အမေရိကန်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး ကြက်တောင်ပံစား ပြိုင်ပွဲကို ကျင်းပ

1799

Pika (NP News) - ဇန်နဝါရီ ၄
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘက်ဖလိုမြို့တွင် လူပေါင်း(၄၉၉)ဦးက ကြက်တောင်ပံစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် ဂင်းနစ်စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။
Buffalo Convention Center တွင် ကျင်းပခဲ့သော Revelas Family Foundation ၏ နှစ်ပတ်လည် A Not So Silent Night ပွဲတွင် ကမ္ဘာ့အကြီးဆုံး ကြက်တောင်ပံစားပြိုင်ပွဲအတွက် ဂင်းနစ်စံချိန်ချိုး ဖျက်ရန် ကြိုးပမ်းမှုတစ်ခုပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ(၄၉၉)ဦးရှိခဲ့ပြီး (၂၀၁၈)ခုနှစ်တွင် Amazon Web Services က စံချိန်တင်ခဲ့သော ယခင်စံချိန်ဟောင်း ဖြစ်သည့် လူပေါင်း(၃၉၇)ဦးက ကြက်တောင်ပံစား ပြိုင်ခဲ့သည့်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက လာရောက်စစ်ဆေး ကြည့်ရှုခဲ့ပြီးနောက် ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ကြောင်း တရားဝင်အတည် ပြုပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယင်းကြိုး ပမ်းမှုကို Horizon Health Services ၏ ဆယ်ကျော်သက် စိတ်ကျန်းမာရေးအစီအစဉ်အတွက် ရန်ပုံငွေရှာဖွေမှု တစ်ခု အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ Horizon Health Services အကြီးအကဲ နစ်က ‘စိတ်ကျန်းမာ ရေးနဲ့ပတ်သက်တဲ့ အမည်းစက်ကြီးကို ဖျောက်ဖျက်ပစ်နိုင်ဖို့က ပညာရေးနဲ့လူ့ အသိုင်းအဝိုင်း ပါဝင်ဆောင်ရွက်မှု တွေကနေ စတင်ဆောင်ရွက်ရတာပါ။ ဒီကြက်တောင်ပံစားပြိုင်ပွဲက ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီး ရန်ပုံငွေတွေလည်း ရှာဖွေခဲ့နိုင် လို့ တကယ်ကိုဝမ်းသာမိပါတယ်’ ဟုပြောခဲ့သည်။

Zawgyi Version:
အေမရိကန္ႏိုင္ငံတြင္ ကမာၻ႔အႀကီးဆုံး ၾကက္ေတာင္ပံစား ၿပိဳင္ပြဲကို က်င္းပ
Pika (NP News) - ဇန္နဝါရီ ၄
အေမရိကန္ႏိုင္ငံ နယူးေယာက္ျပည္နယ္ ဘက္ဖလိုၿမိဳ႕တြင္ လူေပါင္း(၄၉၉)ဦးက ၾကက္ေတာင္ပံစားၿပိဳင္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီးေနာက္ ဂင္းနစ္စံခ်ိန္တစ္ခုကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။
Buffalo Convention Center တြင္ က်င္းပခဲ့ေသာ Revelas Family Foundation ၏ ႏွစ္ပတ္လည္ A Not So Silent Night ပြဲတြင္ ကမာၻ႔အႀကီးဆုံး ၾကက္ေတာင္ပံစားၿပိဳင္ပြဲအတြက္ ဂင္းနစ္စံခ်ိန္ခ်ိဳး ဖ်က္ရန္ ႀကိဳးပမ္းမႈတစ္ခုပါဝင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါၿပိဳင္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္သူ(၄၉၉)ဦးရွိခဲ့ၿပီး (၂၀၁၈)ခုႏွစ္တြင္ Amazon Web Services က စံခ်ိန္တင္ခဲ့ေသာ ယခင္စံခ်ိန္ေဟာင္း ျဖစ္သည့္ လူေပါင္း(၃၉၇)ဦးက ၾကက္ေတာင္ပံစား ၿပိဳင္ခဲ့သည့္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။ ယင္းၿပိဳင္ပြဲကို ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕မွ တာဝန္ရွိ သူတစ္ဦးက လာေရာက္စစ္ေဆး ၾကည့္ရႈခဲ့ၿပီးေနာက္ ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ေၾကာင္း တရားဝင္အတည္ ျပဳေပးခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ ယင္းႀကိဳး ပမ္းမႈကို Horizon Health Services ၏ ဆယ္ေက်ာ္သက္ စိတ္က်န္းမာေရးအစီအစဥ္အတြက္ ရန္ပုံေငြရွာေဖြမႈ တစ္ခု အျဖစ္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ Horizon Health Services အႀကီးအကဲ နစ္က ‘စိတ္က်န္းမာ ေရးနဲ႔ပတ္သက္တဲ့ အမည္းစက္ႀကီးကို ေဖ်ာက္ဖ်က္ပစ္ႏိုင္ဖို႔က ပညာေရးနဲ႔လူ႔ အသိုင္းအဝိုင္း ပါဝင္ေဆာင္႐ြက္မႈ ေတြကေန စတင္ေဆာင္႐ြက္ရတာပါ။ ဒီၾကက္ေတာင္ပံစားၿပိဳင္ပြဲက ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီး ရန္ပုံေငြေတြလည္း ရွာေဖြခဲ့ႏိုင္ လို႔ တကယ္ကိုဝမ္းသာမိပါတယ္’ ဟုေျပာခဲ့သည္။