ကာကွယ်ရေးဝန်ကြီးရာထူးကို အစားထိုးဖို့ ရည်ရွယ်ထားတယ်လို့ ယူကရိန်းသမ္မတပြော

 354

Pika(NP News)ဇန်နဝါရီ ၄
ယူကရိန်းကာကွယ်ရေးဝန်ကြီးနေရာကို အစားထိုးဖို့ ရည်ရွယ်ထားတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ကာကွယ်ရေးဝန်ကြီးနေရာကို အစားထိုးဝင်ရောက်ဖို့အတွက် အသက်(၃၄)နှစ်အရွယ် လက်ရှိဒစ်ဂျစ်တယ်အသွင်ပြောင်းဝန်ကြီး Mikhailo Fedorov ကို ဇီလန်စကီးက ကမ်းလှမ်းမှုတွေလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ဇီလန်စကီးက”ယူကရိန်းကာကွယ်ရေးဝန်ကြီးနေရာကို ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါပြီ။ယူကရိန်းကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် တာဝန်ယူဖို့ Mikhailo Fedorovကို ကျွန်တော်ကမ်းလှမ်းခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။(၂၀၁၉)ခုနှစ်တည်းကစတင်ပြီး ဒစ်ဂျစ်တယ်အသွင်ပြောင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Mikhailo Fedorovဟာ ယူကရိန်းပြည်သူတွေသိပ်မသိကြတဲ့ နိုင်ငံရေးအတွေ့အကြုံမရှိသူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ဇီလန်စကီးက” Mikhailo Fedorovဟာ ဒရုန်းတွေနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေမှာ နက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သက်နေပြီး နိုင်ငံတော်ဝန်ဆောင်မှုတွေနဲ့လုပ်ငန်းတွေကို ဒစ်ဂျစ်တယ်အသွင်ပြောင်းရာမှာ ထိထိရောက်ရောက်လုပ်နိုင်စွမ်းရှိတဲ့ လူတစ်ဦးဖြစ်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ကာကြယ္ေရးဝန္ႀကီးရာထူးကို အစားထိုးဖို႔ ရည္႐ြယ္ထားတယ္လို႔ ယူကရိန္းသမၼတေျပာ
Pika(NP News)ဇန္နဝါရီ ၄
ယူကရိန္းကာကြယ္ေရးဝန္ႀကီးေနရာကို အစားထိုးဖို႔ ရည္႐ြယ္ထားတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ကာကြယ္ေရးဝန္ႀကီးေနရာကို အစားထိုးဝင္ေရာက္ဖို႔အတြက္ အသက္(၃၄)ႏွစ္အ႐ြယ္ လက္ရွိဒစ္ဂ်စ္တယ္အသြင္ေျပာင္းဝန္ႀကီး Mikhailo Fedorov ကို ဇီလန္စကီးက ကမ္းလွမ္းမႈေတြလုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ဇီလန္စကီးက”ယူကရိန္းကာကြယ္ေရးဝန္ႀကီးေနရာကို ေျပာင္းလဲမႈေတြလုပ္ေဆာင္ဖို႔ ကြၽန္ေတာ္ဆုံးျဖတ္လိုက္ပါၿပီ။ယူကရိန္းကာကြယ္ေရးဝန္ႀကီးအသစ္အျဖစ္ တာဝန္ယူဖို႔ Mikhailo Fedorovကို ကြၽန္ေတာ္ကမ္းလွမ္းခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။(၂၀၁၉)ခုႏွစ္တည္းကစတင္ၿပီး ဒစ္ဂ်စ္တယ္အသြင္ေျပာင္းဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ Mikhailo Fedorovဟာ ယူကရိန္းျပည္သူေတြသိပ္မသိၾကတဲ့ ႏိုင္ငံေရးအေတြ႕အႀကဳံမရွိသူတစ္ဦးျဖစ္တယ္လို႔လည္း သိရပါတယ္။ဇီလန္စကီးက” Mikhailo Fedorovဟာ ဒ႐ုန္းေတြနဲ႔ သက္ဆိုင္တဲ့ကိစၥရပ္ေတြမွာ နက္နက္ရႈိင္းရႈိင္းပါဝင္ပတ္သက္ေနၿပီး ႏိုင္ငံေတာ္ဝန္ေဆာင္မႈေတြနဲ႔လုပ္ငန္းေတြကို ဒစ္ဂ်စ္တယ္အသြင္ေျပာင္းရာမွာ ထိထိေရာက္ေရာက္လုပ္ႏိုင္စြမ္းရွိတဲ့ လူတစ္ဦးျဖစ္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.