သိပ္ပံခေတ်၊ AI ခေတ်ဖြစ်သည့်နှင့်အညီ အားကစားသိပ္ပံပညာရှင် အပါအဝင် အားကစားသုတေသီများ ‌ပေါ်ထွက်လာရန် လိုအပ်နေ

 372

စော (NP News) - ဖေဖော်ဝါရီ ၈

သိပ္ပံခေတ်၊ AI ခေတ်ဖြစ်သည့်နှင့်အညီ အားကစားသိပ္ပံပညာရှင်၊ အားကစားအဟာရပညာရှင်၊ အားကစား စိတ်ပညာရှင် အပါအဝင် အားကစားသုတေသီများ ‌ပေါ်ထွက်လာရန် လိုအပ်ကြောင်း ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၇ ရက်) တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ကျင်းပပြုလုပ်သော ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ နှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲများ၌ ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားတွင် နိုင်ငံတော်အနေဖြင့် ရွှေတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း (၃၀၀)၊ ငွေတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း (၂၀၀)၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း(၁၀၀)၊ အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးကို ကျပ်သိန်း(၁၀၀)၊ ငွေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးကို ကျပ်သိန်း (၇၀)၊ ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးကိုကျပ် (၃၅)သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နည်းပြများကို မိမိတို့အားကစားနည်းအလိုက် ရွှေတံဆိပ်ရရှိခဲ့ပါက နည်းပြတစ်ဦးကို ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း(၅၀)၊ ကြေး တံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း(၃၀)စီ နှင့် အားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲ့များကိုလည်း ရွှေတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း(၁၀၀)၊ ငွေတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း(၅၀)၊ ကြေးတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း(၃၀)စီ ချီးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ခေတ်သည် သိပ္ပံခေတ်၊ AI ခေတ်ဖြစ်သည်နှင့်အညီ အားကစားသိပ္ပံပညာရှင်၊ အားကစားအဟာရပညာရှင်၊ အားကစားစိတ်ပညာရှင် စသည့် ပညာရှင်များအပါအဝင် အားကစားသုတေသီများ ပေါ်ထွက်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းပြောကြားသည်။
ထို့ပြင် အားကစားအဖွဲ့ချုပ်များအနေဖြင့် ပြည်တွင်းနည်းပြများကို မိမိတို့၏ မိတ်ဖက်နိုင်ငံများတွင် အားကစားသင်တန်းများ တက်ရောက်နိုင်ရေး နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်အားကစားပြိုင်ပွဲများအပြန်အလှန်စေလွှတ်ယှဉ်ပြိုင်နိုင်ရေး ဆက်လက်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
လာမည့် ကမ္ဘာ့အဆင့်၊ အာရှအဆင့် အားကစားပြိုင်ပွဲများ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ၊ အာဆီယံဒေသတွင်း အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ယခုထက်ပိုမိုရရှိပြီး နိုင်ငံ့ဂုဏ်ကိုအားကစားဖြင့် မြှင့်တင်နိုင်ရေး၊ လူငယ်လူရွယ်တိုင်းအားကစားကို စိတ်ပါဝင်စားပြီး လေ့လာလိုက်စားရာမှတစ်ဆင့် ပြိုင်ပွဲဝင်နိုင်သည်အထိ လေ့ကျင့်ယှဉ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှအဆင့်မှသည် အာရှအဆင့်၊ ကမ္ဘာ့အဆင့်အထိ ထိုးဖောက်နိုင်အောင် ရည်မှန်းချက်ထားပြီး ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရန်လည်း ထပ်မံတိုက်တွန်းပြောကြားခဲ့သည်။
(၈) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် မြန်မာအားကစားအဖွဲ့များအနေဖြင့် ရွှေတံဆိပ် (၂၆) ခု၊ ငွေတံဆိပ် (၄၇) ခု၊ ကြေးတံဆိပ် (၇၇) ခု စုစုပေါင်း ဆုတံဆိပ် (၁၅၀) ရရှိခဲ့သည့်အတွက် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် အုပ်ချုပ်၊ နည်းပြအဖွဲ့ (၂၈) ဖွဲ့တို့အတွက် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ငွေမှာ စုစုပေါင်း ငွေကျပ်သိန်းပေါင်း (၃၆၆၉၀) ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
သိပၸံေခတ္၊ AI ေခတ္ျဖစ္သည့္ႏွင့္အညီ အားကစားသိပၸံပညာရွင္ အပါအဝင္ အားကစားသုေတသီမ်ား ‌ေပၚထြက္လာရန္ လိုအပ္ေန
ေစာ (NP News) - ေဖေဖာ္ဝါရီ ၈
သိပၸံေခတ္၊ AI ေခတ္ျဖစ္သည့္ႏွင့္အညီ အားကစားသိပၸံပညာရွင္၊ အားကစားအဟာရပညာရွင္၊ အားကစား စိတ္ပညာရွင္ အပါအဝင္ အားကစားသုေတသီမ်ား ‌ေပၚထြက္လာရန္ လိုအပ္ေၾကာင္း ယာယီသမၼတ၊ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ယမန္ေန႔ (ေဖေဖာ္ဝါရီ ၇ ရက္) တြင္ ေနျပည္ေတာ္ရွိ ဝဏၰသိဒၶိအားကစား႐ုံ (A)၌ က်င္းပျပဳလုပ္ေသာ ကမာၻ႔အဆင့္အားကစားၿပိဳင္ပြဲမ်ား၊ (၃၃)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲ ႏွင့္ (၁၃)ႀကိမ္ေျမာက္ အာဆီယံမသန္စြမ္း အားကစားၿပိဳင္ပြဲမ်ား၌ ဆုတံဆိပ္ရရွိခဲ့သည့္ ျမန္မာအားကစားအဖြဲ႕မ်ားအား ႏိုင္ငံေတာ္မွ ဂုဏ္ျပဳဆုခ်ီးျမႇင့္ျခင္းအခမ္းအနားတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါအခမ္းအနားတြင္ ႏိုင္ငံေတာ္အေနျဖင့္ ေ႐ႊတံဆိပ္ရရွိခဲ့သူမ်ားကို က်ပ္သိန္း (၃၀၀)၊ ေငြတံဆိပ္ရရွိခဲ့သူမ်ားကို က်ပ္သိန္း (၂၀၀)၊ ေၾကးတံဆိပ္ရရွိခဲ့သူမ်ားကို က်ပ္သိန္း(၁၀၀)၊ အသင္းလိုက္ၿပိဳင္ပြဲမ်ားတြင္ ေ႐ႊတံဆိပ္ရရွိခဲ့ၾကသည့္ အသင္းသားတစ္ဦးကို က်ပ္သိန္း(၁၀၀)၊ ေငြတံဆိပ္ရရွိခဲ့ၾကသည့္ အသင္းသားတစ္ဦးကို က်ပ္သိန္း (၇၀)၊ ေၾကးတံဆိပ္ရရွိခဲ့ၾကသည့္ အသင္းသားတစ္ဦးကိုက်ပ္ (၃၅)သိန္း ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ နည္းျပမ်ားကို မိမိတို႔အားကစားနည္းအလိုက္ ေ႐ႊတံဆိပ္ရရွိခဲ့ပါက နည္းျပတစ္ဦးကို က်ပ္သိန္း ၁၀၀၊ ေငြတံဆိပ္ရရွိခဲ့ပါက က်ပ္သိန္း(၅၀)၊ ေၾကး တံဆိပ္ရရွိခဲ့ပါက က်ပ္သိန္း(၃၀)စီ ႏွင့္ အားကစားနည္းအလိုက္ အုပ္ခ်ဳပ္မႈအဖြဲ႕မ်ားကိုလည္း ေ႐ႊတံဆိပ္ရရွိခဲ့ပါက က်ပ္သိန္း(၁၀၀)၊ ေငြတံဆိပ္ရရွိခဲ့ပါက က်ပ္သိန္း(၅၀)၊ ေၾကးတံဆိပ္ရရွိခဲ့ပါက က်ပ္သိန္း(၃၀)စီ ခ်ီးျမႇင့္ေပးလ်က္ရွိေၾကာင္း သိရသည္။
ယေန႔ေခတ္သည္ သိပၸံေခတ္၊ AI ေခတ္ျဖစ္သည္ႏွင့္အညီ အားကစားသိပၸံပညာရွင္၊ အားကစားအဟာရပညာရွင္၊ အားကစားစိတ္ပညာရွင္ စသည့္ ပညာရွင္မ်ားအပါအဝင္ အားကစားသုေတသီမ်ား ေပၚထြက္ေရးကို ဦးတည္ႀကိဳးပမ္းေဆာင္႐ြက္ၾကရန္ လိုအပ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးက တိုက္တြန္းေျပာၾကားသည္။
ထို႔ျပင္ အားကစားအဖြဲ႕ခ်ဳပ္မ်ားအေနျဖင့္ ျပည္တြင္းနည္းျပမ်ားကို မိမိတို႔၏ မိတ္ဖက္ႏိုင္ငံမ်ားတြင္ အားကစားသင္တန္းမ်ား တက္ေရာက္ႏိုင္ေရး ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး အထိမ္းအမွတ္အားကစားၿပိဳင္ပြဲမ်ားအျပန္အလွန္ေစလႊတ္ယွဥ္ၿပိဳင္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ၾကရန္ တိုက္တြန္းေျပာၾကားခဲ့သည္။
လာမည့္ ကမာၻ႔အဆင့္၊ အာရွအဆင့္ အားကစားၿပိဳင္ပြဲမ်ား၊ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲမ်ား၊ အာဆီယံေဒသတြင္း အားကစားၿပိဳင္ပြဲမ်ားႏွင့္ ႏိုင္ငံတကာဖိတ္ေခၚၿပိဳင္ပြဲမ်ားတြင္ ေ႐ႊ၊ ေငြ၊ ေၾကးဆုတံဆိပ္မ်ား ယခုထက္ပိုမိုရရွိၿပီး ႏိုင္ငံ့ဂုဏ္ကိုအားကစားျဖင့္ ျမႇင့္တင္ႏိုင္ေရး၊ လူငယ္လူ႐ြယ္တိုင္းအားကစားကို စိတ္ပါဝင္စားၿပီး ေလ့လာလိုက္စားရာမွတစ္ဆင့္ ၿပိဳင္ပြဲဝင္ႏိုင္သည္အထိ ေလ့က်င့္ယွဥ္ၿပိဳင္ႏိုင္ေရးႏွင့္ အေရွ႕ေတာင္အာရွအဆင့္မွသည္ အာရွအဆင့္၊ ကမာၻ႔အဆင့္အထိ ထိုးေဖာက္ႏိုင္ေအာင္ ရည္မွန္းခ်က္ထားၿပီး ဆက္လက္ႀကိဳးပမ္းအားထုတ္သြားၾကရန္လည္း ထပ္မံတိုက္တြန္းေျပာၾကားခဲ့သည္။
(၈) ႀကိမ္ေျမာက္ ကမာၻ႔ဗိုဗီနမ္ခ်န္ပီယံရွစ္ၿပိဳင္ပြဲ၊ (၁၆) ႀကိမ္ေျမာက္ ကမာၻ႔ကာယဗလႏွင့္ ကာယႀကံ့ခိုင္မႈအားကစားၿပိဳင္ပြဲ၊ (၃၃) ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲႏွင့္ (၁၃) ႀကိမ္ေျမာက္ အာဆီယံမသန္စြမ္းအားကစားၿပိဳင္ပြဲတို႔တြင္ ျမန္မာအားကစားအဖြဲ႕မ်ားအေနျဖင့္ ေ႐ႊတံဆိပ္ (၂၆) ခု၊ ေငြတံဆိပ္ (၄၇) ခု၊ ေၾကးတံဆိပ္ (၇၇) ခု စုစုေပါင္း ဆုတံဆိပ္ (၁၅၀) ရရွိခဲ့သည့္အတြက္ ႏိုင္ငံ့ဂုဏ္ေဆာင္အားကစားသမားမ်ားႏွင့္ ၿပိဳင္ပြဲမ်ားတြင္ ဆုတံဆိပ္မ်ားရရွိေအာင္ စြမ္းေဆာင္ေပးခဲ့သည့္ အုပ္ခ်ဳပ္၊ နည္းျပအဖြဲ႕ (၂၈) ဖြဲ႕တို႔အတြက္ ႏိုင္ငံေတာ္မွ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမွာ စုစုေပါင္း ေငြက်ပ္သိန္းေပါင္း (၃၆၆၉၀) ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.