ရွေးကောက်ပွဲ အပိုင်း(၃)တွင် ပါဝင်သည့် သာကေတမြို့နယ်တွင် ဆန္ဒမဲလာရောက်ပေးသူ (၅၀)ရာခိုင်နှုန်း ရှိဟုဆို

357

ပုံစာ။ ။သာကေတမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ်များ
သန့်ဇင်(NP News)-ဇန်နဝါရီ ၂၅
ရွေးကောက်ပွဲ အပိုင်း(၃)တွင် ပါဝင်သည့် သာကေတမြို့နယ်တွင် ဆန္ဒမဲလာရောက်ပေးသူမှာ မဲပေးပိုင်ခွင့်ရှိသူအရေအတွက်၏ (၅၀)ရာခိုင်နှုန်းရှိကြောင်း ပြည်သူ့ပါတီမှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးနိုင်လင်းထွန်းက NP News ကိုပြောသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃)ကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း (၁၂) မြို့နယ်တွင် ကျင်းပနေခြင်းဖြစ် ကြောင်း သိရသည်။
“လောလောဆယ်တော့ မဲပေးတဲ့ရာခိုင်နှုန်းက (၅၀) ရာခိုင်နှုန်းလောက်တော့ ရှိပါတယ်။ ခန့်မှန်းထားတာလေ။ Total ပေါ့။ အခက်အခဲတော့မရှိပါဘူး။ အားလုံးအဆင်ပြေပါတယ်။ ဒါပေမဲ့ တချို့သော UEC ရဲ့ညွှန်ကြားချက်တွေက အောက်ခြေက အကောင်အထည်ဖော်တဲ့အဆင့်မှာ တစ်ရပ်ကွက်နဲ့တစ်ရပ်ကွက်မတူညီမှုတွေတော့ရှိတာပေါ့။ တစ်ရပ်ကွက်မပြောနဲ့ မဲရုံ (၁) နဲ့ (၂)တောင်မှ မတူဘူး။ အဲဒီလိုမျိုးတွေဖြစ်တာပေါ့။ အဲဒီလိုဆိုတော့ စကားလေးတွေတော့ ပြောရတာပေါ့။ အားလုံးခြုံကြည့်ရင် အဆင်ပြေတာပေါ့”ဟု ဦးနိုင်လင်းထွန်းက ပြောသည်။
ထို့ပြင် သာကေတမြို့နယ်လူထု၏ အဓိကလိုအပ်ချက်သည် ကျန်းမာရေးနှင့် အလုပ်ကိုင်အခွင့်အလမ်းများအဖြစ် နားလည်ထား ကြောင်းလည်း ၎င်းကဆိုသည်။
“ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့သိထားရတာတော့ ကျွန်တော်တို့ဆီမှာရှိတာတော့ ကျန်းမာရေးပြဿနာတွေရှိတယ်။ သာကေတမှာတော့။ နောက်တစ်ခုက အလုပ်ကိုင်အခွင့်အလမ်းတွေပေါ့။ အလုပ်အကိုင်အခွင့်အလမ်းတွေမှာ သာကေတမှာ စက်မှုဇုန်တွေရှိတယ်။ အဓိကက လုပ်သားတွေက ဒီစက်မှုဇုန်ထဲမှာမရှိဘူး။အခြားမှာသွားလုပ်နေရတယ်။ အဲဒီလိုသွားနေရတော့ မလိုအပ်တဲ့ကုန်ကျစရိတ်တွေရှိတယ်ပေါ့။ ဆိုလိုချင်တာက သာကေတလုပ်သားထုကြီးရှိတယ်။ အဲဒီလုပ်သားထုကြီးက သာကေတမှာဘာ့ကြောင့်မလုပ်လဲဆိုတာကိုရှာနေတာတော့ကြာပြီပေါ့။ ကျန်းမာရေးဆိုရင်လည်း ကျွန်တော်တို့မြို့နယ်က ဝမ်းရောဂါဖြစ်လိုက်နဲ့ ဘာကြောင့်ဖြစ်လည်းဆိုတော့ ဒီမြို့ရဲ့သန့်ရှင်းရေးအခြေအနေနဲ့ ရေစီးရေလာအခြေအနေပေါ့”ဟု ၎င်းကပြောသည်။
ထို့ပြင် ကြိုတင်မဲကိစ္စနှင့်ဆက်လျဉ်း၍ UEC မှ ဥပဒေများချမှတ်ထားသောလည်း အောက်ခြေအဖွဲ့အစည်းအဆင့်ဆင့်တွင်လွဲချော်မှုများ ရှိသည်ကို မြင်တွေ့ထားရကြောင်းလည်း ၎င်းကထောက်ပြပြောဆိုထားသည်။
“ကြိုတင်မဲက ခေတ်အခြေအနေအရပေါ့။ ဒီလမ်းကိုရွေးမယ်ဆိုရင် ဒီကိစ္စတွေက ရှောင်လွဲလို့မရဘူးပေါ့။ အဲဒီမှာ UEC ကသတ်မှတ်ထား တဲ့ ဥပဒေရှိတယ်။ မည်သို့ပင်ဆိုစေကာမူပေါ့ အောက်ခြေမှာလုပ်တဲ့ အဖွဲ့အစည်းအဆင့်ဆင့်ရဲ့ လုပ်နည်းကိုင်နည်းကသာ အဓိကပဲလေ။ အဲဒီ ဥပဒေကို အကောင်အထည်ဖော်တဲ့ အောက်ခြေအဖွဲ့အစည်းတွေရဲ့ လွဲတာလေးတွေတော့ မြင်နေရတာပေါ့”ဟု ဦးနိုင်လင်းထွန်းက ပြောသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲ အပိုင္း(၃)တြင္ ပါဝင္သည့္ သာေကတၿမိဳ႕နယ္တြင္ ဆႏၵမဲလာေရာက္ေပးသူ (၅၀) ရွိဟုဆို
သန႔္ဇင္(NP News)-ဇန္နဝါရီ ၂၅
ေ႐ြးေကာက္ပြဲ အပိုင္း(၃)တြင္ ပါဝင္သည့္ သာေကတၿမိဳ႕နယ္တြင္ ဆႏၵမဲလာေရာက္ေပးသူ (၅၀) ရွိေၾကာင္း ျပည္သူ႔ပါတီမွ ျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္ေလာင္း ဦးႏိုင္လင္းထြန္းက NP News ကိုေျပာသည္။
ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲအပိုင္း (၃)ကို ရန္ကုန္တိုင္းေဒသႀကီးရွိ ၿမိဳ႕နယ္ေပါင္း (၁၂) ၿမိဳ႕နယ္တြင္ က်င္းပေနျခင္းျဖစ္ ေၾကာင္း သိရသည္။
“ေလာေလာဆယ္ေတာ့ မဲေပးတဲ့ရာခိုင္ႏႈန္းက (၅၀) ရာခိုင္ႏႈန္းေလာက္ေတာ့ ရွိပါတယ္။ ခန႔္မွန္းထားတာေလ။ Total ေပါ့။ အခက္အခဲေတာ့မရွိပါဘူး။ အားလုံးအဆင္ေျပပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ေသာ UEC ရဲ႕ၫႊန္ၾကားခ်က္ေတြက ေအာက္ေျခက အေကာင္အထည္ေဖာ္တဲ့အဆင့္မွာ တစ္ရပ္ကြက္နဲ႔တစ္ရပ္ကြက္မတူညီမႈေတြေတာ့ရွိတာေပါ့။ တစ္ရပ္ကြက္မေျပာနဲ႔ မဲ႐ုံ (၁) နဲ႔ (၂)ေတာင္မွ မတူဘူး။ အဲဒီလိုမ်ိဳးေတြျဖစ္တာေပါ့။ အဲဒီလိုဆိုေတာ့ စကားေလးေတြေတာ့ ေျပာရတာေပါ့။ အားလုံးၿခဳံၾကည့္ရင္ အဆင္ေျပတာေပါ့”ဟု ဦးႏိုင္လင္းထြန္းက ေျပာသည္။
ထို႔ျပင္ သာေကတၿမိဳ႕နယ္လူထု၏ အဓိကလိုအပ္ခ်က္သည္ က်န္းမာေရးႏွင့္ အလုပ္ကိုင္အခြင့္အလမ္းမ်ားအျဖစ္ နားလည္ထား ေၾကာင္းလည္း ၎ကဆိုသည္။
“ကိုယ္စားလွယ္ေလာင္းတစ္ေယာက္အေနနဲ႔သိထားရတာေတာ့ ကြၽန္ေတာ္တို႔ဆီမွာရွိတာေတာ့ က်န္းမာေရးျပႆနာေတြရွိတယ္။ သာေကတမွာေတာ့။ ေနာက္တစ္ခုက အလုပ္ကိုင္အခြင့္အလမ္းေတြေပါ့။ အလုပ္အကိုင္အခြင့္အလမ္းေတြမွာ သာေကတမွာ စက္မႈဇုန္ေတြရွိတယ္။ အဓိကက လုပ္သားေတြက ဒီစက္မႈဇုန္ထဲမွာမရွိဘူး။အျခားမွာသြားလုပ္ေနရတယ္။ အဲဒီလိုသြားေနရေတာ့ မလိုအပ္တဲ့ကုန္က်စရိတ္ေတြရွိတယ္ေပါ့။ ဆိုလိုခ်င္တာက သာေကတလုပ္သားထုႀကီးရွိတယ္။ အဲဒီလုပ္သားထုႀကီးက သာေကတမွာဘာ့ေၾကာင့္မလုပ္လဲဆိုတာကိုရွာေနတာေတာ့ၾကာၿပီေပါ့။ က်န္းမာေရးဆိုရင္လည္း ကြၽန္ေတာ္တို႔ၿမိဳ႕နယ္က ဝမ္းေရာဂါျဖစ္လိုက္နဲ႔ ဘာေၾကာင့္ျဖစ္လည္းဆိုေတာ့ ဒီၿမိဳ႕ရဲ႕သန႔္ရွင္းေရးအေျခအေနနဲ႔ ေရစီးေရလာအေျခအေနေပါ့”ဟု ၎ကေျပာသည္။
ထို႔ျပင္ ႀကိဳတင္မဲကိစၥႏွင့္ဆက္လ်ဥ္း၍ UEC မွ ဥပေဒမ်ားခ်မွတ္ထားေသာလည္း ေအာက္ေျခအဖြဲ႕အစည္းအဆင့္ဆင့္တြင္လြဲေခ်ာ္မႈမ်ား ရွိသည္ကို ျမင္ေတြ႕ထားရေၾကာင္းလည္း ၎ကေထာက္ျပေျပာဆိုထားသည္။
“ႀကိဳတင္မဲက ေခတ္အေျခအေနအရေပါ့။ ဒီလမ္းကိုေ႐ြးမယ္ဆိုရင္ ဒီကိစၥေတြက ေရွာင္လြဲလို႔မရဘူးေပါ့။ အဲဒီမွာ UEC ကသတ္မွတ္ထား တဲ့ ဥပေဒရွိတယ္။ မည္သို႔ပင္ဆိုေစကာမူေပါ့ ေအာက္ေျခမွာလုပ္တဲ့ အဖြဲ႕အစည္းအဆင့္ဆင့္ရဲ႕ လုပ္နည္းကိုင္နည္းကသာ အဓိကပဲေလ။ အဲဒီ ဥပေဒကို အေကာင္အထည္ေဖာ္တဲ့ ေအာက္ေျခအဖြဲ႕အစည္းေတြရဲ႕ လြဲတာေလးေတြေတာ့ ျမင္ေနရတာေပါ့”ဟု ဦးႏိုင္လင္းထြန္းက ေျပာသည္။