လှိုင်သာယာသမကုန်းမီးပွိုင့်အနီး အမျိုးသမီး (၁)ဦး သေဆုံးနေ

708
ထိုက်စံ(NP News)- ဖေဖောဝါရီ ၇
လှိုင်သာယာသမကုန်းမီးပွိုင့်အနီးတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၆ ရက်)၊ မနက်ပိုင်းက အမျိုးသမီး (၁)ဦး သေဆုံးနေကြောင်း ခွန်အားသစ်လူမှုကူညီရေး အသင်း ထံမှ သိရသည်။
“သမကုန်းမီးပွိုင့် အဲဒီလမ်းဘေးမှာ ပဲသေဆုံးနေတာပေါ့နော်။ ဘာဒဏ်ရာ ဒဏ်ချက်မှ တော့ မရှိဘူး။ မိသားစုက တော့ မရှိဘူး။ ပုံစံက စိတ်မနှံ့ တဲ့ ပုံစုံမျိုးလား။ ဘယ်လိုမျိုးလဲတော့ မသိဘူး။ ကျွန်တော်တို့ သိသလောက်တော့ လမ်းဘေးမှာပဲသေတယ်။ တစ်ခါမှ တော့ ဒီနားမှာ မမြင်ဖူးဘူး”ဟု ခွန်အားသစ်လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထိုသို့ သေဆုံးနေသူမှာ အသက်(၄၀)ခန့် အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး လက်ရှိတွင် ၎င်းမိသားဝင်များနှင့် ဆက်သွယ်၍ မရသေးကြောင်းလည်း သိရသည်။
လက်ရှိတွင် အဆိုပါရုပ်အလောင်းကို ခွန်အားသစ်လူမှုကူညီရေးအသင်းမှ လှိုင်သာယာ ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထား ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ (ဖေဖောဝါရီ ၆ရက်)၊ ညပိုင်း က လှိုင်သာယာမြို့နယ်၊ အမှတ်(၂၀)ရပ်ကွက် တွင် အဘွားအို (၁)ဉီးအား စွန့်ပစ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
Zawgyi Version:
လႈိင္သာယာသမကုန္းမီးပြိဳင့္အနီး အမ်ိဳးသမီး (၁)ဦး ေသဆုံးေန
ထိုက္စံ(NP News)- ေဖေဖာဝါရီ ၇
လႈိင္သာယာသမကုန္းမီးပြိဳင့္အနီးတြင္ ယမန္ေန႔ (ေဖေဖာ္ဝါရီ ၆ ရက္)၊ မနက္ပိုင္းက အမ်ိဳးသမီး (၁)ဦး ေသဆုံးေနေၾကာင္း ခြန္အားသစ္လူမႈကူညီေရး အသင္း ထံမွ သိရသည္။
“သမကုန္းမီးပြိဳင့္ အဲဒီလမ္းေဘးမွာ ပဲေသဆုံးေနတာေပါ့ေနာ္။ ဘာဒဏ္ရာ ဒဏ္ခ်က္မွ ေတာ့ မရွိဘူး။ မိသားစုက ေတာ့ မရွိဘူး။ ပုံစံက စိတ္မႏွံ႔ တဲ့ ပုံစုံမ်ိဳးလား။ ဘယ္လိုမ်ိဳးလဲေတာ့ မသိဘူး။ ကြၽန္ေတာ္တို႔ သိသေလာက္ေတာ့ လမ္းေဘးမွာပဲေသတယ္။ တစ္ခါမွ ေတာ့ ဒီနားမွာ မျမင္ဖူးဘူး”ဟု ခြန္အားသစ္လူမႈကူညီေရး အသင္းမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။
ထိုသို႔ ေသဆုံးေနသူမွာ အသက္(၄၀)ခန႔္ အ႐ြယ္အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး လက္ရွိတြင္ ၎မိသားဝင္မ်ားႏွင့္ ဆက္သြယ္၍ မရေသးေၾကာင္းလည္း သိရသည္။
လက္ရွိတြင္ အဆိုပါ႐ုပ္အေလာင္းကို ခြန္အားသစ္လူမႈကူညီေရးအသင္းမွ လႈိင္သာယာ ေဆး႐ုံရွိ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးထား ေၾကာင္း သိရသည္။
ထို႔ျပင္ ယမန္ေန႔ (ေဖေဖာဝါရီ ၆ရက္)၊ ညပိုင္း က လႈိင္သာယာၿမိဳ႕နယ္၊ အမွတ္(၂၀)ရပ္ကြက္ တြင္ အဘြားအို (၁)ဉီးအား စြန႔္ပစ္ခဲ့သည့္ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ေၾကာင္းလည္း သိရသည္။