ထီးချိုင့် PDF ခေါင်းဆောင်များက သယံဇာတမှရသည့် ငွေကြေးဖြင့် KIA ကိုပင် ကြေးစားစစ်တိုက်ခိုင်းနေ

1825

သန့်ဇင် (NP News)-ဇန်နဝါရီ-၇
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်အတွင်း လှုပ်ရှားနေသော PDF ခေါင်းဆောင်များ သည်ဒေသတွင်းရှိ သယံဇာတများကို အလွဲသုံးစား ပြုလုပ်ကာ ကိုယ်ကျိုးစီးပွားရှာဖွေနေကြပြီး KIA အဖွဲ့ကို ငွေကြေးအမြောက်အမြား ပေးကာ ကြေးစားတိုက်ခိုက်ခိုင်းနေကြောင်း ဒေသခံများက NP News သို့ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၂၈) ရက်ကလည်း ထီးချိုင့်မြို့နှင့် မြတောင်ကျေးရွာတို့ကို ဆက်သွယ်ထားသည့် တံတားရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်တွင် ထီးချိုင့်နယ် မြေခံ PDF အဖွဲ့များက KIA ကို ငွေကျပ်သိန်း (၃၀ဝဝ) ပေးချေကာ တိုက်ခိုက်ခိုင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“အဲဒီတုန်းက မြတောင်ဘက်က တံတား ကိုဝင်လုံးတယ်။ ဝင်လုံးတော့ ကျွန်တော်တို့ ကြားတဲ့ သတင်းပေါ့လေ။ အဲဒီမှာ ထီးချိုင့်မှာသယံဇာတ ဝန်ကြီးပေါ့။ ကိုတုတ်ဖြူဆိုတာရှိတယ်။ သူနဲ့ သူတို့တိုက် ခိုက်ရေးမှာ အကြီးဆုံး ကိုစောဝင်းတို့က KIA ကို ကျပ် သိန်း (၃၀ဝဝ)ပေးပြီးခေါ်တိုက်ခိုင်းတယ်။ သူတို့ကတော့ ရိက္ခာတွေတာဝန်ယူရတာပေါ့။ အဲဒီလို တာဝန်ယူပြီး မြတောင်ဘက်ခြမ်းက တံတားကိုဝင်လုံးတော့ သူတို့တွေကျတယ်။ KIA ဘက်ကခေါင်းကြီး ပိုင်းလည်းကျတယ်။ PDF တွေလည်းကျတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြေသည်။
ထီးချိုင့်မြို့နယ်အတွင်း လှုပ်ရှားနေသည့် PDF အဖွဲ့များသည် လက်ရှိတွင် ပြည်သူ့အကျိုးထက် ကိုယ်ကျိုး စီးပွားရှာဖွေရေးဘက်သို့ ဦးလှည့်လာနေသည့်အပေါ် နယ်မြေခံပြည်သူများအကြား ဝေဖန်မှုများလည်း မြင့်တက်နေ ကြောင်း သိရသည်။
“ထီးချိုင့်ကို လာတိုက်တယ်ဆိုတာကလည်း မန္တလေးကနေ မတ္တာရာ သပိတ်ကျဉ်းနဲ့ (၇) မိုင်တို့မှာ ပြန်ဝင်နေကြ ပြီဆိုတော့ သူတို့က ထီးချိုင့် နယ်မြေခံတွေကလည်းဝင်ချင်တာပေါ့။ အဲဒီလိုဆိုတော့ သူတို့က ဝင်မှာစိုးလို့ ကြောက် စိတ်ဖြစ်အောင် ဟန့်တာပေါ့။ ပြန်ဝင်လာရင် သူတို့လုပ်ထားတဲ့အလုပ် တွေကလည်း ပြည်သူတွေက သိနေတာကိုး။ သူတို့က ပြည်သူတွေပြန်ဝင်ရင် ပြည်သူတွေကလည်း သိနေတာကိုး အဲဒီလိုဖြစ်နေတော့ ကျန်တဲ့လူတွေကလည်း ငြိမ်မှာမဟုတ်ဘူးလေ” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ထို့ကြောင့် အချို့သော PDF အဖွဲ့များ၏ မိဘမျာသည်လည်း ခေါင်းဆောင်ပိုင်းများ၏ လုပ်ရပ်များအပေါ် မနှစ်မြို့ကာ အဖွဲ့ဝင်အဖြစ်မှ ထွက်ခွာစေကာ မိသားစုထံပြန်လည်ခေါ်ဆောင်ခြင်းနှင့် အချို့မှာ ကိုယ်တိုင်ထွက်ခွာ ခြင်းများပင် ရှိလာကြောင်း သိရသည်။
ထို့ပြင် ထီးချိုင့်မြို့ပျက်စီးသွားစေသည်အထိ တိုက်ပွဲဖော်ဆောင်ခဲ့သဖြင့် ဒေသခံများမှာ ကျေးရွာများတွင် တိမ်းရှောင်ကာ အခြေခံစားဝတ် နေရေးအတွက် ရုန်းကန်နေရသော်လည်း PDF အဖွဲ့များက အခွန်အခများကို အတင်းအကြပ် ကောက်ခံနေပြီး ပြည်သူများ မြို့ထဲပြန်ဝင်နိုင်ရေး အပေါ်တွင်လည်း လှောင်ပြောင်ပြောဆိုမှုများ ပြုလုပ် ခဲ့ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
“ပြည်သူတွေကို မင်းတို့ ထီးချိုင့်ပြန်ဝင် ချင်ရင် နောက် (၁၅) နှစ်စောင့်ဦးပေါ့လို့ပြောတယ်။ သူတိုကတော့ စီးပွားရေးလုပ်ကောင်းတာပေါ့။ သိတဲ့အတိုင်း ထီးချိုင့်မြို့ပျက်ပြီး ဒေသခံတွေက ရွာဘက် တွေမှာနေပြီး ဈေးရောင်း ဈေးဝယ်လုပ်ရတော့ သူတို့ကို အခွန်အခတွေ ပေးရတာပေါ့။ အဲဒီလိုဆိုတော့ ပြည်သူက မကြိုက်ကြတော့ဘူးပေါ့။ ဒီကောင်တွေ မြန်မြန်ဇာတ်သိမ်းမှပေးမှာပေါ့ဆိုပြီး ရင်ဝယ်ပိုက် လာကြပြီ”ဟု ၎င်းကပြောသည်။

Zawgyi Version:
ထီးခ်ိဳင့္ PDF ေခါင္းေဆာင္မ်ားက သယံဇာတမွရသည့္ ေငြေၾကးျဖင့္ KIA ကိုပင္ ေၾကးစားစစ္တိုက္ခိုင္းေန
သန႔္ဇင္ (NP News)-ဇန္နဝါရီ-၇
စစ္ကိုင္းတိုင္းေဒသႀကီး ထီးခ်ိဳင့္ၿမိဳ႕နယ္အတြင္း လႈပ္ရွားေနေသာ PDF ေခါင္းေဆာင္မ်ား သည္ေဒသတြင္းရွိ သယံဇာတမ်ားကို အလြဲသုံးစား ျပဳလုပ္ကာ ကိုယ္က်ိဳးစီးပြားရွာေဖြေနၾကၿပီး KIA အဖြဲ႕ကို ေငြေၾကးအေျမာက္အျမား ေပးကာ ေၾကးစားတိုက္ခိုက္ခိုင္းေနေၾကာင္း ေဒသခံမ်ားက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလ (၂၈) ရက္ကလည္း ထီးခ်ိဳင့္ၿမိဳ႕ႏွင့္ ျမေတာင္ေက်း႐ြာတို႔ကို ဆက္သြယ္ထားသည့္ တံတားရွိ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကို ဝင္ေရာက္တိုက္ခိုက္ခဲ့သည့္ျဖစ္စဥ္တြင္ ထီးခ်ိဳင့္နယ္ ေျမခံ PDF အဖြဲ႕မ်ားက KIA ကို ေငြက်ပ္သိန္း (၃၀ဝဝ) ေပးေခ်ကာ တိုက္ခိုက္ခိုင္းခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
“အဲဒီတုန္းက ျမေတာင္ဘက္က တံတား ကိုဝင္လုံးတယ္။ ဝင္လုံးေတာ့ ကြၽန္ေတာ္တို႔ ၾကားတဲ့ သတင္းေပါ့ေလ။ အဲဒီမွာ ထီးခ်ိဳင့္မွာသယံဇာတ ဝန္ႀကီးေပါ့။ ကိုတုတ္ျဖဴဆိုတာရွိတယ္။ သူနဲ႔ သူတို႔တိုက္ ခိုက္ေရးမွာ အႀကီးဆုံး ကိုေစာဝင္းတို႔က KIA ကို က်ပ္ သိန္း (၃၀ဝဝ)ေပးၿပီးေခၚတိုက္ခိုင္းတယ္။ သူတို႔ကေတာ့ ရိကၡာေတြတာဝန္ယူရတာေပါ့။ အဲဒီလို တာဝန္ယူၿပီး ျမေတာင္ဘက္ျခမ္းက တံတားကိုဝင္လုံးေတာ့ သူတို႔ေတြက်တယ္။ KIA ဘက္ကေခါင္းႀကီး ပိုင္းလည္းက်တယ္။ PDF ေတြလည္းက်တယ္” ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပသည္။
ထီးခ်ိဳင့္ၿမိဳ႕နယ္အတြင္း လႈပ္ရွားေနသည့္ PDF အဖြဲ႕မ်ားသည္ လက္ရွိတြင္ ျပည္သူ႔အက်ိဳးထက္ ကိုယ္က်ိဳး စီးပြားရွာေဖြေရးဘက္သို႔ ဦးလွည့္လာေနသည့္အေပၚ နယ္ေျမခံျပည္သူမ်ားအၾကား ေဝဖန္မႈမ်ားလည္း ျမင့္တက္ေန ေၾကာင္း သိရသည္။
“ထီးခ်ိဳင့္ကို လာတိုက္တယ္ဆိုတာကလည္း မႏၲေလးကေန မတၱာရာ သပိတ္က်ဥ္းနဲ႔ (၇) မိုင္တို႔မွာ ျပန္ဝင္ေနၾက ၿပီဆိုေတာ့ သူတို႔က ထီးခ်ိဳင့္ နယ္ေျမခံေတြကလည္းဝင္ခ်င္တာေပါ့။ အဲဒီလိုဆိုေတာ့ သူတို႔က ဝင္မွာစိုးလို႔ ေၾကာက္ စိတ္ျဖစ္ေအာင္ ဟန႔္တာေပါ့။ ျပန္ဝင္လာရင္ သူတို႔လုပ္ထားတဲ့အလုပ္ ေတြကလည္း ျပည္သူေတြက သိေနတာကိုး။ သူတို႔က ျပည္သူေတြျပန္ဝင္ရင္ ျပည္သူေတြကလည္း သိေနတာကိုး အဲဒီလိုျဖစ္ေနေတာ့ က်န္တဲ့လူေတြကလည္း ၿငိမ္မွာမဟုတ္ဘူးေလ” ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။
ထို႔ေၾကာင့္ အခ်ိဳ႕ေသာ PDF အဖြဲ႕မ်ား၏ မိဘမ်ာသည္လည္း ေခါင္းေဆာင္ပိုင္းမ်ား၏ လုပ္ရပ္မ်ားအေပၚ မႏွစ္ၿမိဳ႕ကာ အဖြဲ႕ဝင္အျဖစ္မွ ထြက္ခြာေစကာ မိသားစုထံျပန္လည္ေခၚေဆာင္ျခင္းႏွင့္ အခ်ိဳ႕မွာ ကိုယ္တိုင္ထြက္ခြာ ျခင္းမ်ားပင္ ရွိလာေၾကာင္း သိရသည္။
ထို႔ျပင္ ထီးခ်ိဳင့္ၿမိဳ႕ပ်က္စီးသြားေစသည္အထိ တိုက္ပြဲေဖာ္ေဆာင္ခဲ့သျဖင့္ ေဒသခံမ်ားမွာ ေက်း႐ြာမ်ားတြင္ တိမ္းေရွာင္ကာ အေျခခံစားဝတ္ ေနေရးအတြက္ ႐ုန္းကန္ေနရေသာ္လည္း PDF အဖြဲ႕မ်ားက အခြန္အခမ်ားကို အတင္းအၾကပ္ ေကာက္ခံေနၿပီး ျပည္သူမ်ား ၿမိဳ႕ထဲျပန္ဝင္ႏိုင္ေရး အေပၚတြင္လည္း ေလွာင္ေျပာင္ေျပာဆိုမႈမ်ား ျပဳလုပ္ ခဲ့ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
“ျပည္သူေတြကို မင္းတို႔ ထီးခ်ိဳင့္ျပန္ဝင္ ခ်င္ရင္ ေနာက္ (၁၅) ႏွစ္ေစာင့္ဦးေပါ့လို႔ေျပာတယ္။ သူတိုကေတာ့ စီးပြားေရးလုပ္ေကာင္းတာေပါ့။ သိတဲ့အတိုင္း ထီးခ်ိဳင့္ၿမိဳ႕ပ်က္ၿပီး ေဒသခံေတြက ႐ြာဘက္ ေတြမွာေနၿပီး ေဈးေရာင္း ေဈးဝယ္လုပ္ရေတာ့ သူတို႔ကို အခြန္အခေတြ ေပးရတာေပါ့။ အဲဒီလိုဆိုေတာ့ ျပည္သူက မႀကိဳက္ၾကေတာ့ဘူးေပါ့။ ဒီေကာင္ေတြ ျမန္ျမန္ဇာတ္သိမ္းမွေပးမွာေပါ့ဆိုၿပီး ရင္ဝယ္ပိုက္ လာၾကၿပီ”ဟု ၎ကေျပာသည္။