ရွေးကောက်ပွဲအား ပြည်ပအသိအမှတ်ပြုခြင်းမပြုခြင်းထက် ပြည်သူမဲပေးခြင်းကို အသိအမှတ်ပြုကြောင်း ဗိုလ်ချုပ်မှူးကြီးပြော

214

သန့်ဇင်(NP News)-ဇန်နဝါရီ ၂၅
ရွေးကောက်ပွဲအား ပြည်ပမှအသိအမှတ်ပြုခြင်းမပြုခြင်းထက် ပြည်သူမဲပေးခြင်းကို အသိအမှတ်ပြုကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဇန်နဝါရီလ ၂၅ ရက်) နံနက်ပိုင်းတွင် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြိုနယ်ရှိ မဲရုံများအား လိုက်လံကြည့်ရှုစစ်ဆေးစဉ် မီဒီယာများ၏ မေးမြန်းမှုအပေါ် အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြည်သူက မြန်မာပြည်ထဲမှာနေတဲ့ပြည်သူတွေမဲပေးတာလေ။ သူတို့အပြင်ကလူတွေမဲပေးတာမှမဟုတ်တာ။ မြန်မာပြည်ထဲမှာ နေတဲ့လူတွေပဲမဲပေးတာ။ သူတို့ဘယ်သူပဲ ထောက်ခံ ထောက်ခံပဲပေါ့။ ကြိုက်တာထောက်ခံလို့ရတယ်။ လာပေးတဲ့လူတွေက သူတို့ထောက်ခံချင်တဲ့လူတွေပါလို့ မဲလာပေးတာ။ သူတို့ထောက်ခံချင်တဲ့လူတွေမပါဘူးဆိုရင် မဲလာပေးမှာမဟုတ်ဘူး။ မဲလာမပေးခြင်းမှာ (၂)မျိုးရှိတယ်။ တစ်ပိုင်းကတော့ သူတို့ထောက်ခံချင်တဲ့လူတွေမပါလို့မဲလာမပေးတာ။ တစ်ပိုင်းကတော့ သူတို့လုံခြုံမှုအရ လာမပေးတာရှိတယ်။ လုံခြုံမှုဆိုတာက သူတို့လာလို့ပြုလို့အခက်ခဲရှိလို့။ မဲပေးတဲ့လူတွေကတော့ သူတို့ထောက်ခံတဲ့ လူတွေရှိလို့ လာမဲပေးတာပေါ့။ အဲဒီအထဲမှာ ပြည်ခိုင်ဖြိုးပါတီလည်းပါတယ်။ အခြားPPP ပါတယ်။ PP ပါတယ်။ ကျားဖြူပါတီလည်းပါတယ်။ ပါတီအစုံပါတယ်။ ဒါကြောင့်လည်း မဲပေးတဲ့စာရင်းတွေ ကျွန်တော်တို့ ထုတ်ပြန်ပေးပါတယ်။ အဲဒါသူတို့ လွတ်လွတ်လပ်လပ်မဲပေးတာပဲ။ ဒါကို နိုင်ငံခြားက အသိအမှတ်ပြုတယ်မပြုတယ်ကျွန်တော်တို့နားမလည်ဘူး။ ပြည်သူကမဲပေးတာ ကျွန်တော်တို့ အသိအမှတ်ပြုတယ်။ ဒီလိုပဲပြောရမှာပေါ့”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲအပြီးဖြစ်ပေါ်လာမည့် အစိုးရသည် တိုင်းပြည်ကောင်းရန်၊ ပြည်သူလူထု၏ အကျိုးစီးပွားဖော်ဆောင်နိုင်ရန်နှင့် တိုင်းပြည်အေးချမ်းသာယာရေးဆောင်ရွက်ရန်အပါအဝင် ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်ရေး ဆောင်ရွက်ရန်တာဝန်ရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
“သူတို့ကတော့ တိုင်းပြည်ကောင်းအောင်လုပ်ရမှာပေါ့ဗျာ။ ဘယ်အစိုးရတက်တက် တိုင်းပြည်ကောင်းဖို့ပဲ။ ပြည်သူလူထုရဲ့ အကျိုးစီးပွား ဖော်ဆောင် နိုင်ဖို့နဲ့ တိုင်းပြည်တိုးတက်အောင်ဆောင်ရွက်ပေးဖို့၊ တိုင်းပြည်အေးချမ်းအောင်ဆောင်ရွက်ပေးဖို့ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင် အောင်လုပ်ပေးဖို့ အစိုးရကတော့ တာဝန်ရှိတာပေါ့။ ဒါကိုရအောင်ကြိုးစားရမှာပေါ့။ ပြည်သူကလည်းပါဖို့လိုတယ်။ အစိုးရချည်းပဲ ဦးဆောင်လို့မရဘူး။ အစိုးရကတော့ ရည်မှန်းချက်ထားပြီးလုပ်မှ။ သို့သော် ပြည်သူကမပါပဲနဲ့တော့ ပြည်သူပါမှ ကျွန်တော်တို့အစိုးရ ကလုပ်ရမှာပေါ့။ ပြည်သူကလည်းပါဖို့လည်းလိုတယ်။ ကျွန်တော်တို့ ဒီမိုကရေစီသွားချင်တယ်တောင်းဆိုပေမယ့်လည်း ပြည်သူမပါပဲနဲ့ ဘယ်လိုမှမဖြစ်ဘူး။ ပြည်သူပါမှဖြစ်မှာပေါ့”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုက်က ပြောကြားခဲ့သည်။
လက်ရှိတွင် ရွေးကောက်ပွဲအပိုင်း (၃) ကို မြို့နယ်ပေါင်း (၆၁) မြို့နယ်တွင် ကျင်းပနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲအပိုင်း (၁)ကို (၁၀၂) မြို့နယ်၊ ဇန်နဝါရီလ ၁၁ ရက်ကလည်း ရွေးကောက်ပွဲအပိုင်း (၂) ကို မြို့နယ်ပေါင်း (၁၀၀)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲအား ျပည္ပအသိအမွတ္ျပဳျခင္းမျပဳျခင္းထက္ ျပည္သူမဲေပးျခင္းကို အသိအမွတ္ျပဳေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးေျပာ
သန႔္ဇင္(NP News)-ဇန္နဝါရီ ၂၅
ေ႐ြးေကာက္ပြဲအား ျပည္ပမွအသိအမွတ္ျပဳျခင္းမျပဳျခင္းထက္ ျပည္သူမဲေပးျခင္းကို အသိအမွတ္ျပဳေၾကာင္း ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔(ဇန္နဝါရီလ ၂၅ ရက္) နံနက္ပိုင္းတြင္ မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳနယ္ရွိ မဲ႐ုံမ်ားအား လိုက္လံၾကည့္ရႈစစ္ေဆးစဥ္ မီဒီယာမ်ား၏ ေမးျမန္းမႈအေပၚ အထက္ပါကဲ့သို႔ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ျပည္သူက ျမန္မာျပည္ထဲမွာေနတဲ့ျပည္သူေတြမဲေပးတာေလ။ သူတို႔အျပင္ကလူေတြမဲေပးတာမွမဟုတ္တာ။ ျမန္မာျပည္ထဲမွာ ေနတဲ့လူေတြပဲမဲေပးတာ။ သူတို႔ဘယ္သူပဲ ေထာက္ခံ ေထာက္ခံပဲေပါ့။ ႀကိဳက္တာေထာက္ခံလို႔ရတယ္။ လာေပးတဲ့လူေတြက သူတို႔ေထာက္ခံခ်င္တဲ့လူေတြပါလို႔ မဲလာေပးတာ။ သူတို႔ေထာက္ခံခ်င္တဲ့လူေတြမပါဘူးဆိုရင္ မဲလာေပးမွာမဟုတ္ဘူး။ မဲလာမေပးျခင္းမွာ (၂)မ်ိဳးရွိတယ္။ တစ္ပိုင္းကေတာ့ သူတို႔ေထာက္ခံခ်င္တဲ့လူေတြမပါလို႔မဲလာမေပးတာ။ တစ္ပိုင္းကေတာ့ သူတို႔လုံၿခဳံမႈအရ လာမေပးတာရွိတယ္။ လုံၿခဳံမႈဆိုတာက သူတို႔လာလို႔ျပဳလို႔အခက္ခဲရွိလို႔။ မဲေပးတဲ့လူေတြကေတာ့ သူတို႔ေထာက္ခံတဲ့ လူေတြရွိလို႔ လာမဲေပးတာေပါ့။ အဲဒီအထဲမွာ ျပည္ခိုင္ၿဖိဳးပါတီလည္းပါတယ္။ အျခားPPP ပါတယ္။ PP ပါတယ္။ က်ားျဖဴပါတီလည္းပါတယ္။ ပါတီအစုံပါတယ္။ ဒါေၾကာင့္လည္း မဲေပးတဲ့စာရင္းေတြ ကြၽန္ေတာ္တို႔ ထုတ္ျပန္ေပးပါတယ္။ အဲဒါသူတို႔ လြတ္လြတ္လပ္လပ္မဲေပးတာပဲ။ ဒါကို ႏိုင္ငံျခားက အသိအမွတ္ျပဳတယ္မျပဳတယ္ကြၽန္ေတာ္တို႔နားမလည္ဘူး။ ျပည္သူကမဲေပးတာ ကြၽန္ေတာ္တို႔ အသိအမွတ္ျပဳတယ္။ ဒီလိုပဲေျပာရမွာေပါ့”ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ ေ႐ြးေကာက္ပြဲအၿပီးျဖစ္ေပၚလာမည့္ အစိုးရသည္ တိုင္းျပည္ေကာင္းရန္၊ ျပည္သူလူထု၏ အက်ိဳးစီးပြားေဖာ္ေဆာင္ႏိုင္ရန္ႏွင့္ တိုင္းျပည္ေအးခ်မ္းသာယာေရးေဆာင္႐ြက္ရန္အပါအဝင္ ကမာၻႏွင့္ရင္ေဘာင္တန္းႏိုင္ေရး ေဆာင္႐ြက္ရန္တာဝန္ရွိေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
“သူတို႔ကေတာ့ တိုင္းျပည္ေကာင္းေအာင္လုပ္ရမွာေပါ့ဗ်ာ။ ဘယ္အစိုးရတက္တက္ တိုင္းျပည္ေကာင္းဖို႔ပဲ။ ျပည္သူလူထုရဲ႕ အက်ိဳးစီးပြား ေဖာ္ေဆာင္ ႏိုင္ဖို႔နဲ႔ တိုင္းျပည္တိုးတက္ေအာင္ေဆာင္႐ြက္ေပးဖို႔၊ တိုင္းျပည္ေအးခ်မ္းေအာင္ေဆာင္႐ြက္ေပးဖို႔ ကမာၻနဲ႔ရင္ေဘာင္တန္းႏိုင္ ေအာင္လုပ္ေပးဖို႔ အစိုးရကေတာ့ တာဝန္ရွိတာေပါ့။ ဒါကိုရေအာင္ႀကိဳးစားရမွာေပါ့။ ျပည္သူကလည္းပါဖို႔လိုတယ္။ အစိုးရခ်ည္းပဲ ဦးေဆာင္လို႔မရဘူး။ အစိုးရကေတာ့ ရည္မွန္းခ်က္ထားၿပီးလုပ္မွ။ သို႔ေသာ္ ျပည္သူကမပါပဲနဲ႔ေတာ့ ျပည္သူပါမွ ကြၽန္ေတာ္တို႔အစိုးရ ကလုပ္ရမွာေပါ့။ ျပည္သူကလည္းပါဖို႔လည္းလိုတယ္။ ကြၽန္ေတာ္တို႔ ဒီမိုကေရစီသြားခ်င္တယ္ေတာင္းဆိုေပမယ့္လည္း ျပည္သူမပါပဲနဲ႔ ဘယ္လိုမွမျဖစ္ဘူး။ ျပည္သူပါမွျဖစ္မွာေပါ့”ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိက္က ေျပာၾကားခဲ့သည္။
လက္ရွိတြင္ ေ႐ြးေကာက္ပြဲအပိုင္း (၃) ကို ၿမိဳ႕နယ္ေပါင္း (၆၁) ၿမိဳ႕နယ္တြင္ က်င္းပေနျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ ဒီဇင္ဘာ ၂၈ ရက္က ေ႐ြးေကာက္ပြဲအပိုင္း (၁)ကို (၁၀၂) ၿမိဳ႕နယ္၊ ဇန္နဝါရီလ ၁၁ ရက္ကလည္း ေ႐ြးေကာက္ပြဲအပိုင္း (၂) ကို ၿမိဳ႕နယ္ေပါင္း (၁၀၀)တြင္ က်င္းပခဲ့ေၾကာင္း သိရသည္။