ငွေစက္ကူများပေါ် နိုင်ငံတော်၏ ဂုဏ်သိက္ခာထိခိုက်စေမည့် စာသားများရေးသား သူကို ထိရောက်စွာ အရေးယူမည်

 4077

စိမ့် (NP News) - ဇန်နဝါရီ ၉

ငွေစက္ကူများပေါ် နိုင်ငံတော်၏ ဂုဏ်သိက္ခာထိခိုက်စေမည့် စာသားများရေးသားသူကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် က ယနေ့ (ဇန်နဝါရီ ၉ရက်) တွင် သတိပေးထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် စီမံဆောင်ရွက်နိုင်ပြီး ငွေစက္ကူနှင့် ဒင်္ဂါးများ ထုတ်ပိုင်ခွင့်ရှိကြောင်း၊ ဥပဒေနှင့်အညီ ထုတ်ဝေထားသည့်ငွေစက္ကူများကို ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ပုံသဏ္ဌာန်ပျက်ယွင်းအောင် ပြုလုပ်ခြင်းများကို မပြုလုပ်ရန် ပြဋ္ဌာန်းတားမြစ်ထားကြောင်း သိရသည်။

မည်သူမဆို ယင်းတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၃ အရ ငွေဒဏ်ဖြစ်စေ၊ (၂)နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ငွေစက္ကူပေါ်တွင် စာသားများရေးသားရေးခြစ်ဖော်ပြခြင်းတွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ တည်ငြိမ်ရေးကိုဖြစ်စေ ထိခိုက်စေသည့်ပြစ်မှုကို ကျူးလွန်လာစေရန် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် ကြံရွယ်ချက်ရှိလျှင် သို့မဟုတ် ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် သို့မဟုတ် ပြစ်မှုကျူးလွန်လှုံ့ဆော်ခြင်းဖြစ်စေတန်ရာသည့် ကြံရွယ်ချက်ရှိလျှင် ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ ပုဒ်မခွဲ (ဂ)နှင့် (ဃ)အရ (၂)နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

ထိုကြောင့် ပြည်သူများအနေဖြင့် ငွေစက္ကူ များကို ဟောင်းနွမ်း ပျက်စီးစေရန် ကိုင်တွယ်အသုံးပြုခြင်းကို ရှောင်ရှားပြီး စနစ်တကျ ကိုင်တွယ် သုံးစွဲရန်၊ ရေရှည်အသုံးပြုနိုင်ရေးအတွက် ရိုသေစွာကိုင်တွယ်အသုံးပြုကြရန် နှင့် ပြုလုပ်မိပါက တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များကို ချိုးဖောက်မှုပြစ်မှုမြောက်သဖြင့် အလေးထားကိုင်တွယ် သုံးစွဲကြရန် အသိပေးကြေညာထားကြောင်း သိရသည်။

Zawgyi Version:
ေငြစကၠဴမ်ားေပၚ ႏိုင္ငံေတာ္၏ ဂုဏ္သိကၡာထိခိုက္ေစမည့္ စာသားမ်ားေရးသား သူကို ထိေရာက္စြာ အေရးယူမည္
စိမ့္ (NP News) - ဇန္နဝါရီ ၉

ေငြစကၠဴမ်ားေပၚ ႏိုင္ငံေတာ္၏ ဂုဏ္သိကၡာထိခိုက္ေစမည့္ စာသားမ်ားေရးသားသူကို ထိေရာက္စြာ အေရးယူမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ က ယေန႔ (ဇန္နဝါရီ ၉ရက္) တြင္ သတိေပးထုတ္ျပန္ထားသည္။

ဗဟိုဘဏ္အေနျဖင့္ ျပည္တြင္းသုံးေငြကို တစ္ဦးတည္းထုတ္ေဝသူအျဖစ္ စီမံေဆာင္႐ြက္ႏိုင္ၿပီး ေငြစကၠဴႏွင့္ ဒဂၤါးမ်ား ထုတ္ပိုင္ခြင့္ရွိေၾကာင္း၊ ဥပေဒႏွင့္အညီ ထုတ္ေဝထားသည့္ေငြစကၠဴမ်ားကို ျဖတ္ေတာက္ျခင္း၊ ဆုတ္ၿဖဲျခင္း သို႔မဟုတ္ အျခားတစ္နည္းနည္းျဖင့္ ပုံသဏၭာန္ပ်က္ယြင္းေအာင္ ျပဳလုပ္ျခင္းမ်ားကို မျပဳလုပ္ရန္ ျပ႒ာန္းတားျမစ္ထားေၾကာင္း သိရသည္။

မည္သူမဆို ယင္းတားျမစ္ခ်က္တစ္ရပ္ရပ္ကို ေဖာက္ဖ်က္က်ဴးလြန္ပါက ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥပေဒ ပုဒ္မ ၁၀၃ အရ ေငြဒဏ္ျဖစ္ေစ၊ (၂)ႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ျခင္းခံရမည္ျဖစ္ေၾကာင္းသိရသည္။

ထို႔ျပင္ ေငြစကၠဴေပၚတြင္ စာသားမ်ားေရးသားေရးျခစ္ေဖာ္ျပျခင္းတြင္ ႏိုင္ငံေတာ္အစိုးရကိုျဖစ္ေစ၊ တည္ၿငိမ္ေရးကိုျဖစ္ေစ ထိခိုက္ေစသည့္ျပစ္မႈကို က်ဴးလြန္လာေစရန္ အမ်ားျပည္သူကိုေသာ္လည္းေကာင္း၊ အမ်ားျပည္သူ၏ သီးျခားလူစုကိုေသာ္လည္းေကာင္း ေၾကာက္ျခင္း၊ ထိတ္လန႔္ျခင္း တစ္ခုခုျဖစ္ေစရန္ ႀကံ႐ြယ္ခ်က္ရွိလွ်င္ သို႔မဟုတ္ ျဖစ္ေစတန္ရာသည့္အေၾကာင္းရွိလွ်င္ သို႔မဟုတ္ ျပစ္မႈက်ဴးလြန္လႈံ႕ေဆာ္ျခင္းျဖစ္ေစတန္ရာသည့္ ႀကံ႐ြယ္ခ်က္ရွိလွ်င္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅၊ ပုဒ္မခြဲ (ဂ)ႏွင့္ (ဃ)အရ (၂)ႏွစ္အထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္ေၾကာင္း သိရသည္။

ထိုေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ေငြစကၠဴ မ်ားကို ေဟာင္းႏြမ္း ပ်က္စီးေစရန္ ကိုင္တြယ္အသုံးျပဳျခင္းကို ေရွာင္ရွားၿပီး စနစ္တက် ကိုင္တြယ္ သုံးစြဲရန္၊ ေရရွည္အသုံးျပဳႏိုင္ေရးအတြက္ ႐ိုေသစြာကိုင္တြယ္အသုံးျပဳၾကရန္ ႏွင့္ ျပဳလုပ္မိပါက တည္ဆဲဥပေဒပါျပ႒ာန္းခ်က္မ်ားကို ခ်ိဳးေဖာက္မႈျပစ္မႈေျမာက္သျဖင့္ အေလးထားကိုင္တြယ္ သုံးစြဲၾကရန္ အသိေပးေၾကညာထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.