ဒရုန်းတိုက်ဖျက်ရေးကျည်ဆန်အသစ်ကို ရုရှား တီထွင်

43

Pika (NP News) - ဇန်နဝါရီ ၂၅
ဒရုန်းတိုက်ဖျက်ရေးကျည်ဆန်အသစ်တစ်ခုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ ရုရှားစစ်လက်နက်ပစ္စည်း ကုမ္ပဏီကြီး Rostec က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီကျည်ဆန်အသစ်ဟာ သေးငယ်တဲ့ဒရုန်းတွေကို ခုခံ ကာကွယ်မယ့် ရုရှားတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်တွေကို သိသိသာသာမြှင့်တင်ပေးနိုင်ဖို့ မျှော်လင့််မိတယ်လို့လည်း Rostec ကုမ္ပဏီက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီကျည်ဆန်ကို Mnogotochie (Ellipsis)လို့ အမည်ပေးထား ပြီး လေထဲမှာအပိုင်းသုံးပိုင်းခွဲထုတ်နိုင်စွမ်းရှိကာ မီတာ(၃၀၀)အကွာအဝေးမှာရှိတဲ့ လေကြောင်းပစ်မှတ်အပေါ် ထိမှန်နိုင်ခြေကို နှစ်ဆကျော်တိုးစေမှာဖြစ်တယ်လို့လည်း Rostec က ပြောကြားခဲ့ပါတယ်။ Rostec က “ Mnogotochie ကျည်ဆန်ကို ခေတ်မီတိုက်ပွဲတွေရဲ့ လက်တွေ့အခြေအနေတွေနဲ့ ကိုက်ညီစေဖို့ တီထွင်ခဲ့တာဖြစ်ပါ တယ်။ ဘာလို့လဲဆိုတော့ သေးငယ်တဲ့ဒရုန်းတွေက စစ်သားတွေအတွက် အဓိကခြိမ်းခြောက်မှုတွေထဲက တစ်ခုဖြစ်လာလို့ပဲဖြစ်ပါတယ်။ သေးငယ်တဲ့လက်နက်တွေက ဒရုန်းတွေကို ခုခံကာကွယ်ဖို့ ထိရောက်တဲ့နည်းလမ်း တစ်ခုဖြစ်တယ်ဆိုတာကို အတွေ့အကြုံတွေက ပြသနေပါတယ်” လို့ ပြောခဲ့ပါတယ်။
Rostec က ထုတ်ပြန်ခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုမှ ရုရှားစစ်သားတစ်ဦးက သေနတ်ပစ်ကွင်းတစ်ခုမှာ ကျည်ဆန်အသစ်ကို စမ်းသပ်ပြနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

Zawgyi Version:
ဒ႐ုန္းတိုက္ဖ်က္ေရးက်ည္ဆန္အသစ္ကို ႐ုရွား တီထြင္
Pika (NP News) - ဇန္နဝါရီ ၂၅
ဒ႐ုန္းတိုက္ဖ်က္ေရးက်ည္ဆန္အသစ္တစ္ခုကို ေအာင္ျမင္စြာ စမ္းသပ္ႏိုင္ခဲ့တယ္လို႔ ႐ုရွားစစ္လက္နက္ပစၥည္း ကုမၸဏီႀကီး Rostec က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒီက်ည္ဆန္အသစ္ဟာ ေသးငယ္တဲ့ဒ႐ုန္းေတြကို ခုခံ ကာကြယ္မယ့္ ႐ုရွားတပ္ဖြဲ႕ေတြရဲ႕စြမ္းေဆာင္ရည္ေတြကို သိသိသာသာျမႇင့္တင္ေပးႏိုင္ဖို႔ ေမွ်ာ္လင့္္မိတယ္လို႔လည္း Rostec ကုမၸဏီက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီက်ည္ဆန္ကို Mnogotochie (Ellipsis)လို႔ အမည္ေပးထား ၿပီး ေလထဲမွာအပိုင္းသုံးပိုင္းခြဲထုတ္ႏိုင္စြမ္းရွိကာ မီတာ(၃၀၀)အကြာအေဝးမွာရွိတဲ့ ေလေၾကာင္းပစ္မွတ္အေပၚ ထိမွန္ႏိုင္ေျခကို ႏွစ္ဆေက်ာ္တိုးေစမွာျဖစ္တယ္လို႔လည္း Rostec က ေျပာၾကားခဲ့ပါတယ္။ Rostec က “ Mnogotochie က်ည္ဆန္ကို ေခတ္မီတိုက္ပြဲေတြရဲ႕ လက္ေတြ႕အေျခအေနေတြနဲ႔ ကိုက္ညီေစဖို႔ တီထြင္ခဲ့တာျဖစ္ပါ တယ္။ ဘာလို႔လဲဆိုေတာ့ ေသးငယ္တဲ့ဒ႐ုန္းေတြက စစ္သားေတြအတြက္ အဓိကၿခိမ္းေျခာက္မႈေတြထဲက တစ္ခုျဖစ္လာလို႔ပဲျဖစ္ပါတယ္။ ေသးငယ္တဲ့လက္နက္ေတြက ဒ႐ုန္းေတြကို ခုခံကာကြယ္ဖို႔ ထိေရာက္တဲ့နည္းလမ္း တစ္ခုျဖစ္တယ္ဆိုတာကို အေတြ႕အႀကဳံေတြက ျပသေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
Rostec က ထုတ္ျပန္ခဲ့တဲ့ဗီဒီယိုဖိုင္တစ္ခုမွ ႐ုရွားစစ္သားတစ္ဦးက ေသနတ္ပစ္ကြင္းတစ္ခုမွာ က်ည္ဆန္အသစ္ကို စမ္းသပ္ျပေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။