ယူကရိန်းပိုင်နက်များတွင် မဟာမိတ်တပ်ဖွဲ့များ ဖြန့်ကြတ်ချထားမည့်အစီအစဉ်ကို ပယ်ချပြီးနောက် ယူကရိန်းမြို့တော်ကို ရုရှားက ကြီးမားသောတိုက်ခိုက်မှုလုပ်ဆောင်

871

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၉
ရုရှားသည် ယူကရိန်းနှင့်ဖြစ်ပွားလျက်ရှိနေသည့် စစ်ပွဲအလွန် ငြိမ်းချမ်းရေးအစီအစဉ်များကို ငြင်းဆန်ပယ်ချခဲ့ပြီးနောက် မကြာမီ ယူကရိန်းနိုင်ငံ ကိဗ့်ယက်မြို့ကို ကြီးမားသောတိုက်ခိုက်မှုများ
ထပ်မံလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားလျက်ရှိနေသည့် စစ်ပွဲကိုအဆုံးသတ်ရန် ကြားဝင်စေ့စပ်ဆွေးနွေးပေးလျက်ရှိနေပြီး အပစ်ခတ်ရပ်စဲရေး ရယူနိုင်ရန် အလားလာကောင်းနေကြောင်း အစောပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။
သို့သော်လည်း ယူကရိန်းနိုင်ငံ နှင့် ဥရောပရှိမဟာမိတ်များသည် ယူကရိန်းနှင့်ရုရှားနိုင်ငံကြား အပစ်ခတ်ရပ်စဲရေး ရယူပြီးချိန်တွင် ယူကရိန်းနိုင်ငံသို့ဥရောပတပ်ဖွဲ့များ စေလွှတ်ဖြန့်ကြတ်ချထားရန် သဘောတူညီခဲ့ရာ ရုရှားဘက်က ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ရုရှားသည် ယူကရိန်းနိုင်ငံတွင် အနောက်အုပ်စုနိုင်ငံများ၏ တပ်ဖွဲ့ဝင်များ ဖြန့်ကြတ်ချထားမည့် အစီအစဉ်ကို ငြင်းဆန်ပယ်ချထားကြောင်း သိရသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက '' ယူကရိန်းနိုင်ငံကို သူရဲ့မဟာမိတ်နိုင်ငံတွေရဲ့တပ်ဖွဲ့ဝင်များ ဖြန့်ကြတ်ချထားမယ်ဆိုရင် တရားဝင် စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်မယ်'' ဟု ပြောသည်။
ယူကရိန်းသည် အမေရိကန်နိုင်ငံအပြင် ဥရောပတိုက်အတွင်းရှိ နိုင်ငံများနှင့်မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိနေရာ အဆိုပါ မဟာမိတ်နိုင်ငံများက ယူကရိန်းနိုင်ငံ၏ လုံခြုံရေးကို အာမခံပေးရန်သဘောတူညီထားကြောင်း သိရသည်။
ရုရှားသည် ယူကရိန်းနိုင်ငံကို ပိုမိုတိုက်ခိုက်မှုများ လုပ်ဆောင်လာဖွယ်ရှိနေကြောင်း သိရသည်။ ယူကရိန်းနိုင်ငံရှိ အမေရိကန်သံရုံးကလည်း လာမည့်ရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများထပ်မံဖြစ်လာဖွယ်ရှိနေသည်ဟု သတိပေးခဲ့ပြီးနောက် မကြာမီတွင် ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံမြို့တော်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရုရှား၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်းနိုင်ငံတွင် အိမ်ထောင်စုပေါင်းများစွာသည် လျှပ်စစ်မီးမရတော့ဘဲ ဆောင်းတွင်းကာလတွင် မီးအသုံးပြုရန် နှင့် ရေနွေးရရှိစေရန် အခက်အခဲဖြစ်ခဲ့ရကြောင်း သိရသည်။ ရုရှားနှင့်ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေသည့်စစ်ပွဲသည် (၄) နှစ်နီးပါးရှိလာခဲ့ပြီး လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Zawgyi Version:
ယူကရိန္းပိုင္နက္မ်ားတြင္ မဟာမိတ္တပ္ဖြဲ႕မ်ား ျဖန႔္ၾကတ္ခ်ထားမည့္အစီအစဥ္ကို ပယ္ခ်ၿပီးေနာက္ ယူကရိန္းၿမိဳ႕ေတာ္ကို ႐ုရွားက ႀကီးမားေသာတိုက္ခိုက္မႈလုပ္ေဆာင္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၉
႐ုရွားသည္ ယူကရိန္းႏွင့္ျဖစ္ပြားလ်က္ရွိေနသည့္ စစ္ပြဲအလြန္ ၿငိမ္းခ်မ္းေရးအစီအစဥ္မ်ားကို ျငင္းဆန္ပယ္ခ်ခဲ့ၿပီးေနာက္ မၾကာမီ ယူကရိန္းႏိုင္ငံ ကိဗ့္ယက္ၿမိဳ႕ကို ႀကီးမားေသာတိုက္ခိုက္မႈမ်ား
ထပ္မံလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
အေမရိကန္ႏိုင္ငံသည္ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားလ်က္ရွိေနသည့္ စစ္ပြဲကိုအဆုံးသတ္ရန္ ၾကားဝင္ေစ့စပ္ေဆြးေႏြးေပးလ်က္ရွိေနၿပီး အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ရန္ အလားလာေကာင္းေနေၾကာင္း အေစာပိုင္းက သတင္းမ်ားထြက္ေပၚခဲ့သည္။
သို႔ေသာ္လည္း ယူကရိန္းႏိုင္ငံ ႏွင့္ ဥေရာပရွိမဟာမိတ္မ်ားသည္ ယူကရိန္းႏွင့္႐ုရွားႏိုင္ငံၾကား အပစ္ခတ္ရပ္စဲေရး ရယူၿပီးခ်ိန္တြင္ ယူကရိန္းႏိုင္ငံသို႔ဥေရာပတပ္ဖြဲ႕မ်ား ေစလႊတ္ျဖန႔္ၾကတ္ခ်ထားရန္ သေဘာတူညီခဲ့ရာ ႐ုရွားဘက္က ကန႔္ကြက္ခဲ့ေၾကာင္း သိရသည္။
႐ုရွားသည္ ယူကရိန္းႏိုင္ငံတြင္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ တပ္ဖြဲ႕ဝင္မ်ား ျဖန႔္ၾကတ္ခ်ထားမည့္ အစီအစဥ္ကို ျငင္းဆန္ပယ္ခ်ထားေၾကာင္း သိရသည္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက '' ယူကရိန္းႏိုင္ငံကို သူရဲ႕မဟာမိတ္ႏိုင္ငံေတြရဲ႕တပ္ဖြဲ႕ဝင္မ်ား ျဖန႔္ၾကတ္ခ်ထားမယ္ဆိုရင္ တရားဝင္ စစ္ေရးပစ္မွတ္အျဖစ္သတ္မွတ္မယ္'' ဟု ေျပာသည္။
ယူကရိန္းသည္ အေမရိကန္ႏိုင္ငံအျပင္ ဥေရာပတိုက္အတြင္းရွိ ႏိုင္ငံမ်ားႏွင့္မဟာမိတ္အျဖစ္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေနရာ အဆိုပါ မဟာမိတ္ႏိုင္ငံမ်ားက ယူကရိန္းႏိုင္ငံ၏ လုံၿခဳံေရးကို အာမခံေပးရန္သေဘာတူညီထားေၾကာင္း သိရသည္။
႐ုရွားသည္ ယူကရိန္းႏိုင္ငံကို ပိုမိုတိုက္ခိုက္မႈမ်ား လုပ္ေဆာင္လာဖြယ္ရွိေနေၾကာင္း သိရသည္။ ယူကရိန္းႏိုင္ငံရွိ အေမရိကန္သံ႐ုံးကလည္း လာမည့္ရက္ပိုင္းအတြင္း ေလေၾကာင္းတိုက္ခိုက္မႈမ်ားထပ္မံျဖစ္လာဖြယ္ရွိေနသည္ဟု သတိေပးခဲ့ၿပီးေနာက္ မၾကာမီတြင္ ႐ုရွားစစ္တပ္က ယူကရိန္းႏိုင္ငံၿမိဳ႕ေတာ္ကို တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
႐ုရွား၏ တိုက္ခိုက္မႈမ်ားေၾကာင့္ ယူကရိန္းႏိုင္ငံတြင္ အိမ္ေထာင္စုေပါင္းမ်ားစြာသည္ လွ်ပ္စစ္မီးမရေတာ့ဘဲ ေဆာင္းတြင္းကာလတြင္ မီးအသုံးျပဳရန္ ႏွင့္ ေရေႏြးရရွိေစရန္ အခက္အခဲျဖစ္ခဲ့ရေၾကာင္း သိရသည္။ ႐ုရွားႏွင့္ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနသည့္စစ္ပြဲသည္ (၄) ႏွစ္နီးပါးရွိလာခဲ့ၿပီး လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။