(၂၀၂၆) ခုနှစ်၏ ပထဝီနိုင်ငံရေး အလှည့်အပြောင်း အမေရိကန်၏ အစွန်းရောက် ခြေလှမ်းများနှင့် ကမ္ဘာ့အထိုင်သစ် (နိုင်ငံတကာ သုံးသပ်ဆောင်းပါး)

 118

သန်းထိုက်စိုး (NP News) - ဇန်နဝါရီလ ၂၉

(၂၀၂၆) ခုနှစ်၏ ကမ္ဘာ့ရေးရာ ဇာတ်ခုံထက်တွင် ပထဝီနိုင်ငံရေး မုန်တိုင်းများ တစ်ကျော့ပြန် ပြင်းထန် လာနေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဒုတိယမြောက်သက်တမ်းအတွင်း ဆောင်ရွက်လာ သည့် မူဝါဒများသည် နိုင်ငံတကာအသိုင်းအဝိုင်းကို တုန်လှုပ်ချောက်ချားစေလျက်ရှိသည်။ မကြာသေး မီက ဗင်နီဇွဲလားနိုင်ငံတွင် " Operation Absolute Resolve " စစ်ဆင်ရေးဖြင့် သမ္မတ နီကိုးလပ်စ် မာဒူရိုကို ရာထူးမှဖယ်ရှားကာ အတင်းအကြပ် ပြည်ပ သို့ ပို့ဆောင်နိုင်ခဲ့ခြင်းအပေါ် အားတက်နေသည့် ထရမ့်အစိုးရသည် ယခုအခါ အီရန်နိုင်ငံကို၎င်း၏ နောက်ထပ်ပစ်မှတ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။

ဗင်နီဇွဲလားမှ အီရန်သို့ ဦးတည်လာသော စစ်မီးလျှံ

သမ္မတထရမ့်က အီရန်အပေါ် စစ်ရေးအရ အရေးယူရန် လမ်းစကို " အလေးအနက် စဉ်းစားနေ ကြောင်း" လူသိရှင်ကြား ကြေညာလိုက်သလို တစ် ဖက်တွင်လည်း အီရန်နှင့် စီးပွားရေးလုပ်သည့် ဘယ် နိုင်ငံမဆို အမေရိကန်နှင့် ကုန်သွယ်လျှင် (၂၅) ရာ ခိုင်နှုန်း အခွန်ဆောင်ရမည်ဟု ဖိအားပေးလာပါသည်။ ဤလုပ်ရပ်သည် အီရန်တွင် ရင်းနှီးမြှုပ်နှံမှု အမြောက် အမြားရှိနေသည့် တရုတ်နိုင်ငံကို တိုက်ရိုက်ပစ်မှတ် ထားပြီး စီးပွားရေးအရ ကလဲ့စားချေခြင်းဖြစ်သည်ဟု ပညာရှင်များက ရှုမြင်ကြသည်။
အမေရိကန်၏ ဤကဲ့သို့ ရုတ်ချည်းပြောင်းလဲ လာသည့်အပြုအမူများကြောင့် အီရန်တွင်ရှိသော အမေရိကန်နိုင်ငံသားများ ချက်ချင်းထွက်ခွာကြရန် အထိ လုံခြုံရေးသတိပေးချက်များထွက်ပေါ်လာခဲ့ သည်။ သို့သော်လည်း ပညာရှင်အများစုကတော့ ဗင် နီဇွဲလားမှာ အောင်မြင်ခဲ့သည့် စစ်ရေးဗျူဟာကို အီရန်မှာ သွားရောက်အသုံးပြုရန် မဖြစ်နိုင်ကြောင်း သတိပေးနေကြပါသည်။ အီရန်သည် ဗင်နီဇွဲလား ကဲ့သို့မဟုတ်ဘဲ စစ်ရေးစွမ်းရည် ပိုမိုတောင့်တင်း သည့်အပြင် ရုရှားနှင့် တရုတ်ကဲ့သို့သော အင်အားကြီး နိုင်ငံများ၏ ကျောထောက်နောက်ခံကို ခိုင်မာစွာ ရရှိ ထားသောကြောင့်ဖြစ်သည်။
ထို့ပြင် ဝါရှင်တန်ရှိ စစ်လိုလားသူများဖြစ်သော နီယိုကွန် (Neocons) များက ထရမ့်ကို ဝန်းရံပြီး အီရန်ကို ဗုံးကြဲတိုက်ခိုက်ရန် တွန်းအားပေးနေခြင်း ကြောင့် အခြေအနေသည် ပိုမိုစိုးရိမ်စရာဖြစ်လာပါ သည်။

ဂရင်းလန်းကျွန်းနှင့် လူမျိုးရေး အခြေခံသည့် လက်တွေ့ဝါဒ

အခြားတစ်ဖက်တွင်လည်း ထရမ့်သည် ဒိန်းမတ်ပိုင်ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် ပြတ်ပြတ်သားသား ခြိမ်းခြောက်လာပါသည်။ ၎င်း၏ နိုင်ငံခြားရေး မူဝါဒသည် လူမျိုးရေးအခြေခံသည့် လက်တွေ့ဝါဒအပေါ်တွင် အခြေတည်နေပြီး၊ လူဖြူများကသာ ကမ္ဘာကြီးကို လွှမ်းမိုးရမည်ဟူသော အယူအဆနှင့်အတူ မြောက်ပိုင်းဥရောပဒေသများကို ပါ ၎င်း၏ ဩဇာအာဏာအောက် သွင်းလိုနေခြင်းဖြစ် ပါသည်။
ဂရင်းလန်းကျွန်းတွင် ကာကွယ်ရေးအင်အား မရှိသလောက် နည်းပါးခြင်းကြောင့် အမေရိကန် အနေဖြင့် လွယ်လွယ်ကူကူ သိမ်းယူနိုင်မည်ဖြစ်သော် လည်း၊ ဤလုပ်ရပ်သည် နေတိုး (NATO) အဖွဲ့ဝင် မဟာမိတ်နိုင်ငံများအပေါ် အမေရိကန်၏ ရမ်းကားမှု ကို အထင်အရှား ပြသရာ ရောက်နေပါသည်။ ဥရောပ နိုင်ငံများသည် အမေရိကန်အပေါ် လွန်စွာမှီခိုနေရ သဖြင့် ထိရောက်သော တုံ့ပြန်မှုလုပ်နိုင်လိမ့်မည် မဟုတ်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။

ဝါရှင်တန်၏ နီယိုကွန် ဝါဒီများနှင့် စစ်ပွဲဆီသို့ တွန်းပို့မှု
ဝါရှင်တန်၏ လက်ရှိ နိုင်ငံရေးဝန်းကျင်တွင် လင်ဆေးဂရေဟမ် (Lindsey Graham) ကဲ့သို့ သော စစ်လိုလားသည့် နီယိုကွန် (Neoconse- rvatives) များသည် သမ္မတထရမ့်အပေါ် ဩဇာ လွှမ်းမိုးမှု ကြီးမားလာနေသည်။ ၎င်းတို့သည် အကြမ်း ဖက်မှုတိုက်ဖျက်ရေးကို အကြောင်းပြကာ အီရန် အစိုးရကို အင်အားသုံးဖြုတ်ချရန် အစဉ်တစိုက် တွန်းအားပေးနေကြသည်။ အမေရိကန်၏ ယခု ခြေ လှမ်းများသည် နိုင်ငံတကာတွင် ၎င်း၏အာဏာကို ပြသလိုသည့်စိတ် (Narcissism) အပေါ်တွင်သာ အခြေခံနေပြီး၊ အီရန်ကိုဖိအားပေးခြင်းမှာ တရုတ် ကိုစိန်ခေါ်ရန် အချက်ပြမှုတစ်ခုသာ ဖြစ်သည်ဟု ပညာရှင် အန်တွန်ဖီဒါရှင်က ထောက်ပြခဲ့သည်။
ဤစစ်ရေးလှုပ်ရှားမှုများသည် အရှေ့အလယ်ပိုင်း ဒေသတွင်း၌သာမက ကမ္ဘာတစ်ဝန်း လုံးတွင်ပါ မကြုံစဖူးသော တင်းမာမှုများကို ဖြစ်ပေါ် စေနိုင်ပါသည်။

ကမ္ဘာ့အထိုင်သစ်သို့ မျှော်ကြည့်ခြင်း

ဤကဲ့သို့ အမေရိကန်၏ တစ်ကိုယ်ကောင်းဆန် သော လုပ်ရပ်များ၊ ကုလသမဂ္ဂ ပဋိညာဉ်နှင့် နိုင်ငံ တကာဥပဒေများကို လျစ်လျူရှုမှုများကြောင့် ကမ္ဘာ့ နိုင်ငံအတော်များများက အမေရိကန်အပေါ် ယုံကြည် မှုလျော့နည်းလာပါသည်။ (၂၀၂၆) ခုနှစ်သို့ ရောက်ရှိ နေပြီဖြစ်သော်လည်း " အင်အားရှိသူက အမှန်"ဟူ သော တောရိုင်းဥပဒေကို ကျင့်သုံးနေခြင်းသည် လူ သားမျိုးနွယ်အတွက် စိတ်မကောင်းစရာပင် ဖြစ် သည်။
အမေရိကန်သည် လုံခြုံရေးကောင်စီဝင် နိုင်ငံ ဖြစ်သော်လည်း ငြိမ်းချမ်းရေးကိုဖော်ဆောင်မည့် အစား အင်အားသုံးဖြေရှင်းနည်းများကိုသာ ရှေ့တန်း တင်နေသည်ကို တွေ့ရသည်။ ထို့ကြောင့်ပင် နိုင်ငံ အသီးသီးသည် အမေရိကန်၏ ဩဇာလွှမ်းမိုးမှုမှ ကာ ကွယ်ရန် SCO နှင့် BRICS Plus ကဲ့သို့သော အဖွဲ့ အစည်းများတွင် ပိုမိုပူးပေါင်းလာကြပြီး အမေရိကန် ကို ဝိုင်းပယ်သည့် (Containment) အခြေအနေ တစ်ရပ်ဆီသို့ ဦးတည်လာနေပါသည်။ နောက်ဆုံး တွင် အမေရိကန်၏ ဩဇာကျဆင်းလာချိန်၌ တရုတ် နိုင်ငံကဲ့သို့သော နိုင်ငံများက နိုင်ငံစုံပူးပေါင်းဆောင် ရွက်ရေး (Multilateralism) နှင့် ကမ္ဘာ့တည်ငြိမ်ရေး ကို ဦးဆောင်လာမည့် အလှည့်အပြောင်းသစ်တစ်ခု ကို (၂၀၂၆) ခုနှစ်တွင် စတင်တွေ့မြင်လာရတော့မည် ဖြစ်သည်။

Zawgyi Version:
(၂၀၂၆) ခုႏွစ္၏ ပထဝီႏိုင္ငံေရး အလွည့္အေျပာင္း အေမရိကန္၏ အစြန္းေရာက္ ေျခလွမ္းမ်ားႏွင့္ ကမာၻ႔အထိုင္သစ္

သန္းထိုက္စိုး (NP News) - ဇန္နဝါရီလ ၂၉

(၂၀၂၆) ခုႏွစ္၏ ကမာၻ႔ေရးရာ ဇာတ္ခုံထက္တြင္ ပထဝီႏိုင္ငံေရး မုန္တိုင္းမ်ား တစ္ေက်ာ့ျပန္ ျပင္းထန္ လာေနၿပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏ ဒုတိယေျမာက္သက္တမ္းအတြင္း ေဆာင္႐ြက္လာ သည့္ မူဝါဒမ်ားသည္ ႏိုင္ငံတကာအသိုင္းအဝိုင္းကို တုန္လႈပ္ေခ်ာက္ခ်ားေစလ်က္ရွိသည္။ မၾကာေသး မီက ဗင္နီဇြဲလားႏိုင္ငံတြင္ " Operation Absolute Resolve " စစ္ဆင္ေရးျဖင့္ သမၼတ နီကိုးလပ္စ္ မာဒူ႐ိုကို ရာထူးမွဖယ္ရွားကာ အတင္းအၾကပ္ ျပည္ပ သို႔ ပို႔ေဆာင္ႏိုင္ခဲ့ျခင္းအေပၚ အားတက္ေနသည့္ ထရမ့္အစိုးရသည္ ယခုအခါ အီရန္ႏိုင္ငံကို၎၏ ေနာက္ထပ္ပစ္မွတ္အျဖစ္ ေျပာင္းလဲသတ္မွတ္လိုက္ျခင္းျဖစ္သည္။

ဗင္နီဇြဲလားမွ အီရန္သို႔ ဦးတည္လာေသာ စစ္မီးလွ်ံ

သမၼတထရမ့္က အီရန္အေပၚ စစ္ေရးအရ အေရးယူရန္ လမ္းစကို " အေလးအနက္ စဥ္းစားေန ေၾကာင္း" လူသိရွင္ၾကား ေၾကညာလိုက္သလို တစ္ ဖက္တြင္လည္း အီရန္ႏွင့္ စီးပြားေရးလုပ္သည့္ ဘယ္ ႏိုင္ငံမဆို အေမရိကန္ႏွင့္ ကုန္သြယ္လွ်င္ (၂၅) ရာ ခိုင္ႏႈန္း အခြန္ေဆာင္ရမည္ဟု ဖိအားေပးလာပါသည္။ ဤလုပ္ရပ္သည္ အီရန္တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ အေျမာက္ အျမားရွိေနသည့္ တ႐ုတ္ႏိုင္ငံကို တိုက္႐ိုက္ပစ္မွတ္ ထားၿပီး စီးပြားေရးအရ ကလဲ့စားေခ်ျခင္းျဖစ္သည္ဟု ပညာရွင္မ်ားက ရႈျမင္ၾကသည္။
အေမရိကန္၏ ဤကဲ့သို႔ ႐ုတ္ခ်ည္းေျပာင္းလဲ လာသည့္အျပဳအမူမ်ားေၾကာင့္ အီရန္တြင္ရွိေသာ အေမရိကန္ႏိုင္ငံသားမ်ား ခ်က္ခ်င္းထြက္ခြာၾကရန္ အထိ လုံၿခဳံေရးသတိေပးခ်က္မ်ားထြက္ေပၚလာခဲ့ သည္။ သို႔ေသာ္လည္း ပညာရွင္အမ်ားစုကေတာ့ ဗင္ နီဇြဲလားမွာ ေအာင္ျမင္ခဲ့သည့္ စစ္ေရးဗ်ဴဟာကို အီရန္မွာ သြားေရာက္အသုံးျပဳရန္ မျဖစ္ႏိုင္ေၾကာင္း သတိေပးေနၾကပါသည္။ အီရန္သည္ ဗင္နီဇြဲလား ကဲ့သို႔မဟုတ္ဘဲ စစ္ေရးစြမ္းရည္ ပိုမိုေတာင့္တင္း သည့္အျပင္ ႐ုရွားႏွင့္ တ႐ုတ္ကဲ့သို႔ေသာ အင္အားႀကီး ႏိုင္ငံမ်ား၏ ေက်ာေထာက္ေနာက္ခံကို ခိုင္မာစြာ ရရွိ ထားေသာေၾကာင့္ျဖစ္သည္။
ထို႔ျပင္ ဝါရွင္တန္ရွိ စစ္လိုလားသူမ်ားျဖစ္ေသာ နီယိုကြန္ (Neocons) မ်ားက ထရမ့္ကို ဝန္းရံၿပီး အီရန္ကို ဗုံးႀကဲတိုက္ခိုက္ရန္ တြန္းအားေပးေနျခင္း ေၾကာင့္ အေျခအေနသည္ ပိုမိုစိုးရိမ္စရာျဖစ္လာပါ သည္။

ဂရင္းလန္းကြၽန္းႏွင့္ လူမ်ိဳးေရး အေျခခံသည့္ လက္ေတြ႕ဝါဒ

အျခားတစ္ဖက္တြင္လည္း ထရမ့္သည္ ဒိန္းမတ္ပိုင္ဂရင္းလန္းကြၽန္းကို သိမ္းပိုက္ရန္ ျပတ္ျပတ္သားသား ၿခိမ္းေျခာက္လာပါသည္။ ၎၏ ႏိုင္ငံျခားေရး မူဝါဒသည္ လူမ်ိဳးေရးအေျခခံသည့္ လက္ေတြ႕ဝါဒအေပၚတြင္ အေျခတည္ေနၿပီး၊ လူျဖဴမ်ားကသာ ကမာၻႀကီးကို လႊမ္းမိုးရမည္ဟူေသာ အယူအဆႏွင့္အတူ ေျမာက္ပိုင္းဥေရာပေဒသမ်ားကို ပါ ၎၏ ဩဇာအာဏာေအာက္ သြင္းလိုေနျခင္းျဖစ္ ပါသည္။
ဂရင္းလန္းကြၽန္းတြင္ ကာကြယ္ေရးအင္အား မရွိသေလာက္ နည္းပါးျခင္းေၾကာင့္ အေမရိကန္ အေနျဖင့္ လြယ္လြယ္ကူကူ သိမ္းယူႏိုင္မည္ျဖစ္ေသာ္ လည္း၊ ဤလုပ္ရပ္သည္ ေနတိုး (NATO) အဖြဲ႕ဝင္ မဟာမိတ္ႏိုင္ငံမ်ားအေပၚ အေမရိကန္၏ ရမ္းကားမႈ ကို အထင္အရွား ျပသရာ ေရာက္ေနပါသည္။ ဥေရာပ ႏိုင္ငံမ်ားသည္ အေမရိကန္အေပၚ လြန္စြာမွီခိုေနရ သျဖင့္ ထိေရာက္ေသာ တုံ႔ျပန္မႈလုပ္ႏိုင္လိမ့္မည္ မဟုတ္ေၾကာင္း ပညာရွင္မ်ားက သုံးသပ္ၾကသည္။

ဝါရွင္တန္၏ နီယိုကြန္ ဝါဒီမ်ားႏွင့္ စစ္ပြဲဆီသို႔ တြန္းပို႔မႈ
ဝါရွင္တန္၏ လက္ရွိ ႏိုင္ငံေရးဝန္းက်င္တြင္ လင္ေဆးဂေရဟမ္ (Lindsey Graham) ကဲ့သို႔ ေသာ စစ္လိုလားသည့္ နီယိုကြန္ (Neoconse- rvatives) မ်ားသည္ သမၼတထရမ့္အေပၚ ဩဇာ လႊမ္းမိုးမႈ ႀကီးမားလာေနသည္။ ၎တို႔သည္ အၾကမ္း ဖက္မႈတိုက္ဖ်က္ေရးကို အေၾကာင္းျပကာ အီရန္ အစိုးရကို အင္အားသုံးျဖဳတ္ခ်ရန္ အစဥ္တစိုက္ တြန္းအားေပးေနၾကသည္။ အေမရိကန္၏ ယခု ေျခ လွမ္းမ်ားသည္ ႏိုင္ငံတကာတြင္ ၎၏အာဏာကို ျပသလိုသည့္စိတ္ (Narcissism) အေပၚတြင္သာ အေျခခံေနၿပီး၊ အီရန္ကိုဖိအားေပးျခင္းမွာ တ႐ုတ္ ကိုစိန္ေခၚရန္ အခ်က္ျပမႈတစ္ခုသာ ျဖစ္သည္ဟု ပညာရွင္ အန္တြန္ဖီဒါရွင္က ေထာက္ျပခဲ့သည္။
ဤစစ္ေရးလႈပ္ရွားမႈမ်ားသည္ အေရွ႕အလယ္ပိုင္း ေဒသတြင္း၌သာမက ကမာၻတစ္ဝန္း လုံးတြင္ပါ မႀကဳံစဖူးေသာ တင္းမာမႈမ်ားကို ျဖစ္ေပၚ ေစႏိုင္ပါသည္။

ကမာၻ႔အထိုင္သစ္သို႔ ေမွ်ာ္ၾကည့္ျခင္း

ဤကဲ့သို႔ အေမရိကန္၏ တစ္ကိုယ္ေကာင္းဆန္ ေသာ လုပ္ရပ္မ်ား၊ ကုလသမဂၢ ပဋိညာဥ္ႏွင့္ ႏိုင္ငံ တကာဥပေဒမ်ားကို လ်စ္လ်ဴရႈမႈမ်ားေၾကာင့္ ကမာၻ႔ ႏိုင္ငံအေတာ္မ်ားမ်ားက အေမရိကန္အေပၚ ယုံၾကည္ မႈေလ်ာ့နည္းလာပါသည္။ (၂၀၂၆) ခုႏွစ္သို႔ ေရာက္ရွိ ေနၿပီျဖစ္ေသာ္လည္း " အင္အားရွိသူက အမွန္"ဟူ ေသာ ေတာ႐ိုင္းဥပေဒကို က်င့္သုံးေနျခင္းသည္ လူ သားမ်ိဳးႏြယ္အတြက္ စိတ္မေကာင္းစရာပင္ ျဖစ္ သည္။
အေမရိကန္သည္ လုံၿခဳံေရးေကာင္စီဝင္ ႏိုင္ငံ ျဖစ္ေသာ္လည္း ၿငိမ္းခ်မ္းေရးကိုေဖာ္ေဆာင္မည့္ အစား အင္အားသုံးေျဖရွင္းနည္းမ်ားကိုသာ ေရွ႕တန္း တင္ေနသည္ကို ေတြ႕ရသည္။ ထို႔ေၾကာင့္ပင္ ႏိုင္ငံ အသီးသီးသည္ အေမရိကန္၏ ဩဇာလႊမ္းမိုးမႈမွ ကာ ကြယ္ရန္ SCO ႏွင့္ BRICS Plus ကဲ့သို႔ေသာ အဖြဲ႕ အစည္းမ်ားတြင္ ပိုမိုပူးေပါင္းလာၾကၿပီး အေမရိကန္ ကို ဝိုင္းပယ္သည့္ (Containment) အေျခအေန တစ္ရပ္ဆီသို႔ ဦးတည္လာေနပါသည္။ ေနာက္ဆုံး တြင္ အေမရိကန္၏ ဩဇာက်ဆင္းလာခ်ိန္၌ တ႐ုတ္ ႏိုင္ငံကဲ့သို႔ေသာ ႏိုင္ငံမ်ားက ႏိုင္ငံစုံပူးေပါင္းေဆာင္ ႐ြက္ေရး (Multilateralism) ႏွင့္ ကမာၻ႔တည္ၿငိမ္ေရး ကို ဦးေဆာင္လာမည့္ အလွည့္အေျပာင္းသစ္တစ္ခု ကို (၂၀၂၆) ခုႏွစ္တြင္ စတင္ေတြ႕ျမင္လာရေတာ့မည္ ျဖစ္သည္။

Related news

© 2021. All rights reserved.