တောင်တရုတ်ပင်လယ်အတွင်းမှာ နစ်မြုပ်သွားတဲ့သင်္ဘောရဲ့ဖိလစ်ပိုင်သင်္ဘောသားတွေကို တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ ကယ်တင်

74

Pika (NP News) - ဇန်နဝါရီ ၂၅
တောင်တရုတ်ပင်လယ်အတွင်းက အငြင်းပွားရေပိုင်နက်ထဲမှာ နစ်မြုပ်သွားခဲ့တဲ့ ကုန်တင်သင်္ဘောမှာ လိုက်ပါလာ တဲ့ ဖိလစ်ပိုင်သင်္ဘောသားတွေကို တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ကုန်တင်သင်္ဘောနစ်မြုပ်ခဲ့ပြီးနောက် လူ(၂)ဦးသေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဖိလစ်ပိုင်သင်္ဘောသား(၁၅)ဦး ကို တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ယခုလိုကယ်ဆယ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ စင်ကာပူအလံလွှင့်တင်ထားတဲ့ M/V Devon Bay ကုန်တင်သင်္ဘောပေါ်မှာ ဖိလစ်ပိုင်သင်္ဘောသား(၂၁)ဦး လိုက်ပါလာတာဖြစ်ပြီး လေးဦးက ပျောက်ဆုံးနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
M/V Devon Bay သင်္ဘောဟာ Huangyan ကျွန်းရဲ့အနောက်မြောက်ဘက် ရေမိုင်(၅၅)မိုင်အကွာမှာ ထိန်းချုပ်ရေး စခန်းနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့တာဖြစ်တယ်လို့ တရုတ်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်က ပြောကြားခဲ့ပါ တယ်။ တရုတ်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်က “ကုန်တင်သင်္ဘောနစ်မြုပ်တဲ့သတင်းကိုကြားတာနဲ့အနီးအနားမှာရှိတဲ့ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့သင်္ဘော(၂)စင်းက ရှာဖွေကယ်ဆယ်မှုတွေ ချက်ချင်းလုပ်ဆောင်ပေးခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version: