ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်တွင် မဲပေး

 167

ပီယ (NP News) - ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်မိသားစုဝင်များသည် ရေကြည်မြို့ တွင် ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) နံနက်က မဲပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်မိသားစုဝင်များက အောင်ဆန်းရပ်ကွက်ဘုရားကြီးကုန်း အခြေခံပညာမူလတန်းကျောင်း မဲရုံအမှတ် (၁)၌  ပါဝင်မဲပေးခဲ့ခြင်း ဖြစ်သည်။

ရေကြည်မြို့နယ်တွင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ (၇)ခုနှင့်တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၆)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၅)ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၅)ဦး၊ ကရင် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၄)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ် (၅)ဦးတို့  ဖြစ်သည်။

Zawgyi Version:
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ရေကြည် တွင် မဲပေး
ပီယ (NP News) - ဇန်နဝါရီ ၂၅




Related news

© 2021. All rights reserved.