ICJ ရောက်မြန်မာကိုယ်စားလှယ်အဖွဲ့အား ယုံကြည်ထောက်ခံကြောင်း (MECA) အဖွဲ့ချုပ် သဘောထားထုတ်ပြန်

279

စိမ့် (NP News) - ဇန်နဝါရီ ၂၅
ICJ ရောက်မြန်မာကိုယ်စားလှယ်အဖွဲ့အား ယုံကြည်ထောက်ခံကြောင်း မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ် (MECA) က ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်)တွင် သဘောထား ထုတ်ပြန်ထားကြောင်း သိရသည်။
ဇန်နဝါရီလ(၁၂)ရက်နေ့မှ ဇန်နဝါရီလ(၂၉)ရက်နေ့အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိအပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနိုင်ငံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား မမှန်မကန်စွပ်စွဲ ထားရှိသည့် အချက်အလက်များအား နိုင်ငံတော်ကိုယ်စား ဥပဒေနှင့်အညီ သွားရောက်ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်နေရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အား မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာ မိတ်အဖွဲ့ချုပ် (MECA) အနေဖြင့် အပြည့်အဝ ယုံကြည်ထောက်ခံပြီး၊ အမိမြန်မာနိုင်ငံတော်ကြီးနှင့်အတူ နိုင်ငံတော်၏မူဝါဒများအတိုင်း တစ်သားတည်း ရပ်တည်လျက် ရှိပါကြောင်း သဘောထားထုတ်ပြန်ထားသည်။
အလားတူ မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းမှ မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန် ICJ တွင် ရင်ဆိုင်ဖြေရှင်း နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သွေးတစ်သားတည်း ရပ်တည်ကြောင်းလည်း သဘောထားထုတ်ပြန်ထားသည်။
ထို့အပြင် မျိုးဆက်သစ်ဝံသာနုပါတီမှ ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးပြောဆို လာခြင်းဖြစ်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ICJ တွင် ဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုများကို ကြိုဆိုထောက်ခံကြောင်းနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတမှုအတွက် တစ်သားတည်း ရပ်တည်ကြောင်း သဘောထားထုတ်ပြန်ထားသည်။

Zawgyi Version:
ICJ ေရာက္ျမန္မာကိုယ္စားလွယ္အဖြဲ႕အား ယုံၾကည္ေထာက္ခံေၾကာင္း (MECA) အဖြဲ႕ခ်ဳပ္ သေဘာထားထုတ္ျပန္
စိမ့္ (NP News) - ဇန္နဝါရီ ၂၅
ICJ ေရာက္ျမန္မာကိုယ္စားလွယ္အဖြဲ႕အား ယုံၾကည္ေထာက္ခံေၾကာင္း ျမန္မာႏိုင္ငံ ဧဝံေဂလိခရစ္ယာန္မဟာမိတ္အဖြဲ႕ခ်ဳပ္ (MECA) က ယမန္ေန႔ (ဇန္နဝါရီ ၂၄ ရက္)တြင္ သေဘာထား ထုတ္ျပန္ထားေၾကာင္း သိရသည္။
ဇန္နဝါရီလ(၁၂)ရက္ေန႔မွ ဇန္နဝါရီလ(၂၉)ရက္ေန႔အထိ နယ္သာလန္ႏိုင္ငံ သည္ဟိတ္ၿမိဳ႕ရွိအျပည္ျပည္ဆိုင္ရာတရား႐ုံး၌ ဂမ္ဘီယာႏိုင္ငံမွ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အား မမွန္မကန္စြပ္စြဲ ထားရွိသည့္ အခ်က္အလက္မ်ားအား ႏိုင္ငံေတာ္ကိုယ္စား ဥပေဒႏွင့္အညီ သြားေရာက္ရင္ဆိုင္ေျဖရွင္း ေဆာင္႐ြက္ေနရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၊ ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္၊ ဥပေဒေရးရာဝန္ႀကီးႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦးတို႔ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕တို႔အား ျမန္မာႏိုင္ငံ ဧဝံေဂလိခရစ္ယာန္မဟာ မိတ္အဖြဲ႕ခ်ဳပ္ (MECA) အေနျဖင့္ အျပည့္အဝ ယုံၾကည္ေထာက္ခံၿပီး၊ အမိျမန္မာႏိုင္ငံေတာ္ႀကီးႏွင့္အတူ ႏိုင္ငံေတာ္၏မူဝါဒမ်ားအတိုင္း တစ္သားတည္း ရပ္တည္လ်က္ ရွိပါေၾကာင္း သေဘာထားထုတ္ျပန္ထားသည္။
အလားတူ ျမန္မာ-ထိုင္းခ်စ္ၾကည္ေရးအသင္းမွ ျမန္မာႏိုင္ငံ၏ အက်ိဳးစီးပြားႏွင့္ ဂုဏ္သိကၡာကို ကာကြယ္ရန္ ICJ တြင္ ရင္ဆိုင္ေျဖရွင္း ေနသည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕ႏွင့္ တစ္ေသြးတစ္သားတည္း ရပ္တည္ေၾကာင္းလည္း သေဘာထားထုတ္ျပန္ထားသည္။
ထို႔အျပင္ မ်ိဳးဆက္သစ္ဝံသာႏုပါတီမွ ဂမ္ဘီယာႏိုင္ငံ၏ စြပ္စြဲခ်က္မ်ားသည္ ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို ထိပါးေျပာဆို လာျခင္းျဖစ္ၿပီး ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်ေၾကာင္းႏွင့္ ICJ တြင္ ဥပေဒႏွင့္အညီ ရင္ဆိုင္ေျဖရွင္းေနသည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕၏ ႀကိဳးပမ္းေဆာင္႐ြက္မႈမ်ားကို ႀကိဳဆိုေထာက္ခံေၾကာင္းႏွင့္ ႏိုင္ငံေတာ္၏ ဂုဏ္သိကၡာႏွင့္ တရားမွ်တမႈအတြက္ တစ္သားတည္း ရပ္တည္ေၾကာင္း သေဘာထားထုတ္ျပန္ထားသည္။