၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်မှ ဆေးနှင့်ပတ်သက်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ် (၁ ဒသမ ၅) ဘီလျံခွင့်ပြုခဲ့

474

သန့်ဇင်(NP News) - ဇန်နဝါရီ ၂၇
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်မှ ဆေးနှင့်ပတ်သက်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ် (၁ ဒသမ ၅) ဘီလျံ ခွင့်ပြုခဲ့ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဇန်နဝါရီ ၂၇ ရက်) တွင် ကျရောက်သောာ “(၅၄) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနားတွင် ဂုဏ်ပြုမိန့်ခွန်းပြောကြားစဉ် အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်းမှာ နိုင်ငံတော်က ဆေးသုတေသနဦးစီးဌာနသာမက အခြားဦးစီးဌာန များ၊ ဆေးနဲ့ဆေးနှီးနွှယ်တက္ကသိုလ်တွေမှာ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် နိုင်ငံတော်က ဘဏ္ဍာ ငွေကျပ် ၁ ဒသမ ၅ ဘီလီယံ ခွင့်ပြုပေးခဲ့ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန ဦးဆောင်ပံ့ပိုးမှုဖြင့် ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနများ ပူးပေါင်းပြီး “မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆယ်ကျော် သက် ကျောင်းသားကျောင်းသူများတွင် ကျန်းမာရေးနှင့်ပတ်သက်သောအကြောင်းအရာများကို လေ့လာခြင်း သုတေသန” ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ဆယ်ကျော်သက်အရွယ် ကျောင်းသား ကျောင်းသူများသည် အနာဂတ်နိုင်ငံတော်၏ မျိုးဆက်သစ်များဖြစ်သော ကြောင့် ယခုဆောင်ရွက်ခဲ့သော သုတေသနရလဒ်များအပေါ် အခြေခံပြီး ပိုမိုကောင်းမွန်သည့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်ပေးရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။
“နောက်တစ်ချက်မှာကြားလိုတာကတော့ ဒေသတွင်းဖြစ်ပွားတတ်တဲ့၊ ကူးစက်တတ်တဲ့ ကပ်ရောဂါများ၊ ရာသီအလိုက် ဖြစ်ပွားတတ်တဲ့ ရောဂါများကာကွယ်ထိန်းချုပ်ရေးနဲ့ ကင်ဆာရောဂါကို စောစီးစွာ သိရှိစေနိုင်ပြီး ကုသမှုတွေအောင်မြင်အောင် အထောက်အကူပြုနိုင်တဲ့ သုတေသနတွေကိုလည်း ဆောင်ရွက်ဖို့လိုပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ပူးပေါင်းပြီး ခေတ်မီဓာတ်ခွဲနည်းပညာများ၊ သုတေသနနည်းစနစ်များကို ကျင့်သုံးပြီး ဆောင်ရွက်နေတယ်လို့ သိရှိရတဲ့အတွက် ယခုထက်ပိုပြီး ထိထိရောက်ရောက် ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းမှာကြားလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ ကြောင်း သိရသည်။

Zawgyi Version;
၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္အတြင္း ႏိုင္ငံေတာ္မွ ေဆးႏွင့္ပတ္သက္ေသာ သုေတသနလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ ေငြက်ပ္ (၁ ဒသမ ၅) ဘီလ်ံခြင့္ျပဳခဲ့
သန႔္ဇင္(NP News) - ဇန္နဝါရီ ၂၇
၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္အတြင္း ႏိုင္ငံေတာ္မွ ေဆးႏွင့္ပတ္သက္ေသာ သုေတသနလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ ေငြက်ပ္ (၁ ဒသမ ၅) ဘီလ်ံ ခြင့္ျပဳခဲ့ေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔(ဇန္နဝါရီ ၂၇ ရက္) တြင္ က်ေရာက္ေသာာ “(၅၄) ႀကိမ္ေျမာက္ ျမန္မာႏိုင္ငံ က်န္းမာေရးဆိုင္ရာသုေတသနညီလာခံ” ဖြင့္ပြဲအခမ္းအနားတြင္ ဂုဏ္ျပဳမိန႔္ခြန္းေျပာၾကားစဥ္ အထက္ပါကဲ့သို႔ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“၂၀၂၅-၂၀၂၆ ခုႏွစ္၊ ဘ႑ာေရးႏွစ္အတြင္းမွာ ႏိုင္ငံေတာ္က ေဆးသုေတသနဦးစီးဌာနသာမက အျခားဦးစီးဌာန မ်ား၊ ေဆးနဲ႔ေဆးႏွီးႏႊယ္တကၠသိုလ္ေတြမွာ သုေတသနလုပ္ငန္းေတြ ေဆာင္႐ြက္ဖို႔အတြက္ ႏိုင္ငံေတာ္က ဘ႑ာ ေငြက်ပ္ ၁ ဒသမ ၅ ဘီလီယံ ခြင့္ျပဳေပးခဲ့ပါတယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ က်န္းမာေရးဝန္ႀကီးဌာန ဦးေဆာင္ပံ့ပိုးမႈျဖင့္ ေဆးသုေတသနဦးစီးဌာန၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာနႏွင့္ ကုသေရးဦးစီးဌာနမ်ား ပူးေပါင္းၿပီး “ျမန္မာႏိုင္ငံအတြင္းရွိ အေျခခံပညာအထက္တန္းေက်ာင္းမ်ားမွ ဆယ္ေက်ာ္ သက္ ေက်ာင္းသားေက်ာင္းသူမ်ားတြင္ က်န္းမာေရးႏွင့္ပတ္သက္ေသာအေၾကာင္းအရာမ်ားကို ေလ့လာျခင္း သုေတသန” ကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေဆာင္႐ြက္ခဲ့ၿပီးျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ဆယ္ေက်ာ္သက္အ႐ြယ္ ေက်ာင္းသား ေက်ာင္းသူမ်ားသည္ အနာဂတ္ႏိုင္ငံေတာ္၏ မ်ိဳးဆက္သစ္မ်ားျဖစ္ေသာ ေၾကာင့္ ယခုေဆာင္႐ြက္ခဲ့ေသာ သုေတသနရလဒ္မ်ားအေပၚ အေျခခံၿပီး ပိုမိုေကာင္းမြန္သည့္ ေက်ာင္းက်န္းမာေရး ေစာင့္ေရွာက္မႈျပဳလုပ္ေပးရန္လည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုက္တြန္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။
“ေနာက္တစ္ခ်က္မွာၾကားလိုတာကေတာ့ ေဒသတြင္းျဖစ္ပြားတတ္တဲ့၊ ကူးစက္တတ္တဲ့ ကပ္ေရာဂါမ်ား၊ ရာသီအလိုက္ ျဖစ္ပြားတတ္တဲ့ ေရာဂါမ်ားကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ ကင္ဆာေရာဂါကို ေစာစီးစြာ သိရွိေစႏိုင္ၿပီး ကုသမႈေတြေအာင္ျမင္ေအာင္ အေထာက္အကူျပဳႏိုင္တဲ့ သုေတသနေတြကိုလည္း ေဆာင္႐ြက္ဖို႔လိုပါတယ္။ ဒီသုေတသနေတြကို ႏိုင္ငံတကာနဲ႔ပူးေပါင္းၿပီး ေခတ္မီဓာတ္ခြဲနည္းပညာမ်ား၊ သုေတသနနည္းစနစ္မ်ားကို က်င့္သုံးၿပီး ေဆာင္႐ြက္ေနတယ္လို႔ သိရွိရတဲ့အတြက္ ယခုထက္ပိုၿပီး ထိထိေရာက္ေရာက္ က်ယ္က်ယ္ ျပန႔္ျပန႔္ ေဆာင္႐ြက္ေစလိုေၾကာင္း တိုက္တြန္းမွာၾကားလိုပါတယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့ ေၾကာင္း သိရသည္။