တရုတ်နိုင်ငံမြောက်ပိုင်းမှာ ဇီဝနည်းပညာစက်ရုံပေါက်ကွဲမှုကြောင့် လူ ၈ ဦးအထိ သေဆုံး

166

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၈
တရုတ်နိုင်ငံမြောက်ပိုင်း၊ ရှန်ရှီးပြည်နယ်ရှိ ဇီဝနည်းပညာစက်ရုံတစ်ခုမှာ စနေနေ့(ဖေဖော်ဝါရီ ၇ ရက်နေ့) က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူ ၈ ဦးအထိ ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ (ဖေဖော်ဝါရီ ၇ ရက်နေ့) နံနက်အစောပိုင်းက တရုတ်နိုင်ငံ၊ ရှို့ကျိုးမြို့၊ ရှန်းရင်ခရိုင်ရှိ Jiapeng Biotech ကုမ္ပဏီရဲ့ အလုပ်ရုံတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် အဝါရောင်ရင့်ရောင် မီးခိုးလုံးကြီးတွေ ကောင်းကင်ယံအထိ ပျံ့လွင့်နေတာကို လူမှုကွန်ရက်မှာ ပြန့်နှံ့နေတဲ့ ရုပ်သံ မှတ်တမ်းတွေအရ တွေ့ရှိရပါတယ်။ အာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်အရ အစောပိုင်း လူ ၄ ဦး သေဆုံးပြီး၄ ဦး ပျောက်ဆုံးနေခဲ့ပေမယ့် ဖေဖော်ဝါရီ ၈ ရက် (တနင်္ဂနွေနေ့) နံနက်ပိုင်းမှာတော့ ပျောက်ဆုံးနေသူအားလုံးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် သေဆုံးသူ ၈ ဦးထိဖြစ်လာပါတယ်။ လက်ရှိ ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို အသေးစိတ် စုံစမ်းဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားပြီ ဖြစ်ပြီး ယခုပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး Jiapeng Biotech ကုမ္ပဏီရဲ့တရားဝင် ကိုယ်စားလှယ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
အဲဒီကုမ္ပဏီဟာ၂၀၂၅ ခုနှစ်၊ ဇွန်လမှာမှ စတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီသစ်တစ်ခုဖြစ်ပြီး တိရစ္ဆာန်အစာနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံေျမာက္ပိုင္းမွာ ဇီဝနည္းပညာစက္႐ုံေပါက္ကြဲမႈေၾကာင့္ လူ ၈ ဦးအထိ ေသဆုံး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၈
တ႐ုတ္ႏိုင္ငံေျမာက္ပိုင္း၊ ရွန္ရွီးျပည္နယ္ရွိ ဇီဝနည္းပညာစက္႐ုံတစ္ခုမွာ စေနေန႔(ေဖေဖာ္ဝါရီ ၇ ရက္ေန႔) က ေပါက္ကြဲမႈျဖစ္ပြားခဲ့ပါတယ္။ ေသဆုံးသူ ၈ ဦးအထိ ရွိသြားၿပီျဖစ္တယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ စေနေန႔ (ေဖေဖာ္ဝါရီ ၇ ရက္ေန႔) နံနက္အေစာပိုင္းက တ႐ုတ္ႏိုင္ငံ၊ ရႈိ႕က်ိဳးၿမိဳ႕၊ ရွန္းရင္ခ႐ိုင္ရွိ Jiapeng Biotech ကုမၸဏီရဲ႕ အလုပ္႐ုံတစ္ခုမွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ေပါက္ကြဲမႈေၾကာင့္ အဝါေရာင္ရင့္ေရာင္ မီးခိုးလုံးႀကီးေတြ ေကာင္းကင္ယံအထိ ပ်ံ႕လြင့္ေနတာကို လူမႈကြန္ရက္မွာ ျပန႔္ႏွံ႔ေနတဲ့ ႐ုပ္သံ မွတ္တမ္းေတြအရ ေတြ႕ရွိရပါတယ္။ အာဏာပိုင္ေတြရဲ႕ထုတ္ျပန္ခ်က္အရ အေစာပိုင္း လူ ၄ ဦး ေသဆုံးၿပီး၄ ဦး ေပ်ာက္ဆုံးေနခဲ့ေပမယ့္ ေဖေဖာ္ဝါရီ ၈ ရက္ (တနဂၤေႏြေန႔) နံနက္ပိုင္းမွာေတာ့ ေပ်ာက္ဆုံးေနသူအားလုံးရဲ႕ ႐ုပ္အေလာင္းေတြကို ရွာေဖြေတြ႕ရွိခဲ့တာေၾကာင့္ ေသဆုံးသူ ၈ ဦးထိျဖစ္လာပါတယ္။ လက္ရွိ ေပါက္ကြဲမႈ ျဖစ္ပြားရတဲ့ အေၾကာင္းရင္းကို အေသးစိတ္ စုံစမ္းဖို႔ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းထားၿပီ ျဖစ္ၿပီး ယခုေပါက္ကြဲမႈနဲ႔ ပတ္သက္ၿပီး Jiapeng Biotech ကုမၸဏီရဲ႕တရားဝင္ ကိုယ္စားလွယ္ကို ရဲတပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ သိရပါတယ္။
အဲဒီကုမၸဏီဟာ၂၀၂၅ ခုႏွစ္၊ ဇြန္လမွာမွ စတင္တည္ေထာင္ခဲ့တဲ့ ကုမၸဏီသစ္တစ္ခုျဖစ္ၿပီး တိရစာၦန္အစာနဲ႔ ေဆာက္လုပ္ေရးပစၥည္းေတြ ထုတ္လုပ္တဲ့ လုပ္ငန္းျဖစ္တယ္လို႔ သိရပါတယ္။