ဈေးကွက်စောင့်ကြည့်ရေးလုပ်ငန်းများဆောင်ရွက်ရန် စစ်ဆေးရေးအရာရှိ (၅၆၀) ကျော် ခန့်အပ် ထား

636

Pearl (NP News) -ဇန်နဝါရီ ၈
ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စစ်ဆေးရေးအ ရာရှိ (၅၆၀) ကျော်ကို ခန့်အပ်ထားကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြီးခဲ့သည့် ဇန်နဝါရီလ (၆) ရက်နေ့တွင် ကျင်းပခဲ့သော မြန်မာ နိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအား သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော စားသုံးသူကာကွယ်ရေး အသင်းအဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍမှ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့ပြင် စားသုံးသူကာကွယ်ရေးသည် ပြည်သူအားလုံးနှင့် သက်ဆိုင်ပြီး စားသုံး သူအခွင့် အရေးများကို အကာအကွယ်ပေးရာတွင် အခြားဆက်စပ်သော ဥပဒေများနှင့်ပါ အကာ အကွယ်ပေးနိုင်ရန် လိုအပ်သဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းလည်း ပြောသည်။
စားသုံးသူ ကာကွယ်ရေးနှင့်စပ်လျဉ်းပြီး ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အွန်လိုင်းရောင်းချခြင်းဆိုင်ရာ ညွှန်ကြားချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကျင့်ဝတ်များကိုလည်း ပြည်သူအများ သိရှိနိုင်ရန် အသိပညာပေး အစီအစဉ်များကိုလည်း ဆောင်ရွက် နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်များက တင်ပြလာသည့် ၎င်းတို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ကုန်စည်များ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနက စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ကုန်စည်စုစုပေါင်း ၂၀,၁၅၅ မျိုးကို စိစစ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ စားသုံးသူတိုင်ကြားမှုစုစုပေါင်း ၂၈၅ မှုအနက် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တိုင်ကြားမှု အများဆုံးဖြစ်ပြီး တိုင်ကြားမှုအများဆုံးမှာ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် အီလက်ထရောနစ် ကူးသန်းရောင်း ဝယ် ရေး ဝန်ဆောင်မှုများဖြစ်ကြောင်းလည်း သိရသည်။
တိုင်ကြားမှုများ များပြားရခြင်းအပေါ် စိစစ်သုံးသပ်ပြီး အသိပညာပေးမှုနှင့် လိုအပ်သော အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်သွားကြရန် လိုအပ်ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးလုပ် ငန်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စစ်ဆေးရေးအရာရှိ ၅၆၆ ဦးကို ခန့်အပ်ထားပြီးဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး က ပြောသည်။

Zawgyi Version:
ေဈးကြက္ေစာင့္ၾကည့္ စစ္ေဆးေရးလုပ္ငန္းေဆာင္႐ြက္ႏိုင္ရန္ ျပည္ေထာင္စုနယ္ေျမ၊ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားတြင္ စားသုံးသူကာကြယ္ေရးဥပေဒႏွင့္အညီ စစ္ေဆးေရးအ ရာရွိ (၅၆၀) ေက်ာ္ကို ခန႔္အပ္ထားေၾကာင္း ျမန္မာႏိုင္ငံစားသုံးသူကာကြယ္ေရးေကာ္မရွင္ဥကၠ႒၊ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးခ်စ္ေဆြက ေျပာသည္။
ျပည္ေထာင္စု ဝန္ႀကီး ဦးခ်စ္ေဆြက ၿပီးခဲ့သည့္ ဇန္နဝါရီလ (၆) ရက္ေန႔တြင္ က်င္းပခဲ့ေသာ ျမန္မာ ႏိုင္ငံ စားသုံးသူ ကာကြယ္ေရးေကာ္မရွင္လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ ျခင္းျဖစ္သည္။
အဆိုပါ အစည္းအေဝးတြင္ စားသုံးသူကာကြယ္ေရး လုပ္ငန္းမ်ားအား သက္ဆိုင္ရာအစိုးရ အဖြဲ႕အစည္းမ်ား၊ အစိုးရမဟုတ္ေသာ စားသုံးသူကာကြယ္ေရး အသင္းအဖြဲ႕မ်ား၊ ပုဂၢလိကက႑မွ အဖြဲ႕အစည္းမ်ား၊ လုပ္ငန္းရွင္မ်ားႏွင့္ ပူးေပါင္းၿပီး ထိန္းေက်ာင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ေထာင္စု ဝန္ႀကီး က ေျပာသည္။
ထို႔ျပင္ စားသုံးသူကာကြယ္ေရးသည္ ျပည္သူအားလုံးႏွင့္ သက္ဆိုင္ၿပီး စားသုံး သူအခြင့္ အေရးမ်ားကို အကာအကြယ္ေပးရာတြင္ အျခားဆက္စပ္ေသာ ဥပေဒမ်ားႏွင့္ပါ အကာ အကြယ္ေပးႏိုင္ရန္ လိုအပ္သျဖင့္ ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ၾကရန္ လိုအပ္ေၾကာင္းလည္း ေျပာသည္။
စားသုံးသူ ကာကြယ္ေရးႏွင့္စပ္လ်ဥ္းၿပီး ထုတ္ျပန္ထားေသာ ၫႊန္ၾကားခ်က္မ်ား၊ အြန္လိုင္းေရာင္းခ်ျခင္းဆိုင္ရာ ၫႊန္ၾကားခ်က္မ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား လိုက္နာရမည့္ က်င့္ဝတ္မ်ားကိုလည္း ျပည္သူအမ်ား သိရွိႏိုင္ရန္ အသိပညာေပး အစီအစဥ္မ်ားကိုလည္း ေဆာင္႐ြက္ ေနေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ျပင္ စီးပြားေရးလုပ္ငန္းရွင္မ်ားက တင္ျပလာသည့္ ၎တို႔ ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်ေနေသာ ကုန္စည္မ်ား၌ ျမန္မာဘာသာျဖင့္ ကုန္အၫႊန္းအမွတ္အသားေဖာ္ျပရာတြင္ ၫႊန္ၾကားခ်က္ႏွင့္ ကိုက္ညီမႈ ရွိ/မရွိ စားသုံးသူေရးရာဦးစီးဌာနက စိစစ္ေဆာင္႐ြက္ေပးလ်က္ရွိရာ ၂၀၁၉ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္အထိ ကုန္စည္စုစုေပါင္း ၂၀,၁၅၅ မ်ိဳးကို စိစစ္ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။
၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလမွ ဒီဇင္ဘာလအထိ စားသုံးသူတိုင္ၾကားမႈစုစုေပါင္း ၂၈၅ မႈအနက္ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ မႏၲေလးတိုင္းေဒသႀကီးတို႔တြင္ တိုင္ၾကားမႈ အမ်ားဆုံးျဖစ္ၿပီး တိုင္ၾကားမႈအမ်ားဆုံးမွာ ဆက္သြယ္ေရးဝန္ေဆာင္မႈႏွင့္ အီလက္ထေရာနစ္ ကူးသန္းေရာင္း ဝယ္ ေရး ဝန္ေဆာင္မႈမ်ားျဖစ္ေၾကာင္းလည္း သိရသည္။
တိုင္ၾကားမႈမ်ား မ်ားျပားရျခင္းအေပၚ စိစစ္သုံးသပ္ၿပီး အသိပညာေပးမႈႏွင့္ လိုအပ္ေသာ အေရးယူေဆာင္႐ြက္မႈမ်ားကို လုပ္ေဆာင္သြားၾကရန္ လိုအပ္ၿပီး ေဈးကြက္ေစာင့္ၾကည့္ စစ္ေဆးေရးလုပ္ ငန္းေဆာင္႐ြက္ႏိုင္ရန္ ျပည္ေထာင္စုနယ္ေျမ၊ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားတြင္ စားသုံးသူကာကြယ္ေရးဥပေဒႏွင့္အညီ စစ္ေဆးေရးအရာရွိ ၅၆၆ ဦးကို ခန႔္အပ္ထားၿပီးျဖစ္ေၾကာင္း ျပည္ေထာင္စု ဝန္ႀကီး က ေျပာသည္။