BNP ပါတီ မဲအများစု ရရှိသွားတဲ့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲနဲ့ မြန်မာအပေါ် ဆက်ဆံရေး အလားအလာ (နိုင်ငံတကာဆက်ဆံရေး သုံးသပ်ဆောင်းပါး)

388

HtayOung (NP News)
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကို လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၂-ရက်နေ့မှာ စ တင်ကျင်းပခဲ့ရာ တာရစ်ရာမန်ရဲ့ “ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ” (BNP) က အပြတ်အသတ် အနိုင်ရရှိ သွားပါတယ်။ ရှိတ်ဟာစီနာရဲ့ ၁၅ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့တဲ့ ၂၀၂၄ ခုနှစ် “ဇူလိုင် တော်လှန် ရေး” နောက်ပိုင်း ပထမဆုံးကျင်းပတဲ့ အမျိုးသားရွေးကောက်ပွဲဖြစ်တယ်လို့ နိုင်ငံတကာမီဒီယာများက ရေး သားကြပါတယ်။
ဆန္ဒမဲပေးခွင့်ရှိသူ ၁၂၇-သန်းကျော်တဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၂၀၂၈-ဦးတို့က ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြရာ မဲပေးသူ ၅၉.၄၄% ရှိခဲ့ပါတယ်။ အဓိက နိုင်ငံရေးပါတီကြီးများအားလုံး ပါဝင်ခဲ့ကြပြီး ယခင် ၄-ကြိမ် ဆက်တိုက် အနိုင်ရရှိခဲ့ဖူးတဲ့ ရှိတ်ဟာစီနာရဲ့ “အဝါမီလိဂ်ပါတီ” ကတော့ တားဆီးခံထားရတဲ့အတွက် ယှဉ်ပြိုင် နိုင်ခြင်း မရှိခဲ့ပါဘူး။
ဒါကြောင့် ရွေးကောက်ပွဲဟာ BNP ပါတီနဲ့ “ဘင်္ဂလားဒေ့ရှ် ဂျမတ်အီ အစ္စလာမ်မီ” ဦးဆောင် ၁၁-ပါတီ မဟာ မိတ်အဖွဲ့တို့ရဲ့ နှစ်ဖက် အကြိတ်အနယ်ယှဉ်ပြိုင်ကြတဲ့ ပွဲဖြစ်သွားပါတယ်။ မိုဟာမက်ယူနွတ်အစိုးရက ကျင်းပ ပေးတဲ့ ရွေးကောက်ပွဲမှာ အလုပ်လက်မဲ့ဖြစ်မှု၊ အဂတိလိုက်စားမှု၊ ခြိမ်းခြောက်ငွေတောင်းယူမှု၊ အချိုးကျကိုယ် စားပြု (PR) စနစ် ကျင့်သုံးရေး၊ နိုင်ငံရေးလောကအတွင်း ဝင်ရောက်လာတဲ့ လူငယ်များရဲ့ လူနည်းစု မဲဆန္ဒရှင် များအပေါ် နိုင်ငံရေးကတိကဝတ်များနဲ့ မဲဆွယ်ခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲဟာ ကမ္ဘာအရပ်ရပ် ဂျင်းဇီလူငယ်များရဲ့ ဆန္ဒ္ဒပြပွဲများအပြီး ဂျင်းဇီတို့ လှုံ့ဆော်မှုဖြင့် ကျင်းပတဲ့ ပထမဆုံး ရွေးကောက်ပွဲဖြစ်သွား ပါတယ်။
BNP ဦးဆောင် မဟာမိတ်အဖွဲ့က အမတ်နေရာ ၃၀၀ မှာ ၂၀၉ နေရာ အနိုင်ရရှိခဲ့ပြီး သုံးပုံနှစ်ပုံ မဲအများစု ရရှိခဲ့ ပါတယ်။ BNP မှ အကြီးတန်း ဟိန္ဒူခေါင်းဆောင် ဂါယာရှ်ဝါ ချန်ဒရာ ရွိုင်းလည်း ဒါကာ-၃ မဲဆန္ဒနယ်မှာ အနိုင် ရရှိခဲ့ပါတယ်။
ဂျမတ်အီ အစ္စလာမ်မီအုပ်စုက ၆၈ နေရာအနိုင်ရရှိပါတယ်။ အဲ့ဒီ ပါတီနှစ်ခုဟာ ၁၉၉၁-ခုနှစ် ရွေးကောက်ပွဲ ထက် ၂၀% စီ အသီးသီးမြင့်တက်လာခြင်းဖြစ်ပါတယ်။ ဂျမတ်အီအစ္စလာမ်မီရဲ့ မဟာမိတ် နေရှင်တယ် စစ်တီ ဇင် ပါတီ NCP က ၆-နေရာ၊ တစ်သီးပုဂ္ဂလ ၇ နေရာနဲ့ အခြား ပါတီတို့က ရွေးချယ်ခံခဲ့ကြပါတယ်။
BNP ပါတီခေါင်းဆောင် တာရစ်ရာမန်ဟာ (၆၁-နှစ်) ဟာ နိုင်ငံ့လွတ်လပ်ရေးမှာ အဓိကပုဂ္ဂိုလ်ဖြစ်သူ ဗိုလ်ချုပ် ကြီး ဇီယာရာမန်နဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ခါလီဒါဇီယာတို့ရဲ့သားဖြစ်ပါတယ်။ သူ့ဖ ခင်ဟာ ၁၉၇၇-ခုနှစ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး မိခင်ဖြစ်သူမှာလည်း နိုင်ငံရေးလုပ်ကြံမှု မကင်းတဲ့ ပုဒ်မအ မျိုးမျိုးနဲ့ ဖမ်းဆီး-တရားစွဲဆိုခံခဲ့ရပါတယ်။
တာရစ်ရာမန်ကိုယ်တိုင်လည်း တရားစွဲခံရပြီး ၂၀၀၈-ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ပြည်ပမှာ လှည့်လည်တိမ်းရှောင် နေခဲ့ရပါတယ်။ ၂၀၂၆-ခုနှစ် ခါလီဒါဇီယာ ကွယ်လွန်တဲ့အခါ BNP ပါတီခေါင်းဆောင်ဖြစ်လာပါတယ်။ ထွက်ပြေး သူအလှည့်ရောက်ရှိသွားတဲ့ ရှိတ်ဟာစီနာကို နယူးဒေလီက လက်ခံထားပေမယ့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့ တာရစ်ရာမန်ရဲ့ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေး အေးစက်နေသည့်တိုင် ဘင်္ဂလားဒေ့ရှ်၌နိုင်ငံ အစိုးရအပြောင်းအလဲကို မိုဒီအစိုးရက လက်ခံကြောင်း ပြသ ခဲ့ပါ တယ်။ ပါကစ္စတန်နဲ့ အမေရိကန်နိုင်ငံခေါင်းဆောင်များက တာရစ် ရာမန် အနိုင်ရရှိမှုနဲ့ ရွေးကောက်ပွဲများကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့မှုအတွက် ဂုဏ်ပြုခဲ့ကြပါတယ်။
ယခုရွေးကောက်ပွဲအနိုင်ရရှိသူ BNP ပါတီ၊ အတိုက်အခံ ဂျမတ်အီအစ္စလာမ်မီတို့ဟာ အမျိုးသားရေးဝါဒီများနဲ့ ဘာသာရေး သဘောထား တင်းမာသူများ ဖြစ်ကြပါတယ်။ ဒုက္ခသည် ဘင်္ဂါလီတို့ကို ရေရှည်လက်ခံရန် မဖြစ် နိုင်ကြောင်း လက်ခံထားပြီး လုံခြုံစိတ်ချရတဲ့ နေရပ်ပြန်ပို့ရေးဖြစ်ပေါ်စေရန် တွန်းအားပေးဖွယ်ရှိပါတယ်။
ဒါ့ကြောင့် လာမယ့် ရိုဟင်ဂျာအရေးနဲ့ ICC, ICJ ကိစ္စတို့မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ရပ်တည်ချက်ဟာ ပိုမို တင်းမာနိုင် ပြီး မြန်မာအပေါ် နိုင်ငံတကာ ဖိအားပေးရန် ကြိုးစားနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်ခြားလုံခြုံရေးမှာ AA ကို စောင့်ကြည့်ခြင်း- ARSA ကို ထိန်းချုပ်ခြင်းအပါအဝင် ပိုမိုလက်တွေ့ကျပြီး တင်းကျပ်တဲ့ မူဝါဒများကို ကျင့် သုံးဖွယ်ရှိပါတယ်။
BNP အစိုးရဟာ အမေရိကန်နဲ့ ဆက်ဆံရေး အဆင်ပြေအောင် ကြိုးစားပါလိမ့်မယ်။ အိန္ဒိယနဲ့ ခပ်တန်းတန်း ဆက်ဆံမှာဖြစ်ပေမယ့် တရုတ်နဲ့ ပိုမိုနီးကပ်တဲ့ ပေါ်လစီကို ကျင့်သုံးဖွယ်ရှိပါတယ်။ မြန်မာအပေါ် တရုတ်ရဲ့ ဖိအားကို အသုံးချဖွယ်ရှိပါတယ်။
.

Zawgyi Version:
BNP ပါတီ မဲအမ်ားစု ရရွိသြားတဲ့ ဘဂၤလားေဒ့ရွ္ေ႐ြးေကာက္ပြဲနဲ႔ ျမန္မာအေပၚ ဆက္ဆံေရး အလားအလာ
(ႏိုင္ငံတကာဆက္ဆံေရး သုံးသပ္ေဆာင္းပါး)
HtayOung (NP News)
ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ ၁၃ ႀကိမ္ေျမာက္ အေထြေထြေ႐ြးေကာက္ပြဲကို လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီ ၁၂-ရက္ေန႔မွာ စ တင္က်င္းပခဲ့ရာ တာရစ္ရာမန္ရဲ႕ “ဘဂၤလားေဒ့ရွ္ အမ်ိဳးသားေရးပါတီ” (BNP) က အျပတ္အသတ္ အႏိုင္ရရွိ သြားပါတယ္။ ရွိတ္ဟာစီနာရဲ႕ ၁၅ ႏွစ္ၾကာ အုပ္ခ်ဳပ္မႈကို အဆုံးသတ္ေစခဲ့တဲ့ ၂၀၂၄ ခုႏွစ္ “ဇူလိုင္ ေတာ္လွန္ ေရး” ေနာက္ပိုင္း ပထမဆုံးက်င္းပတဲ့ အမ်ိဳးသားေ႐ြးေကာက္ပြဲျဖစ္တယ္လို႔ ႏိုင္ငံတကာမီဒီယာမ်ားက ေရး သားၾကပါတယ္။
ဆႏၵမဲေပးခြင့္ရွိသူ ၁၂၇-သန္းေက်ာ္တဲ့ ေ႐ြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္း ၂၀၂၈-ဦးတို႔က ဝင္ေရာက္ယွဥ္ ၿပိဳင္ခဲ့ၾကရာ မဲေပးသူ ၅၉.၄၄% ရွိခဲ့ပါတယ္။ အဓိက ႏိုင္ငံေရးပါတီႀကီးမ်ားအားလုံး ပါဝင္ခဲ့ၾကၿပီး ယခင္ ၄-ႀကိမ္ ဆက္တိုက္ အႏိုင္ရရွိခဲ့ဖူးတဲ့ ရွိတ္ဟာစီနာရဲ႕ “အဝါမီလိဂ္ပါတီ” ကေတာ့ တားဆီးခံထားရတဲ့အတြက္ ယွဥ္ၿပိဳင္ ႏိုင္ျခင္း မရွိခဲ့ပါဘူး။
ဒါေၾကာင့္ ေ႐ြးေကာက္ပြဲဟာ BNP ပါတီနဲ႔ “ဘဂၤလားေဒ့ရွ္ ဂ်မတ္အီ အစၥလာမ္မီ” ဦးေဆာင္ ၁၁-ပါတီ မဟာ မိတ္အဖြဲ႕တို႔ရဲ႕ ႏွစ္ဖက္ အႀကိတ္အနယ္ယွဥ္ၿပိဳင္ၾကတဲ့ ပြဲျဖစ္သြားပါတယ္။ မိုဟာမက္ယူႏြတ္အစိုးရက က်င္းပ ေပးတဲ့ ေ႐ြးေကာက္ပြဲမွာ အလုပ္လက္မဲ့ျဖစ္မႈ၊ အဂတိလိုက္စားမႈ၊ ၿခိမ္းေျခာက္ေငြေတာင္းယူမႈ၊ အခ်ိဳးက်ကိုယ္ စားျပဳ (PR) စနစ္ က်င့္သုံးေရး၊ ႏိုင္ငံေရးေလာကအတြင္း ဝင္ေရာက္လာတဲ့ လူငယ္မ်ားရဲ႕ လူနည္းစု မဲဆႏၵရွင္ မ်ားအေပၚ ႏိုင္ငံေရးကတိကဝတ္မ်ားနဲ႔ မဲဆြယ္ခဲ့ၾကပါတယ္။ ဘဂၤလားေဒ့ရွ္ေ႐ြးေကာက္ပြဲဟာ ကမာၻအရပ္ရပ္ ဂ်င္းဇီလူငယ္မ်ားရဲ႕ ဆႏၵၵျပပြဲမ်ားအၿပီး ဂ်င္းဇီတို႔ လႈံ႕ေဆာ္မႈျဖင့္ က်င္းပတဲ့ ပထမဆုံး ေ႐ြးေကာက္ပြဲျဖစ္သြား ပါတယ္။
BNP ဦးေဆာင္ မဟာမိတ္အဖြဲ႕က အမတ္ေနရာ ၃၀၀ မွာ ၂၀၉ ေနရာ အႏိုင္ရရွိခဲ့ၿပီး သုံးပုံႏွစ္ပုံ မဲအမ်ားစု ရရွိခဲ့ ပါတယ္။ BNP မွ အႀကီးတန္း ဟိႏၵဴေခါင္းေဆာင္ ဂါယာရွ္ဝါ ခ်န္ဒရာ ႐ြိဳင္းလည္း ဒါကာ-၃ မဲဆႏၵနယ္မွာ အႏိုင္ ရရွိခဲ့ပါတယ္။
ဂ်မတ္အီ အစၥလာမ္မီအုပ္စုက ၆၈ ေနရာအႏိုင္ရရွိပါတယ္။ အဲ့ဒီ ပါတီႏွစ္ခုဟာ ၁၉၉၁-ခုႏွစ္ ေ႐ြးေကာက္ပြဲ ထက္ ၂၀% စီ အသီးသီးျမင့္တက္လာျခင္းျဖစ္ပါတယ္။ ဂ်မတ္အီအစၥလာမ္မီရဲ႕ မဟာမိတ္ ေနရွင္တယ္ စစ္တီ ဇင္ ပါတီ NCP က ၆-ေနရာ၊ တစ္သီးပုဂၢလ ၇ ေနရာနဲ႔ အျခား ပါတီတို႔က ေ႐ြးခ်ယ္ခံခဲ့ၾကပါတယ္။
BNP ပါတီေခါင္းေဆာင္ တာရစ္ရာမန္ဟာ (၆၁-ႏွစ္) ဟာ ႏိုင္ငံ့လြတ္လပ္ေရးမွာ အဓိကပုဂၢိဳလ္ျဖစ္သူ ဗိုလ္ခ်ဳပ္ ႀကီး ဇီယာရာမန္နဲ႔ ဘဂၤလားေဒ့ရွ္ရဲ႕ ပထမဆုံး အမ်ိဳးသမီးဝန္ႀကီးခ်ဳပ္ ခါလီဒါဇီယာတို႔ရဲ႕သားျဖစ္ပါတယ္။ သူ႔ဖ ခင္ဟာ ၁၉၇၇-ခုႏွစ္မွာ လုပ္ႀကံသတ္ျဖတ္ခံခဲ့ရၿပီး မိခင္ျဖစ္သူမွာလည္း ႏိုင္ငံေရးလုပ္ႀကံမႈ မကင္းတဲ့ ပုဒ္မအ မ်ိဳးမ်ိဳးနဲ႔ ဖမ္းဆီး-တရားစြဲဆိုခံခဲ့ရပါတယ္။
တာရစ္ရာမန္ကိုယ္တိုင္လည္း တရားစြဲခံရၿပီး ၂၀၀၈-ခုႏွစ္မွ ၂၀၂၅ ခုႏွစ္အထိ ျပည္ပမွာ လွည့္လည္တိမ္းေရွာင္ ေနခဲ့ရပါတယ္။ ၂၀၂၆-ခုႏွစ္ ခါလီဒါဇီယာ ကြယ္လြန္တဲ့အခါ BNP ပါတီေခါင္းေဆာင္ျဖစ္လာပါတယ္။ ထြက္ေျပး သူအလွည့္ေရာက္ရွိသြားတဲ့ ရွိတ္ဟာစီနာကို နယူးေဒလီက လက္ခံထားေပမယ့္ ၂၀၂၆ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔ တာရစ္ရာမန္ရဲ႕ ဝန္ႀကီးခ်ဳပ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုပြဲကို တက္ေရာက္ျခင္းျဖင့္ ႏွစ္ႏိုင္ငံဆက္ဆံေရး ေအးစက္ေနသည့္တိုင္ ဘဂၤလားေဒ့ရွ္၌ႏိုင္ငံ အစိုးရအေျပာင္းအလဲကို မိုဒီအစိုးရက လက္ခံေၾကာင္း ျပသ ခဲ့ပါ တယ္။ ပါကစၥတန္နဲ႔ အေမရိကန္ႏိုင္ငံေခါင္းေဆာင္မ်ားက တာရစ္ ရာမန္ အႏိုင္ရရွိမႈနဲ႔ ေ႐ြးေကာက္ပြဲမ်ားကို ၿငိမ္းခ်မ္းစြာ က်င္းပႏိုင္ခဲ့မႈအတြက္ ဂုဏ္ျပဳခဲ့ၾကပါတယ္။
ယခုေ႐ြးေကာက္ပြဲအႏိုင္ရရွိသူ BNP ပါတီ၊ အတိုက္အခံ ဂ်မတ္အီအစၥလာမ္မီတို႔ဟာ အမ်ိဳးသားေရးဝါဒီမ်ားနဲ႔ ဘာသာေရး သေဘာထား တင္းမာသူမ်ား ျဖစ္ၾကပါတယ္။ ဒုကၡသည္ ဘဂၤါလီတို႔ကို ေရရွည္လက္ခံရန္ မျဖစ္ ႏိုင္ေၾကာင္း လက္ခံထားၿပီး လုံၿခဳံစိတ္ခ်ရတဲ့ ေနရပ္ျပန္ပို႔ေရးျဖစ္ေပၚေစရန္ တြန္းအားေပးဖြယ္ရွိပါတယ္။
ဒါ့ေၾကာင့္ လာမယ့္ ႐ိုဟင္ဂ်ာအေရးနဲ႔ ICC, ICJ ကိစၥတို႔မွာ ဘဂၤလားေဒ့ရွ္ရဲ႕ ရပ္တည္ခ်က္ဟာ ပိုမို တင္းမာႏိုင္ ၿပီး ျမန္မာအေပၚ ႏိုင္ငံတကာ ဖိအားေပးရန္ ႀကိဳးစားႏိုင္ပါတယ္။ ဘဂၤလားေဒ့ရွ္-ျမန္မာနယ္ျခားလုံၿခဳံေရးမွာ AA ကို ေစာင့္ၾကည့္ျခင္း- ARSA ကို ထိန္းခ်ဳပ္ျခင္းအပါအဝင္ ပိုမိုလက္ေတြ႕က်ၿပီး တင္းက်ပ္တဲ့ မူဝါဒမ်ားကို က်င့္ သုံးဖြယ္ရွိပါတယ္။
BNP အစိုးရဟာ အေမရိကန္နဲ႔ ဆက္ဆံေရး အဆင္ေျပေအာင္ ႀကိဳးစားပါလိမ့္မယ္။ အိႏၵိယနဲ႔ ခပ္တန္းတန္း ဆက္ဆံမွာျဖစ္ေပမယ့္ တ႐ုတ္နဲ႔ ပိုမိုနီးကပ္တဲ့ ေပၚလစီကို က်င့္သုံးဖြယ္ရွိပါတယ္။ ျမန္မာအေပၚ တ႐ုတ္ရဲ႕ ဖိအားကို အသုံးခ်ဖြယ္ရွိပါတယ္။
.