နိုင်ငံရေးတင်းမာမှုနဲ့ လေယာဉ်လက်မှတ်ဈေးနှုန်းကြီးမြင့်မှုကြောင့် တရုတ်ခရီးသွားတွေ ဂျပန်အစား အရှေ့တောင်အာရှနိုင်ငံတွေကို ခရီးထွက်ဖို့ ရွေးချယ်လာ

 149

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၈
တရုတ်နှစ်သစ်ကူး အားလပ်ရက်ရှည်အတွက် တရုတ်နိုင်ငံသားတွေဟာ ဂျပန်နိုင်ငံအစား အရှေ့တောင် အာရှနိုင်ငံတွေကို ပြောင်းလဲရွေးချယ်လာကြတယ်လို့ သိရပါတယ်။ ဒါဟာ နှစ်နိုင်ငံအကြား ပထဝီနိုင်ငံရေးတင်းမာမှုတွေနဲ့ လေယာဉ်လက်မှတ်ဈေးနှုန်းကြီးမြင့်မှုတို့ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ စတင်မယ့် (၉) ရက်ကြာ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်ကာလအတွက် တရုတ်ခရီးသွားတွေဟာ ယခင်က ဂျပန်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ကြလေ့ရှိပေမယ့် ယခုအခါမှာတော့ ထိုင်းနဲ့ စင်ကာပူလို အရှေ့တောင်အာရှနိုင်ငံတွေဟာ ထိပ်တန်းရွေးချယ်စရာဖြစ်ခဲ့ပါတယ်။ အဓိက အကြောင်းရင်းက တော့ တရုတ်ပြည်၊ ချုံကင်းမှ ဂျပန်၊ တိုကျို အသွားအပြန် လက်မှတ်ခဟာ ယွမ် ၉,၅ဝဝ ကျော်ထိ ကျသင့်နေပြီ ဖြစ်ပြီး အဲဒီအစား ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို သွားရောက်မယ်ဆိုရင် ယွမ် ၃,၂ဝဝ ခန့်သာ ကုန်ကျတာကြောင့် ခရီးစရိတ်ဟာ သုံးဆနီးပါး ကွာဟနေတယ်လို့ ဆိုပါတယ်။ ဂျပန်နဲ့ တရုတ်နိုင်ငံကြား ပထဝီနိုင်ငံရေး တင်းမာမှုတွေ ကြောင့်လည်း တရုတ်အာဏာပိုင်တွေက ဂျပန်ကို ပျံသန်းမယ့် လေယာဉ်ခရီးစဉ်ပေါင်း ၄၉ ခုကို ဖျက်သိမ်းခဲ့ပါ တယ်။ ဒါ့အပြင် တရုတ်နဲ့ဂျပန် တိုက်ရိုက်ခရီးစဉ်တွေ နည်းပါးလာခြင်းကလည်း ခရီးသွားတွေအတွက် အခက်အခဲ ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလက တရုတ်နိုင်ငံဟာ ဂျပန်ဝန်ကြီးချုပ်နဲ့ ထိုင်ဝမ်အရေး မှတ်ချက်စကားကြောင့် နှစ်နိုင်ငံဆက်ဆံရေး အောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဂျပန်နိုင်ငံအတွင်း တရုတ်နိုင်ငံသားတွေအတွက် လုံခြုံရေးခြိမ်းခြောက်မှုတွေရှိနေကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
စစ်တမ်းအချက်အလက်တွေအရ ယခုနှစ်ဆန်းပိုင်း အားလပ်ရက်တွေမှာ တောင်ကိုရီးယားနိုင်ငံဟာ ဂျပန် ထက် တရုတ်လူမျိုးတွေ အနှစ်သက်ဆုံးနေရာဖြစ်လာခဲ့ပါတယ်။ ယခုလာမယ့် နှစ်သစ်ကူးကာလမှာတော့ ထိုင်းနိုင်ငံဟာ နံပါတ် (၁) တရုတ်ခရီးသွား အများဆုံးနေရာအဖြစ် ရပ်တည်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
ႏိုင္ငံေရးတင္းမာမႈနဲ႔ ေလယာဥ္လက္မွတ္ေဈးႏႈန္းႀကီးျမင့္မႈေၾကာင့္ တ႐ုတ္ခရီးသြားေတြ ဂ်ပန္အစား အေရွ႕ ေတာင္အာရွႏိုင္ငံေတြကို ခရီးထြက္ဖို႔ ေ႐ြးခ်ယ္လာ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၈
တ႐ုတ္ႏွစ္သစ္ကူး အားလပ္ရက္ရွည္အတြက္ တ႐ုတ္ႏိုင္ငံသားေတြဟာ ဂ်ပန္ႏိုင္ငံအစား အေရွ႕ေတာင္ အာရွႏိုင္ငံေတြကို ေျပာင္းလဲေ႐ြးခ်ယ္လာၾကတယ္လို႔ သိရပါတယ္။ ဒါဟာ ႏွစ္ႏိုင္ငံအၾကား ပထဝီႏိုင္ငံေရးတင္းမာမႈေတြနဲ႔ ေလယာဥ္လက္မွတ္ေဈးႏႈန္းႀကီးျမင့္မႈတို႔ေၾကာင့္ျဖစ္တယ္လို႔ ဆိုပါတယ္။
ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔မွာ စတင္မယ့္ (၉) ရက္ၾကာ တ႐ုတ္ႏွစ္သစ္ကူး ေႏြဦးပြဲေတာ္ကာလအတြက္ တ႐ုတ္ခရီးသြားေတြဟာ ယခင္က ဂ်ပန္ႏိုင္ငံကို သြားေရာက္ဖို႔ စီစဥ္ၾကေလ့ရွိေပမယ့္ ယခုအခါမွာေတာ့ ထိုင္းနဲ႔ စင္ကာပူလို အေရွ႕ေတာင္အာရွႏိုင္ငံေတြဟာ ထိပ္တန္းေ႐ြးခ်ယ္စရာျဖစ္ခဲ့ပါတယ္။ အဓိက အေၾကာင္းရင္းက ေတာ့ တ႐ုတ္ျပည္၊ ခ်ဳံကင္းမွ ဂ်ပန္၊ တိုက်ိဳ အသြားအျပန္ လက္မွတ္ခဟာ ယြမ္ ၉,၅ဝဝ ေက်ာ္ထိ က်သင့္ေနၿပီ ျဖစ္ၿပီး အဲဒီအစား ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ကို သြားေရာက္မယ္ဆိုရင္ ယြမ္ ၃,၂ဝဝ ခန႔္သာ ကုန္က်တာေၾကာင့္ ခရီးစရိတ္ဟာ သုံးဆနီးပါး ကြာဟေနတယ္လို႔ ဆိုပါတယ္။ ဂ်ပန္နဲ႔ တ႐ုတ္ႏိုင္ငံၾကား ပထဝီႏိုင္ငံေရး တင္းမာမႈေတြ ေၾကာင့္လည္း တ႐ုတ္အာဏာပိုင္ေတြက ဂ်ပန္ကို ပ်ံသန္းမယ့္ ေလယာဥ္ခရီးစဥ္ေပါင္း ၄၉ ခုကို ဖ်က္သိမ္းခဲ့ပါ တယ္။ ဒါ့အျပင္ တ႐ုတ္နဲ႔ဂ်ပန္ တိုက္႐ိုက္ခရီးစဥ္ေတြ နည္းပါးလာျခင္းကလည္း ခရီးသြားေတြအတြက္ အခက္အခဲ ျဖစ္ေစခဲ့တယ္လို႔ သိရပါတယ္။
၂၀၂၅ ခုႏွစ္ ႏိုဝင္ဘာလက တ႐ုတ္ႏိုင္ငံဟာ ဂ်ပန္ဝန္ႀကီးခ်ဳပ္နဲ႔ ထိုင္ဝမ္အေရး မွတ္ခ်က္စကားေၾကာင့္ ႏွစ္ႏိုင္ငံဆက္ဆံေရး ေအာက္ဆုံးအဆင့္ထိ ေရာက္ရွိခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း ဂ်ပန္ႏိုင္ငံအတြင္း တ႐ုတ္ႏိုင္ငံသားေတြအတြက္ လုံၿခဳံေရးၿခိမ္းေျခာက္မႈေတြရွိေနေၾကာင္း သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။
စစ္တမ္းအခ်က္အလက္ေတြအရ ယခုႏွစ္ဆန္းပိုင္း အားလပ္ရက္ေတြမွာ ေတာင္ကိုရီးယားႏိုင္ငံဟာ ဂ်ပန္ ထက္ တ႐ုတ္လူမ်ိဳးေတြ အႏွစ္သက္ဆုံးေနရာျဖစ္လာခဲ့ပါတယ္။ ယခုလာမယ့္ ႏွစ္သစ္ကူးကာလမွာေတာ့ ထိုင္းႏိုင္ငံဟာ နံပါတ္ (၁) တ႐ုတ္ခရီးသြား အမ်ားဆုံးေနရာအျဖစ္ ရပ္တည္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.