (၁၀ဝ) ေက်ာ္ ဖ်က္ဆီးခဲ့ေၾကာင္း ဝန္ခံခဲ့ၿပီး အညာရွိ ၿမိဳ႕နယ္(၅)ၿမိဳ႕နယ္တြင္ လွ်ပ္စစ္မီးျပတ္ေန
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၄

NUG က လွ်ပ္စစ္တာဝါတိုင္ႏွင့္ ဓာတ္တိုင္(၁၀ဝ)ေက်ာ္ဖ်က္ဆီးခဲ့ေၾကာင္း ဂုဏ္ယူစြာဝန္ခံ ခ်ိန္အညာရွိ ၿမိဳ႕နယ္ (၅)ၿမိဳ႕နယ္တြင္ လွ်ပ္စစ္မီးျပတ္ ေနေၾကာင္း NP News က ဆက္သြယ္ ေမးျမန္းထားသည့္အခ်က္အလက္မ်ား အရသိရ သည္။
မေကြးတိုင္းအတြင္းရွိ စလင္းၿမိဳ႕နယ္ႏွင့္ ပြင့္ျဖဴၿမိဳ႕နယ္အပါအဝင္ ၿမိဳ႕နယ္ေပါင္း (၆) ၿမိဳ႕နယ္ရွိ တပ္မေတာ္ စခန္းမ်ားကို NUG လက္ေအာက္ခံ PDF အဖြဲ႕မ်ားက ဒီဇင္ဘာလ(၂၃)ရက္က စတင္တိုက္ခိုက္ခဲ့ၿပီး လွ်ပ္စစ္မဟာ ဓာတ္အားလိုင္းမွ ဓာတ္တိုင္ေပါင္း(၁၀ဝ)ေက်ာ္ကိုလည္း မိုင္းခြဲဖ်က္ဆီးခဲ့ေၾကာင္း NUG က ဒီဇင္ဘာ(၂၈)ရက္တြင္ ဝန္ခံခ်က္ ထုတ္ျပန္ထားသည္။
ထုတ္ျပန္ခ်က္အတြင္း ဓာတ္တိုင္ေပါင္း (၁၀ဝ)ေက်ာ္သည္ ဆိပ္ျဖဴၿမိဳ႕နယ္အတြင္းရွိ ကပစ (၂၁)၊ ကပစ (၂၂)ႏွင့္ ေပါက္ၿမိဳ႕နယ္အတြင္းရွိ ကပစ (၂၄)တို႔ကိုသြယ္တန္းထားေသာဓာတ္တိုင္မ်ားျဖစ္ သည့္အတြက္ မိုင္းခြဲဖ်က္ဆီးေၾကာင္း ဆိုထားေသာ္ ျငား ျမင္းမူ၊ ေခ်ာင္းဦး၊ ဆားလင္းႀကီး၊ ပုလဲႏွင့္ ၿမိဳင္ ၿမိဳ႕နယ္တို႔တြင္ လက္ရွိအခ်ိန္အထိ လွ်ပ္စစ္မီးမ်ား ျပတ္ေတာက္ေနေၾကာင္း ေဒသခံတစ္ဦးကဆိုသည္။
“ျမင္းမူနဲ႔ေခ်ာင္းဦးၾကားတို႔ ဆားလင္းႀကီး၊ ပုလဲ၊ ၿမိဳင္ အကုန္ပ်က္။ အခုမီးမလာေတာ့ဘူး မေန႔ကတည္း ကစၿပီးေတာ့။ ဟိုေန႔ကခ်ိဳးတာေတာ့ မီးမပ်က္ေသးဘူး။ ေနာက္ေန႔ ခ်ိဳးတာေတာ့ဟုတ္တယ္။ ဟိုေန႔ကေတာ့ မဟာ ဓာတ္အားလိုင္းႀကီးကိုခ်ိဳးလိုက္တာေပါ့။ အဲဒီေတာ့ အခု အကုန္မီးျပတ္ေနတယ္။ ၿမိဳင္၊ ပုလဲဘက္က ေဒသခံ ေတြကေတာ့ ၿမိဳ႕ေတြ ေလာက္ေတာ့မဆိုးပါဘူး။ မီးမရွိဘဲေနသားက်ေနတာ လည္းပါတာေပါ့။ ျပည္သူေတြက ေတာ့ ေၾကာက္လို႔ သာၿငိမ္ေနတာ သူတို႔ကို အယုံအၾကည္မရွိေတာ့ဘူး။ စစ္ေရးနဲ႔မသက္ဆိုင္တာေတြကိုလုပ္ေနတာ။ ဘာမွ အဓိပၸာယ္မရွိတာေတြလုပ္ေနတာပါ}}ဟု ေဒသခံတစ္ ဦးကေျပာသည္။
ထို႔ေၾကာင့္ ဖ်က္ဆီးျခင္းလုပ္ေဆာင္ရာတြင္ ျပည္သူလူထုႏွင့္သက္ဆိုင္ေသာအေဆာက္အအုံမ်ား ကိုဖ်က္ဆီး ျခင္းသည္ စစ္ေရးႏွင့္သက္ဆိုင္သည္ကို တိုက္ခိုက္ျခင္းဟု သုံးသပ္၍မရႏိုင္ေၾကာင္း ေသနဂၤ မဟာဗ်ဴဟာေလ့လာ ေရးအဖြဲ႕မွ အမႈေဆာင္ဒါ႐ိုက္ တာ ဦးသိန္းထြန္းဦးကဆိုသည္။
“ဘယ္လိုပဲျဖစ္ျဖစ္ ဖ်က္ဆီးေရးလုပ္တယ္ ဆိုတာက ျပည္သူလူထုနဲ႔သက္ဆိုင္တဲ့အေဆာက္အ အုံေတြကို ဖ်က္ဆီးတာက စစ္ေရးနဲ႔သက္ဆိုင္တာ တိုက္ခိုက္မႈလို႔ ဘယ္လိုမွသုံးသပ္လို႔မရဘူး။ တစ္ခါ တစ္ရံမွာ စစ္ေရးသုံးစြဲတာနဲ႔ အရပ္ဘက္သုံးစြဲမႈဟာ နည္းနည္းေလးနီးစပ္တာမ်ိဳးရွိႏိုင္တယ္။ ဒီလိုအခ်ိန္မ်ိဳးမွာလုပ္တဲ့ကိစၥဟာ တစ္ဖက္က ေခါင္းစဥ္ ျပလို႔ ေကာင္းတာေပါ့။ တကယ့္တကယ္ထိခိုက္တာေတာ့ ျပည္သူလူထု။ ထိခိုက္တယ္ဆိုရင္ေတာ့ အရပ္ဘက္ ကို ပိုၿပီးေတာ့ထိခိုက္ေစတယ္လို႔ သုံးသပ္လို႔ရတယ္”ဟု ဦးသိန္းထြန္းဦးကေျပာသည္။
အလားတူ ယင္းေဒသမ်ားတြင္ NUG လက္ေအာက္ခံ ပကဖမ်ားႀကီးစိုးရာေဒသမ်ားျဖစ္ သျဖင့္ ၿပီးခဲ့သည့္ကာလ မ်ားက အစိုးရလွ်ပ္စစ္ကိုပင္ ၎တို႔က တစ္အိမ္ေထာင္ က်ပ္(၃)သိန္းအထိ ေငြေၾကးေကာက္ခံခဲ့ေၾကာင္းသိရသည္။
“အခုက အစိုးရမီတာလာမေကာက္ဘူး။ အခုက မီတာတပ္ခ်င္ရင္ တစ္အိမ္ကို(၃)သိန္း။ မီတာခက တစ္လ က်ပ္(၁၀ဝဝဝ)ေကာက္တယ္။ အခုက ေက်ာင္းသားရွိတဲ့အိမ္ေတြက တစ္လ က်ပ္ (၃၀ဝဝဝ)နဲ႔ ေက်ာင္းသားမရွိတဲ့အိမ္က က်ပ္(၂၀ဝဝဝ)ေပးရ တယ္။ ေနာက္ၿပီး ေတာ္လွန္ေရးရန္ပုံေငြဆိုၿပီး PDF လုပ္တဲ့လူေတြကိုေပးရတာက (၂)လ (၃)လ တစ္ခါ ေပးရတယ္။ တစ္အိမ္ကို (၃)သိန္း (၂) သိန္းဆိုၿပီး ေပးရတယ္”ဟု ေဒသခံကေျပာသည္။ ထို႔ေၾကာင့္ ယခင္ေတာ္လွန္ေရးဟုေခါင္းစဥ္တပ္ထားရာမွ လက္ရွိတြင္ ယင္းလမ္းစဥ္မွ ေသြဖည္ကာ ကိုယ္က်ိဳးစီးပြား သီးသန႔္ျဖစ္ သြားသည့္အတြက္ အဆိုပါအဖြဲ႕မ်ားသည္ ဓားျပအႀကီးစားမ်ားသာျဖစ္လာေၾကာင္း ဦးသိန္းထြန္း ဦးကဆိုသည္။
“ဒါကေတာ့ ကိုယ့္ကိုယ္က်ိဳးစီးပြားအတြက္ သီးသန႔္လုပ္တဲ့အခါ ၾကာရင္ ေနာက္ဆုံးက်ေတာ့ ဓားျပအႀကီး စားလို႔ပဲ အားနာပါးနာနဲ႔ေျပာရမွာပဲ။ ဒီ Level ေတြေရာက္သြားၿပီ။ ေျပာရရင္ေတာ့ သူတို႔စတည္ခဲ့တဲ့ လမ္းေၾကာင္းကေန အမ်ားႀကီးေသြဖည္သြားၿပီ။ ဘာလို႔လုပ္လဲဆိုရင္ ေစာေစာက ေတာ္လွန္ေရးဆိုတဲ့ ေခါင္းစဥ္နဲ႔ေသြဖည္သြားၿပီျဖစ္တဲ့ အတြက္ ေတာ္လွန္ေရးနဲ႔မသက္ဆိုင္တဲ့ေတာ္လွန္ေရးလို႔ ေျပာလို႔မရႏိုင္ တဲ့လမ္းေၾကာင္းေတြအကုန္လုံး သူတို႔လုပ္ေန တာ။ ကိုယ္က်ိဳးစီးပြားေပါ့”ဟု ဦးသိန္းထြန္းဦးကေျပာသည္။

Related news

© 2021. All rights reserved.