လာမည့်ပညာသင်နှစ်တွင် အလယ်တန်းကျောင်းအဆင့်၌ စိုက်၊မွေးဆိုင်ရာအခြေခံပညာများ ထည့်သွင်းသင်ကြားနိုင်ရန်ဆောင်ရွက်နေ

2394

သန့်ဇင် (NP News) - ဇန်နဝါရီ ၉
လာမည့်ပညာသင်နှစ်တွင် အလယ်တန်းကျောင်းအဆင့်၌ စိုက်၊မွေးဆိုင်ရာအခြေခံပညာများ ထည့်သွင်းသင်ကြား နိုင်ရန် ဆောင်ရွက်နေကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့(ဇန်နဝါရီ ၈ ရက်) နနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့ရှိ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ နှင့် ရပ်မိရပ်ဖများနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသတွင်း ပညာတတ်အရင်းအမြစ်များ လိုအပ် သဖြင့် နိုင်ငံတော်အနေဖြင့် ပညာရည်မြင့်မားရေး အားပေးဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့် မိမိတို့ဒေသအလိုက် ပညာရည်မြင့်မားရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် ပညာ သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလုံး အနည်းဆုံးအဆင့် အခြေခံပညာအဆင့် KG+9 အထိ သင်ကြားအောင်မြင်နိုင်စေရေးနှင့် တန်းစဉ်ကူးပြောင်းမှုများမြင့်မားစေရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ပြင် အတန်းပညာမြင့်မားမှသာ အဆင့်မြင့်ပညာများကို သင်ယူနိုင်မည်ဖြစ်ပြီး အသိပညာ၊ အတတ်ပညာမြင့်မား လာမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ပညာတတ်များပေါများ ကြွယ်ဝမှသာ ဒေသတွင်းလူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ပန်းတောင်းမြို့သည် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် အခြေခံကောင်းများရှိပြီးဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ကြောင့် ပန်းတောင်းမြို့နယ်အတွင်း ပညာတတ် လူသားအရင်းအမြစ်များ ပိုမိုတိုးတက်လာပြီးဒေသဖွံ့ဖြိုးအောင် ကြိုးပမ်းဆောင် ရွက်သွားကြစေလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
အလားတူ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံပညာအထက်တန်းကျောင်းများကို ခရိုင် အလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဖွင့်လှစ်ရန်ကျန်ရှိသည့် ခရိုင်များတွင်လည်း ထပ်မံဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် နိုင်ငံတစ်ခုဖြစ်သဖြင့် လာမည့်ပညာသင်နှစ်တွင် အခြေခံ ပညာအလယ်တန်းကျောင်းအဆင့်၌ စိုက်ပျိုးမွေးမြူရေးဆိုင်ရာအခြေခံပညာများကို ထည့်သွင်းသင်ကြားပေးနိုင် ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း သင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာမများအနေဖြင့် စာပေပညာရပ်များအပြင် ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းတကျဖြင့် နေထိုင်သွားလာပြောဆိုလုပ်ကိုင် တတ်စေရေး သင်ကြား လေ့ကျင့်ပေးကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
စည်းကမ်းလိုက်နာမှုရှိသည့် လူငယ်၊ လူရွယ်များကို မွေးထုတ်ပေးနိုင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကိုများစွာ အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဆိုသည်။
မူးယစ်ဆေးဝါးအသုံးပြုမှုများသည် လူငယ်များ၏ဘဝကို များစွာထိခိုက်စေသဖြင့် ပန်းတောင်းဒေသအတွင်း မူးယစ်ဆေးဝါးများသုံးစွဲမှု မရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ထိန်းသိမ်းဆောင်ရွက် သွားကြစေလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version:
လာမည့္ပညာသင္ႏွစ္တြင္ အလယ္တန္းေက်ာင္းအဆင့္၌ စိုက္၊ေမြးဆိုင္ရာအေျခခံပညာမ်ား ထည့္သြင္းသင္ၾကား ႏိုင္ရန္ေဆာင္႐ြက္ေန
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၉
လာမည့္ပညာသင္ႏွစ္တြင္ အလယ္တန္းေက်ာင္းအဆင့္၌ စိုက္၊ေမြးဆိုင္ရာအေျခခံပညာမ်ား ထည့္သြင္းသင္ၾကား ႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔(ဇန္နဝါရီ ၈ ရက္) နနက္ပိုင္းက ပဲခူးတိုင္းေဒသႀကီး၊ ပန္းေတာင္းၿမိဳ႕ရွိ ၿမိဳ႕နယ္အဆင့္ဌာန ဆိုင္ရာတာဝန္ရွိသူမ်ား ႏွင့္ ရပ္မိရပ္ဖမ်ားႏွင့္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ ေဒသတြင္း ပညာတတ္အရင္းအျမစ္မ်ား လိုအပ္ သျဖင့္ ႏိုင္ငံေတာ္အေနျဖင့္ ပညာရည္ျမင့္မားေရး အားေပးေဆာင္႐ြက္လ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔ေၾကာင့္ မိမိတို႔ေဒသအလိုက္ ပညာရည္ျမင့္မားေရး ဝိုင္းဝန္းေဆာင္႐ြက္ေပးၾကေစလိုေၾကာင္းႏွင့္ ပညာ သင္ၾကားလ်က္ရွိသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအားလုံး အနည္းဆုံးအဆင့္ အေျခခံပညာအဆင့္ KG+9 အထိ သင္ၾကားေအာင္ျမင္ႏိုင္ေစေရးႏွင့္ တန္းစဥ္ကူးေျပာင္းမႈမ်ားျမင့္မားေစေရး ေဆာင္႐ြက္ေပးၾကရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ အတန္းပညာျမင့္မားမွသာ အဆင့္ျမင့္ပညာမ်ားကို သင္ယူႏိုင္မည္ျဖစ္ၿပီး အသိပညာ၊ အတတ္ပညာျမင့္မား လာမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ပညာတတ္မ်ားေပါမ်ား ႂကြယ္ဝမွသာ ေဒသတြင္းလူမႈစီးပြားဘဝမ်ား ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ေၾကာင္းႏွင့္ ပန္းေတာင္းၿမိဳ႕သည္ စက္မႈလုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ရန္ အေျခခံေကာင္းမ်ားရွိၿပီးျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉး ႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ ပန္းေတာင္းၿမိဳ႕နယ္အတြင္း ပညာတတ္ လူသားအရင္းအျမစ္မ်ား ပိုမိုတိုးတက္လာၿပီးေဒသဖြံ႕ၿဖိဳးေအာင္ ႀကိဳးပမ္းေဆာင္ ႐ြက္သြားၾကေစလိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
အလားတူ ႏိုင္ငံေတာ္အေနျဖင့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ စက္မႈအေျခခံပညာအထက္တန္းေက်ာင္းမ်ားကို ခ႐ိုင္ အလိုက္ ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိၿပီး ဖြင့္လွစ္ရန္က်န္ရွိသည့္ ခ႐ိုင္မ်ားတြင္လည္း ထပ္မံဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
မိမိတို႔ႏိုင္ငံသည္ စိုက္ပ်ိဳးေမြးျမဴေရးကိုအေျခခံသည့္ ႏိုင္ငံတစ္ခုျဖစ္သျဖင့္ လာမည့္ပညာသင္ႏွစ္တြင္ အေျခခံ ပညာအလယ္တန္းေက်ာင္းအဆင့္၌ စိုက္ပ်ိဳးေမြးျမဴေရးဆိုင္ရာအေျခခံပညာမ်ားကို ထည့္သြင္းသင္ၾကားေပးႏိုင္ ေရး စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
“အမ်ိဳးသားစည္းကမ္းအစ စာသင္ေက်ာင္းက” ဆိုသည့္အတိုင္း သင္ၾကားေရးဆိုင္ရာ ဆရာ၊ ဆရာမမ်ားအေနျဖင့္ စာေပပညာရပ္မ်ားအျပင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား စည္းကမ္းတက်ျဖင့္ ေနထိုင္သြားလာေျပာဆိုလုပ္ကိုင္ တတ္ေစေရး သင္ၾကား ေလ့က်င့္ေပးၾကရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
စည္းကမ္းလိုက္နာမႈရွိသည့္ လူငယ္၊ လူ႐ြယ္မ်ားကို ေမြးထုတ္ေပးႏိုင္ျခင္းျဖင့္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ တည္ၿငိမ္ေအးခ်မ္းမႈကိုမ်ားစြာ အေထာက္အကူျပဳေစႏိုင္မည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ဆိုသည္။
မူးယစ္ေဆးဝါးအသုံးျပဳမႈမ်ားသည္ လူငယ္မ်ား၏ဘဝကို မ်ားစြာထိခိုက္ေစသျဖင့္ ပန္းေတာင္းေဒသအတြင္း မူးယစ္ေဆးဝါးမ်ားသုံးစြဲမႈ မရွိေစေရးအတြက္ တာဝန္ရွိသူမ်ားအေနျဖင့္ စနစ္တက် ၾကပ္မတ္ထိန္းသိမ္းေဆာင္႐ြက္ သြားၾကေစလိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။