ဂရင်းလန်းကျွန်းက ရောင်းဖို့မဟုတ်ဘူးလို့ လွှတ်တော်အမတ်တစ်ဦးပြော

 102

Pika (NP News) - ဇန်နဝါရီ ၂၅

ဂရင်းလန်းကျွန်းက ရောင်းဖို့မဟုတ်ကြောင်း နဲ့ ကျွန်းနဲ့၎င်းရဲ့လူဦးရေတွေက သိမ်းပိုက်ပြီးပိုင်ဆိုင်လို့ရတဲ့အရာ တစ်ခု မဟုတ်ဘူးလို့ ဂရင်းလန်းကျွန်းလွှတ်တော်အမတ်တစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဂရင်းလန်းကျွန်း ကို သိမ်းပိုက်လိုနေတဲ့ အမေရိကန်ရဲ့တွန်းအားပေးမှုတွေကိုတုံ့ပြန်တဲ့အနေနဲ့ ဂရင်းလန်းကျွန်း လွှတ်တော်အမတ် က ယခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဂရင်းလန်းကျွန်းနဲ့ပြည်သူတွေက ရောင်းဖို့မဟုတ်ဘူးလို့ Naleraq ပါတီလွှတ်တော်အမတ် ကူနိုဖန်ကာက ပြောကြားခဲ့ပါတယ်။ ကူနိုဖန်ကာက “ကျွန်တော်တို့က စီးပွားရေးလုပ်ငန်းတွေအတွက် လမ်းဖွင့်ထားပေမယ့် လူတွေကိုဝယ်ယူတာမျိုး ဒါမှမဟုတ် နိုင်ငံတွေကို ဝယ်ယူတာမျိုးကို ဦးတည်တဲ့ပြောဆိုချက်တွေကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး။ ဒါက လုံးဝ လက်ခံနိုင်စရာမရှိတဲ့ ပြောဆိုချက်တွေပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ဂရင်းလန်းကျွန်းက ၎င်းရဲ့အချုပ်အခြာအာဏာကို ဆက်လက်ထိန်းသိမ်းထားကြောင်းနဲ့ ကိုလိုနီပြုချင်နေသူ တွေရဲ့လက်အောက်ခံအဖြစ် ဘယ်တော့မှ ဦးညွှတ်မှာမဟုတ်ဘူးလို့ ကူနိုဖန်ကာက ပြောကြားခဲ့ပါတယ်။

Zawgyi Version:

Related news

© 2021. All rights reserved.