ပြည်တွင်းရွှေစျေး (၁၁၈) သိန်းအထိ မြင့်တက်နေပြီး ရွှေဆိုင်များ အရောင်းအဝယ်အေးနေ
 291
Pearl (NP News) - ဇန်နဝါရီ ၂၉
ပြည်တွင်းရွှေစျေး (၁၁၈) သိန်းအထိ မြင့်တက်နေပြီး ရွှေဆိုင်အချို့ အရောင်းအဝယ်အေးနေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောသည်။
လတ်တလော၌ ဒေါ်လာစျေး ၄၀၂၀ ပေါက်စျေးနှင့်အတူ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၅၅၈၆ ဒသမ ၆ ဒေါ်လာဝန်းကျင် ရှိနေပြီး ပြည်တွင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ငွေကျပ် (၁၁၈) သိန်းစျေးဝန်းကျင်အထိ ဖြစ်ပေါ်နေသည်။
ကမ္ဘာ့ရွှေဈေး မြင့်တက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးများလည်း ဆက်တိုက်မြင့်တက်နေခြင်းဖြစ်ပြီး ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၆၀၀၀ ဒေါ်လာအထိ မြင့်တက်လာနိုင်ကြောင်း၊ တရုတ်နှစ်သစ်ကူးပြီးမှသာ ပြန်လည် ကျဆင်းနိုင်ကြောင်းလည်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
လက်ရှိတွင် ရွှေဆိုင်လုပ်ငန်းများ အရောင်းအဝယ်အေးနေပြီး လုံခြုံရေးကိုလည်း ဂရုစိုက်နေရကြောင်းလည်း သိရသည်။
"လူတွေ တစ်ယောက်မှ မရှိလို့ လုံခြုံရေးကို ဂရုစိုက်နေရတယ်။ ‌ရွှေစျေးတွေ တအားတက်တော့ မသမာသူတွေက ရွှေဆိုင်တွေကို မျက်စိကျနေတာပေါ့။ အရောင်းအဝယ်တွေကတော့ မဖြစ်ဘူး။ ရောင်းလည်း မရောင်းရဘူး။ ဝယ်လည်း မဝယ်ရဘူး။ ဝယ်တာကလည်း ပေါက်စျေးအတိုင်းအတိအကျကြီး ဘယ်ဆိုင်မှ မဝယ်နိုင်ကြဘူးလေ။ မူမှန်တဲ့စျေးမဟုတ်ဘူး။ ဝုန်းခနဲ ပြုတ်ကျမယ့်စျေးဆိုတော့။ ထိန်းပြီးတော့ ကောက်နေရတယ်။ ဝယ်တာက ဒီစျေးနဲ့ဘယ်သူမှ မဝယ်တော့ပါဘူး" ဟု ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။
Zawgyi Version:
ပြည်တွင်းရွှေဈေး (၁၁၈) သိန်းအထိ မြင့်တက်နေပြီး ရွှေဆိုင်များ အရောင်းအဝယ်အေးနေ
ပြည်တွင်းရွှေဈေး (၁၁၈) သိန်းအထိ မြင့်တက်နေပြီး ရွှေဆိုင်အချို့ အရောင်းအဝယ်အေးနေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောသည်။
လတ်တလော၌ ဒေါ်လာဈေး ၄၀၂၀ ပေါက်ဈေးနှင့်အတူ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၅၅၈၆ ဒသမ ၆ ဒေါ်လာဝန်းကျင် ရှိနေပြီး ပြည်တွင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ငွေကျပ် (၁၁၈) သိန်းဈေးဝန်းကျင်အထိ ဖြစ်ပေါ်နေသည်။
Related news
© 2021. All rights reserved.