အမေရိကန်ရဲ့ဖိအားပေးမှုတွေကိုရင်ဆိုင်နေရတဲ့ ကနေဒါ ဝန်ကြီးချုပ် အကြောင်းတစေ့တစောင်း (နိုင်ငံ့ခေါင်းဆောင်များ အထုပ္ပတ္တိ)

190

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီလ ၁၈
အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံတို့ဟာ နှစ်ပေါင်းများစွာကြာ မဟာမိတ်နိုင်ငံအဖြစ်ရပ်တည်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ နှစ်နိုင်ငံကြား တင်း မာမှုတွေဖြစ်လာနေပြီး အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ကနေဒါနဲ့ အမေရိကန်နိုင်ငံကြား ဆက် သွယ်ထားတဲ့ Gordie Howe တံတားကို ပိတ်ပင် သွားမယ်လို့ပြောပါတယ်။ အမေရိကန်နဲ့ ကနေဒါနိုင်ငံ တို့အကြား သံတမန်ဆက်ဆံရေးဟာ ဆယ်စုနှစ်များ စွာအတွင်း အနိမ့်ဆုံးအခြေအနေကိုရောက်ရှိနေချိန် မှာ အမေရိကန်သမ္မတက နှစ်နိုင်ငံ ကုန်သွယ်ရေးအ တွက် အလွန်အရေးပါတဲ့ Gordie Howe နိုင်ငံတ ကာတံတားသစ်ကြီးဖွင့်လှစ်မှုကို တားဆီးပိတ်ပင်သွား မယ်လို့ လူသိရှင်ကြား ခြိမ်းခြောက်လိုက်တာလည်း ဖြစ်ပါတယ်။
ကနေဒါနိုင်ငံကို အမေရိကန်ပြည်ထောင် စုရဲ့ " (၅၁)ခုမြောက်ပြည်နယ်အဖြစ် သတ်မှတ်သင့် တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြော ဆိုခဲ့ပြီးနောက်ပိုင်း ထပ်မံထွက်ပေါ်လာတဲ့ ဖိအားပေး မှုတစ်ရပ်ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ဒေါ်နယ် ထရမ့် သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့နိုင်ငံတွေ အပေါ် ကုန်သွယ်ခွန်ကောက်ခံမယ့်အစီအစဉ် စတင် လာခဲ့ရာ ကနေဒါနဲ့ အမေရိကန်နိုင်ငံကြား ဆက်ဆံရေးအဖုအထစ်တွေရှိလာခဲ့ပါတယ်။ ကနေဒါနိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်ရေးအငြင်းပွားမှုတွေ ကြောင့် တင်းမာမာမှုတွေရှိနေချိန်မှာပဲ ကနေဒါဝန် ကြီးချုပ် မက်ကာနေးဟာ ဇန်နဝါရီလအတွင်းမှာပဲ တရုတ်နိုင်ငံကိုသွားရောက်ကာ တရုတ်သမ္မတ ရှီကျင့် ဖျင်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ကနေဒါဝန် ကြီးချုပ်နဲ့တရုတ်သမ္မတတို့ တွေ့ ဆုံဆွေးနွေးမှုတွေ ဟာ အမေရိကန်နဲ့ ကနေဒါနိုင်ငံကြားဆက်ဆံရေးကို ပိုမိုတင်းမာလာစေခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ကနေဒါနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ စာချုပ် မယ်ဆိုရင် ကုန်သွယ်ခွန်ကို (၁၀ဝ)ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံသွားမယ်လို့ လူသိရှင်ကြား ခြိမ်း ခြောက်ထားပါတယ်။
အမေရိကန်သမ္မတက လူသိရှင်ကြားခြိမ်း ခြောက်ပြောဆိုမှုတွေရှိခဲ့ပေမယ့် ကနေဒါဝန်ကြီးချုပ် မက်ကာနေးကတော့ ကနေဒါနိုင်ငံအနေနဲ့ အမေရိ ကန်နိုင်ငံရဲ့လွှမ်းမိုးမှုတွေကနေ လွတ်မြောက်အောင် ကြိုးပမ်းမှာဖြစ်သလို အမေရိကန်နိုင်ငံအနေနဲ့လည်း ကနေဒါနိုင်ငံရဲ့အချုပ်အခြာအာဏာကို လေးစားရ မယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။ ကနေဒါဝန်ကြီးချုပ်ရဲ့တုံ့ပြန်မှုတွေကိုလေ့လာကြည့်မယ်ဆိုရင် နှစ် ပေါင်းများစွာကြာ မဟာမိတ်အဖြစ်ရပ်တည်ခဲ့တဲ့ အ မေရိကန်နဲ့ ကနေဒါနိုင်ငံကြားဆက်ဆံရေးဟာ တ ဖြည်းဖြည်းယိုယွင်းလာတဲ့အခြေနေမျိုးကို ရောက်ရှိ လာတယ်လို့ဆိုရမှာလည်းဖြစ်ပါတယ်။ Gordie Howe တံတားကိုပိတ်ပစ်မယ်ဆိုတဲ့ အမေရိကန် သမ္မတရဲ့ခြိမ်းခြောက်မှုတွေဟာ ကနေဒါနိုင်ငံအတွက် ကြီးမားတဲ့ နိုင်ငံရေးနဲ့စီးပွားရေးစိန်ခေါ်မှုတစ်ရပ် ဖြစ် လာဖွယ်ရှိနေပါတယ်။ စီးပွားရေးပညာရှင်တစ်ဦး ဖြစ်သလို ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်းတစ်ဦးလည်းဖြစ် တဲ့ မက်ကာနေးဟာ အမေရိကန်သမ္မတထရမ့်ရဲ့ စီး ပွားရေးဆိုင်ရာတိုက်ခိုက်မှုတွေကို တည်ငြိမ်စွာတုံ့ပြန် ဖို့ကြိုးစားနေပေမယ့် အဲဒီနယ်စပ်ဂိတ်ပိတ်ပင်မှုဟာ ကနေဒါနိုင်င်ငံရဲ့ ပို့ကုန်ကဏ္ဍကို ကြီးမားစွာ ထိခိုက် စေနိုင်ပါတယ်။ (၂၀၂၆)ခုနှစ်အတွင်း ဖွင့်လှစ်ဖို့စီစဉ် ထားတဲ့ Gordie Howe တံတားဟာ မြောက်အမေ ရိကကုန်သွယ်ရေးရဲ့ အသက်သွေးကြောဖြစ်ပြီး အဲဒီ တံတားကို အမှန်တကယ်ပိတ်ပင်ခဲ့ပါက မော်တော် ကားထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ ထောက်ပံ့ပို့ဆောင် ရေးကွင်းဆက်တစ်ခုလုံး ရပ်တန့်သွားနိုင်တဲ့အန္တရာယ် ရှိနေပါတယ်။ နိုင်ငံရေးလေ့လာသူတွေကမူ အမေရိ ကန်သမ္မတဟာ ကနေဒါနိုင်ငံကို နိုင်ငံရေးအရ လက် အောက်ခံသဘောသက်ရောက်စေဖို့ရည်ရွယ်ပြီး စီးပွားရေးလက်နက်နဲ့ တိုက်ခိုက်နေတာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
မက်ကာနေးကို (၁၉၆၅)ခုနှစ် မတ်လ (၁၆)ရက်မှာမွေးဖွားခဲ့ပြီး ကနေဒါနိုင်ငံရေးသမားနဲ့ စီးပွားရေးပညာရှင်အဖြစ် လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါ တယ်။ လက်ရှိအချိန်မှာ အသက်(၆၀)အရွယ်ရှိ မက် ကာနေးဟာ ကနေဒါနိုင်ငံရဲ့ (၂၄)ဦးမြောက်ဝန်ကြီး ချုပ်အဖြစ် (၂၀၂၅)ခုနှစ်တည်းက စတင် တာဝန်ယူခဲ့ သူဖြစ်ပါတယ်။ ၎င်းကို ကနေဒါနိုင်ငံ အနောက်မြောက် ပိုင်းဒေသရှိ ဖော့စမစ်မြို့မှာမွေးဖွားခဲ့ပြီး (၁၉၈၇)ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်ကနေ စီးပွားရေးပညာနဲ့ ဘွဲ့ရရှိခဲ့ပြီး (၁၉၉၃)ခုနှစ်မှာ စီးပွားရေးပညာနဲ့ မဟာ ဘွဲ့ထပ်မံရရှိခဲ့ပါတယ်။ မက်ကာနေးဟာ စီးပွားရေး ပညာနဲ့ မဟာဘွဲ့ရရှိခဲ့ပြီးနောက် ဒေါက်တာဘွဲ့ထပ် မံရရှိဖို့ ကြိုးပမ်းခဲ့ရာ (၁၉၉၅)ခုနှစ်မှာ အောက်စဖို့ဒ် တက္ကသိုလ်ကနေ စီးပွားရေးပညာနဲ့ ဒေါက်တာဘွဲ့ ထပ်မံရရှိခဲ့ပါတယ်။ မက်ကာနေးဟာ စီးပွားရေးပညာ နဲ့ ဒေါက်တာဘွဲ့ရရှိခဲ့ပြီးနောက်အမေရိကန်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းဖြစ်တဲ့ Goldman Sachs မှာ (၁၃)နှစ်ကြာလုပ်ကိုင်ခဲ့ပါတယ်။ ၎င်းဟာ Goldman Sachs မှာ (၁၃)နှစ်ကြာလုပ်ကိုင်ခဲ့ပြီးနောက် (၂၀ဝ၃)ခုနှစ်မှာ Bank of Canada ရဲ့ဒုတိယအကြီး အကဲအဖြစ် ပြောင်းရွှေ့တာဝန်ယူခဲ့ပါတယ်။ အဲဒီ နောက် Bank of Canada ဘဏ်ကိုဝင်ရောက် ခဲ့ပြီး (၅)နှစ်အကြာဖြစ်တဲ့ (၂၀ဝ၈)ခုနှစ်မှာ ဘဏ်အ ကြီးအကဲအဖြစ်တာဝန်ယူခွင့်ရခဲ့ပြီး Bank of Canada ရဲ့အကြီးအကဲအဖြစ် (၂၀၁၃)ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။ မက်ကာနေးဟာ Bank of Canada ဘဏ်ရဲ့အကြီးအကဲအဖြစ်တာဝန်ယူချိန် အတွင်း ကမ္ဘာ့ဘဏ္ဍာရေးအခက်အခဲပြသာနာတွေ ဖြစ်လာခဲ့ရာ ကနေဒါနိုင်ငံရဲ့ငွေကြေးမူဝါဒတွေကို ကြီးကြပ်ခဲ့ရပါတယ်။ ၎င်းဟာ Bank of Canada ဘဏ်ရဲ့အကြီးအကဲအဖြစ် ငါးနှစ်ကြာတာဝန်ယူခဲ့ပြီး နောက် (၂၀၁၁)ခုနှစ်မှာ ကနေဒါနိုင်ငံရဲ့ ဘဏ္ဍာရေး တည်ငြိမ်ရေးဘုတ်အဖွဲ့ဒုတိယဥက္ကဋ္ဌအဖြစ် (၂၀၁၈)ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်၊ ဂျပန်နိုင်ငံတိုကျိုနဲ့ အမေရိကန်နိုင်ငံ နယူးယောက် မြို့တွေမှာ ကျင်လည်လုပ်ကိုင်ခဲ့ဖူးတဲ့ မက်ကာနေး ဟာ ကနေဒါဘဏ်ရဲ့အကြီးအကဲအဖြစ်တာဝန်ယူခဲ့သလို ဗြိတိန်အခြေစိုက်Bank of England ရဲ့ (၁၂၀)ဦးမြောက်အကြီးအကဲ ခန့်အပ်ခံရသူဖြစ်ခဲ့ပြီး Bank of England ဘဏ်အကြီးအကဲအဖြစ် (၂၀၁၃)ခုနှစ်ကနေ (၂၀၂၀)ပြည့်နှစ်အထိ တာဝန်ယူ ခဲ့ပါတယ်။Bank of England ဘဏ်ရဲ့ နှစ်ပေါင်း (၃၀ဝ)ကျော်သမိုင်းမှာ ဗြိတိန်နိုင်ငံသားတစ်ဦးမဟုတ် တဲ့ တခြားနိုင်ငံသားတစ်ဦးက ဘဏ်အကြီးအကဲအဖြစ် ပထမဆုံးတာဝန်ယူခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ ၎င်းဟာ ဘဏ်လုပ်ငန်းတွေရဲ့အကြီးအကဲအဖြစ် တာ ဝန်ယူပြီးနောက် စီးပွားရေးနဲ့ ငွေကြေးစီမံခန့်ခွဲမှုအကြံ ပေးအဖွဲ့တွေမှာ တာဝန်ယူခဲ့ဖူးသလို ကမ္ဘာ့ဘဏ်ရဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအဖွဲ့ ပူးတွဲဥက္ကဋ္ဌအဖြစ် တာ ဝန်ယူခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွား ချိန်မှာ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးဟာ မက်ကာနေးကို အကြံပေးအဖြစ်ခန့်အပ်ခဲ့ပါတယ်။ မက်ကာနေးဟာ ကနေဒါနိုင်ငံရှိ အင်အားကြီးပါတီ တစ်ခုဖြစ်တဲ့ လစ်ဘရယ်ပါတီရဲ့ ပါတီဝင်တစ်ဦးဖြစ်ရာ ၎င်းကို လစ်ဘရယ်ပါတီက စီးပွားရေးတိုးတက်မှုလုပ် ငန်းအဖွဲ့ အကြီးအကဲအဖြစ် (၂၀၂၄)ခုနှစ်မှာခန့်အပ် ခဲ့ပါတယ်။ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးဟာ အခက်အခဲပြဿနာတွေရင်ဆိုင်ရပြီးနောက် ရာထူးမှ နုတ်ထွက်သွားချိန်မှာ မက်ကာနေးဟာ လစ်ဘရယ် ပါတီခေါင်းဆောင် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့ပြီး ပါတီခေါင်းဆောင်အသစ် ခန့်အပ်ခံရပါ တယ်။ ၎င်းဟာ လစ်ဘရယ်ပါတီခေါင်းဆောင်အဖြစ် ခန့်အပ်ခံရပြီးနောက် ကနေဒါဝန်ကြီးချုပ်အဖြစ်ပါ ထပ်မံ တာဝန်ယူခွင့်ရခဲ့ပါတယ်။ မက်ကာနေးဟာ က နေဒါနိုင်ငံသမိုင်းမှာ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင် ခြင်းမရှိဘဲ ဝန်ကြီးချုပ်အဖြစ် ပထမဆုံး တာဝန်ယူခွင့် ရသူဖြစ်လာခဲ့ပါတယ်။ မက်ကာနေးဟာ ကနေဒါနိုင်ငံ အကျိုးစီးပွားအတွက် အဓိကဦးစားပေးတဲ့ နိုင်ငံရေး သမားဖြစ်ပြီး သံတမန်ရေးရာတွေကို တည်ငြိမ်စွာ လုပ်ကိုင်နိုင်သူလည်းဖြစ်ပါတယ်။ ကနေဒါဝန်ကြီးချုပ် ရဲ့စိတ်ထားမှာ စီးပွားရေးလုပ်ငန်းနဲ့ နိုင်ငံရေးလုပ်ငန်း တွေကိုလုပ်ကိုင်ရာမှာ ၎င်းရဲ့ ကိုယ်ပိုင်အတွေ့အကြုံ အပေါ် အဓိကအခြေခံ ဆုံးဖြတ်သူဖြစ်တယ်လို့သိရ ပါတယ်။ ဝန်ကြီးချုပ် မက်ကာနေးဟာ အလုပ်တွေ ကို စနစ်တကျနဲ့ ဂရုစိုက်လုပ်ကိုင်တတ်သူဖြစ်ပြီး နိုင် ငံ့ရေရှည်အကျိုးစီးပွားအတွက် လုပ်ငန်းတွေကို တက်ကြွစွာ ရေရှည်ချဉ်းကပ်လုပ်ကိုင်တတ်သူဖြစ် တယ်လို့ သိရပါတယ်။
ကနေဒါဝန်ကြီးချုပ် မက်ကာနေးရဲ့ စိတ် နေသဘောထားဟာ တင်းမာမှုမရှိဘဲ ဖြစ်လာတဲ့ အခက်အခဲပြဿနာအပေါ်မူတည်ပြီး ကိုင်တွယ်ဖြေ ရှင်းသူဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ဝန်ကြီးချုပ် မက် ကာနေးရဲ့စိတ်နေသဘောထားကို လေ့လာကြည့်မယ် ဆိုရင် ၎င်းဟာ သုတေသနနဲ့ ဒေတာအခြေပြုအချက် အလက်တွေကိုအခြေခံပြီး ဆုံးဖြတ်ချက် ချမှတ်တတ် သူဖြစ်သလို စမ်းသပ်တဲ့နည်းလမ်းတွေကနေရရှိလာတဲ့ အကျိုးအပြစ်တွေကိုအခြေခံပြီး မူဝါဒများ ချမှတ် တတ်သူဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ကနေဒါနိုင်ငံအ တွက် အစိုးရခေါင်းဆောင်အဖြစ်တာဝန်ယူနေတဲ့ မက်ကာနေးဟာ နိုင်ငံ့အကျိုးစီးပွားကို အဓိက ဦးစား ပေးနေသူဖြစ်သလို တခြားနိုင်ငံတွေရဲ့ လက်အောက် ခံနိုင်ငံ၊ ဖိအားပေးမှုတွေကနေ ရုန်းထွက်လိုစိတ်ရှိတဲ့ ခေါင်းဆောင်ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
မက်ကာနေးဟာ (၂၀ဝ၈)ခုနှစ်တုန်းက ကမ္ဘာ့စီးပွားရေးအကျပ်အတည်းဖြစ်ပွားချိန်မှာ ကိုင် တွယ်ဖြေရှင်းပေးခဲ့သူဖြစ်ရာ ၎င်းရဲ့ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်ပိုင်းကို နိုင်ငံတကာက ချီးကျူးခဲ့ကြ ပါတယ်။ ကနေဒါနိုင်ငံသားတွေက မက်ကာနေးဟာ မြောက်ပိုင်းအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံ နဲ့ ကုန်သွယ်ရေးစစ်ပွဲတစ်ခုစတင်ချိန်မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကိုရင်ဆိုင်ဖို့ အလားအလာအ ရှိဆုံးခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်သုံးသပ်မှုတွေ လည်းရှိနေပါတယ်။ မက်ကာနေးနဲ့အတူ စီးပွားရေး ပညာနဲ့ ဒေါက်တာဘွဲ့ရရှိအောင်ကြိုးစားခဲ့သူတစ်ဦး ဖြစ်တဲ့ မက်မီယာက " မက်ကာနေးဟာ ကျောင်းသား ဘဝမှာတည်းက အလွန်စွယ်စုံရ ကျောင်းသားတစ် ယောက်ဖြစ်ပြီး ချဉ်းကပ်မှုအသစ်တွေ၊ ရှုထောင့် အသစ်တွေနဲ့ စိန်ခေါ်မှုအသစ်တွေကို လျင်မြန်ကျွမ်း ကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ အဲဒီကျွမ်းကျင် မှုတွေက ကနေဒါနိုင်ငံကိုဦးဆောင်တဲ့အခါ သူ့အ တွက်အကျိုးရှိစေမှာသေချာပါတယ်"လို့ ချီးကျူးပြော ဆိုခဲ့ဖူးပါတယ်။
ငွေကြေးနဲ့ဘဏ်လုပ်ငန်းများမှာ နှစ်ပေါင်း များစွာကြာကျင်လည်ခဲ့ဖူးတဲ့ မက်ကာနေးဟာ အ တွေ့အကြုံရင့်ကျက်သူတစ်ဦးဖြစ်ရာ အမေရိကန် နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲဖြစ်လာချိန်မှာ ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့အချက်ကို သိရှိထားသူ ဖြစ်တယ်လို့လည်းဆိုကြပါတယ်။ အမေရိကန်နိုင်ငံ ဟာ လက်ရှိအချိန်မှာ ကနေဒါနိုင်ငံကို ဖိအားများစွာ ပေးလျက်ရှိနေရာ မက်ကာနေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေရှိနေပါတယ်။ မက်ကာနေးက " အကျပ် အတည်းတွေကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ ကျွန် တော်သိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အကျပ်အ တည်းစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိဖို့၊ ညှိ နှိုင်းမှုစွမ်းရည်ရှိဖို့လိုအပ်ပါတယ်"လို့ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက် အမေရိကကုန်သွယ်ရေးရဲ့ အသက်သွေးကြောဖြစ်တဲ့ Gordie Howe တံတားကို ပိတ်ပင်မယ်လို့ခြိမ်း ခြောက်မှုဟာ ကနေဒါဝန်ကြီးချုပ် မက်ကာနေးအ တွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နေတယ်လို့ ဆို နိုင်ပါတယ်။ ကနေဒါဝန်ကြီးချုပ် မက်ကာနေးအနေနဲ့ နိုင်ငံအချုပ်အခြာအာဏာကို ကာကွယ်မလား၊ ဒါမှ မဟုတ် စီးပွားရေးပြိုလဲမှုကို ကာကွယ်ဖို့ အလျှော့ပေး မလား ဆိုတဲ့အချက်ကို ခက်ခဲစွာရွေးချယ်ရဖွယ်ရှိနေ ပါတယ်။ မက်ကာနေးဟာ အမေရိကန်နိုင်ငံရဲ့ ဖြစ်ပွား လျက်ရှိနေတဲ့ အငြင်းပွားမှုတွေ၊ ကုန်သွယ်ရေးပြဿ နာတွေကို ဘယ်လိုမျိုးဖြေရှင်းမလဲဆိုတာ စောင့် ကြည့်ရဖွယ်ရှိနေပြီး အမေရိကန်နဲ့ ကနေဒါနိုင်ငံကြား ပုံမှန်အတိုင်း ဆက်ဆံရေးပြန်လည်ကောင်းမွန်မှာလား ဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

Zawgyi Version:
အေမရိကန္ရဲ႕ဖိအားေပးမႈေတြကိုရင္ဆိုင္ေနရတဲ့ ကေနဒါ ဝန္ႀကီးခ်ဳပ္ အေၾကာင္းတေစ့တေစာင္း
(ႏိုင္ငံ့ေခါင္းေဆာင္မ်ား အထုပၸတၱိ)
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီလ ၁၈
အေမရိကန္ႏိုင္ငံနဲ႔ ကေနဒါႏိုင္ငံတို႔ဟာ ႏွစ္ေပါင္းမ်ားစြာၾကာ မဟာမိတ္ႏိုင္ငံအျဖစ္ရပ္တည္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ႏွစ္ႏိုင္ငံၾကား တင္း မာမႈေတြျဖစ္လာေနၿပီး အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္က ကေနဒါနဲ႔ အေမရိကန္ႏိုင္ငံၾကား ဆက္ သြယ္ထားတဲ့ Gordie Howe တံတားကို ပိတ္ပင္ သြားမယ္လို႔ေျပာပါတယ္။ အေမရိကန္နဲ႔ ကေနဒါႏိုင္ငံ တို႔အၾကား သံတမန္ဆက္ဆံေရးဟာ ဆယ္စုႏွစ္မ်ား စြာအတြင္း အနိမ့္ဆုံးအေျခအေနကိုေရာက္ရွိေနခ်ိန္ မွာ အေမရိကန္သမၼတက ႏွစ္ႏိုင္ငံ ကုန္သြယ္ေရးအ တြက္ အလြန္အေရးပါတဲ့ Gordie Howe ႏိုင္ငံတ ကာတံတားသစ္ႀကီးဖြင့္လွစ္မႈကို တားဆီးပိတ္ပင္သြား မယ္လို႔ လူသိရွင္ၾကား ၿခိမ္းေျခာက္လိုက္တာလည္း ျဖစ္ပါတယ္။
ကေနဒါႏိုင္ငံကို အေမရိကန္ျပည္ေထာင္ စုရဲ႕ " (၅၁)ခုေျမာက္ျပည္နယ္အျဖစ္ သတ္မွတ္သင့္ တယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေျပာ ဆိုခဲ့ၿပီးေနာက္ပိုင္း ထပ္မံထြက္ေပၚလာတဲ့ ဖိအားေပး မႈတစ္ရပ္ျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံမွာ ေဒၚနယ္ ထရမ့္ သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ကမာၻ႔ႏိုင္ငံေတြ အေပၚ ကုန္သြယ္ခြန္ေကာက္ခံမယ့္အစီအစဥ္ စတင္ လာခဲ့ရာ ကေနဒါနဲ႔ အေမရိကန္ႏိုင္ငံၾကား ဆက္ဆံေရးအဖုအထစ္ေတြရွိလာခဲ့ပါတယ္။ ကေနဒါႏိုင္ငံဟာ အေမရိကန္ႏိုင္ငံနဲ႔ ကုန္သြယ္ေရးအျငင္းပြားမႈေတြ ေၾကာင့္ တင္းမာမာမႈေတြရွိေနခ်ိန္မွာပဲ ကေနဒါဝန္ ႀကီးခ်ဳပ္ မက္ကာေနးဟာ ဇန္နဝါရီလအတြင္းမွာပဲ တ႐ုတ္ႏိုင္ငံကိုသြားေရာက္ကာ တ႐ုတ္သမၼတ ရွီက်င့္ ဖ်င္နဲ႔ သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။ အဲဒီ ကေနဒါဝန္ ႀကီးခ်ဳပ္နဲ႔တ႐ုတ္သမၼတတို႔ ေတြ႕ ဆုံေဆြးေႏြးမႈေတြ ဟာ အေမရိကန္နဲ႔ ကေနဒါႏိုင္ငံၾကားဆက္ဆံေရးကို ပိုမိုတင္းမာလာေစခဲ့ၿပီး အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္က ကေနဒါႏိုင္ငံအေနနဲ႔ တ႐ုတ္ႏိုင္ငံနဲ႔ စာခ်ဳပ္ မယ္ဆိုရင္ ကုန္သြယ္ခြန္ကို (၁၀ဝ)ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ေကာက္ခံသြားမယ္လို႔ လူသိရွင္ၾကား ၿခိမ္း ေျခာက္ထားပါတယ္။
အေမရိကန္သမၼတက လူသိရွင္ၾကားၿခိမ္း ေျခာက္ေျပာဆိုမႈေတြရွိခဲ့ေပမယ့္ ကေနဒါဝန္ႀကီးခ်ဳပ္ မက္ကာေနးကေတာ့ ကေနဒါႏိုင္ငံအေနနဲ႔ အေမရိ ကန္ႏိုင္ငံရဲ႕လႊမ္းမိုးမႈေတြကေန လြတ္ေျမာက္ေအာင္ ႀကိဳးပမ္းမွာျဖစ္သလို အေမရိကန္ႏိုင္ငံအေနနဲ႔လည္း ကေနဒါႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာကို ေလးစားရ မယ္လို႔ တုံ႔ျပန္ေျပာဆိုထားပါတယ္။ ကေနဒါဝန္ႀကီးခ်ဳပ္ရဲ႕တုံ႔ျပန္မႈေတြကိုေလ့လာၾကည့္မယ္ဆိုရင္ ႏွစ္ ေပါင္းမ်ားစြာၾကာ မဟာမိတ္အျဖစ္ရပ္တည္ခဲ့တဲ့ အ ေမရိကန္နဲ႔ ကေနဒါႏိုင္ငံၾကားဆက္ဆံေရးဟာ တ ျဖည္းျဖည္းယိုယြင္းလာတဲ့အေျခေနမ်ိဳးကို ေရာက္ရွိ လာတယ္လို႔ဆိုရမွာလည္းျဖစ္ပါတယ္။ Gordie Howe တံတားကိုပိတ္ပစ္မယ္ဆိုတဲ့ အေမရိကန္ သမၼတရဲ႕ၿခိမ္းေျခာက္မႈေတြဟာ ကေနဒါႏိုင္ငံအတြက္ ႀကီးမားတဲ့ ႏိုင္ငံေရးနဲ႔စီးပြားေရးစိန္ေခၚမႈတစ္ရပ္ ျဖစ္ လာဖြယ္ရွိေနပါတယ္။ စီးပြားေရးပညာရွင္တစ္ဦး ျဖစ္သလို ဗဟိုဘဏ္ဥကၠ႒ေဟာင္းတစ္ဦးလည္းျဖစ္ တဲ့ မက္ကာေနးဟာ အေမရိကန္သမၼတထရမ့္ရဲ႕ စီး ပြားေရးဆိုင္ရာတိုက္ခိုက္မႈေတြကို တည္ၿငိမ္စြာတုံ႔ျပန္ ဖို႔ႀကိဳးစားေနေပမယ့္ အဲဒီနယ္စပ္ဂိတ္ပိတ္ပင္မႈဟာ ကေနဒါႏိုင္င္ငံရဲ႕ ပို႔ကုန္က႑ကို ႀကီးမားစြာ ထိခိုက္ ေစႏိုင္ပါတယ္။ (၂၀၂၆)ခုႏွစ္အတြင္း ဖြင့္လွစ္ဖို႔စီစဥ္ ထားတဲ့ Gordie Howe တံတားဟာ ေျမာက္အေမ ရိကကုန္သြယ္ေရးရဲ႕ အသက္ေသြးေၾကာျဖစ္ၿပီး အဲဒီ တံတားကို အမွန္တကယ္ပိတ္ပင္ခဲ့ပါက ေမာ္ေတာ္ ကားထုတ္လုပ္ေရးလုပ္ငန္းေတြနဲ႔ ေထာက္ပံ့ပို႔ေဆာင္ ေရးကြင္းဆက္တစ္ခုလုံး ရပ္တန႔္သြားႏိုင္တဲ့အႏၲရာယ္ ရွိေနပါတယ္။ ႏိုင္ငံေရးေလ့လာသူေတြကမူ အေမရိ ကန္သမၼတဟာ ကေနဒါႏိုင္ငံကို ႏိုင္ငံေရးအရ လက္ ေအာက္ခံသေဘာသက္ေရာက္ေစဖို႔ရည္႐ြယ္ၿပီး စီးပြားေရးလက္နက္နဲ႔ တိုက္ခိုက္ေနတာျဖစ္တယ္လို႔ သုံးသပ္ၾကပါတယ္။
မက္ကာေနးကို (၁၉၆၅)ခုႏွစ္ မတ္လ (၁၆)ရက္မွာေမြးဖြားခဲ့ၿပီး ကေနဒါႏိုင္ငံေရးသမားနဲ႔ စီးပြားေရးပညာရွင္အျဖစ္ လုပ္ကိုင္ခဲ့သူလည္းျဖစ္ပါ တယ္။ လက္ရွိအခ်ိန္မွာ အသက္(၆၀)အ႐ြယ္ရွိ မက္ ကာေနးဟာ ကေနဒါႏိုင္ငံရဲ႕ (၂၄)ဦးေျမာက္ဝန္ႀကီး ခ်ဳပ္အျဖစ္ (၂၀၂၅)ခုႏွစ္တည္းက စတင္ တာဝန္ယူခဲ့ သူျဖစ္ပါတယ္။ ၎ကို ကေနဒါႏိုင္ငံ အေနာက္ေျမာက္ ပိုင္းေဒသရွိ ေဖာ့စမစ္ၿမိဳ႕မွာေမြးဖြားခဲ့ၿပီး (၁၉၈၇)ခုႏွစ္မွာ ဟားဗတ္တကၠသိုလ္ကေန စီးပြားေရးပညာနဲ႔ ဘြဲ႕ရရွိခဲ့ၿပီး (၁၉၉၃)ခုႏွစ္မွာ စီးပြားေရးပညာနဲ႔ မဟာ ဘြဲ႕ထပ္မံရရွိခဲ့ပါတယ္။ မက္ကာေနးဟာ စီးပြားေရး ပညာနဲ႔ မဟာဘြဲ႕ရရွိခဲ့ၿပီးေနာက္ ေဒါက္တာဘြဲ႕ထပ္ မံရရွိဖို႔ ႀကိဳးပမ္းခဲ့ရာ (၁၉၉၅)ခုႏွစ္မွာ ေအာက္စဖို႔ဒ္ တကၠသိုလ္ကေန စီးပြားေရးပညာနဲ႔ ေဒါက္တာဘြဲ႕ ထပ္မံရရွိခဲ့ပါတယ္။ မက္ကာေနးဟာ စီးပြားေရးပညာ နဲ႔ ေဒါက္တာဘြဲ႕ရရွိခဲ့ၿပီးေနာက္အေမရိကန္ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာလုပ္ငန္းျဖစ္တဲ့ Goldman Sachs မွာ (၁၃)ႏွစ္ၾကာလုပ္ကိုင္ခဲ့ပါတယ္။ ၎ဟာ Goldman Sachs မွာ (၁၃)ႏွစ္ၾကာလုပ္ကိုင္ခဲ့ၿပီးေနာက္ (၂၀ဝ၃)ခုႏွစ္မွာ Bank of Canada ရဲ႕ဒုတိယအႀကီး အကဲအျဖစ္ ေျပာင္းေ႐ႊ႕တာဝန္ယူခဲ့ပါတယ္။ အဲဒီ ေနာက္ Bank of Canada ဘဏ္ကိုဝင္ေရာက္ ခဲ့ၿပီး (၅)ႏွစ္အၾကာျဖစ္တဲ့ (၂၀ဝ၈)ခုႏွစ္မွာ ဘဏ္အ ႀကီးအကဲအျဖစ္တာဝန္ယူခြင့္ရခဲ့ၿပီး Bank of Canada ရဲ႕အႀကီးအကဲအျဖစ္ (၂၀၁၃)ခုႏွစ္အထိ တာဝန္ယူခဲ့ပါတယ္။ မက္ကာေနးဟာ Bank of Canada ဘဏ္ရဲ႕အႀကီးအကဲအျဖစ္တာဝန္ယူခ်ိန္ အတြင္း ကမာၻ႔ဘ႑ာေရးအခက္အခဲျပသာနာေတြ ျဖစ္လာခဲ့ရာ ကေနဒါႏိုင္ငံရဲ႕ေငြေၾကးမူဝါဒေတြကို ႀကီးၾကပ္ခဲ့ရပါတယ္။ ၎ဟာ Bank of Canada ဘဏ္ရဲ႕အႀကီးအကဲအျဖစ္ ငါးႏွစ္ၾကာတာဝန္ယူခဲ့ၿပီး ေနာက္ (၂၀၁၁)ခုႏွစ္မွာ ကေနဒါႏိုင္ငံရဲ႕ ဘ႑ာေရး တည္ၿငိမ္ေရးဘုတ္အဖြဲ႕ဒုတိယဥကၠ႒အျဖစ္ (၂၀၁၈)ခုႏွစ္အထိ တာဝန္ယူခဲ့ပါတယ္။ ၿဗိတိန္ႏိုင္ငံ လန္ဒန္၊ ဂ်ပန္ႏိုင္ငံတိုက်ိဳနဲ႔ အေမရိကန္ႏိုင္ငံ နယူးေယာက္ ၿမိဳ႕ေတြမွာ က်င္လည္လုပ္ကိုင္ခဲ့ဖူးတဲ့ မက္ကာေနး ဟာ ကေနဒါဘဏ္ရဲ႕အႀကီးအကဲအျဖစ္တာဝန္ယူခဲ့သလို ၿဗိတိန္အေျခစိုက္Bank of England ရဲ႕ (၁၂၀)ဦးေျမာက္အႀကီးအကဲ ခန႔္အပ္ခံရသူျဖစ္ခဲ့ၿပီး Bank of England ဘဏ္အႀကီးအကဲအျဖစ္ (၂၀၁၃)ခုႏွစ္ကေန (၂၀၂၀)ျပည့္ႏွစ္အထိ တာဝန္ယူ ခဲ့ပါတယ္။Bank of England ဘဏ္ရဲ႕ ႏွစ္ေပါင္း (၃၀ဝ)ေက်ာ္သမိုင္းမွာ ၿဗိတိန္ႏိုင္ငံသားတစ္ဦးမဟုတ္ တဲ့ တျခားႏိုင္ငံသားတစ္ဦးက ဘဏ္အႀကီးအကဲအျဖစ္ ပထမဆုံးတာဝန္ယူခြင့္ရခဲ့တာလည္းျဖစ္ပါတယ္။ ၎ဟာ ဘဏ္လုပ္ငန္းေတြရဲ႕အႀကီးအကဲအျဖစ္ တာ ဝန္ယူၿပီးေနာက္ စီးပြားေရးနဲ႔ ေငြေၾကးစီမံခန႔္ခြဲမႈအႀကံ ေပးအဖြဲ႕ေတြမွာ တာဝန္ယူခဲ့ဖူးသလို ကမာၻ႔ဘဏ္ရဲ႕ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈအဖြဲ႕ ပူးတြဲဥကၠ႒အျဖစ္ တာ ဝန္ယူခဲ့ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါျဖစ္ပြား ခ်ိန္မွာ ကေနဒါဝန္ႀကီးခ်ဳပ္ ဂ်က္စတင္ထ႐ူးဒိုးဟာ မက္ကာေနးကို အႀကံေပးအျဖစ္ခန႔္အပ္ခဲ့ပါတယ္။ မက္ကာေနးဟာ ကေနဒါႏိုင္ငံရွိ အင္အားႀကီးပါတီ တစ္ခုျဖစ္တဲ့ လစ္ဘရယ္ပါတီရဲ႕ ပါတီဝင္တစ္ဦးျဖစ္ရာ ၎ကို လစ္ဘရယ္ပါတီက စီးပြားေရးတိုးတက္မႈလုပ္ ငန္းအဖြဲ႕ အႀကီးအကဲအျဖစ္ (၂၀၂၄)ခုႏွစ္မွာခန႔္အပ္ ခဲ့ပါတယ္။ ကေနဒါဝန္ႀကီးခ်ဳပ္ ဂ်က္စတင္ထ႐ူးဒိုးဟာ အခက္အခဲျပႆနာေတြရင္ဆိုင္ရၿပီးေနာက္ ရာထူးမွ ႏုတ္ထြက္သြားခ်ိန္မွာ မက္ကာေနးဟာ လစ္ဘရယ္ ပါတီေခါင္းေဆာင္ ေ႐ြးေကာက္ပြဲ ပါဝင္ယွဥ္ၿပိဳင္ခဲ့ရာ အႏိုင္ရခဲ့ၿပီး ပါတီေခါင္းေဆာင္အသစ္ ခန႔္အပ္ခံရပါ တယ္။ ၎ဟာ လစ္ဘရယ္ပါတီေခါင္းေဆာင္အျဖစ္ ခန႔္အပ္ခံရၿပီးေနာက္ ကေနဒါဝန္ႀကီးခ်ဳပ္အျဖစ္ပါ ထပ္မံ တာဝန္ယူခြင့္ရခဲ့ပါတယ္။ မက္ကာေနးဟာ က ေနဒါႏိုင္ငံသမိုင္းမွာ ေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ ျခင္းမရွိဘဲ ဝန္ႀကီးခ်ဳပ္အျဖစ္ ပထမဆုံး တာဝန္ယူခြင့္ ရသူျဖစ္လာခဲ့ပါတယ္။ မက္ကာေနးဟာ ကေနဒါႏိုင္ငံ အက်ိဳးစီးပြားအတြက္ အဓိကဦးစားေပးတဲ့ ႏိုင္ငံေရး သမားျဖစ္ၿပီး သံတမန္ေရးရာေတြကို တည္ၿငိမ္စြာ လုပ္ကိုင္ႏိုင္သူလည္းျဖစ္ပါတယ္။ ကေနဒါဝန္ႀကီးခ်ဳပ္ ရဲ႕စိတ္ထားမွာ စီးပြားေရးလုပ္ငန္းနဲ႔ ႏိုင္ငံေရးလုပ္ငန္း ေတြကိုလုပ္ကိုင္ရာမွာ ၎ရဲ႕ ကိုယ္ပိုင္အေတြ႕အႀကဳံ အေပၚ အဓိကအေျခခံ ဆုံးျဖတ္သူျဖစ္တယ္လို႔သိရ ပါတယ္။ ဝန္ႀကီးခ်ဳပ္ မက္ကာေနးဟာ အလုပ္ေတြ ကို စနစ္တက်နဲ႔ ဂ႐ုစိုက္လုပ္ကိုင္တတ္သူျဖစ္ၿပီး ႏိုင္ ငံ့ေရရွည္အက်ိဳးစီးပြားအတြက္ လုပ္ငန္းေတြကို တက္ႂကြစြာ ေရရွည္ခ်ဥ္းကပ္လုပ္ကိုင္တတ္သူျဖစ္ တယ္လို႔ သိရပါတယ္။
ကေနဒါဝန္ႀကီးခ်ဳပ္ မက္ကာေနးရဲ႕ စိတ္ ေနသေဘာထားဟာ တင္းမာမႈမရွိဘဲ ျဖစ္လာတဲ့ အခက္အခဲျပႆနာအေပၚမူတည္ၿပီး ကိုင္တြယ္ေျဖ ရွင္းသူျဖစ္တယ္လို႔ဆိုႏိုင္ပါတယ္။ ဝန္ႀကီးခ်ဳပ္ မက္ ကာေနးရဲ႕စိတ္ေနသေဘာထားကို ေလ့လာၾကည့္မယ္ ဆိုရင္ ၎ဟာ သုေတသနနဲ႔ ေဒတာအေျချပဳအခ်က္ အလက္ေတြကိုအေျခခံၿပီး ဆုံးျဖတ္ခ်က္ ခ်မွတ္တတ္ သူျဖစ္သလို စမ္းသပ္တဲ့နည္းလမ္းေတြကေနရရွိလာတဲ့ အက်ိဳးအျပစ္ေတြကိုအေျခခံၿပီး မူဝါဒမ်ား ခ်မွတ္ တတ္သူျဖစ္တယ္လို႔ဆိုႏိုင္ပါတယ္။ ကေနဒါႏိုင္ငံအ တြက္ အစိုးရေခါင္းေဆာင္အျဖစ္တာဝန္ယူေနတဲ့ မက္ကာေနးဟာ ႏိုင္ငံ့အက်ိဳးစီးပြားကို အဓိက ဦးစား ေပးေနသူျဖစ္သလို တျခားႏိုင္ငံေတြရဲ႕ လက္ေအာက္ ခံႏိုင္ငံ၊ ဖိအားေပးမႈေတြကေန ႐ုန္းထြက္လိုစိတ္ရွိတဲ့ ေခါင္းေဆာင္ျဖစ္တယ္လို႔လည္း ဆိုၾကပါတယ္။
မက္ကာေနးဟာ (၂၀ဝ၈)ခုႏွစ္တုန္းက ကမာၻ႔စီးပြားေရးအက်ပ္အတည္းျဖစ္ပြားခ်ိန္မွာ ကိုင္ တြယ္ေျဖရွင္းေပးခဲ့သူျဖစ္ရာ ၎ရဲ႕ အေတြ႕အႀကဳံနဲ႔ စြမ္းေဆာင္ရည္ပိုင္းကို ႏိုင္ငံတကာက ခ်ီးက်ဴးခဲ့ၾက ပါတယ္။ ကေနဒါႏိုင္ငံသားေတြက မက္ကာေနးဟာ ေျမာက္ပိုင္းအိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ အေမရိကန္ႏိုင္ငံ နဲ႔ ကုန္သြယ္ေရးစစ္ပြဲတစ္ခုစတင္ခ်ိန္မွာ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ကိုရင္ဆိုင္ဖို႔ အလားအလာအ ရွိဆုံးေခါင္းေဆာင္တစ္ဦးအျဖစ္ ရႈျမင္သုံးသပ္မႈေတြ လည္းရွိေနပါတယ္။ မက္ကာေနးနဲ႔အတူ စီးပြားေရး ပညာနဲ႔ ေဒါက္တာဘြဲ႕ရရွိေအာင္ႀကိဳးစားခဲ့သူတစ္ဦး ျဖစ္တဲ့ မက္မီယာက " မက္ကာေနးဟာ ေက်ာင္းသား ဘဝမွာတည္းက အလြန္စြယ္စုံရ ေက်ာင္းသားတစ္ ေယာက္ျဖစ္ၿပီး ခ်ဥ္းကပ္မႈအသစ္ေတြ၊ ရႈေထာင့္ အသစ္ေတြနဲ႔ စိန္ေခၚမႈအသစ္ေတြကို လ်င္ျမန္ကြၽမ္း က်င္စြာ ကိုင္တြယ္ေျဖရွင္းႏိုင္ပါတယ္။ အဲဒီကြၽမ္းက်င္ မႈေတြက ကေနဒါႏိုင္ငံကိုဦးေဆာင္တဲ့အခါ သူ႔အ တြက္အက်ိဳးရွိေစမွာေသခ်ာပါတယ္"လို႔ ခ်ီးက်ဴးေျပာ ဆိုခဲ့ဖူးပါတယ္။
ေငြေၾကးနဲ႔ဘဏ္လုပ္ငန္းမ်ားမွာ ႏွစ္ေပါင္း မ်ားစြာၾကာက်င္လည္ခဲ့ဖူးတဲ့ မက္ကာေနးဟာ အ ေတြ႕အႀကဳံရင့္က်က္သူတစ္ဦးျဖစ္ရာ အေမရိကန္ ႏိုင္ငံနဲ႔ ကုန္သြယ္ေရးစစ္ပြဲျဖစ္လာခ်ိန္မွာ ဘယ္လိုမ်ိဳး ကိုင္တြယ္ေျဖရွင္းရမလဲဆိုတဲ့အခ်က္ကို သိရွိထားသူ ျဖစ္တယ္လို႔လည္းဆိုၾကပါတယ္။ အေမရိကန္ႏိုင္ငံ ဟာ လက္ရွိအခ်ိန္မွာ ကေနဒါႏိုင္ငံကို ဖိအားမ်ားစြာ ေပးလ်က္ရွိေနရာ မက္ကာေနးအတြက္ ႀကီးမားတဲ့ စိန္ေခၚမႈေတြရွိေနပါတယ္။ မက္ကာေနးက " အက်ပ္ အတည္းေတြကို ဘယ္လိုစီမံခန႔္ခြဲရမလဲဆိုတာ ကြၽန္ ေတာ္သိပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ အက်ပ္အ တည္းစီမံခန႔္ခြဲမႈနဲ႔ပတ္သက္ၿပီး အေတြ႕အႀကဳံရွိဖို႔၊ ညႇိ ႏႈိင္းမႈစြမ္းရည္ရွိဖို႔လိုအပ္ပါတယ္"လို႔ေျပာပါတယ္။ ဒါေပမဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေျမာက္ အေမရိကကုန္သြယ္ေရးရဲ႕ အသက္ေသြးေၾကာျဖစ္တဲ့ Gordie Howe တံတားကို ပိတ္ပင္မယ္လို႔ၿခိမ္း ေျခာက္မႈဟာ ကေနဒါဝန္ႀကီးခ်ဳပ္ မက္ကာေနးအ တြက္ ႀကီးမားတဲ့စိန္ေခၚမႈတစ္ခုျဖစ္ေနတယ္လို႔ ဆို ႏိုင္ပါတယ္။ ကေနဒါဝန္ႀကီးခ်ဳပ္ မက္ကာေနးအေနနဲ႔ ႏိုင္ငံအခ်ဳပ္အျခာအာဏာကို ကာကြယ္မလား၊ ဒါမွ မဟုတ္ စီးပြားေရးၿပိဳလဲမႈကို ကာကြယ္ဖို႔ အေလွ်ာ့ေပး မလား ဆိုတဲ့အခ်က္ကို ခက္ခဲစြာေ႐ြးခ်ယ္ရဖြယ္ရွိေန ပါတယ္။ မက္ကာေနးဟာ အေမရိကန္ႏိုင္ငံရဲ႕ ျဖစ္ပြား လ်က္ရွိေနတဲ့ အျငင္းပြားမႈေတြ၊ ကုန္သြယ္ေရးျပႆ နာေတြကို ဘယ္လိုမ်ိဳးေျဖရွင္းမလဲဆိုတာ ေစာင့္ ၾကည့္ရဖြယ္ရွိေနၿပီး အေမရိကန္နဲ႔ ကေနဒါႏိုင္ငံၾကား ပုံမွန္အတိုင္း ဆက္ဆံေရးျပန္လည္ေကာင္းမြန္မွာလား ဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။