ရန်ကုန်တိုင်းအတွင်း လူ(၉၀၀)ကျော်အတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃)ခုလုပ်ကိုင်ခွင့်ပြု

149

ထိုက်စံ(NP News)-ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းအတွင်း လူ(၉၀၀)ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃)ခုလုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှု ကော်မတီ၏အချက်အလက်အရသိရသည်။
ယမန်နေ့(ဇန်နဝါရီ ၂၈ရက်) ၊ နံနက်ပိုင်း က ရန်ကင်း မြို့နယ်ရှိ တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီရုံး၌ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၁/၂ဝ၂၆) ကြိမ်မြောက် အစည်းအဝေးအား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေး ရန်ကုန်တိုင်းဒေသ ကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခု နှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုတို့ကို အတည်ပြုပေးခဲ့ကြောင်းသိရသည်။
အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ SKD စနစ်ဖြင့် လူသုံးကုန်လျှပ်စစ် ပစ္စည်းများ တပ်ဆင်ထုတ်လုပ်၍ ပြည်တွင်း၌ (၁၀၀) ရာနှုန်း ရောင်းချ ခြင်းလုပ်ငန်း၊ ဒီဇယ်အင်ဂျင် အမျိုးမျိုး တပ်ဆင်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်ကြောင်းသိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာငွေကျပ်( ၉၅၃၇ ဒသမ ၂၂၇ )သန်း နှင့် အမေရိကန်ဒေါ်လာ( ၀ ဒသမ ၇၂၀) သန်း ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းကို လူ(၉၁၁)ဦးတို့အား ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည် ။

Zawgyi Version:
ရန္ကုန္တိုင္းအတြင္း လူ(၉၀၀)ေက်ာ္အတြက္ အလုပ္အကိုင္ဖန္တီးေပးႏိုင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၃)ခုလုပ္ကိုင္ခြင့္ျပဳ
ထိုက္စံ(NP News)-ဇန္နဝါရီ ၂၉
ရန္ကုန္တိုင္းအတြင္း လူ(၉၀၀)ေက်ာ္အတြက္ အလုပ္အကိုင္အခြင့္အလမ္းဖန္တီးေပးႏိုင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၃)ခုလုပ္ကိုင္ခြင့္ျပဳခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမဳပ္ႏွံမႈ ေကာ္မတီ၏အခ်က္အလက္အရသိရသည္။
ယမန္ေန႔(ဇန္နဝါရီ ၂၈ရက္) ၊ နံနက္ပိုင္း က ရန္ကင္း ၿမိဳ႕နယ္ရွိ တိုင္းေဒသႀကီး ရင္းႏွီး ျမႇဳပ္ႏွံမႈေကာ္မတီ႐ုံး၌ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီး ျမႇဳပ္ႏွံမႈေကာ္မတီ၏ (၁/၂ဝ၂၆) ႀကိမ္ေျမာက္ အစည္းအေဝးအား က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါအစည္းအေဝး ရန္ကုန္တိုင္းေဒသ ႀကီးရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီမွ စက္မႈက႑တြင္ ရာခိုင္ႏႈန္းျပည့္ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၂)ခု ႏွင့္ ရာခိုင္ႏႈန္းျပည့္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၁)ခုတို႔ကို အတည္ျပဳေပးခဲ့ေၾကာင္းသိရသည္။
အတည္ျပဳေပးခဲ့သည့္ လုပ္ငန္းမ်ားမွာ SKD စနစ္ျဖင့္ လူသုံးကုန္လွ်ပ္စစ္ ပစၥည္းမ်ား တပ္ဆင္ထုတ္လုပ္၍ ျပည္တြင္း၌ (၁၀၀) ရာႏႈန္း ေရာင္းခ် ျခင္းလုပ္ငန္း၊ ဒီဇယ္အင္ဂ်င္ အမ်ိဳးမ်ိဳး တပ္ဆင္ထုတ္လုပ္ ေရာင္းခ်ျခင္းလုပ္ငန္းႏွင့္ CMP စနစ္ျဖင့္ အဝတ္အထည္ အမ်ိဳးမ်ိဳး ခ်ဳပ္လုပ္ျခင္းလုပ္ငန္းတို႔ ျဖစ္ေၾကာင္းသိရသည္။
အဆိုပါ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ေငြရင္းပမာဏမွာေငြက်ပ္( ၉၅၃၇ ဒသမ ၂၂၇ )သန္း ႏွင့္ အေမရိကန္ေဒၚလာ( ၀ ဒသမ ၇၂၀) သန္း ျဖစ္ၿပီး ျပည္တြင္း အလုပ္အကိုင္အခြင့္အလမ္းကို လူ(၉၁၁)ဦးတို႔အား ဖန္တီးေပးႏိုင္ခဲ့ေၾကာင္း သိရသည္ ။