အစိုးရသစ်လက်ထက် နိုင်ငံ့အနာဂတ်သည် လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းအပေါ် အထူး မူတည်နေဟု ဆို

 257

သန့်ဇင် (NP News) - ဖေဖော်ဝါရီလ ၁၈

အစိုးရသစ်လက်ထက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုရေးဆိုင်ရာ လုပ် ငန်းစဉ်များကို စနစ်တကျ နားလည် သဘောပေါက် စေရန်နှင့် အစိုးရအားကောင်းမွန်သော အပြန်အလှန် ထိန်းကျောင်းမှုများပြုလုပ်နိုင်ရန် သက်ဆိုင်ရာလွှတ် တော်ကိုယ်စားလှယ်များက အရေးကြီးကြောင်း ဥပဒေရေးရာကျွမ်းကျင်သူများနှင့် နိုင်ငံရေးလေ့လာ သုံးသပ်သူများထံ NP News က ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
လက်ရှိရွေးကောက်ခံကိုယ်စားလှယ် များသည် လွှတ်တော်၏ ဥပဒေပြုရေးတာဝန်အတွက် အတွေ့အကြုံရှိသောကိုယ်စားလှယ်မှာ အနည်း အကျဉ်းသာ ပါဝင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ် သူတစ်ဦးကဆိုသည်။ “လွှတ်တော်ကိုယ်စားလှယ် တွေက ဥပဒေနဲ့ ပတ်သက်လို့ ဗဟုသုတရှိတာ တော့ရှိတာပေါ့။ အနည်းအကျဉ်းတော့ရှိတာပေါ့။ သို့ပေမယ့် ရှိတဲ့လူတွေက လွှတ်တော်ထဲရောက် မသွားဘူး။ အခုဒီအထဲကို ဝင်သွားတဲ့လူတွေထဲမှာ ဘယ်လောက်ပါသွားလဲတော့ ကျွန်တော်လည်း မသိဘူးပေါ့နော်။ ရှိသမျှလူ အကုန်လုံးတော့ ကျွန် တော်လည်း သိနေတာမဟုတ်ဆိုတော့ အကုန်လုံး သိမ်းကျုံးပြီး မပြောလိုဘူးပေါ့နော်။ ရှိတာတော့ရှိ တယ်”ဟု ၎င်းကပြောသည်။
ထို့ကြောင့် ဥပဒေတစ်ခုဖြစ်လာရန် လို အပ်သည့်အချက်အလက်များကို လွှတ်တော်ကိုယ်စား လှယ်များသိစေရန် သင်တန်းပေးခြင်းမျိုး လုပ်ဆောင် စေလိုကြောင်း ဥပဒေရေးရာဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။ “ဥပဒေတစ်ခုဖြစ်လာဖို့ လို အပ်တဲ့အချက်တွေကို လွှတ်တော်ကိုယ်စားလှယ် တွေကို သင်တန်းပေးစေချင်ပါတယ်။ ဥပမာအနိမ့်ဆုံး အဆင့်အနေနဲ့ ကျွန်တော်ပြောပြမယ်။ ဥပဒေကို အ တည်ပြုတဲ့အခါမှာ (၃)မျိုးရှိတယ်။ သမ္မတက လက် မှတ်ထိုးပေးလိုက်တဲ့ဥပဒေရယ်။ သမ္မကမကြိုက်ဘူး။ အဲဒီတော့ လက်မှတ်မထိုးဘူး။ နောက်တစ်မျိုးက သမ္မတကတော့ မှတ်ချက်ရေးပြီး လက်မှတ်ထိုးပေး လိုက်တယ်။ ဘယ်လိုပဲဖြစ်ပါစေ ဥပဒေတွေက (၇) ရက်ပြည့်တာနဲ့ အတည်ဖြစ်လာတာပါပဲ။ ဥပဒေအတည် ဖြစ်မှ နည်းဥပဒေကို သက်ဆိုင်ရာဝန်ကြီးဌာနက ဆက်ရေးကြရတာ။ ဒီနေရာမှာ သမ္မတလက်မှတ်ထိုး ခြင်း မထိုးခြင်း၊ မှတ်ချက်ပြုခြင်းဆိုတာတွေက နည်းဥပဒေရေးတဲ့နေရာမှာ တာသွားတယ်။ ဒါ ကြောင့် ဒါကို မျှခြေဖမ်းဖို့ဆိုရင် လွှတ်တော်အမတ်တွေ ရဲ့ ဆွေးနွေးနိုင်စွမ်း ညှိနှိုင်းနိုင်စွမ်းက အရမ်းစကား ပြောပါတယ်။ ဒီလိုဥပဒေတစ်ခုကို ကောင်းကောင်း မွန်မွန် ဆွေးနွေး စီစဉ်နိုင်တဲ့ အမတ်တွေများများလိုတာ ပေါ့” ဟု ၎င်းကပြောသည်။
သို့သော်လည်း လက်ရှိအချိန်အထိ လွှတ် တော်ကိုယ်စားလှယ်များသည် ဥပဒေနှင့်ပတ်သက် သည့် သင်တန်းများတက်ရောက်နေခြင်းမျိုး မတွေ့ရ သေးကြောင်း အထက်ပါနိုင်ငံရေးလေ့လာသုံးသပ်သူ က ဆိုသည်။ “အခုချိန်ထိတော့ မမြင်သေးဘူးဗျ။ ပါတီတိုင်းလိုလိုပဲ။ တစ်ခုတော့ရှိတာက အဖွဲ့အစည်း တစ်ခု လွှတ်တော်ကျင်းပခါနီးမှာ Workshops လုပ်ပြီးတော့ နိုင်ငံခြားက အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ထိုင်းက အဲဒီက ခေါ်ပြီးတော့ သင်တန်းပေးဖို့စီစဉ် ခဲ့သေးတယ်လို့ကြားဖူးတယ်”ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရ သက်တမ်း (၂) ရပ်အတွင်းကလည်း လွှတ်တော်အတွင်း တင် သွင်းခဲ့သည့် ဥပဒေအများစုမှာ သက်ဆိုင်ရာ အစိုးရ ဌာနဆိုင်ရာများမှ တင်သွင်းခြင်းသာဖြစ်ပြီး လွှတ် တော်ကိုယ်စားလှယ်များ ကိုယ်တိုင် အစပြုတင်သွင်း သည့်အပိုင်းတွင် အားနည်းချက်များရှိခဲ့ကြောင်း ၎င်းကဆိုသည်။
ဥပဒေများရေးဆွဲခြင်း၊ ပြုပြင်ခြင်းနှင့် အတည်ပြုခြင်းများအတွက် လာမည့်လွှတ်တော်တွင် ကိုယ်စားလှယ်များ၏ အရည်အချင်းနှင့် ပတ်သက်၍ လည်း“ဥပဒေတိုင်းကတော့ ကျောရိုးတစ်ခုတည်းပဲ။ ကျောရိုးမှာ သက်ဆိုင်ရာ ဥပဒေအကြောင်းအရာအ လိုက် စကားလုံးအသုံးအနှုန်း အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ရည်ရွယ်ချက်၊ လိုက်နာလုပ်ဆောင်ရမယ့် တာဝန်ဝတ္တ ရားနဲ့ အထွေထွေအခန်း ကဏ္ဍတွေဆိုပြီး ပြဋ္ဌာန်းထား တယ်။ အဲဒီမှာ (၄) မျိုးရှိတယ်။ အကြမ်းဖျင်း DVMG ဆိုပြီး။D ဆိုတာကDefinition ၊ V ဆိုတာက vision ပေါ့။ နောက်တစ်ခုက M ဆိုတဲ့ Missi ။ ဒီဥပဒေက ဘာလုပ်ဖို့အတွက်ပြဋ္ဌာန်းတယ်၊ ဘယ်သူတွေက လုပ်ရမလဲဆိုတာ။ ပြီးမှ အခြား General ဆိုတဲ့ အထွေထွေဆိုပြီး ကျောရိုး ထားပြီးရေးကြတာ။ ဒီလွှတ်တော်အမတ်တွေက ကိုယ်တိုင်ကျွမ်းကျင်ရင် ရေးလို့ရသလို။ အပြင်က ပုဂ္ဂလိက ပညာရှင်တွေ အဖွဲ့အစည်းတွေရေးတာကို လည်း လွှတ်တော်မှာ အတည်ပြု မဲခွဲပြီးပြဋ္ဌာန်းခွင့်ရှိ တယ်။ အစိုးရဌာနဆိုင်ရာတွေ တင်တဲ့ဟာတွေကို လည်း မဲခွဲအတည်ပြုပြဋ္ဌာန်းလို့ရတယ်။ မဲခွဲအတည်ပြုပြ ဌာန်းနိုင်တဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်မှာရှိသ လားဆိုတာ အဲဒီပေတံနဲ့တိုင်းရမှာ။ လွှတ်တော်ထဲမှာ လက်ညှိုးထောင်ခေါင်းညိတ်လုပ်နိုင်လောက်ရုံ နဲ့တော့ အသက်ကိုဖက်နဲ့ထုပ်ပြီး မဲပေးလိုက်ရတာ မတန်တဲ့အပြင် တိုင်းပြည်အတွက်လည်း အရမ်းနစ် နာတယ်။ ဒါကြောင့် လွှတ်တော်အသီးသီးက အမတ်တစ်ယောက်ချင်းစီတိုင်းက တိုင်းပြည်နဲ့ နိုင်ငံသားတွေအတွက် အရမ်းအရေးကြီးတယ်”ဟု နိုင်ငံရေးလေ့လာသူ သုတေသီတစ်ဦးက ပြောသည်။
ထို့ပြင် လက်ရှိဖြစ်ပေါ်လာမည့် နိုင်ငံရေး အခင်းအကျင်းတွင် မဖြစ်မနေလုပ်ဆောင်ရမည့် အချက်များနှင့်ပတ်သက်၍ လွှတ်တော်များ အနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရ " တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများကို အပြန်အလှန်ထိန်းကျောင်း နိုင်မှုနှင့်ပတ်သက်၍လည်း” လာမယ့်အစိုးရ အ နေနဲ့လက်တွေ့ကျကျ ရင်ဆိုင်ရမယ့် အဓိကစိန်ခေါ် မှုကြီး (၃) ခုကစောင့်နေတယ်။ အဲဒါတွေက စီးပွား ရေး၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာဆက်ဆံရေးပဲ။ စီးပွားရေးကလည်း စိုက်ပျိုးရေးကိုအခြေခံ၍ဆိုပြီး ဆက်လုပ်နေလို့မရတော့ဘူး။ ငြိမ်းချမ်းရေးမှာလည်း ဖက်ဒရယ်တွေ ဒီမိုကရေစီတွေ ဒီစကားလုံးတွေနဲ့ပဲ လုံးလည်ချာလည်လိုက်ပြီး နိုင်ငံတွင်းမှာ လက်နက် တွေ ထပ်တိုးလာလို့ မဖြစ်တော့ဘူး။ နိုင်ငံတကာရေး မှာလည်း အိမ်နီးချင်း၊ အာဆီယံ၊ အနောက်ကမ္ဘာတွေ နဲ့ Win-Win ဖြစ်နိုင်မယ့် မူဝါဒမျိုးဖြစ်သင့်တယ်။ ဒီလိုဖြစ်နိုင်ဖို့လည်း လွှတ်တော်အမတ်တွေကလည်း အကြံပေးနိုင်ရမယ်၊ ထိန်းကျောင်းနိုင်ရမယ်၊ မဖြစ် သင့်တာ မဖြစ်အောင် ဝေဖန်ထောက်ပြနိုင်ရမယ်။ ဒီလိုအခြေခံ နိုင်ငံ့အကျိုးပြုလုပ်ငန်းစဉ်တွေကို မလုပ်နိုင်ဘဲ လွှတ်တော်ထဲမှာ ဝင်ထိုင်နေရင်တော့ လာမယ့် (၅) နှစ်က အန္တရာယ်ကြီးပါတယ်”ဟု ၎င်း ကဆက်ပြောသည်။ လက်ရှိတွင် ရွေးကောက်ပွဲ ကျင်းပပြီးနောက် လွှတ်တော်ကို လာမည့်မတ်လ လယ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော် (၂) ရပ်တွင် တပ် မတော်သားလွှတ်တော်ကိုယ်စားလှယ်နှင့် ရွေး ကောက်ခံလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၅၈၆) ဦးရှိကြောင်း သိရသည်။

Zawgyi Version:
အစိုးရသစ္လက္ထက္ ႏိုင္ငံ့အနာဂတ္သည္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ အရည္အခ်င္းအေပၚ အထူး မူတည္ေနဟု ဆို
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီလ ၁၈

အစိုးရသစ္လက္ထက္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္ ဥပေဒျပဳေရးဆိုင္ရာ လုပ္ ငန္းစဥ္မ်ားကို စနစ္တက် နားလည္ သေဘာေပါက္ ေစရန္ႏွင့္ အစိုးရအားေကာင္းမြန္ေသာ အျပန္အလွန္ ထိန္းေက်ာင္းမႈမ်ားျပဳလုပ္ႏိုင္ရန္ သက္ဆိုင္ရာလႊတ္ ေတာ္ကိုယ္စားလွယ္မ်ားက အေရးႀကီးေၾကာင္း ဥပေဒေရးရာကြၽမ္းက်င္သူမ်ားႏွင့္ ႏိုင္ငံေရးေလ့လာ သုံးသပ္သူမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
လက္ရွိေ႐ြးေကာက္ခံကိုယ္စားလွယ္ မ်ားသည္ လႊတ္ေတာ္၏ ဥပေဒျပဳေရးတာဝန္အတြက္ အေတြ႕အႀကဳံရွိေသာကိုယ္စားလွယ္မွာ အနည္း အက်ဥ္းသာ ပါဝင္ေၾကာင္း ႏိုင္ငံေရးေလ့လာသုံးသပ္ သူတစ္ဦးကဆိုသည္။ “လႊတ္ေတာ္ကိုယ္စားလွယ္ ေတြက ဥပေဒနဲ႔ ပတ္သက္လို႔ ဗဟုသုတရွိတာ ေတာ့ရွိတာေပါ့။ အနည္းအက်ဥ္းေတာ့ရွိတာေပါ့။ သို႔ေပမယ့္ ရွိတဲ့လူေတြက လႊတ္ေတာ္ထဲေရာက္ မသြားဘူး။ အခုဒီအထဲကို ဝင္သြားတဲ့လူေတြထဲမွာ ဘယ္ေလာက္ပါသြားလဲေတာ့ ကြၽန္ေတာ္လည္း မသိဘူးေပါ့ေနာ္။ ရွိသမွ်လူ အကုန္လုံးေတာ့ ကြၽန္ ေတာ္လည္း သိေနတာမဟုတ္ဆိုေတာ့ အကုန္လုံး သိမ္းက်ဳံးၿပီး မေျပာလိုဘူးေပါ့ေနာ္။ ရွိတာေတာ့ရွိ တယ္”ဟု ၎ကေျပာသည္။
ထို႔ေၾကာင့္ ဥပေဒတစ္ခုျဖစ္လာရန္ လို အပ္သည့္အခ်က္အလက္မ်ားကို လႊတ္ေတာ္ကိုယ္စား လွယ္မ်ားသိေစရန္ သင္တန္းေပးျခင္းမ်ိဳး လုပ္ေဆာင္ ေစလိုေၾကာင္း ဥပေဒေရးရာဝန္ႀကီးဌာနမွ တာဝန္ရွိ သူတစ္ဦးက ဆိုသည္။ “ဥပေဒတစ္ခုျဖစ္လာဖို႔ လို အပ္တဲ့အခ်က္ေတြကို လႊတ္ေတာ္ကိုယ္စားလွယ္ ေတြကို သင္တန္းေပးေစခ်င္ပါတယ္။ ဥပမာအနိမ့္ဆုံး အဆင့္အေနနဲ႔ ကြၽန္ေတာ္ေျပာျပမယ္။ ဥပေဒကို အ တည္ျပဳတဲ့အခါမွာ (၃)မ်ိဳးရွိတယ္။ သမၼတက လက္ မွတ္ထိုးေပးလိုက္တဲ့ဥပေဒရယ္။ သမၼကမႀကိဳက္ဘူး။ အဲဒီေတာ့ လက္မွတ္မထိုးဘူး။ ေနာက္တစ္မ်ိဳးက သမၼတကေတာ့ မွတ္ခ်က္ေရးၿပီး လက္မွတ္ထိုးေပး လိုက္တယ္။ ဘယ္လိုပဲျဖစ္ပါေစ ဥပေဒေတြက (၇) ရက္ျပည့္တာနဲ႔ အတည္ျဖစ္လာတာပါပဲ။ ဥပေဒအတည္ ျဖစ္မွ နည္းဥပေဒကို သက္ဆိုင္ရာဝန္ႀကီးဌာနက ဆက္ေရးၾကရတာ။ ဒီေနရာမွာ သမၼတလက္မွတ္ထိုး ျခင္း မထိုးျခင္း၊ မွတ္ခ်က္ျပဳျခင္းဆိုတာေတြက နည္းဥပေဒေရးတဲ့ေနရာမွာ တာသြားတယ္။ ဒါ ေၾကာင့္ ဒါကို မွ်ေျခဖမ္းဖို႔ဆိုရင္ လႊတ္ေတာ္အမတ္ေတြ ရဲ႕ ေဆြးေႏြးႏိုင္စြမ္း ညႇိႏႈိင္းႏိုင္စြမ္းက အရမ္းစကား ေျပာပါတယ္။ ဒီလိုဥပေဒတစ္ခုကို ေကာင္းေကာင္း မြန္မြန္ ေဆြးေႏြး စီစဥ္ႏိုင္တဲ့ အမတ္ေတြမ်ားမ်ားလိုတာ ေပါ့” ဟု ၎ကေျပာသည္။
သို႔ေသာ္လည္း လက္ရွိအခ်ိန္အထိ လႊတ္ ေတာ္ကိုယ္စားလွယ္မ်ားသည္ ဥပေဒႏွင့္ပတ္သက္ သည့္ သင္တန္းမ်ားတက္ေရာက္ေနျခင္းမ်ိဳး မေတြ႕ရ ေသးေၾကာင္း အထက္ပါႏိုင္ငံေရးေလ့လာသုံးသပ္သူ က ဆိုသည္။ “အခုခ်ိန္ထိေတာ့ မျမင္ေသးဘူးဗ်။ ပါတီတိုင္းလိုလိုပဲ။ တစ္ခုေတာ့ရွိတာက အဖြဲ႕အစည္း တစ္ခု လႊတ္ေတာ္က်င္းပခါနီးမွာ Workshops လုပ္ၿပီးေတာ့ ႏိုင္ငံျခားက အိႏၵိယ၊ တ႐ုတ္၊ ထိုင္း၊ ထိုင္းက အဲဒီက ေခၚၿပီးေတာ့ သင္တန္းေပးဖို႔စီစဥ္ ခဲ့ေသးတယ္လို႔ၾကားဖူးတယ္”ဟု ၎က ဆက္ေျပာသည္။
ၿပီးခဲ့သည့္ ဒီမိုကေရစီအစိုးရ သက္တမ္း (၂) ရပ္အတြင္းကလည္း လႊတ္ေတာ္အတြင္း တင္ သြင္းခဲ့သည့္ ဥပေဒအမ်ားစုမွာ သက္ဆိုင္ရာ အစိုးရ ဌာနဆိုင္ရာမ်ားမွ တင္သြင္းျခင္းသာျဖစ္ၿပီး လႊတ္ ေတာ္ကိုယ္စားလွယ္မ်ား ကိုယ္တိုင္ အစျပဳတင္သြင္း သည့္အပိုင္းတြင္ အားနည္းခ်က္မ်ားရွိခဲ့ေၾကာင္း ၎ကဆိုသည္။
ဥပေဒမ်ားေရးဆြဲျခင္း၊ ျပဳျပင္ျခင္းႏွင့္ အတည္ျပဳျခင္းမ်ားအတြက္ လာမည့္လႊတ္ေတာ္တြင္ ကိုယ္စားလွယ္မ်ား၏ အရည္အခ်င္းႏွင့္ ပတ္သက္၍ လည္း“ဥပေဒတိုင္းကေတာ့ ေက်ာ႐ိုးတစ္ခုတည္းပဲ။ ေက်ာ႐ိုးမွာ သက္ဆိုင္ရာ ဥပေဒအေၾကာင္းအရာအ လိုက္ စကားလုံးအသုံးအႏႈန္း အဓိပၸာယ္ဖြင့္ဆိုခ်က္၊ ရည္႐ြယ္ခ်က္၊ လိုက္နာလုပ္ေဆာင္ရမယ့္ တာဝန္ဝတၱ ရားနဲ႔ အေထြေထြအခန္း က႑ေတြဆိုၿပီး ျပ႒ာန္းထား တယ္။ အဲဒီမွာ (၄) မ်ိဳးရွိတယ္။ အၾကမ္းဖ်င္း DVMG ဆိုၿပီး။D ဆိုတာကDefinition ၊ V ဆိုတာက vision ေပါ့။ ေနာက္တစ္ခုက M ဆိုတဲ့ Missi ။ ဒီဥပေဒက ဘာလုပ္ဖို႔အတြက္ျပ႒ာန္းတယ္၊ ဘယ္သူေတြက လုပ္ရမလဲဆိုတာ။ ၿပီးမွ အျခား General ဆိုတဲ့ အေထြေထြဆိုၿပီး ေက်ာ႐ိုး ထားၿပီးေရးၾကတာ။ ဒီလႊတ္ေတာ္အမတ္ေတြက ကိုယ္တိုင္ကြၽမ္းက်င္ရင္ ေရးလို႔ရသလို။ အျပင္က ပုဂၢလိက ပညာရွင္ေတြ အဖြဲ႕အစည္းေတြေရးတာကို လည္း လႊတ္ေတာ္မွာ အတည္ျပဳ မဲခြဲၿပီးျပ႒ာန္းခြင့္ရွိ တယ္။ အစိုးရဌာနဆိုင္ရာေတြ တင္တဲ့ဟာေတြကို လည္း မဲခြဲအတည္ျပဳျပ႒ာန္းလို႔ရတယ္။ မဲခြဲအတည္ျပဳျပ ဌာန္းႏိုင္တဲ့ ကိုယ္စားလွယ္ေတြ လႊတ္ေတာ္မွာရွိသ လားဆိုတာ အဲဒီေပတံနဲ႔တိုင္းရမွာ။ လႊတ္ေတာ္ထဲမွာ လက္ညႇိဳးေထာင္ေခါင္းညိတ္လုပ္ႏိုင္ေလာက္႐ုံ နဲ႔ေတာ့ အသက္ကိုဖက္နဲ႔ထုပ္ၿပီး မဲေပးလိုက္ရတာ မတန္တဲ့အျပင္ တိုင္းျပည္အတြက္လည္း အရမ္းနစ္ နာတယ္။ ဒါေၾကာင့္ လႊတ္ေတာ္အသီးသီးက အမတ္တစ္ေယာက္ခ်င္းစီတိုင္းက တိုင္းျပည္နဲ႔ ႏိုင္ငံသားေတြအတြက္ အရမ္းအေရးႀကီးတယ္”ဟု ႏိုင္ငံေရးေလ့လာသူ သုေတသီတစ္ဦးက ေျပာသည္။
ထို႔ျပင္ လက္ရွိျဖစ္ေပၚလာမည့္ ႏိုင္ငံေရး အခင္းအက်င္းတြင္ မျဖစ္မေနလုပ္ေဆာင္ရမည့္ အခ်က္မ်ားႏွင့္ပတ္သက္၍ လႊတ္ေတာ္မ်ား အေနျဖင့္ သက္ဆိုင္ရာ ျပည္ေထာင္စုအစိုးရ " တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္အစိုးရမ်ားကို အျပန္အလွန္ထိန္းေက်ာင္း ႏိုင္မႈႏွင့္ပတ္သက္၍လည္း” လာမယ့္အစိုးရ အ ေနနဲ႔လက္ေတြ႕က်က် ရင္ဆိုင္ရမယ့္ အဓိကစိန္ေခၚ မႈႀကီး (၃) ခုကေစာင့္ေနတယ္။ အဲဒါေတြက စီးပြား ေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ ႏိုင္ငံတကာဆက္ဆံေရးပဲ။ စီးပြားေရးကလည္း စိုက္ပ်ိဳးေရးကိုအေျခခံ၍ဆိုၿပီး ဆက္လုပ္ေနလို႔မရေတာ့ဘူး။ ၿငိမ္းခ်မ္းေရးမွာလည္း ဖက္ဒရယ္ေတြ ဒီမိုကေရစီေတြ ဒီစကားလုံးေတြနဲ႔ပဲ လုံးလည္ခ်ာလည္လိုက္ၿပီး ႏိုင္ငံတြင္းမွာ လက္နက္ ေတြ ထပ္တိုးလာလို႔ မျဖစ္ေတာ့ဘူး။ ႏိုင္ငံတကာေရး မွာလည္း အိမ္နီးခ်င္း၊ အာဆီယံ၊ အေနာက္ကမာၻေတြ နဲ႔ Win-Win ျဖစ္ႏိုင္မယ့္ မူဝါဒမ်ိဳးျဖစ္သင့္တယ္။ ဒီလိုျဖစ္ႏိုင္ဖို႔လည္း လႊတ္ေတာ္အမတ္ေတြကလည္း အႀကံေပးႏိုင္ရမယ္၊ ထိန္းေက်ာင္းႏိုင္ရမယ္၊ မျဖစ္ သင့္တာ မျဖစ္ေအာင္ ေဝဖန္ေထာက္ျပႏိုင္ရမယ္။ ဒီလိုအေျခခံ ႏိုင္ငံ့အက်ိဳးျပဳလုပ္ငန္းစဥ္ေတြကို မလုပ္ႏိုင္ဘဲ လႊတ္ေတာ္ထဲမွာ ဝင္ထိုင္ေနရင္ေတာ့ လာမယ့္ (၅) ႏွစ္က အႏၲရာယ္ႀကီးပါတယ္”ဟု ၎ ကဆက္ေျပာသည္။ လက္ရွိတြင္ ေ႐ြးေကာက္ပြဲ က်င္းပၿပီးေနာက္ လႊတ္ေတာ္ကို လာမည့္မတ္လ လယ္တြင္ စတင္က်င္းပမည္ျဖစ္ၿပီး ျပည္သူ႔လႊတ္ ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ (၂) ရပ္တြင္ တပ္ မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ေ႐ြး ေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္း (၅၈၆) ဦးရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.