BNRA ခေါင်းဆောင် ဗိုလ်နဂါး နှင့် မိသားစုများ အလင်းဝင်

2999

ပီယ (NP News) - ဖေဖော်ဝါရီ ၁၈
BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါး နှင့် ၎င်း၏ မိသားစုဝင်များ တပ်မတော်လုံခြုံရေးစခန်းမှတစ်ဆင့် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်ကြောင်း သတင်း ရရှိသည်။
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အကြမ်းဖက် အဖွဲ့အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် တံခါးဖွင့်ကြိုဆို ဖိတ်ခေါ်လျက်ရှိပြီး ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အပါအဝင် အကြမ်းဖက်အဖွဲ့အမျိုးမျိုးအမည်ခံထားသည့် အဖွဲ့ဝင် အမျိုးသားများ နှင့် အမျိုးသမီးများတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လျက်ရှိကြသည်။
ထိုသို့ အကြမ်းဖက်အဖွဲ့များအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြ သူများအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည်နှင့်အညီ ယနေ့ (ဖေဖော်ဝါရီလ ၁၈ ရက်)ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနှင့် ၎င်း၏ မိသားစုဝင် များသည် လက်နက်မျိုးစုံ ၆ လက် ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် တပ်မတော်လုံခြုံရေးတပ်စခန်း တစ်ခုထံသို့ လာရောက်ဆက်သွယ် သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။
PDF အပါအဝင် အခြားသော အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အား ဆန့်ကျင်တိုက်ခိုက်ခြင်း၊ နယ်မြေခံပြည်သူလူထုများအား လက်နက် အားကိုးဖြင့် အနိုင်ကျင့်ခြင်းများလုပ်ဆောင်လျက်ရှိသည့်အပြင် အချိန်ကြာ မြင့်လာ သည်နှင့်အမျှ ကိုယ်ကျိုးစီးပွားကို အခြေခံ၍ နယ်မြေလုချင်း၊ ဝေစုမတည့်ခြင်း၊ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း စသည်တို့ဖြစ်ပေါ်လာခဲ့ခြင်းတို့ကြောင့် BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးအနေဖြင့် အကြမ်းဖက် လုပ်ရပ်များအား လုပ်ဆောင်နေမှုများအား မနှစ်မြို့တော့ခြင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်လက်ခံလာခြင်းတို့ကြောင့် ယခုကဲ့သို့ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသည့် BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနှင့် ၎င်း၏ မိသားစုဝင်များအား နယ်မြေခံ လုံခြုံရေးတပ်ဌာနချုပ်မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ၊ ဆေးဝါးအကူအညီများနှင့် အုပ်ချုပ်မှုကိစ္စရပ်များအား အဆင် ပြေမှုရှိစေရေးဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့်လိုအပ်သည့် စိစစ်မှုများကို လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
နိုင်ငံတော်အစိုးရအနေဖြင့်အကြမ်းဖက်အဖွဲ့များအတွင်းသို့ အကြောင်းအမျိုးမျိုး ဖြင့် ရောက်ရှိနေကြသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေး အစဉ်တံခါးဖွင့်ကြိုဆိုဖိတ်ခေါ် ထားရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများ နှင့် ထပ်မံဝင်ရောက်လာမည့်သူများကိုလည်း တရားဥပဒေဘောင်အတွင်း တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်

Zawgyi Version;
BNRA ေခါင္းေဆာင္ ဗိုလ္နဂါး ႏွင့္ မိသားစုမ်ား အလင္းဝင္
ပီယ (NP News) - ေဖေဖာ္ဝါရီ ၁၈
BNRA အမည္ခံအဖြဲ႕မွ အဖြဲ႕ေခါင္းေဆာင္ ႏိုင္လင္း(ေခၚ) နဂါး ႏွင့္ ၎၏ မိသားစုဝင္မ်ား တပ္မေတာ္လုံၿခဳံေရးစခန္းမွတစ္ဆင့္ လက္နက္၊ ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္းသို႔ဝင္ေရာက္ေၾကာင္း သတင္း ရရွိသည္။
ႏိုင္ငံေတာ္အစိုးရသည္ PDF အပါအဝင္ အၾကမ္းဖက္ အဖြဲ႕အမ်ိဳးမ်ိဳးအမည္ခံ၍ လက္နက္ကိုင္ဆန႔္က်င္လ်က္ရွိသည့္ အဖြဲ႕အစည္းမ်ားအတြင္း ေရာက္ရွိေနသူမ်ားအား ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္ရန္ တံခါးဖြင့္ႀကိဳဆို ဖိတ္ေခၚလ်က္ရွိၿပီး ျပန္လည္ဝင္ေရာက္လာၾကသူမ်ားကိုလည္း လိုအပ္သည့္ ကူညီပံ့ပိုးမႈမ်ား ေဆာင္႐ြက္ေပးလ်က္ရွိရာ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို နားလည္သေဘာေပါက္လာသည့္ PDF အပါအဝင္ အၾကမ္းဖက္အဖြဲ႕အမ်ိဳးမ်ိဳးအမည္ခံထားသည့္ အဖြဲ႕ဝင္ အမ်ိဳးသားမ်ား ႏွင့္ အမ်ိဳးသမီးမ်ားတို႔သည္ လက္နက္၊ ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လ်က္ရွိၾကသည္။
ထိုသို႔ အၾကမ္းဖက္အဖြဲ႕မ်ားအတြင္းသို႔ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေရာက္ရွိေနၾက သူမ်ားအေနျဖင့္ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို နားလည္သေဘာေပါက္လာသည္ႏွင့္အညီ ယေန႔ (ေဖေဖာ္ဝါရီလ ၁၈ ရက္)ညေန ၄ နာရီ ၅၀ မိနစ္ခန႔္တြင္ BNRA အမည္ခံအဖြဲ႕မွ အဖြဲ႕ေခါင္းေဆာင္ ႏိုင္လင္း(ေခၚ) နဂါးႏွင့္ ၎၏ မိသားစုဝင္ မ်ားသည္ လက္နက္မ်ိဳးစုံ G လက္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ စစ္ကိုင္းတိုင္းေဒသႀကီး၊ ပုလဲၿမိဳ႕နယ္အတြင္း နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ ေနသည့္ တပ္မေတာ္လုံၿခဳံေရးတပ္စခန္း တစ္ခုထံသို႔ လာေရာက္ဆက္သြယ္ သတင္းပို႔၍ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာခဲ့ေၾကာင္း သိရွိရသည္။
PDF အပါအဝင္ အျခားေသာ အၾကမ္းဖက္အဖြဲ႕မ်ားသည္ ႏိုင္ငံေတာ္အစိုးရႏွင့္ တပ္မေတာ္အား ဆန႔္က်င္တိုက္ခိုက္ျခင္း၊ နယ္ေျမခံျပည္သူလူထုမ်ားအား လက္နက္ အားကိုးျဖင့္ အႏိုင္က်င့္ျခင္းမ်ားလုပ္ေဆာင္လ်က္ရွိသည့္အျပင္ အခ်ိန္ၾကာ ျမင့္လာ သည္ႏွင့္အမွ် ကိုယ္က်ိဳးစီးပြားကို အေျခခံ၍ နယ္ေျမလုခ်င္း၊ ေဝစုမတည့္ျခင္း၊ အခ်င္းခ်င္း ဗိုလ္က်ႏွိပ္စက္၊ သတ္ျဖတ္ျခင္း စသည္တို႔ျဖစ္ေပၚလာခဲ့ျခင္းတို႔ေၾကာင့္ BNRA အမည္ခံအဖြဲ႕မွ အဖြဲ႕ေခါင္းေဆာင္ ႏိုင္လင္း(ေခၚ) နဂါးအေနျဖင့္ အၾကမ္းဖက္ လုပ္ရပ္မ်ားအား လုပ္ေဆာင္ေနမႈမ်ားအား မႏွစ္ၿမိဳ႕ေတာ့ျခင္း၊ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားကို ယုံၾကည္လက္ခံလာျခင္းတို႔ေၾကာင့္ ယခုကဲ့သို႔ ဥပေဒေဘာင္ အတြင္းသို႔ ဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
အဆိုပါ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာသည့္ BNRA အမည္ခံအဖြဲ႕မွ အဖြဲ႕ေခါင္းေဆာင္ ႏိုင္လင္း(ေခၚ) နဂါးႏွင့္ ၎၏ မိသားစုဝင္မ်ားအား နယ္ေျမခံ လုံၿခဳံေရးတပ္ဌာနခ်ဳပ္မွ တာဝန္ရွိသူမ်ားက ေႏြးေထြးစြာႀကိဳဆိုခဲ့ၾကၿပီး လိုအပ္သည့္ ကူညီေထာက္ပံ့မႈမ်ား၊ ေဆးဝါးအကူအညီမ်ားႏွင့္ အုပ္ခ်ဳပ္မႈကိစၥရပ္မ်ားအား အဆင္ ေျပမႈရွိေစေရးေဆာင္႐ြက္ေပးခဲ့ၾကေၾကာင္းႏွင့္လိုအပ္သည့္ စိစစ္မႈမ်ားကို လုပ္ထုံးလုပ္ နည္းမ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရွိရ သည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္အၾကမ္းဖက္အဖြဲ႕မ်ားအတြင္းသို႔ အေၾကာင္းအမ်ိဳးမ်ိဳး ျဖင့္ ေရာက္ရွိေနၾကသူမ်ားအား ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္ႏိုင္ေရး အစဥ္တံခါးဖြင့္ႀကိဳဆိုဖိတ္ေခၚ ထားရွိၿပီး ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာသူမ်ား ႏွင့္ ထပ္မံဝင္ေရာက္လာမည့္သူမ်ားကိုလည္း တရားဥပေဒေဘာင္အတြင္း တည္ၿငိမ္ေအးခ်မ္းစြာ ေနထိုင္ႏိုင္ေရးအတြက္ ကူညီေထာက္ပံ့မႈမ်ားကို ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္