ကမ္ဘာကျော်ရော့ခ်တီးဝိုင်း 3 Doors Down ရဲ့ အဆိုတော် ဘရက်ဒ်အားနို့ ကင်ဆာရောဂါဖြင့် ကွယ်လွန်

 332

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၈

"Kryptonite", "Here Without You" စတဲ့ နာမည်ကျော် သီချင်းတွေနဲ့ ၂ဝဝဝ ပြည့်နှစ်ဝန်းကျင် ဂီတလောကကို လွှမ်းမိုးခဲ့တဲ့ 3 Doors Down တီးဝိုင်းရဲ့အဓိကအဆိုတော် ဘရက်ဒ်အားနို့ ဟာ အသက် ၄၇ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
ဘရက်ဒ်အားနို့ ဟာ အဆင့် ၄ အသည်းကင်ဆာ (Stage 4 Liver Cancer) ဝေဒနာကို ခံစားနေရတာဖြစ်ပြီး မိသားစုဝင်တွေ အနားမှာပဲ အေးချမ်းစွာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ ဇနီးဖြစ်သူ ဂျနီဖာကားလ်ဖီး က ဘရက်ဒ် ဟာ နောက်ဆုံးအချိန်အထိ စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ရောဂါကို ရင်ဆိုင်သွားခဲ့တယ်လို့ အတည်ပြုပြောကြားခဲ့ သည်။ 3 Doors Down တီးဝိုင်းက "ဘရက်ဒ် ဟာ ကျွန်တော်တို့အတွက် တေးသံရှင်တစ်ဦးထက်ပိုတဲ့ ညီအစ်ကို တစ်ယောက်ပါ၊ သူ့ရဲ့စိတ်ထားကောင်းမှုနဲ့ ထူးခြားတဲ့အသံကို အမြဲတမ်း သတိရနေမှာပါ" လို့ ဝမ်းနည်းစကား ထုတ်ပြန်ထားပါတယ်။
ဘရက်ဒ် ဟာ တီးဝိုင်းစတင်တည်ထောင်ချိန်မှစ သီချင်းရေးသားမှုနဲ့တင်ဆက်မှုအပိုင်းမှာ အဓိက ပါဝင်ခဲ့ပြီး ကမ္ဘာတစ်ဝန်း အယ်လ်ဘမ်ချပ်ရေ သန်း ၂၀ ကျော် ရောင်းချနိုင်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။
ဘရက်ဒ် ရဲ့ ကွယ်လွန်မှု သတင်းအတွက် ဂီတလောကသားတွေနဲ့ ကမ္ဘာတစ်ဝန်းရှိ ပရိသတ်တွေက အမှတ်တရသီချင်းစာသားတွေကို ဆိုရှယ်မီဒီယာကွန်ရက်မှာ ပြန်လည်မျှဝေရင်း ဝမ်းနည်းပူဆွေးမှုကို ဖော်ပြခဲ့ကြ ပါတယ်။

Zawgyi Version;
ကမာၻေက်ာ္ေရာ့ခ္တီးဝိုင္း 3 Doors Down ရဲ႕ အဆိုေတာ္ ဘရက္ဒ္အားႏို႔ ကင္ဆာေရာဂါျဖင့္ ကြယ္လြန္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၈
"Kryptonite", "Here Without You" စတဲ့ နာမည္ေက်ာ္ သီခ်င္းေတြနဲ႔ ၂ဝဝဝ ျပည့္ႏွစ္ဝန္းက်င္ ဂီတေလာကကို လႊမ္းမိုးခဲ့တဲ့ 3 Doors Down တီးဝိုင္းရဲ႕အဓိကအဆိုေတာ္ ဘရက္ဒ္အားႏို႔ ဟာ အသက္ ၄၇ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားၿပီျဖစ္တယ္လို႔ သိရပါတယ္။
ဘရက္ဒ္အားႏို႔ ဟာ အဆင့္ ၄ အသည္းကင္ဆာ (Stage 4 Liver Cancer) ေဝဒနာကို ခံစားေနရတာျဖစ္ၿပီး မိသားစုဝင္ေတြ အနားမွာပဲ ေအးခ်မ္းစြာ ကြယ္လြန္သြားခဲ့တယ္လို႔ သိရပါတယ္။ ဇနီးျဖစ္သူ ဂ်နီဖာကားလ္ဖီး က ဘရက္ဒ္ ဟာ ေနာက္ဆုံးအခ်ိန္အထိ စိတ္ဓာတ္ႀကံ့ခိုင္စြာနဲ႔ေရာဂါကို ရင္ဆိုင္သြားခဲ့တယ္လို႔ အတည္ျပဳေျပာၾကားခဲ့ သည္။ 3 Doors Down တီးဝိုင္းက "ဘရက္ဒ္ ဟာ ကြၽန္ေတာ္တို႔အတြက္ ေတးသံရွင္တစ္ဦးထက္ပိုတဲ့ ညီအစ္ကို တစ္ေယာက္ပါ၊ သူ႔ရဲ႕စိတ္ထားေကာင္းမႈနဲ႔ ထူးျခားတဲ့အသံကို အၿမဲတမ္း သတိရေနမွာပါ" လို႔ ဝမ္းနည္းစကား ထုတ္ျပန္ထားပါတယ္။
ဘရက္ဒ္ ဟာ တီးဝိုင္းစတင္တည္ေထာင္ခ်ိန္မွစ သီခ်င္းေရးသားမႈနဲ႔တင္ဆက္မႈအပိုင္းမွာ အဓိက ပါဝင္ခဲ့ၿပီး ကမာၻတစ္ဝန္း အယ္လ္ဘမ္ခ်ပ္ေရ သန္း ၂၀ ေက်ာ္ ေရာင္းခ်ႏိုင္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သူျဖစ္ပါတယ္။
ဘရက္ဒ္ ရဲ႕ ကြယ္လြန္မႈ သတင္းအတြက္ ဂီတေလာကသားေတြနဲ႔ ကမာၻတစ္ဝန္းရွိ ပရိသတ္ေတြက အမွတ္တရသီခ်င္းစာသားေတြကို ဆိုရွယ္မီဒီယာကြန္ရက္မွာ ျပန္လည္မွ်ေဝရင္း ဝမ္းနည္းပူေဆြးမႈကို ေဖာ္ျပခဲ့ၾက ပါတယ္။

Related news

© 2021. All rights reserved.