MDY – PDF (၆၀ဝ)ကျော် ဥပဒေဘောင်အတွင်းပြန်ဝင်ရန် အစီအစဉ်ရှိဟု သတင်းထွက်ပေါ်

 550

Pearl(NP News) - ဇန်နဝါရီ ၂၅

ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လိုသည့် MDY - PDF အဖွဲ့ဝင် (၆၀ဝ) ကျော်ရှိနေ ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်နှင့် နီးစပ်သူ တစ်ဦးက NP News သို့ပြောကြားထားကာ မြေပြင်တွင် စုံစမ်းသိရှိရသော အချက်အလက်အရ လည်း အဆိုပါ တပ်ဖွဲ့အတွင်း အဆင်မပြေမှုများ ရှိနေကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ၊ (၂၃) ရက်က MDY - PDF အဖွဲ့ဝင်များ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင် ရောက် လာရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ပြန်လည်ကြို ဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူ များထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်လာသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် လက်နက်ခဲ ယမ်းများကို တာဝန်ရှိသူများထံ အပ်နှံခဲ့ပြီး ထပ်မံ၍ဥပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်လိုသူများရှိ နေကြောင်း လည်းသိရသည်။
‘မတ္တရာဘက်ကနေ (၂၅၀) လောက် အလင်းဝင်လာတယ်။ အားလုံး (၆၀ဝ) လောက်ဝင်ဖို့ရှိတယ် ချိတ်ဆက် ထားတယ်။ လက်ရှိအလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှာထားပြီး စိစစ်နေတယ်။ ပြီး ရင်အုပ်ထိန်းသူမိဘများထံအပ်နှံမယ်’ဟု အဆိုပါ တာဝန်ရှိသူက NP News သို့ပြောသည်။
MDY - PDF သည် TNLA ၏ နောက်လိုက် လက်နက်ကိုင်တပ်ဖွဲ့အဖြစ်ထင်ရှားပြီး ရွှေတူး ဖော်ရေးလုပ် ကွက်များကို လက်ဝါးကြီးအုပ်ကာ အကျိုးစီးပွားရှာသည်ဟု လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းကြား နာမည်ကျော်သည်။
တပ်မတော်ကထိုးစစ်ဆင်ကာ TNLA နှင့် MDY - PDF ကြား ဆက်သွယ်ရေး လမ်းကြောင်းကို ဖြတ်တောက်ကာ ယခင်က MDY - PDF ယာယီ ထိန်းချုပ်ခဲ့သော မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များကို တပ်မတော်က နယ်မြေရှင်း လင်းရေးများ ဆောင်ရွက်နိုင်ခဲ့သည်။
MDY - PDF အနေဖြင့် ရှမ်း-မန်း စစ်ဆင်ရေးအမည်ဖြင့် မန္တလေးမြို့အထိ ချီတက် မည်ဆိုသော ၎င်းတို့၏အိပ်မက်လည်း ပျက်ပြယ်သွား ပြီဖြစ်ရာ မိသားစုဝင်ဆွေမျိုးများဖြင့်အကျပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံ ကြရသည့် PDF အဖွဲ့ဝင်များက ယခုကဲ့သို့ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆက်သွယ်လာကြခြင်း ဖြစ်ကြောင်း လည်းသိရသည်။
ယခုတစ်ကြိမ်အလင်းဝင်ခြင်းသည် MDY - PDF အတွက် အလဲထိုးခံရသောအခြေ အနေတစ်ရပ်ဖြစ်ပြီး ယခုကဲ့ သို့ အလင်းဝင်ကြောင်း သတင်းမထွက်မီကပင် အဆိုပါအဖွဲ့က အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့တပ်ရင်းမှ ကင်းကွာ နေကြသော PDF အဖွဲ့ဝင်များအနေဖြင့် သတ်မှတ်ရက်အတွင်း ပြန်လည်တာဝန်ထမ်းဆောင်ရန် ခြိမ်းခြောက် ထားသည်။
သတ်မှတ်ရက်အတွင်း သတင်းပို့ရောက်ရှိလာသူများအနေဖြင့် ပြစ်ဒဏ်လျှော့ပေါ့ခြင်း၊ ပြစ်ဒဏ်မှကင်း လွတ်ခြင်းများ ခံစားရမည်ဖြစ်ပြီး ပျက်ကွက်ပါက ၎င်းတို့ချမှတ်ထားသော စည်းမျဉ်းများနှင့် အညီ ဖမ်းဆီးအပြစ်ပေး အရေးယူမည်ဖြစ်ကြောင်းလည်း ထည့်သွင်းထားသည်။
‘အဓိကတော့ စိတ်ဓာတ်ပဲ။ လူငယ်တွေကို ဝါဒမှိုင်းနဲ့ နိုင်ကို နိုင်ရမယ် ဆိုတဲ့ စိတ်ကြီး ထည့်ပေးထားတာ။ ပါဝါရိန်းဂျားတွေလိုပေါ့ဗျာ။ အခုတော့ မနိုင်တဲ့အခါ၊ ထွက်ပြေး ရတဲ့ အခါ စိတ်ဓာတ်တွေ ပျက်ပြားလာတယ်။ ပြီးတော့ အစတည်းက လူငယ်တွေကို လမ်းမှားရောက်အောင် သူတို့ပဲ တွန်းခဲ့တာပဲလေ။ အခုက အဲဒီအကျိုးကို ပြန်ခံ စားရတာ။ အောက်ကတော့ သေနတ်ကိုင်ပြီး အသက်စွန့်လို့။ သူတို့ လူကြီးဆိုတဲ့ ကောင်တွေက အခွင့်အရေးတွေ အပြည့်နဲ့’ ဟု ထိုင်းနိုင်ငံရောက် PDF အဖွဲ့ဝင်ဟောင်း တစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် PDF အဖွဲ့ဝင်များအတွက် ထောက်ပို့ဟူသော ကူညီပေးနေသူများ အရေအတွက်လည်း ကျဆင်း လာနေပြီး ထောက်ပို့ဟု အမည်ခံကာ ကိုယ်ကျိုးရှာခြင်းများလည်း ရှိနေရာ တော်လှန်ရေးဆိုသောအရာကို စိတ်ကုန် လာခြင်း မျိုးလည်း ဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။
PDF အဖွဲ့နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ များအတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်း များအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။

Zawgyi Version:
MDY – PDF (၆၀ဝ)ေက်ာ္ ဥပေဒေဘာင္အတြင္းျပန္ဝင္ရန္ အစီအစဥ္ရွိဟု သတင္းထြက္ေပၚ
Pearl(NP News) - ဇန္နဝါရီ ၂၅

ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လိုသည့္ MDY - PDF အဖြဲ႕ဝင္ (၆၀ဝ) ေက်ာ္ရွိေန ေၾကာင္း လုံၿခဳံေရး တပ္ဖြဲ႕ဝင္ႏွင့္ နီးစပ္သူ တစ္ဦးက NP News သို႔ေျပာၾကားထားကာ ေျမျပင္တြင္ စုံစမ္းသိရွိရေသာ အခ်က္အလက္အရ လည္း အဆိုပါ တပ္ဖြဲ႕အတြင္း အဆင္မေျပမႈမ်ား ရွိေနေၾကာင္းသိရသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလ၊ (၂၃) ရက္က MDY - PDF အဖြဲ႕ဝင္မ်ား ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ ေရာက္ လာရာ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တြင္ ျပန္လည္ႀကိဳ ဆိုလက္ခံ၍ လိုအပ္သည့္ ကူညီပံ့ပိုးမႈမ်ား ေဆာင္႐ြက္ေပးကာ မိဘအုပ္ထိန္းသူ မ်ားထံသို႔ စနစ္တက်ျပန္လည္ လႊဲအပ္ေပးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ ေရာက္လာသူမ်ားက ၎တို႔ႏွင့္အတူပါရွိလာသည့္ လက္နက္ခဲ ယမ္းမ်ားကို တာဝန္ရွိသူမ်ားထံ အပ္ႏွံခဲ့ၿပီး ထပ္မံ၍ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ ေရာက္လိုသူမ်ားရွိ ေနေၾကာင္း လည္းသိရသည္။
‘မတၱရာဘက္ကေန (၂၅၀) ေလာက္ အလင္းဝင္လာတယ္။ အားလုံး (၆၀ဝ) ေလာက္ဝင္ဖို႔ရွိတယ္ ခ်ိတ္ဆက္ ထားတယ္။ လက္ရွိအလယ္ပိုင္း တိုင္းစစ္ဌာနခ်ဳပ္မွာထားၿပီး စိစစ္ေနတယ္။ ၿပီး ရင္အုပ္ထိန္းသူမိဘမ်ားထံအပ္ႏွံမယ္’ဟု အဆိုပါ တာဝန္ရွိသူက NP News သို႔ေျပာသည္။
MDY - PDF သည္ TNLA ၏ ေနာက္လိုက္ လက္နက္ကိုင္တပ္ဖြဲ႕အျဖစ္ထင္ရွားၿပီး ေ႐ႊတူး ေဖာ္ေရးလုပ္ ကြက္မ်ားကို လက္ဝါးႀကီးအုပ္ကာ အက်ိဳးစီးပြားရွာသည္ဟု လက္နက္ကိုင္တပ္ဖြဲ႕ အခ်င္းခ်င္းၾကား နာမည္ေက်ာ္သည္။
တပ္မေတာ္ကထိုးစစ္ဆင္ကာ TNLA ႏွင့္ MDY - PDF ၾကား ဆက္သြယ္ေရး လမ္းေၾကာင္းကို ျဖတ္ေတာက္ကာ ယခင္က MDY - PDF ယာယီ ထိန္းခ်ဳပ္ခဲ့ေသာ မတၱရာ၊ စဥ့္ကူး၊ သပိတ္က်င္းၿမိဳ႕နယ္မ်ားကို တပ္မေတာ္က နယ္ေျမရွင္း လင္းေရးမ်ား ေဆာင္႐ြက္ႏိုင္ခဲ့သည္။
MDY - PDF အေနျဖင့္ ရွမ္း-မန္း စစ္ဆင္ေရးအမည္ျဖင့္ မႏၲေလးၿမိဳ႕အထိ ခ်ီတက္ မည္ဆိုေသာ ၎တို႔၏အိပ္မက္လည္း ပ်က္ျပယ္သြား ၿပီျဖစ္ရာ မိသားစုဝင္ေဆြမ်ိဳးမ်ားျဖင့္အက်ပ္ကိုင္၍ အတင္းအဓမၼစုေဆာင္းခံ ၾကရသည့္ PDF အဖြဲ႕ဝင္မ်ားက ယခုကဲ့သို႔ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ ဝင္ေရာက္ရန္ ဆက္သြယ္လာၾကျခင္း ျဖစ္ေၾကာင္း လည္းသိရသည္။
ယခုတစ္ႀကိမ္အလင္းဝင္ျခင္းသည္ MDY - PDF အတြက္ အလဲထိုးခံရေသာအေျခ အေနတစ္ရပ္ျဖစ္ၿပီး ယခုကဲ့ သို႔ အလင္းဝင္ေၾကာင္း သတင္းမထြက္မီကပင္ အဆိုပါအဖြဲ႕က အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၎တို႔တပ္ရင္းမွ ကင္းကြာ ေနၾကေသာ PDF အဖြဲ႕ဝင္မ်ားအေနျဖင့္ သတ္မွတ္ရက္အတြင္း ျပန္လည္တာဝန္ထမ္းေဆာင္ရန္ ၿခိမ္းေျခာက္ ထားသည္။
သတ္မွတ္ရက္အတြင္း သတင္းပို႔ေရာက္ရွိလာသူမ်ားအေနျဖင့္ ျပစ္ဒဏ္ေလွ်ာ့ေပါ့ျခင္း၊ ျပစ္ဒဏ္မွကင္း လြတ္ျခင္းမ်ား ခံစားရမည္ျဖစ္ၿပီး ပ်က္ကြက္ပါက ၎တို႔ခ်မွတ္ထားေသာ စည္းမ်ဥ္းမ်ားႏွင့္ အညီ ဖမ္းဆီးအျပစ္ေပး အေရးယူမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းထားသည္။
‘အဓိကေတာ့ စိတ္ဓာတ္ပဲ။ လူငယ္ေတြကို ဝါဒမႈိင္းနဲ႔ ႏိုင္ကို ႏိုင္ရမယ္ ဆိုတဲ့ စိတ္ႀကီး ထည့္ေပးထားတာ။ ပါဝါရိန္းဂ်ားေတြလိုေပါ့ဗ်ာ။ အခုေတာ့ မႏိုင္တဲ့အခါ၊ ထြက္ေျပး ရတဲ့ အခါ စိတ္ဓာတ္ေတြ ပ်က္ျပားလာတယ္။ ၿပီးေတာ့ အစတည္းက လူငယ္ေတြကို လမ္းမွားေရာက္ေအာင္ သူတို႔ပဲ တြန္းခဲ့တာပဲေလ။ အခုက အဲဒီအက်ိဳးကို ျပန္ခံ စားရတာ။ ေအာက္ကေတာ့ ေသနတ္ကိုင္ၿပီး အသက္စြန႔္လို႔။ သူတို႔ လူႀကီးဆိုတဲ့ ေကာင္ေတြက အခြင့္အေရးေတြ အျပည့္နဲ႔’ ဟု ထိုင္းႏိုင္ငံေရာက္ PDF အဖြဲ႕ဝင္ေဟာင္း တစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ PDF အဖြဲ႕ဝင္မ်ားအတြက္ ေထာက္ပို႔ဟူေသာ ကူညီေပးေနသူမ်ား အေရအတြက္လည္း က်ဆင္း လာေနၿပီး ေထာက္ပို႔ဟု အမည္ခံကာ ကိုယ္က်ိဳးရွာျခင္းမ်ားလည္း ရွိေနရာ ေတာ္လွန္ေရးဆိုေသာအရာကို စိတ္ကုန္ လာျခင္း မ်ိဳးလည္း ျဖစ္ႏိုင္သည္ဟု ၎က ဆိုသည္။
PDF အဖြဲ႕ႏွင့္ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕ မ်ားအတြင္းသို႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေရာက္ရွိေနၿပီး ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ ေရာက္လိုသူမ်ားအေနျဖင့္ နီးစပ္ရာ ခ႐ိုင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ တပ္စခန္းမ်ားႏွင့္ ရဲစခန္းမ်ားသို႔ အျမန္ဆက္သြယ္သတင္းေပးပို႔လာပါက ႀကိဳဆိုလက္ခံကာ လိုအပ္သည့္ ကူညီ ေထာက္ပံ့မႈမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္းႏွင့္ လက္နက္/ ခဲယမ္း မ်ားအတြက္ ဆုေၾကးေငြမ်ား ေပးအပ္သြားမည္ျဖစ္ ေၾကာင္း ထုတ္ျပန္ထားခ်က္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.