မြိုင်နှင့်ပေါက်ရှိ PDF ထိန်းချုပ်ကျေးရွာမှ လူငယ်များ မှတ်ပုံတင်လုပ်ခွင့်မရ၍ ပြည်တွင်း၌ ရွှေ့ပြောင်းလုပ်ကိုင်ရန် အခက်ကြုံ

332

သန့်ဇင် (NP News) - ဖေဖော်ဝါရီလ ၄
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသခံ လူငယ်များသည် အလုပ်အကိုင်ရှာဖွေရန်အတွက် မြို့ပေါ်သို့ တက်ရောက်လိုသော်လည်း နိုင်ငံသား စိစစ်ရေးကတ် (မှတ်ပုံတင်)မရှိခြင်းနှင့် ၎င်းကို ပြုလုပ်ရန် လိုအပ်သောအထောက်အထားများ မရရှိ နိုင်ခြင်းကြောင့် အခက်အခဲဖြစ်နေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါဒေသရှိကျေးရွာများတွင် ယခင်က ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာတံဆိပ်တုံးများကို PDF အဖွဲ့များက ဖျက်ဆီးခဲ့ပြီးနောက် လက်ရှိတွင် NUG ၏ ပသုံးလုံးတံဆိပ်တုံးများကို ကျေးရွာ အုပ် ချုပ်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနေသော ကြောင့် အခြား ဥပဒေစိုးမိုးရာဒေသများတွင် ယင်း တံဆိပ်တုံးများမှာ တရားမဝင်ပေ။
" အခုဆိုးနေကြတဲ့ မြိုင်တို့ ပေါက်တို့ ဘက်ကရှိတဲ့ လူငယ်တွေက အလုပ်လုပ်ချင်ကြတယ်။ ဒါပေမဲ့ သူတို့မှာက မှတ်ပုံတင်မရှိဘူး။ မှတ်ပုံတင် တစ်ခုလုပ်တယ်ဆိုတာက ရပ်ကွက်ထောက်ခံချက်ပါ ရတယ်။ ရဲစခန်းထောက်ခံချက်ပါရတယ်။ ပြီးရင်အိမ် ထောင်စုဇယားပါရမယ်ဆိုရင် လဝကကလုပ်ပေး တယ်။ သူတို့ရွာတွေမှာက အုပ်စုလိုက်ရှိတဲ့ ရွာတွေ ရှိတယ်။ အဲဒီအုပ်စုတွေမှာက အရင်တုန်းက ကျေးရွာ အုပ်စု တံဆိပ်တုံးတွေကိုလည်း PDF တွေကဖျောက် ဖျက်ပစ်လိုက်ပြီ။ သူတို့ခန့်တဲ့လူ လူကြီးပေါ့။ အဲဒီမှာ ပြည်သူ့ကာကွယ်ရေး တံဆိပ်တုံးတွေပေါ့။ အဲဒီတံ ဆိပ်တုံးတွေက ဘောင်မဝင်ဘူး" ဟု အထက်ပါ ဒေသခံက ပြောသည်။
ထို့ပြင် ရဲစခန်းထောက်ခံချက်ရယူရာတွင် လည်း ရပ်ကွက်/ကျေးရွာထောက်ခံချက်မရှိသည့် အတွက် ဒေသခံများအနေဖြင့် အဆင်မပြေ ဖြစ်နေ ကြောင်းလည်း ၎င်းကဆိုသည်။
" ရဲစခန်းထောက်ခံချက်လိုရင်လည်း သွားယူလို့မရဘူး။ ဘာလို့လဲဆိုတော့ ရဲစခန်းထောက် ခံချက်ယူဖို့က ရပ်ကွက်ထောက်ခံချက်မှမပါတာ။ သူတို့ PDF ခန့်တဲ့လူကြီးတွေရဲ့ တံဆိပ်တုံးတွေက ဘောင်မဝင်ဘူး ဖြစ်နေတယ် " ဟု ၎င်းကပြောသည်။
ထိုသို့ ထောက်ခံချက်နှင့် မှတ်ပုံတင်ရရှိရန် အခက် အခဲရှိသည့်အတွက် ယင်းဒေသမှလူငယ်များသည် ရန်ကုန်မြို့ သို့မဟုတ် ပခုက္ကူမြို့ပေါ်ရှိ စာရင်းကိုင်၊ စာရေးမ အစရှိသည့် အလုပ်အကိုင်များကို သွား ရောက်လုပ်ကိုင်ရန် အခွင့်အလမ်းများ ဆုံးရှုံးနေရ ကြောင်းလည်း ၎င်းကဆိုသည်။
" လူငယ်တွေရဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေ အဲဒီမှာပျောက်ကုန်တာ။ အဲဒီမှာ ရန်ကုန် တက်ပြီးတော့ အလုပ်လုပ်ချင်ကြတယ်။ ပခုက္ကူမြို့ ပေါ်တက်ပြီး စာရင်းကိုင်တွေ၊ စာရေးမတွေလုပ်ချင် တယ်။ အဲကလေးတွေမှာ မသွားနိုင်ကြဘူးဖြစ်နေ တယ်။ အဲဒါက ပခုက္ကူတစ်နယ်လုံးနဲ့ မြိုင်တို့ ပေါက် တို့မှာဖြစ်နေကြတာ။ မနေချင်လို့ ပြေးမယ်ဆိုလည်း ပြေးလို့မရဘူး။ သူတို့မှာက မှတ်ပုံတင်မရှိဘူးလေ။ မှတ်ပုံတင်မရှိရင် အဖမ်းခံရမှာ။ အဲဒီလိုဆိုတော့ သူတို့မှာ ဒုံရင်းက ဒုံရင်းပဲနေနေကြရတာ။ အရမ်း သနားဖို့ကောင်းတယ်။ အဲဒီမှာ မှတ်ပုံတင်မရှိလို့ ဒုက္ခရောက်နေတာတွေ အများကြီးပဲ"ဟု ၎င်းက ပြောသည်။
zawgyi version
ၿမိဳင္ႏွင့္ေပါက္ရွိ PDF ထိန္းခ်ဳပ္ေက်း႐ြာမွ လူငယ္မ်ား မွတ္ပုံတင္လုပ္ခြင့္မရ၍ ျပည္တြင္း၌ ေ႐ႊ႕ေျပာင္းလုပ္ကိုင္ရန္ အခက္ႀကဳံ
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီလ ၄
မေကြးတိုင္းေဒသႀကီး၊ ၿမိဳင္ၿမိဳ႕နယ္ႏွင့္ ေပါက္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ားတြင္ ေဒသခံ လူငယ္မ်ားသည္ အလုပ္အကိုင္ရွာေဖြရန္အတြက္ ၿမိဳ႕ေပၚသို႔ တက္ေရာက္လိုေသာ္လည္း ႏိုင္ငံသား စိစစ္ေရးကတ္ (မွတ္ပုံတင္)မရွိျခင္းႏွင့္ ၎ကို ျပဳလုပ္ရန္ လိုအပ္ေသာအေထာက္အထားမ်ား မရရွိ ႏိုင္ျခင္းေၾကာင့္ အခက္အခဲျဖစ္ေနေၾကာင္း ေဒသခံ အမ်ိဳးသားတစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါေဒသရွိေက်း႐ြာမ်ားတြင္ ယခင္က ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးဆိုင္ရာတံဆိပ္တုံးမ်ားကို PDF အဖြဲ႕မ်ားက ဖ်က္ဆီးခဲ့ၿပီးေနာက္ လက္ရွိတြင္ NUG ၏ ပသုံးလုံးတံဆိပ္တုံးမ်ားကို ေက်း႐ြာ အုပ္ ခ်ဳပ္ေရးလုပ္ငန္းစဥ္မ်ားတြင္ အသုံးျပဳေနေသာ ေၾကာင့္ အျခား ဥပေဒစိုးမိုးရာေဒသမ်ားတြင္ ယင္း တံဆိပ္တုံးမ်ားမွာ တရားမဝင္ေပ။
" အခုဆိုးေနၾကတဲ့ ၿမိဳင္တို႔ ေပါက္တို႔ ဘက္ကရွိတဲ့ လူငယ္ေတြက အလုပ္လုပ္ခ်င္ၾကတယ္။ ဒါေပမဲ့ သူတို႔မွာက မွတ္ပုံတင္မရွိဘူး။ မွတ္ပုံတင္ တစ္ခုလုပ္တယ္ဆိုတာက ရပ္ကြက္ေထာက္ခံခ်က္ပါ ရတယ္။ ရဲစခန္းေထာက္ခံခ်က္ပါရတယ္။ ၿပီးရင္အိမ္ ေထာင္စုဇယားပါရမယ္ဆိုရင္ လဝကကလုပ္ေပး တယ္။ သူတို႔႐ြာေတြမွာက အုပ္စုလိုက္ရွိတဲ့ ႐ြာေတြ ရွိတယ္။ အဲဒီအုပ္စုေတြမွာက အရင္တုန္းက ေက်း႐ြာ အုပ္စု တံဆိပ္တုံးေတြကိုလည္း PDF ေတြကေဖ်ာက္ ဖ်က္ပစ္လိုက္ၿပီ။ သူတို႔ခန႔္တဲ့လူ လူႀကီးေပါ့။ အဲဒီမွာ ျပည္သူ႔ကာကြယ္ေရး တံဆိပ္တုံးေတြေပါ့။ အဲဒီတံ ဆိပ္တုံးေတြက ေဘာင္မဝင္ဘူး" ဟု အထက္ပါ ေဒသခံက ေျပာသည္။
ထို႔ျပင္ ရဲစခန္းေထာက္ခံခ်က္ရယူရာတြင္ လည္း ရပ္ကြက္/ေက်း႐ြာေထာက္ခံခ်က္မရွိသည့္ အတြက္ ေဒသခံမ်ားအေနျဖင့္ အဆင္မေျပ ျဖစ္ေန ေၾကာင္းလည္း ၎ကဆိုသည္။
" ရဲစခန္းေထာက္ခံခ်က္လိုရင္လည္း သြားယူလို႔မရဘူး။ ဘာလို႔လဲဆိုေတာ့ ရဲစခန္းေထာက္ ခံခ်က္ယူဖို႔က ရပ္ကြက္ေထာက္ခံခ်က္မွမပါတာ။ သူတို႔ PDF ခန႔္တဲ့လူႀကီးေတြရဲ႕ တံဆိပ္တုံးေတြက ေဘာင္မဝင္ဘူး ျဖစ္ေနတယ္ " ဟု ၎ကေျပာသည္။
ထိုသို႔ ေထာက္ခံခ်က္ႏွင့္ မွတ္ပုံတင္ရရွိရန္ အခက္ အခဲရွိသည့္အတြက္ ယင္းေဒသမွလူငယ္မ်ားသည္ ရန္ကုန္ၿမိဳ႕ သို႔မဟုတ္ ပခုကၠဴၿမိဳ႕ေပၚရွိ စာရင္းကိုင္၊ စာေရးမ အစရွိသည့္ အလုပ္အကိုင္မ်ားကို သြား ေရာက္လုပ္ကိုင္ရန္ အခြင့္အလမ္းမ်ား ဆုံးရႈံးေနရ ေၾကာင္းလည္း ၎ကဆိုသည္။
" လူငယ္ေတြရဲ႕ အလုပ္အကိုင္အခြင့္ အလမ္းေတြ အဲဒီမွာေပ်ာက္ကုန္တာ။ အဲဒီမွာ ရန္ကုန္ တက္ၿပီးေတာ့ အလုပ္လုပ္ခ်င္ၾကတယ္။ ပခုကၠဴၿမိဳ႕ ေပၚတက္ၿပီး စာရင္းကိုင္ေတြ၊ စာေရးမေတြလုပ္ခ်င္ တယ္။ အဲကေလးေတြမွာ မသြားႏိုင္ၾကဘူးျဖစ္ေန တယ္။ အဲဒါက ပခုကၠဴတစ္နယ္လုံးနဲ႔ ၿမိဳင္တို႔ ေပါက္ တို႔မွာျဖစ္ေနၾကတာ။ မေနခ်င္လို႔ ေျပးမယ္ဆိုလည္း ေျပးလို႔မရဘူး။ သူတို႔မွာက မွတ္ပုံတင္မရွိဘူးေလ။ မွတ္ပုံတင္မရွိရင္ အဖမ္းခံရမွာ။ အဲဒီလိုဆိုေတာ့ သူတို႔မွာ ဒုံရင္းက ဒုံရင္းပဲေနေနၾကရတာ။ အရမ္း သနားဖို႔ေကာင္းတယ္။ အဲဒီမွာ မွတ္ပုံတင္မရွိလို႔ ဒုကၡေရာက္ေနတာေတြ အမ်ားႀကီးပဲ"ဟု ၎က ေျပာသည္။