ပရိသတ်ကို ဒေါ်လာ ၁၁,ဝဝဝ တန် ဆွဲကြိုး လက်ဆောင်ပေးလိုက်တဲ့ G-Dragon

 91

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၈

K-pop ရဲ့ ဘုရင်လို့ တင်စားကြတဲ့ အဆိုတော် G-Dragon ဟာ သူ့ရဲ့ မကြာသေးခင်က ကျင်းပခဲ့တဲ့ Fan Meeting မှာ ပရိသတ်တွေအပေါ် ထားရှိတဲ့ ရက်ရောမှုကို ပြသလိုက်ပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ KSPO Dome မှာ ကျင်းပခဲ့တဲ့ "FAM+ILY" fun meeting မှာ G-Dragon က ပရိသတ်တွေအတွက် "Reverse Gift" အဖြစ် အထူးလက်ဆောင်တွေ ပြင်ဆင်လာခဲ့တာပါ။ အဲဒီပရိသတ် တွေထဲကမှ ကံထူးရှင် ပရိသတ်တစ်ဦးကတော့ ဒေါ်လာ ၁၁,၀၀၀ တန်ကြေးရှိတဲ့ Jacob & Co. Limited Edition ဆွဲကြိုး လက်ဆောင်ရရှိခဲ့ပါတယ်။ အဲဒီ ကံထူးရှင် ပရိသတ်ဟာ G-Dragon နဲ့ "ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေး" ကစားပြီး အနိုင်ရခဲ့တာကနေ တန်ဖိုးကြီးဆွဲကြိုးကို ရရှိခဲ့တာလို့ သိရပါတယ်။
ဆွဲကြိုးအပြင် နာမည်ကြီး ရေမွှေးအမှတ်တံဆိပ် Frédéric Malle နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ရေမွှေးတွေကိုလည်း ပရိသတ်တွေကို လက်ဆောင်ပေးခဲ့ပါသေးတယ်။ Fun meeting ကို လာခွင့်ရတဲ့ပရိသတ်တွေအတွက် တန်ဖိုးကြီး ပစ္စည်းတွေ ပေးခဲ့တာတင်မကပဲ အေးစက်တဲ့ရာသီဥတုမှာ အဆောက်အဦအပြင်က စောင့်ဆိုင်းနေရတဲ့ ပရိသတ် အားလုံးအတွက်လည်း သစ်ကြားသီးမုန့် (Walnut Pastries) နဲ့ ကော်ဖီကူပွန်တွေ စီစဉ်ပေးထားခဲ့တယ်လို့ သိရပါတယ်။
G-Dragon ဟာ ဆိုးလ်မြို့မှာ Fun meeting ကျင်းပပြီးတဲ့နောက်မှာလည်း ဂျပန်နဲ့ ထိုင်းနိုင်ငံ (ဘန်ကောက်) အပါအဝင် အာရှတစ်လွှားမှာ သူ့ရဲ့ Fan Meeting တွေကို ဆက်လက်ကျင်းပသွားဦးမယ်လို့ သိရပါတယ်။

Zawgyi Version;
ပရိသတ္ကို ေဒၚလာ ၁၁,ဝဝဝ တန္ ဆြဲႀကိဳး လက္ေဆာင္ေပးလိုက္တဲ့ G-Dragon
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၈
K-pop ရဲ႕ ဘုရင္လို႔ တင္စားၾကတဲ့ အဆိုေတာ္ G-Dragon ဟာ သူ႔ရဲ႕ မၾကာေသးခင္က က်င္းပခဲ့တဲ့ Fan Meeting မွာ ပရိသတ္ေတြအေပၚ ထားရွိတဲ့ ရက္ေရာမႈကို ျပသလိုက္ၿပီး တစ္ကမာၻလုံးက ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ KSPO Dome မွာ က်င္းပခဲ့တဲ့ "FAM+ILY" fun meeting မွာ G-Dragon က ပရိသတ္ေတြအတြက္ "Reverse Gift" အျဖစ္ အထူးလက္ေဆာင္ေတြ ျပင္ဆင္လာခဲ့တာပါ။ အဲဒီပရိသတ္ ေတြထဲကမွ ကံထူးရွင္ ပရိသတ္တစ္ဦးကေတာ့ ေဒၚလာ ၁၁,၀၀၀ တန္ေၾကးရွိတဲ့ Jacob & Co. Limited Edition ဆြဲႀကိဳး လက္ေဆာင္ရရွိခဲ့ပါတယ္။ အဲဒီ ကံထူးရွင္ ပရိသတ္ဟာ G-Dragon နဲ႔ "ေက်ာက္တုံး၊ စကၠဴ၊ ကတ္ေၾကး" ကစားၿပီး အႏိုင္ရခဲ့တာကေန တန္ဖိုးႀကီးဆြဲႀကိဳးကို ရရွိခဲ့တာလို႔ သိရပါတယ္။
ဆြဲႀကိဳးအျပင္ နာမည္ႀကီး ေရေမႊးအမွတ္တံဆိပ္ Frédéric Malle နဲ႔ ပူးေပါင္းထုတ္လုပ္ထားတဲ့ ေရေမႊးေတြကိုလည္း ပရိသတ္ေတြကို လက္ေဆာင္ေပးခဲ့ပါေသးတယ္။ Fun meeting ကို လာခြင့္ရတဲ့ပရိသတ္ေတြအတြက္ တန္ဖိုးႀကီး ပစၥည္းေတြ ေပးခဲ့တာတင္မကပဲ ေအးစက္တဲ့ရာသီဥတုမွာ အေဆာက္အဦအျပင္က ေစာင့္ဆိုင္းေနရတဲ့ ပရိသတ္ အားလုံးအတြက္လည္း သစ္ၾကားသီးမုန႔္ (Walnut Pastries) နဲ႔ ေကာ္ဖီကူပြန္ေတြ စီစဥ္ေပးထားခဲ့တယ္လို႔ သိရပါတယ္။
G-Dragon ဟာ ဆိုးလ္ၿမိဳ႕မွာ Fun meeting က်င္းပၿပီးတဲ့ေနာက္မွာလည္း ဂ်ပန္နဲ႔ ထိုင္းႏိုင္ငံ (ဘန္ေကာက္) အပါအဝင္ အာရွတစ္လႊားမွာ သူ႔ရဲ႕ Fan Meeting ေတြကို ဆက္လက္က်င္းပသြားဦးမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.