အလွဲသုံးစားမှုများစွာရှိသော NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းတို့ကို အဂတိကင်းရှင်းကြောင်းနှင့် ချိုသာစွာပြောရန် NUG ကစာထုတ်သတိပေး

 1291

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၁၉
အလွဲသုံးစားမှုများစွာရှိသော NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းတို့ကို အဂတိကင်းရှင်းကြောင်းနှင့် ချိုသာစွာ ပြောရန်သာ NUG က ယမန်နေ့(ဖေဖော်ဝါရီ ၁၈ ရက်)တွင် မန်းဝင်းခိုင်သန်း၏ လက်မှတ်ဖြင့် ထုတ်ပြန်လာခဲ့ကြောင်း သိရသည်။
(၅) နှစ်ကျော်ကာလအတွင်း ရည်မှန်းချက်တစ်ခုဖြင့် တောတွင်းရောက်ရှိသွားခဲ့သော NUG လက်အောက်ခံ PDF တို့ငတ်ပြတ်နေချိန်တွင် ပြည်ပနိုင်ငံတွင် အလှူငွေများဖြင့် ဇိမ်ခံကာ ခွေးမွေးနေ့ပွဲပါကျင်းပခဲ့သည့် NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အား NUG ဝန်ကြီးချုပ်ရုံး ဝန်ထမ်း (၁၂) ဦးက NUG ယာယီသမ္မတ၊ CRPH ဥက္ကဋ္ဌ၊ NUG ပြည်ထောင်စုဝန်ကြီးချုပ်ထံ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က စာပို့တိုင်ကြားခဲ့ကြောင်း သိရသည်။
တိုင်ကြားသူများထဲ NUG ဝန်ကြီးချုပ် ရုံး၌လုပ်ကိုင်ခဲ့သော တွဲဖက်အတွင်းဝန် (၂)၊ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးမှ စတင်ကာ ရုံးအဖွဲ့ဝင်ယာဉ်မောင်းအထိ အလွှာစုံပါဝင် ကြောင်းလည်းသိရသည်။
ထို့နောက် တိုင်ကြားမှုအားစစ်ဆေးရာတွင် ဒေါ်ကြည်ပြာအား တာဝန်မှ ယာယီဆိုင်းငံ့ခဲ့ကြောင်းနှင့် ၎င်းအနေဖြင့် ဝန်ထမ်းများအပေါ် နှုတ်ဖြင့်ချိုသာမှုမရှိဘဲ ပြောဆိုဆက်ဆံသည်ကို တွေ့ရှိရကြောင်း၊ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ တိုင်ကြားသူများဘက်မှ သက်သေပြနိုင်ခြင်းမရှိကြောင်း၊ တိုင်ကြား ခံရသူဘက်မှ ဘဏ္ဍာရေးဆိုင်ရာ စာရင်းဇယားများ၊ စာရင်းစစ်အစီရင်ခံစာများ တင်ပြခဲ့ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ စာရင်းစစ်ချုပ်ရုံး အစီအရင်ခံစာနှင့် ပြင်ပစာရင်းစစ် တင်ပြချက်များ အရ အဂတိလိုက်စားမှု မတွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြရေးသားထားသည်။
ထို့ကြောင့် စုံစမ်းစစ်ဆေးပြီး ဒေါ်ကြည်ပြာအပေါ်တွင် တရားစွဲဆို အရေးယူရန် ပေါ်ပေါက်ခြင်းမရှိသကဲ့သို့ ရာထူးမှ ထုတ်ပယ် နိုင်လောက်သည့်အချက်များလည်း မတွေ့ရကြောင်းနှင့် ဒေါ်ကြည်ပြာအနေဖြင့် ဝန်ထမ်းများအပေါ် ဆက်ဆံရာ၌ ချိုသာစွာပြောဆို ဆက်ဆံမှုမရှိသည်ကို တွေ့ရှိရသဖြင့် နောင်တွင် ဝန်ထမ်းများအပေါ် ချိုသာစွာပြောဆိုဆက်ဆံရန်သာ သတိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် ဒေါ်ကြည်ပြာ၏ အဂတိလိုက်စားမှုအား ဖော်ထုတ်သူများ Page ကလည်း စုံစမ်းစစ်ဆေးစဉ်အတွင်း သက်သေများ ခိုင်လုံစွာ တင်ပြခဲ့သော်လည်း ကျေနပ်ဖွယ်ရာ တုံ့ပြန်မှု မရရှိခဲ့သည့်အတွက် ဓမ္မနှင့် အမှန်တရားကို ပြည်သူများ ကိုယ်တိုင် ဆုံးဖြတ်နိုင်စေရန် လက်ဝယ်ရှိ သက်သေအထောက်အထားများကို အများပြည်သူထံ ချပြကာ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
အလြဲသုံးစားမႈမ်ားစြာရွိေသာ NUG ဝန္ႀကီးခ်ဳပ္႐ုံးအတြင္းဝန္ ေဒၚၾကည္ျပာႏွင့္ ခင္ပြန္းတို႔ကို အဂတိကင္းရွင္းေၾကာင္းႏွင့္ ခ်ိဳသာစြာေျပာရန္ NUG ကစာထုတ္သတိေပး
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၁၉
အလြဲသုံးစားမႈမ်ားစြာရွိေသာ NUG ဝန္ႀကီးခ်ဳပ္႐ုံးအတြင္းဝန္ ေဒၚၾကည္ျပာႏွင့္ ခင္ပြန္းတို႔ကို အဂတိကင္းရွင္းေၾကာင္းႏွင့္ ခ်ိဳသာစြာ ေျပာရန္သာ NUG က ယမန္ေန႔(ေဖေဖာ္ဝါရီ ၁၈ ရက္)တြင္ မန္းဝင္းခိုင္သန္း၏ လက္မွတ္ျဖင့္ ထုတ္ျပန္လာခဲ့ေၾကာင္း သိရသည္။
(၅) ႏွစ္ေက်ာ္ကာလအတြင္း ရည္မွန္းခ်က္တစ္ခုျဖင့္ ေတာတြင္းေရာက္ရွိသြားခဲ့ေသာ NUG လက္ေအာက္ခံ PDF တို႔ငတ္ျပတ္ေနခ်ိန္တြင္ ျပည္ပႏိုင္ငံတြင္ အလႉေငြမ်ားျဖင့္ ဇိမ္ခံကာ ေခြးေမြးေန႔ပြဲပါက်င္းပခဲ့သည့္ NUG ဝန္ႀကီးခ်ဳပ္႐ုံး အၿမဲတမ္းအတြင္းဝန္ ေဒၚၾကည္ျပာႏွင့္ ခင္ပြန္းျဖစ္သူတို႔အား NUG ဝန္ႀကီးခ်ဳပ္႐ုံး ဝန္ထမ္း (၁၂) ဦးက NUG ယာယီသမၼတ၊ CRPH ဥကၠ႒၊ NUG ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ထံ ၂၀၂၅ ခုႏွစ္၊ ႏိုဝင္ဘာ ၁၉ ရက္က စာပို႔တိုင္ၾကားခဲ့ေၾကာင္း သိရသည္။
တိုင္ၾကားသူမ်ားထဲ NUG ဝန္ႀကီးခ်ဳပ္ ႐ုံး၌လုပ္ကိုင္ခဲ့ေသာ တြဲဖက္အတြင္းဝန္ (၂)၊ ၫႊန္ၾကားေရးမႉး၊ လက္ေထာက္ၫႊန္ၾကားေရးမႉးမွ စတင္ကာ ႐ုံးအဖြဲ႕ဝင္ယာဥ္ေမာင္းအထိ အလႊာစုံပါဝင္ ေၾကာင္းလည္းသိရသည္။
ထို႔ေနာက္ တိုင္ၾကားမႈအားစစ္ေဆးရာတြင္ ေဒၚၾကည္ျပာအား တာဝန္မွ ယာယီဆိုင္းငံ့ခဲ့ေၾကာင္းႏွင့္ ၎အေနျဖင့္ ဝန္ထမ္းမ်ားအေပၚ ႏႈတ္ျဖင့္ခ်ိဳသာမႈမရွိဘဲ ေျပာဆိုဆက္ဆံသည္ကို ေတြ႕ရွိရေၾကာင္း၊ အဂတိလိုက္စားမႈႏွင့္ပတ္သက္၍ တိုင္ၾကားသူမ်ားဘက္မွ သက္ေသျပႏိုင္ျခင္းမရွိေၾကာင္း၊ တိုင္ၾကား ခံရသူဘက္မွ ဘ႑ာေရးဆိုင္ရာ စာရင္းဇယားမ်ား၊ စာရင္းစစ္အစီရင္ခံစာမ်ား တင္ျပခဲ့ေၾကာင္း၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ စာရင္းစစ္ခ်ဳပ္႐ုံး အစီအရင္ခံစာႏွင့္ ျပင္ပစာရင္းစစ္ တင္ျပခ်က္မ်ား အရ အဂတိလိုက္စားမႈ မေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပေရးသားထားသည္။
ထို႔ေၾကာင့္ စုံစမ္းစစ္ေဆးၿပီး ေဒၚၾကည္ျပာအေပၚတြင္ တရားစြဲဆို အေရးယူရန္ ေပၚေပါက္ျခင္းမရွိသကဲ့သို႔ ရာထူးမွ ထုတ္ပယ္ ႏိုင္ေလာက္သည့္အခ်က္မ်ားလည္း မေတြ႕ရေၾကာင္းႏွင့္ ေဒၚၾကည္ျပာအေနျဖင့္ ဝန္ထမ္းမ်ားအေပၚ ဆက္ဆံရာ၌ ခ်ိဳသာစြာေျပာဆို ဆက္ဆံမႈမရွိသည္ကို ေတြ႕ရွိရသျဖင့္ ေနာင္တြင္ ဝန္ထမ္းမ်ားအေပၚ ခ်ိဳသာစြာေျပာဆိုဆက္ဆံရန္သာ သတိေပးထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ေဒၚၾကည္ျပာ၏ အဂတိလိုက္စားမႈအား ေဖာ္ထုတ္သူမ်ား Page ကလည္း စုံစမ္းစစ္ေဆးစဥ္အတြင္း သက္ေသမ်ား ခိုင္လုံစြာ တင္ျပခဲ့ေသာ္လည္း ေက်နပ္ဖြယ္ရာ တုံ႔ျပန္မႈ မရရွိခဲ့သည့္အတြက္ ဓမၼႏွင့္ အမွန္တရားကို ျပည္သူမ်ား ကိုယ္တိုင္ ဆုံးျဖတ္ႏိုင္ေစရန္ လက္ဝယ္ရွိ သက္ေသအေထာက္အထားမ်ားကို အမ်ားျပည္သူထံ ခ်ျပကာ ဆက္လက္ တိုက္ပြဲဝင္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.